Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ချို့တဲ့သူတွေအတွက် အခမဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေ ဖွင့်လှစ်ပေးထားတဲ့ ရော့ခ်ကာကြီး

by Thutamm
January 14, 2020
Reading Time: 1min read
0
ချို့တဲ့သူတွေအတွက် အခမဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေ ဖွင့်လှစ်ပေးထားတဲ့ ရော့ခ်ကာကြီး
Share on FacebookShare on Twitter

Bon Jovi (ဘွန်ဂျိုဗီ)ဆိုရင်အားလုံးကသိကြပါတယ်။ ကမ္ဘာကျော်ရော့ကာကြီးဟာ သီချင်းဆိုတဲ့နေရာမှာတင်ထူးချွန်တာမဟုတ်ပဲ အများအကျိုးအတွက်ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွပါဝင်လေ့ရှိတာကြောင့် သူပရိတ်သတ်တွေအချစ်ပိုရတဲ့သူတစ်ယောက်လည်းဖြစ်လို့နေပါတယ်။ သူဟာ JBK Soul Kitchen ဖောင်ဒေးရှင်းကိုထူထောင် ပြီး ဆာလောင်သူမှန်သမျှအခမဲ့စားသောက်နိုင်တဲ့စားသောက်ဆိုင်တွေကိုဖွင့်လှစ်ခဲ့တာ ယခုအချိန်မှာဆိုရင် (၃)ဆိုင်အထိတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

Bon Jovi ရဲ့ စားသောက်ဆိုင်တွေမှာတော့ လတ်ဆတ်တဲ့အသီးအနှံတွေ၊အသားတွေနဲ့ပြုလုပ်ထားတဲ့ အစေားအသောက်တွေကို မည်သူမဆို အခမဲ့စားသောက်နိုင်မှာဖြစ်ပါတယ်။ Bon Jovi ရဲ့တတိယမြောက်စားသောက်ဆိုင်ကိုတော့ နယူးဂျာစီပြည်နယ် Rutgers University campus မှာဖွင့်လှစ်ထားတာဖြစ်ပြီး အထူးသဖြင့် အိမ်ယာမဲ့တွေနဲ့ ချို့တဲ့ကျောင်းသား၊သူ တွေအတွက်ရည်ရွယ်တယ်လို့သိရပါတယ်။

Bon Jovi နဲ့သူအမျိုးသမီးဖြစ်သူ Dorothea Hurley တို့က သူတို့အနေနဲ့ JBJ Soul Kitchen ဖောင်ဒေးရှင်းကိုတည်ထောင်ပြီး ယခုလို အခမဲ့စားသောက်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်လှစ်ရတဲ့အကြောင်းကိုတော့
“ဆာလောင်လာသူတစ်ယောက်ကို စိတ်နဲ့ခန့်မှန်းလို့မရနိုင်ပါဘူး။ ဘုရားရှိခိုးကျောင်းတွေ ၊စာသင်ကျောင်းတွေအပြင်နေရာမျိုးစုံမှာပုံစံမျိုးစုံနဲ့ ဆာလောင်နေကြသူတွေရှိပါတယ်။ ပုံစံမျိုးစုံ လူတန်းစားပေါင်းစုံပေါလေ။ ကျမတို့ရဲ့အစီစဉ်ကတော့ရှင်းပါတယ်။ ကျမတို့ လှုပ်ရှားသွားလာနေတဲ့ လူအဖွဲ့အစည်းတွေမှာ ဒီလိုအခြေအနေတွေအတွက်ယခုလို အခမဲ့ စားသောက်ဆိုင်မျိုးတွေလိုအပ်လို့နေတယ်ဆိုတဲ့ မက်ဆေ့ပေးချင်တာပါ။ ယခုဖွင်တဲ့နေရာ မှာတော့ အိမ်ခြေရာမဲ့တွေအတော်နည်း့ပါသေးတယ်” လို့ Bon Jovi ရဲ့အမျိုးသမီး Hurley က CBS Sunday Morning ရဲ့အစီစဉ်တင်ဆက်သူ Tracy Smithနဲ့တွေ့ဆုံချိန် မှာ ကိုပြောဆိုခဲ့ပါတယ်။

အိမ်ရာမဲ့တွေရဲ့ပုံစံအတိုင်းပဲ သူတို့ဟာလှုမှုဝန်းကျင်နဲ့ ဝေးကွာတဲ့ နေ ရာတွေမှာနေထိုင်လေ့ရှိကြကာ ဖြစ်သလိုနေ၊ဖြစ်သလိုပဲစားသောက်ကြလေ့ရှိပါတယ်။ နောက်ဆုံးအစားအသောက်ဝယ်ရင်တောင် သူတို့ရဲ့အားနည်းချက်ကြောင့် ရောင်းချသူတွေကို စောဒကတက်လေ့မရှိတာရယ်၊ ကျန်းမာရေး အသိနည်းပါးတာတွေကြောင့်လည်း သူတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်ဖွယ်ရာတွေ နေ့စဉ်ရယူနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

အမေရိကန်မှာအိမ်ရာမဲ့တွေအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းတွေရှိတယ်ဆိုပေမယ့် ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာသာဖြစ်ပြီး နေ့စဉ်စားသောက်ရေး အတွက်တော့ စီစဉ်ပေးထားတာအလွန်ကိုနည်းနေပါသေးတယ်။ အထူးသဖြင့်သန့်ရှင်း လတ်ဆတ်တဲ့ အခမဲ့စားသောက်ဆိုင်မျိုးတွေမှာဖြစ်ပါတယ်။ Bon Jovi ရဲ့စိတ်ကူးကတော့ အမေရိကန်ပြည်ထောင်စုရဲ့အောက်ခြေလူတန်းစားတွေကို အခြေခံပြီး ဟာကွက်တစ်ခု ကို ဖြည့်ဆည်းပေးတဲ့ သဘောမျိုးသက်ရောက်ပါတယ်။

အိမ်ရာမဲ့တွေကိုပဲ အဓိကထားပြီး သန့်ရှင်းတဲ့အစားအသောက်တွေပါဝင်တဲ့ JBJ Soul Kitchen ဖောင်ဒေးရှင်းရဲ့ အခမဲ့စားသောက်ဆိုင်(၂)ခုကို (၂၀၁၁)ခုနှစ်အတွင်းကပဲ နယူးဂျာစီမှာရှိတဲ့ Red Bank မှာ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယင်းစားသောက်ဆိုင်တွေအတွင်းက အစားအသောက်တွေမှာ သတ်မှတ်ဈေးနှုန်း ကပ်ထားတာမျိုးမရှိပဲ ကြိုက်တဲ့အစားအသောက်ကိုမှာယူစားသောက်နိုင် ပြီး အချို့တတ်နိုင်သူတွေကလည်း အလှူငွေသဘောမျိုး ဆန္ဒရှိသလောက်ထည့်ဝင်သွား ကြတာမျိုးတော့ရှိပါတယ်။ အချို့ကလည်း ငွေကြေးမပေးပဲ ယင်းစားသောက်ဆိုင်တွေ မှာပဲ အချိန်ပိုင်းလုပ်အားနဲ့ပေါင်းစပ်ကူညီကြတာမျိုးလည်းရှိနေပါတယ်။ Bon Jovi ရဲ့စား သောက်ဆိုင်ဝန်ထမ်းအများစုဟာ Volunterers တွေဖြစ်ကြပြီး အစားအသောက် အားလုံးနီးပါးဟာလည်း လာရောက် လှူဒါန်းထားကြတာဖြစ်တယ်လို့သိရပါတယ်။

Bon Jovi ရဲ့ပထမဆုံးသော အခမဲ့စားသောက်ဆိုင်တွေအောင်မြင်စွာဖွင့်လှစ်နိုင်ပြီးနောက် မှာတော့ Bon Jovi ဇနီးမောင်နှံဟာ ကျောင်းသား/သူတွေစားသောက်ရေးအတွက် အဆင်ပြေစေမယ့် အစီစဉ်ကိုထပ်မံရေးဆွဲခဲ့ပြန်ပါတယ်။ သူတို့ရဲ့အစီစဉ်ကိုတော့ နယူးဂျာစီမှာရှိတဲ့ Rutgers University မှာအကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအတွက် Bon Jovi က
“ကျတော်တို့အစီစဉ်က ကျောင်းသား/သူတွေ အဟာရပြည့်ဝတဲ့အစားအသောက်တွေကို စားသုံးနိုင်ဖို့ရည်ရွယ်ပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း သူတို့လေးတွေဟာ နေ့လည်စာကို ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ပဲ အများဆုံးဖြေရှင်းနေရရှာတာပါ။ သူတို့ရဲ့ပညာလေ့လာ ဆည်းပူးမှုနယ်ပယ်ကို ကျတော်တို့က တစ်စိတ်တစ်ပိုင်းနေရာကနေ ဖြည့်ဆည်းရရောက် မယ်ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Bon Jovi မောင်နှံကတော့ လက်ရှိအချိန်မှာ JBJ Soul Kitchens ရဲ့ (၃)ဆိုင်မြောက် အခမဲ့ စားသောက်ဆိုင်တွေကို အောင်မြင်စွာဖွင့်လှစ်ပြီးတဲ့နောက်မှာလည်း ရပ်တန့်ခြင်းမျိုး မရှိပဲ နောက်ထပ် စားသောက်ဆိုင် ဆိုင်ခွဲတွေကိုထပ်ဖွင့်ဖို့စီစဉ်နေကြတယ်လို့သိရပါတယ် သူတို့ဇနီးမောင်နှံရဲ့ စွမ်းဆောင်နိုင်သမျှ အမေရိကားတစ်ခွင်မှာ အခမဲ့စားသောင်ဆိုင် များစွာဖွင့်လှစ်နိုင်မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်လို့သိရပါတယ်။

ဒီအတွက် ကမ္ဘာကျော် ရော့ကာကြီး Bon Jovi က “ဒီအလုပ်ဟာ ကျတော်ကျွမ်းကျင်တဲ့ ရေး၊ဆို၊တီး တဲ့အလုပ်မဟုတ်ပါဘူး။ ကျတော်ရဲ့ဂီတကြောင့်ခင်ဗျားအနေနဲ့ တစ်ညတာကာလတစ်ခုမှာ မျှော်လွင့်သွားမယ်၊စိတ်အပန်းပြေသွားမယ်။ ကျတော်ဖွင့်တဲ့ အခမဲ့စားသောက်ဆိုင်တွေကလည်း ခင်ဗျားတို့လိုအပ်ချက်ကိုဖြည့်ပေးမှာဖြစ်လို့ ပုံစံ ချင်းမကွာပါဘူး ။ ဒါပေမဲ့ကျတော်အနုပညာကတော့ အချိန်ကန့်သတ်ချက်ရှိပြီး တညတာ ပြီးရင် အားလုံးကိုထားခဲ့မှာပါ။ ဒီနေရာမှာတော့ ကွဲပြားပါတယ်။ JbJ Soul kitchens ရဲ့ ဆိုင်တွေက အမြဲလန်းနေမှာဗျ။ အထူးသဖြင့်ချိုတဲ့သူတွေအတွက် ဒီနေရာဟာ စားသောက် ဆိုင်တစ်ခုထက်ပိုပါတယ်။ ဒီလိုအခမဲ့ဆိုင်တွေ အများကြီးဖြစ်လာဖို့ ကျတော်တတ်စွမ်းသမျှကြိုးစားမှာပါ” လို့ နယူးဂျာစီကသတင်းသမားတွေနဲ့ တွေ့ဆုံချိန်မှာပြောကြားခဲ့ပါတယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!