Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂရိက အလှဆုံးကျွန်းတစ်ကျွန်း (သို့) ဆန်တိုရီနီ

by Thutamm
August 1, 2019
Reading Time: 2min read
0
ဂရိက အလှဆုံးကျွန်းတစ်ကျွန်း (သို့) ဆန်တိုရီနီ
Share on FacebookShare on Twitter

ဆန်တိုရီနီ ဆိုတာ ဂရိကုန်းမကြီးရဲ့ အရှေ့တောင်ဘက် ၁၂၀မိုင်အကွာက အေဂျင်ပင်လယ်ထဲမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။ အကျယ်အားဖြင့် ၂၈ စတုရန်းမိုင်ကျယ်ပြီး လူဦးရေ ၁၅၀၀၀ကျော်ခန့်သာ နေထိုင်တဲ့ ကျွန်းဖြစ်ပါတယ်။ လှပတဲ့ရှုခင်းတွေနဲ့ ချစ်စဖွယ်အဆောက်အအုံလေးတွေကြောင့် ဂရိနိုင်ငံရဲ့ လူသိအများဆုံးကျွန်းလည်းဖြစ်ပါတယ်။ မူလနာမည်က သီရာ ဖြစ်ပေမယ့် တစ်ကမ္ဘာလုံးကတော့ ဆန်တိုရီနီလို့ပဲ သိကြပါတယ်။

ဆန်တိုရီနီကျွန်းပေါ်မှာရှိတဲ့ Akrotiri မြို့ဟောင်းကြီးဟာ အတ္တလန္တိတ်မြို့တော်နဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ ဆန်တိုရီနီ ကျွန်းနဲ့ အခြားကျွန်းနှစ်ကျွန်းတို့အလယ်မှာ မီးတောင်ကြီးတစ်တောင် ရှိပါတယ်။ ကျွန်းအလယ်ပိုင်း နဲ့ အတူမီးတောင်ကြီးဟာာ ဘီစီ ၁၆၁၃ မှာ ဖြစ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြီးနဲ့အတူ နစ်မြုပ်သွားခဲ့ပြီး ဘီစီ ၄၆ ကမှစလို့ ချော်ရည်ပြည့်နေတဲ့မီးတောင်ကြီးဟာ ပင်လယ်ထဲကနေ တဖြည်းဖြည်းပေါ်ထွက်လာတာခဲ့တာဖြစ်ပါတယ်။ ဒီမီးတောင်ကြီးဟာ ၁၉၅၀ခုနှစ်မှာ နောက်ဆုံးပေါက်ကွဲခဲ့တဲ့ မီးတောင်ရှင်ဖြစ်ပါတယ်။

နောက်ထပ်ဒီကျွန်းမှာပေါပေါများများတွေ့ရမှာက မြည်းတွေပါ။ မြည်းအကောင်ပေါင်း သောင်းနဲ့ချီပြီးရှိပါတယ်။ အိမ်တွေရဲ့အမိုးကိုတော့ ဂရိအလံအရောင်ဖြစ်တဲ့ အပြာ နဲ့ အဖြူသာ သုတ်ထားကြပါတယ်။ မီးတောင်ဝန်းကျင်ဖြစ်တဲ့အတွက် စိုက်ပျိုးရေးအလွန်ဖြစ်ထွန်းပြီး စပျစ်ဝိုင်ကတော့ နာမည်ကြီးပါ။ ဒီကျွန်းပေါ်မှာ စပျစ်အမျိုးပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ဒီကျွန်းစည်ကားလာတာ ၁၉၆၀ နောက်ပိုင်းမှ ဖြစ်ပြီး ဒီမတိုင်ခင်မှာတော့ ငါးဖမ်းသမားတချို့သာနေထိုင်ခဲ့ကြပါတယ်။

မိုးအလွန်နည်းပါးတဲ့နေရာဖြစ်ပြီး ဒီကျွန်းပေါ်မှာ ရေထက် ဝိုင်တွေက ပိုပေါများပါတယ်။ လူနေအိမ်တွေထက် ခရစ်ယာန်ဘုရားကျောင်းတွေကပိုများပါတယ်။ ဒါပေမယ့် ဘုရားကျောင်းအများစုဟာ အရွယ်အစားသေးငယ်ပါတယ်။ ကျွန်းပေါ်မှာ လူအမြဲနေထိုင်သူ ၂သောင်းမပြည့်ပေမယ့် လာရောက်လည်ပတ်တဲ့သူကတော့ ၁နှစ်ကို ၁သန်းခွဲခန့်ရှိပါတယ်။ စားသောက်ဆိုင်တွေ ဟိုတယ်တွေကိုလည်း နေရာအနှံ့မှာတွေ့နိုင်ပါတယ်။ ကြည့်လဲ့လဲ့ ရေပြာပြာနဲ့အတူ မီးတောင်ရှုခင်းတွေ၊ ကျွန်းပေါ်ကမြင်ရတဲ့ ရင်သပ်ရှု့မောဖွယ် နေဝင်ချိန်ရှုခင်းတွေကြောင့် ဆန်တိုရီနီဟာ အလှဆုံးကျွန်းတစ်ကျွန်းအဖြစ် နာမည်ကြီးရခြင်းဖြစ်ပါတယ်။

VIDEO

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!