Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂရိဒဏ္ဍာရီလာ သတ္တဝါများ (သို့) ဟာပီလင်းယုန်ငှက်တွေအကြောင်း

by Thutamm
October 5, 2019
Reading Time: 2min read
0
ဂရိဒဏ္ဍာရီလာ သတ္တဝါများ (သို့) ဟာပီလင်းယုန်ငှက်တွေအကြောင်း
Share on FacebookShare on Twitter

(Unicode)

ကမ္ဘာပေါ်ကအကြီးမားဆုံးသောလင်းယုန်ငှက်မျိုးစိတ်တွေအနက်မှာ Harpy eagles တွေဟာလည်းတစ်ခုအပါအဝင်ဖြစ်ပြီး မြောက်အမေရိက မက္ကဆီကိုကနေစတင်ပြီး အလယ်အမေရိကတစ်တိုက်လုံးနီးပါး ယင်းကနေ တောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံတွေမှာ အများအားဖြင့်တွေ့ရှိရပါတယ်။ Harpy eagles တွေကို အများဆုံးတွေ့ရှိရတဲ့နေရာကတော့ ဘရာဇီးနိုင်ငံမှာဖြစ်ပြီး ဘရာဇီးရဲ့အမျိုးသား သဘာဝ နယ်မြေအားလုံးလိုလိုမှာတွေ့ရလေ့ရှိပါတယ်။

Harpy eagles တွေဟာ အပူပိုင်း မိုးသစ် တောတွေအတွင်းမှာနေထိုင်ကျက်စားလေ့ရှိပြီး သူတို့ရဲ့အမဲလိုက်ဧရိယာ ကတော့အလွန်ကိုကျယ်ပြန့်ပါတယ်။ Harpy eagles တွေဟာမိုးသစ်တောကြီးတွေ ရဲ့တောအနက်ဆုံးအပိုင်းတွေဖြစ်တဲ့ အလယ်ပိုင်းနေရာတွေမှာတွေ့ရလေ့ရှိပြီး ပင်လယ်ရေမျက်နှာပြင်အောက်ပေ(၃၀၀၀)ကျော်နေရာတွေနဲ့ တစ်ချိုု့ဆို ရင်ပေ(၆၆၀၀)လောက်နိမ့်ကျတဲ့ချောက်ကမ်းပါးနက်ကြီးတွေထဲမှာတောင် နေထိုင်နိုင်ကြပါတယ်။ Harpy eagles တွေရဲ့ပုံမှန်သက်တမ်းကတော့ (၂၅)နှစ်ကနေ (၃၅)နှစ်သက် တမ်းရှိကြပြီး မွေးမြူရေးစခန်းတွေမှာဆိုရင်တော့ နှစ်ပေါင်း(၄၀)ကျော်ကြာအောင် အသက်ရှင်လေ့ရှိကြပါတယ်။

ဒီလင်းယုန်ငှက် တွေဟာ ခန္ဓာကိုယ်အရှည် (၂)ပေ(၁၀)လက်မကနေ (၃)ပေ(၆)လက်မလောက်အထိ အထိရှည်လျားကြပြီး တောင်ပံကိုဖြန့်ကားပြီ်းတိုင်းတာမယ်ဆိုရင်တော့ (၅)ပေ(၉)လက် မကနေ (၇)ပေ(၄)လက်မလောက်အထိရှည်လျားကြီးထွားကြပါတယ်။ Harpy eagles အမတွေဟာ အထီးတွေထက်ပိုမိုအလေးချိန်စီးတာကို တွေ့ရမှာဖြစ်ပြီး Harpy eagles အမတစ်ကောင်ရဲ့ပျှမ်းမျှအလေးချိန်ဟာ (၁၃)ပေါင်ကနေ ပေါင်(၂၀)ထိရှိပြီး အထီးတွေ ကတော့ (၈.၈)ပေါင်ကနေ (၁၁)ပေါင်အထိသာ အလေးချိန်ရှိကြပါတယ်။

Harpy eagles တွေဟာ လင်းယုန်ငှက်မျိုးနွယ်တွေအနက်မှာတော့ အကြီးမားဆုံးသောနှုတ်သီးတွေ လက်သည်းတွေကိုပိုင်ဆိုင်ထားကြပြီး သူတို့ရဲ့ခြေထောက်တွေဟာ လူတစ်ယောက်ရဲ့ လက်ကောတ်ဝတ်လောက်ရှိတာကိုလည်းတွေ့ရပါတယ်။ ဒီလင်းယုန်တွေရဲ့အရောင်ကတော့ မီးခိုရောင်နက်နက်ဖြစ်ကြပြီး လည်ပင်းအောက် ရင်အုံဖက်ပိုင်းနေရာတွေကတော့ အဖြူရောင်အမွှေးအမျှင်တွေကိုတွေ့ရမှာဖြစ်ကာ လည်ပင်းအောက်မှာဆိုရင်လည်း ထင်ရှားတဲ့အနက်ရောင်ချုပ်ရိုးတန်းတွေရှိလို့နေပါတယ်။

ဦးခေါင်းပိုင်းမှာဆိုရင် မီးခိုးရောင်ဖျော့ဖျော့အသွင်ကိုတွေ့ရမှာဖြစ်ပြီး သူတို့ရဲ့အမောက် ဟာနှစ်ထပ်ဖြစ်ပါတယ်။ အညိုရောင် (ဒါမှမဟုတ်) မီးခိုးရောင်မျက်လုံး၊ အနက် ရောင်နှုတ်သီး၊အဝါရောင်ခြေထောက်၊ အနက်ရောင်လက်သည်းတွေကိုပိုင်ဆိုင် ကြတဲ့ Harpy eagles တွေဟာ အမဲလိုက်မုဆိုးကျော်တွေအဖြစ်လည်းလူသိများပါတယ်။

Harpy eagles တွေကိုတော့ အဖိုနဲ့အမယှဉ်တွဲပြီးအစဉ်တွေ့မြင်ရတတ်ပြီး တစ်လင်၊တစ် မယားစနစ်ကိုကျင့်သုံးတဲ့ တိရိစ္ဆာန်တွေအဖြစ်လည်းနာမည်ကျော်ကြားပါတယ်။ Harpy eagles စုံတွဲတစ်တွဲဟာ စုစုပေါင်း(၁၁၀၀၀)ဧကလောက်ကိုလည့်ပတ်သွားရောက်ပြီး မျိုးပွားခြင်းပြုလုပ်တဲ့ဝပ်ကျင်းကိုလိုက်လံရှာဖွေလေ့ရှိကြပါတယ်။ သူတို့တွေ ဟာထိပ်တန်းအမဲလိုက်မုဆိုးတွေပီပီသသ မိုးသစ်တောနက်နက်အတွင်းက ပေပေါင်းများစွာအကွာကသားကောင်ကို မြင်နိုင်ကြပြီး ထိုးသုတ်ချီယူသွားတတ် ကြပါတယ်။ ဒါအပြင် ဒီလင်းယုန်တွေဟာသားကောင်ရှာတဲ့အလုပ်ကိုပဲ နေ့စဉ် (၂၃) နာရီလောက်အာရုံစိုက်လေ့ရှိတာကိုလည်းတွေ့ရပါတယ်။

ဒီငှက်တွေဟာ တိုက် ခိုက်ရေးမှာလည်းကျွမ်းကျင်ကြပြီး အခြားအင်အားကြီးရန်သူတွေလက်က ရုန်းထွက်ရာ မှာလည်း အလွန်ဉာဏ်များသူတွေဖြစ်ကြပါတယ်။ Harpy eagles တွေဟာနေ့ခင်းဘက် အချိန်တွေမှာပဲ ကျက်စားလေ့ရှိကြပြီး သူတို့ရဲ့အချိန်အများစုကတော့ အမဲလိုက်ခြင်းနဲ့ ကုန်ဆုံးလေ့ရှိကြတာဖြစ်ပါတယ်။ သူတို့တွေဟာ (၁)လက်မလောက်ရှိတဲ့ အရွယ်အစားကို ကောင်းကင်မီတာ(၂၀၀)လောက်ကနေမြင်နိုင်တဲ့အထိ အမြင်အာရုံ စူးရှလေ့ရှိကြပြီး တစ်နာရီကိုမိုင်(၅၀)လောက်အထိပျံသန်းနိုင်တဲ့ အမြန်ဆုံးနှုန်းထားနဲ့ ပျံသန်းနိုင်ကြသူတွေဖြစ်ပါတယ်။

ကျယ်ပြန့်တဲ့ အတောင်တွေကိုပိုင်ဆိုင်ထားတာကြောင့်လည်း တစ်ဖြောင့်တည်းနီးပါးပျံသန်းနိုင်ကြသလိုသားကောင်ကိုမြေပြင်ပေါ်မှာသာမက ဝေဟင်ထက်ကနေပါ တစ်ရှိန် ထိုးထိုးဆင်းပြီး တိုက်ခိုက်နိုင်ကြပါတယ်။ Harpy eagles တွေရဲ့သားကောင်စာရင်းမှာဆိုရင် မျောက်တွေ၊ မျောက်မောင်းမတွေ၊ opossum လို့သိကြတဲ့ အပင်ပေါ်မှာနေထိုင်တဲ့ သားပိုက်ကောင်ငယ် တွေကနေ တောဝက်လို ၊သမင်လို ဖြူကောင်လို၊ရှဉ်တွေလိုသတ္တဝါတွေအထိပါဝင်လေ့ရှိပါတယ်။ ဒါအပြင်တွားတွား သတ္တဝါတွေဖြစ်တဲ့ မြွေ၊ဖွတ်စတဲ့သတ္တဝါတွေဟာလည်း အဲဒီလင်းယုန်ငှက်တွေရဲ့အစာစာ ရင်းမှာပါဝင်နေပါတယ်။

Harpy eagles တွေဟာတစ်ကကောင်နဲ့တစ်ကောင်ဆက်သွယ်ရာမှာ ဟန်ပန်အမူအရာ သာမက အသံနဲ့ပဲဆက်သွယ်နိုင်ကြပါတယ်။ အဓိကကကတော့ အစာစားချိန်နဲ့ မိတ်လိုက် ချိန်တွေမှ အသံနဲ့ဆက်သွယ်မှုပြုလုပ်လေ့ရှိကြကာ အူအအ အူအအ ကဲ့သို့သောမြည်သံ တွေကို အော်မြည်လျက်ရှိပါတယ်။ Harpy eagles တွေရဲ့မိတ်လိုက်ရာ သီကတော့ မိုးရာသီအစပိုင်းတွေဖြစ်တဲ့ ဧပြီလနှောင်းပိုင်း(သို့)မေလအတွင်းကျရောက်ပြီး (၁.၂)မီတာလောက်ထူပြီး (၁.၅)မီတာအရွယ်အစားရှိတဲ့ အသိုက်ထဲမှာ အလွန်ကြီးမားတဲ့ငှက်ဥတွေကို ဥချလေ့ရှိပါတယ်။

Harpy eagles အမတစ်ကောင်ဟာအဖြူရောင်အဆင်းရှိတဲ့ ငှက်ဥတွေကို တစ်လုံး(သို့)နှစ်လုံးအထိသာ ဥဥလေ့ရှိကြပြီး ဥဥပြီးချိန်မှာတော့ Harpy eagles စုံတွဲဟာ ငှက်သိုက်ကိုဒီအတိုင်းပဲ အချိန်အတော်ကြာထားပစ်ခဲ့လေ့ရှိပါတယ်။ ဥဥပြီး(၅၆)ရက်လောက် ကြာချိန်မှာတော့အကောင်ပေါက်လေ့ရှိကြပြီး မိခင်ရဲ့ အပြည့်အဝ အုပ်ထိန်းမှု မရတာကြောင့် လင်းယုန်ပေါက် လေးတွေရဲ့ ဆက်လက်ရှင်သန်မှုက ကံကြမ္မာနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါအပြင် မြွေ၊တောကြောင်၊တွေရဲ့ ရန်ကလည်း လင်းယုန်သားပေါက်တွေကို ဒုက္ခပေးနိုင်ပါသေးတယ်။

ကံကာင်းခဲ့ရင်တော့ အသိုက်တွင်းက လင်းယုန်ပေါက်တွေဟာ မိခင်ဖခင်တွေရဲ့ (၁၀)လသားလောက်ရောက်ချိန်အထိ အစာရှာဖွေကျွေးမွေးလေ့ရှိ ကြပြီး လင်းယုန်ပေါက်လေးတွေဟာ (၅)လကနေ (၆)လသားအတွင်းမှာ အမွှေးအတောင် စုံလင်လာလေ့ရှိပါတယ်။ Harpy eagles သားပေါက်တွေဟာ တစ်နှစ်လောက်ကြာချိန်မှ သာ အသိုက်ထဲကနေထွက်ပြီး အမဲလိုက်ပညာတွေကို မိဘတွေထံကနေသင်ယူလေ့ရှိပါ တယ်။ ငှက်အမတွေဟာ တစ်ခါသားပေါက်ပြီးရင် (၂)နှစ်(၃)နှစ်လောက်ခြားပြီးမှသာ ထပ်မံသားပေါက် လေ့ရှိကြပါတယ်။

ဝါရှင်တန်ကွန်ဗန်ရှင်းလို့ သိကြတဲ့ တောရိုင်းတိရိစ္ဆာန်နဲ့အပင်မျိုးစိတ်ထိန်းသိမ်းရေးအဖွဲ့ CITES ( Convention on international Trade in Endangered Spices of Wild Fauna and Flora)ရဲ့စာရင်းတွေအရဆိုရင်တော့ Harpy eagles တွေဟာမျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါးတိရိစ္ဆာန်စာရင်းမှာပါဝင်နေပါတယ်။ အဓိကကတော့ သစ်တောပြုန်းတီးမှု ၊လယ်ယာမြေချဲ့ထွင်ခြင်း ၊မွေးမြူရေးလုပ်ငန်းတွေ ချဲ့ထွင်လာခြင်းကြောင့် Harpy eagles တွေရဲ့ စားကျက်တွေနည်းပါးလာခြင်းက အဓိကနေရာကနေပါဝင်လို့နေပါတယ်။

Harpy eagles တွေရဲ့ မျိုုးစိတ်နာမည်ကတော့ Harpyi ဖြစ်ပြီး ရှေးဂရိဘာသာစကားဖြစ်တဲ့ hárpuia ကနေဆင်းသက်လာပြီး ဂရိဒဏ္ဍာရီတွေ အတွင်းက အမျိုးသမီးဦးခေါင်းနဲ့ကိုယ်၊ ငှက် အတောင်နဲ့ခြေထောက်ပါတဲ့ ရက်စက်တဲ့သတ္တဝါကိုခေါ်ဆိုပါတယ်။ ဒါအပြင်ရက်စက်ပြီး အလိုရမ္မက်ကြီးမားတဲ့ အမျိုးသမီးတွေကိုလည်း Harpui လို့ပဲရှေးဂရိတွေကခေါ်ဆိုကြတယ်လို့သိရပါတယ်။

Harpy eagles တွေဟာ ပမားနားနိုင်ငံရဲ့ အထိမ်းအမှတ်လင်းယုန် ငှက်လည်းဖြစ်ပြီး မျိုးရိုးအဆောင်အယောင်အမှတ်အသားတစ်ခုအဖြစ် သတ်မှတ်အသုံးပြု လျှက်ရှိတာကိုလည်းတွေ့ရပါတယ်။ ဒါအပြင်ဘရာဇီးနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စုတွေ ကလည် Harpy eagles တွေကို မျိုးနွယ်စုခေါင်းဆောင်တွေရဲ့အမ၅ှတ်အသား သင်္ကေတ အဖြစ်သတ်မှတ်ထားသလို တဲ့ ခေါင်းဆောင်သူပီပီတက်ကြွနှိုးကြားတဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ပြယုဒ်တစ်ခုအဖြစ်လည်း ယုံကြည်ကြပါတယ်။

(၂၀၀၉)ခုနှစ်က အလယ်အမေရိကက Belize နိုင်ငံမှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရာသီဥတုပြောင်းလဲရေးဆိုင်ရာအစည်းအဝေးမှာ Hope လို့အမည်ရတဲ့ (၁၅)ကြိမ်မြောက် Harpy eagles လွှတ်ပွဲတော်ကိုထည့်သွင်းကျင်းပခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ကမ္ဘာကုလ သမဂ္ဂအဖွဲ့ကြီးဟာ Harpy eagles တွေကို ကမ္ဘာရာသီဥတုပြောင်းလဲရေးဆိုင်ရာသံတမန် တွေအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘာကျော်ဟယ်ရီပေါ်တာ ရုပ်သံဇာတ်လမ်း တွဲတွေမှာဆိုရင်လည်း Harpy eagles တွေဟာ အသွင်ဒီဇိုင်းတစ်မျိုးနဲ့ Fawkes the Phoenix လို့အမည်ရတဲ့ ဇာတ်ဆောင်တွေအဖြစ် ပါဝင်နေတာကိုတွေ့ရပါတယ်။

(Zawgyi)

ဂရိဒ႑ာရီလာ သတၱဝါမ်ား (သို႔) ဟာပီလင္းယုန္ငွက္ေတြအေၾကာင္း

ကမာၻေပၚကအၾကီးမားဆံုးေသာလင္းယုန္ငွက္မ်ိဳးစိတ္ေတြအနက္မွာ Harpy eagles ေတြဟာလည္းတစ္ခုအပါအဝင္ျဖစ္ျပီး ေျမာက္အေမရိက မကၠဆီကိုကေနစတင္ျပီး အလယ္အေမရိကတစ္တိုက္လံုးနီးပါး ယင္းကေန ေတာင္အေမရိကတိုက္က အာဂ်င္တီးနားနိုင္ငံေတြမွာ အမ်ားအားျဖင့္ေတြ႔ရွိရပါတယ္။ Harpy eagles ေတြကို အမ်ားဆံုးေတြ႔ရွိရတဲ့ေနရာကေတာ့ ဘရာဇီးနိုင္ငံမွာျဖစ္ျပီး ဘရာဇီးရဲ့အမ်ိဳးသား သဘာဝ နယ္ေျမအားလံုးလိုလိုမွာေတြ႔ရေလ့ရွိပါတယ္။
Harpy eagles ေတြဟာ အပူပိုင္း မိုးသစ္ ေတာေတြအတြင္းမွာေနထိုင္က်က္စားေလ့ရွိျပီး သူတို႔ရဲ့အမဲလိ္ုက္ဧရိယာ ကေတာ့အလြန္ကိုက်ယ္ျပန္႔ပါတယ္။ Harpy eagles ေတြဟာမိုးသစ္ေတာႀကီးေတြ ရဲ့ေတာအနက္ဆံုးအပိုင္းေတြျဖစ္တဲ့ အလယ္ပိုင္းေနရာေတြမွာေတြ႔ရေလ့ရွိျပီး ပင္လယ္ေရမ်က္နွာျပင္ေအာက္ေပ(၃၀၀၀)ေက်ာ္ေနရာေတြနဲ႔ တစ္ခ်ိုဳ႕ဆို ရင္ေပ(၆၆၀၀)ေလာက္နိမ့္က်တဲ့ေခ်ာက္ကမ္းပါးနက္ၾကီးေတြထဲမွာေတာင္ ေနထုိင္ႏုိင္ၾကပါတယ္။ Harpy eagles ေတြရဲ့ပံုမွန္သက္တမ္းကေတာ့ (၂၅)နွစ္ကေန (၃၅)နွစ္သက္ တမ္းရွိၾကျပီး ေမြးျမဴေရးစခန္းေတြမွာဆိုရင္ေတာ့ နွစ္ေပါင္း(၄၀)ေက်ာ္ၾကာေအာင္ အသက္ရွင္ေလ့ရွိၾကပါတယ္။

ဒီလင္းယုန္ငွက္ ေတြဟာ ခႏၶာကုိယ္အရွည္ (၂)ေပ(၁၀)လက္မကေန (၃)ေပ(၆)လက္မေလာက္အထိ အထိရွည္လ်ားၾကျပီး ေတာင္ပံကိုျဖန္႔ကားျပီ္းတိုင္းတာမယ္ဆိုရင္ေတာ့ (၅)ေပ(၉)လက္ မကေန (၇)ေပ(၄)လက္မေလာက္အထိရွည္လ်ားၾကီးထြားၾကပါတယ္။ Harpy eagles အမေတြဟာ အထီးေတြထက္ပိုမိုအေလးခ်ိန္စီးတာကို ေတြ႔ရမွာျဖစ္ျပီး Harpy eagles အမတစ္ေကာင္ရဲ့ပ်ွမ္းမ်ွအေလးခ်ိန္ဟာ (၁၃)ေပါင္ကေန ေပါင္(၂၀)ထိရွိျပီး အထီးေတြ ကေတာ့ (၈.၈)ေပါင္ကေန (၁၁)ေပါင္အထိသာ အေလးခ်ိန္ရွိၾကပါတယ္။


Harpy eagles ေတြဟာ လင္းယုန္ငွက္မ်ိဳးနြယ္ေတြအနက္မွာေတာ့ အၾကီးမားဆံုးေသာႏႈတ္သီးေတြ လက္သည္းေတြကိုပိုင္ဆိုုင္ထားၾကျပီး သူတုိ႔ရဲ့ေျခေထာက္ေတြဟာ လူတစ္ေယာက္ရဲ့ လက္ေကာတ္ဝတ္ေလာက္ရွိတာကိုလည္းေတြ႔ရပါတယ္။ ဒီလင္းယုန္ေတြရဲ့အေရာင္ကေတာ့ မီးခိုေရာင္နက္နက္ျဖစ္ၾကျပီး လည္ပင္းေအာက္ ရင္အံုဖက္ပိုင္းေနရာေတြကေတာ့ အျဖဴေရာင္အေမႊးအမ်ွင္ေတြကိုေတြ႔ရမွာျဖစ္ကာ လည္ပင္းေအာက္မွာဆိုရင္လည္း ထင္ရွားတဲ့အနက္ေရာင္ခ်ဳပ္ရိုးတန္းေတြရွိလို႔ေနပါတယ္။

ဦးေခါင္းပိုင္းမွာဆိုရင္ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့အသြင္ကိုေတြ႔ရမွာျဖစ္ျပီး သူတို႔ရဲ့အေမာက္ ဟာနွစ္ထပ္ျဖစ္ပါတယ္။ အညိဳေရာင္ (ဒါမွမဟုတ္) မီးခိုးေရာင္မ်က္လံုး၊ အနက္ ေရာင္ႏႈတ္သီး၊အဝါေရာင္ေျခေထာက္၊ အနက္ေရာင္လက္သည္းေတြကိုပိုင္ဆိုင္ ၾကတဲ့ Harpy eagles ေတြဟာ အမဲလ္ို္က္မုဆိုးေက်ာ္ေတြအျဖစ္လည္းလူသိမ်ားပါတယ္။


Harpy eagles ေတြကိုေတာ့ အဖိုနဲ႔အမယွဥ္တြဲျပီးအစဥ္ေတြ႔ျမင္ရတတ္ျပီး တစ္လင္၊တစ္ မယားစနစ္ကိုက်င့္သံုးတဲ့ တိရိစာၦန္ေတြအျဖစ္လည္းနာမည္ေက်ာ္ၾကားပါတယ္။ Harpy eagles စံုတြဲတစ္တြဲဟာ စုစုေပါင္း(၁၁၀၀၀)ဧကေလာက္ကိုလည့္ပတ္သြားေရာက္ျပီး မ်ိဳးပြားျခင္းျပဳလုပ္တဲ့ဝပ္က်င္းကိုလိုက္လံရွာေဖြေလ့ရွိၾကပါတယ္။ သူတုိ႔ေတြ ဟာထိပ္တန္းအမဲလိုက္မုဆိုးေတြပီပီသသ မိုးသစ္ေတာနက္နက္အတြင္းက ေပေပါင္းမ်ားစြာအကြာကသားေကာင္ကို ျမင္နိုင္ၾကျပီး ထိုးသုတ္ခ်ီယူသြားတတ္ ၾကပါတယ္။ ဒါအျပင္ ဒီလင္းယုန္ေတြဟာသားေကာင္ရွာတဲ့အလုပ္ကိုပဲ ေန႔စဥ္ (၂၃) နာရီေလာက္အာရံုစိုက္ေလ့ရွိတာကိုလည္းေတြ႔ရပါတယ္။

ဒီငွက္ေတြဟာ တိုက္ ခိုက္ေရးမွာလည္းကၽြမ္းက်င္ၾကျပီး အျခားအင္အားၾကီးရန္သူေတြလက္က ရုန္းထြက္ရာ မွာလည္း အလြန္ဥာဏ္မ်ားသူေတြျဖစ္ၾကပါတယ္။ Harpy eagles ေတြဟာေန႔ခင္းဘက္ အခ်ိန္ေတြမွာပဲ က်က္စားေလ့ရွိၾကျပီး သူတို႔ရဲ့အခ်ိန္အမ်ားစုကေတာ့ အမဲလိုက္ျခင္းနဲ႔ ကုန္ဆံုးေလ့ရွိၾကတာျဖစ္ပါတယ္။ သူတုိ႔ေတြဟာ (၁)လက္မေလာက္ရွိတဲ့ အရြယ္အစားကို ေကာင္းကင္မီတာ(၂၀၀)ေလာက္ကေနျမင္နိုင္တဲ့အထိ အျမင္အာရံု စူးရွေလ့ရွိၾကျပီး တစ္နာရီကိုမိုင္(၅၀)ေလာက္အထိပ်ံသန္းႏုိင္တဲ့ အျမန္ဆံုးႏႈန္းထားနဲ႔ ပ်ံသန္းနိုင္ၾကသူေတြျဖစ္ပါတယ္။


က်ယ္ျပန္႔တဲ့ အေတာင္ေတြကိုပိုင္ဆိုင္ထားတာေၾကာင့္လည္း တစ္ေျဖာင့္တည္းနီးပါးပ်ံသန္းနိုင္ၾကသလိုသားေကာင္ကိုေျမျပင္ေပၚမွာသာမက ေဝဟင္ထက္ကေနပါ တစ္ရွိန္ ထိုးထိုးဆင္းျပီး တိုက္ခိုက္နိုင္ၾကပါတယ္။ Harpy eagles ေတြရဲ့သားေကာင္စာရင္းမွာဆိုရင္ ေမ်ာက္ေတြ၊ ေမ်ာက္ေမာင္းမေတြ၊ opossum လို႔သိၾကတဲ့ အပင္ေပၚမွာေနထိုင္တဲ့ သားပုိက္ေကာင္ငယ္ ေတြကေန ေတာဝက္လို ၊သမင္လို ျဖူေကာင္လို၊ရွဥ္ေတြလိုသတၱဝါေတြအထိပါဝင္ေလ့ရွိပါတယ္။ ဒါအျပင္တြားတြား သတၱဝါေတြျဖစ္တဲ့ ေျမြ၊ဖြတ္စတဲ့သတၱဝါေတြဟာလည္း အဲဒီလင္းယုန္ငွက္ေတြရဲ့အစာစာ ရင္းမွာပါဝင္ေနပါတယ္။

Harpy eagles ေတြဟာတစ္ကေကာင္နဲ႔တစ္ေကာင္ဆက္သြယ္ရာမွာ ဟန္ပန္အမူအရာ သာမက အသံနဲ႔ပဲဆက္သြယ္နိုင္ၾကပါတယ္။ အဓိကကကေတာ့ အစာစားခ်ိန္နဲ႔ မိတ္လိုက္ ခ်ိန္ေတြမွ အသံနဲ႔ဆက္သြယ္မႈျပဳလုပ္ေလ့ရွိၾကကာ အူအအ အူအအ ကဲ့သို႕ေသာျမည္သံ ေတြကို ေအာ္ျမည္လ်က္ရွိပါတယ္။ Harpy eagles ေတြရဲ့မိတ္လိုက္ရာ သီကေတာ့ မိုးရာသီအစပိုင္းေတြျဖစ္တဲ့ ဧျပီလေနွာင္းပိုင္း(သို႕)ေမလအတြင္းက်ေရာက္ျပီး (၁.၂)မီတာေလာက္ထူျပီး (၁.၅)မီတာအရြယ္အစားရွိတဲ့ အသုိက္ထဲမွာ အလြန္ၾကီးမားတဲ့ငွက္ဥေတြကို ဥခ်ေလ့ရွိပါတယ္။


Harpy eagles အမတစ္ေကာင္ဟာအျဖဴေရာင္အဆင္းရွိတဲ့ ငွက္ဥေတြကို တစ္လံုး(သို႔)နွစ္လံုးအထိသာ ဥဥေလ့ရွိၾကျပီး ဥဥျပီးခ်ိန္မွာေတာ့ Harpy eagles စံုတြဲဟာ ငွက္သိုက္ကိုဒီအတိုင္းပဲ အခ်ိန္အေတာ္ၾကာထားပစ္ခဲ့ေလ့ရွိပါတယ္။ ဥဥျပီး(၅၆)ရက္ေလာက္ ၾကာခ်ိန္မွာေတာ့အေကာင္ေပါက္ေလ့ရွိၾကျပီး မိခင္ရဲ့ အျပည့္အဝ အုပ္ထိန္းမႈ မရတာေၾကာင့္ လင္းယုန္ေပါက္ ေလးေတြရဲ့ ဆက္လက္ရွင္သန္မႈက ကံၾကမၼာနဲ႔လည္း သက္ဆိုင္ေနပါတယ္။ ဒါအျပင္ ေျမြ၊ေတာေၾကာင္၊ေတြရဲ့ ရန္ကလည္း လင္းယုန္သားေပါက္ေတြကို ဒုကၡေပးနိုင္ပါေသးတယ္။

ကံကာင္းခဲ့ရင္ေတာ့ အသိုက္တြင္းက လင္းယုန္ေပါက္ေတြဟာ မိခင္ဖခင္ေတြရဲ႕ (၁၀)လသားေလာက္ေရာက္ခ်ိန္အထိ အစာရွာေဖြေကၽြးေမြးေလ့ရွိ ၾကျပီး လင္းယုန္ေပါက္ေလးေတြဟာ (၅)လကေန (၆)လသားအတြင္းမွာ အေမႊးအေတာင္ စံုလင္လာေလ့ရွိပါတယ္။ Harpy eagles သားေပါက္ေတြဟာ တစ္နွစ္ေလာက္ၾကာခ်ိန္မွ သာ အသိုက္ထဲကေနထြက္ျပီး အမဲလိုက္ပညာေတြကို မိဘေတြထံကေနသင္ယူေလ့ရွိပါ တယ္။ ငွက္အမေတြဟာ တစ္ခါသားေပါက္ၿပီးရင္ (၂)နွစ္(၃)နွစ္ေလာက္ျခားျပီးမွသာ ထပ္မံသားေပါက္ ေလ့ရွိၾကပါတယ္။


ဝါရွင္တန္ကြန္ဗန္ရွင္းလို႔ သိၾကတဲ့ ေတာရိုင္းတိရိစာၦန္နဲ႔အပင္မ်ိဳးစိတ္ထိ္န္းသိမ္းေရးအဖြဲ႔ CITES ( Convention on international Trade in Endangered Spices of Wild Fauna and Flora)ရဲ့စာရင္းေတြအရဆိုရင္ေတာ့ Harpy eagles ေတြဟာမ်ိဳးတုန္းေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ ရွားပါးတိရိစာၦန္စာရင္းမွာပါဝင္ေနပါတယ္။ အဓိကကေတာ့ သစ္ေတာျပဳန္းတီးမႈ ၊လယ္ယာေျမခ်ဲ႔ထြင္ျခင္း ၊ေမြးျမဴေရးလုပ္ငန္းေတြ ခ်ဲ႕ထြင္လာျခင္းေၾကာင့္ Harpy eagles ေတြရဲ့ စားက်က္ေတြနည္းပါးလာျခင္းက အဓိကေနရာကေနပါဝင္လို႔ေနပါတယ္။

Harpy eagles ေတြရဲ့ မ်ိုဳးစိတ္နာမည္ကေတာ့ Harpyi ျဖစ္ျပီး ေရွးဂရိဘာသာစကားျဖစ္တဲ့ hárpuia ကေနဆင္းသက္လာျပီး ဂရိဒ႑ာရီေတြ အတြင္းက အမ်ိဳးသမီးဦးေခါင္းနဲ႔ကိုယ္၊ ငွက္ အေတာင္နဲ႔ေျခေထာက္ပါတဲ့ ရက္စက္တဲ့သတၱဝါကိုေခၚဆိုပါတယ္။ ဒါအျပင္ရက္စက္ျပီး အလိုရမၼက္ၾကီးမားတဲ့ အမ်ိဳးသမီးေတြကိုလည္း Harpui လို႔ပဲေရွးဂရိေတြကေခၚဆိုၾကတယ္လို႔သိရပါတယ္။


Harpy eagles ေတြဟာ ပမားနားနိုင္ငံရဲ့ အထိမ္းအမွတ္လင္းယုန္ ငွက္လည္းျဖစ္ျပီး မ်ိဳးရိုးအေဆာင္အေယာင္အမွတ္အသားတစ္ခုအျဖစ္ သတ္မွတ္အသံုးျပဳ လ်ွက္ရွိတာကိုလည္းေတြ႔ရပါတယ္။ ဒါအျပင္ဘရာဇီးနိုင္ငံက တိုင္းရင္းသားမ်ိဳးႏြယ္စုေတြ ကလည္ Harpy eagles ေတြကို မ်ိဳးနြယ္စုေခါင္းေဆာင္ေတြရဲ့အမ၅ွတ္အသား သေကၤတ အျဖစ္သတ္မွတ္ထားသလို တဲ့ ေခါင္းေဆာင္သူပီပီတက္ၾကြႏိႈးၾကားတဲ့ စြမ္းေဆာင္ရည္ ျပည့္ဝတဲ့ျပယုဒ္တစ္ခုအျဖစ္လည္း ယံုၾကည္ၾကပါတယ္။

(၂၀၀၉)ခုနွစ္က အလယ္အေမရိကက Belize နိုင္ငံမွာက်င္းပခဲ့တဲ့ ကုလသမဂၢအဖြဲ႕ၾကီးရဲ့ ရာသီဥတုေျပာင္းလဲေရးဆိုင္ရာအစည္းအေဝးမွာ Hope လို႔အမည္ရတဲ့ (၁၅)ၾကိမ္ေျမာက္ Harpy eagles လႊတ္ပြဲေတာ္ကိုထည့္သြင္းက်င္းပခဲ့ပါတယ္။ အဓိပၸါယ္ကေတာ့ ကမာၻကုလ သမဂၢအဖြဲ႕ၾကီးဟာ Harpy eagles ေတြကို ကမာၻရာသီဥတုေျပာင္းလဲေရးဆိုုင္ရာသံတမန္ ေတြအျဖစ္ ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။ ဒါအျပင္ ကမာၻေက်ာ္ဟယ္ရီေပၚတာ ရုပ္သံဇာတ္လမ္း တြဲေတြမွာဆိုရင္လည္း Harpy eagles ေတြဟာ အသြင္ဒီဇိုင္းတစ္မ်ိဳးနဲ႔ Fawkes the Phoenix လို႔အမည္ရတဲ့ ဇာတ္ေဆာင္ေတြအျဖစ္ ပါဝင္ေနတာကိုေတြ႔ရပါတယ္။

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!