Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ချက်ကျေးရွာက နာမည်ကျော် ကလေးများရုပ်တုရဲ့ နောက်ကြောင်း

by Thutamm
November 24, 2019
Reading Time: 1min read
0
ချက်ကျေးရွာက နာမည်ကျော် ကလေးများရုပ်တုရဲ့ နောက်ကြောင်း
Share on FacebookShare on Twitter

ဥရောပက ချက်သမ္မတနိုင်ငံ(ယခင် ချက်ကိုစလိုဗက်ကီးယား) အနောက်မြောက်ပိုင်းက Lidice ရွာကလေးမှာ ထူးထူးခြားခြားအဖြစ် ကလေးငယ် ၈၂ယောက်ရဲ့ ကြေးရုပ်တုတွေ ရှိနေပါတယ်။ ညိုးငယ်စွာမတ်တပ်ရပ်နေကြတဲ့ ဒီရုပ်တုကလေးတွေရဲ့ နောက်ကွယ်မှာ ဝမ်းနည်းဖွယ်ဇာတ်ကြောင်းရှိနေပါတယ်။

Lidice ရွာဟာ ချက်နိုင်ငံ မြို့တော်ပရက်ရဲ့ အနောက်မြောက်ပိုင်း ၃၀ကီလိုမီတာအကွာမှာရှိနေပြီး ဂျူးလူမျိုးတွေနေထိုင်တဲ့ ရွာကလေးဖြစ်ပါတယ်။ ဒီရွာကလေးက ကလေးငယ်များအပါအဝင် ရွာသူရွာသားအားလုံးနီးပါးဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့ရဲ့ ရက်ရက်စက်စက် အညိုးတကြီး သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။

၁၉၄၂ခုနှစ်မှာ နာဇီရဲ့နာမည်ကျော် စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Reinhard Heydrich လုပ်ကြံခံခဲ့ရမှုမှာ အဲဒီဒေသတဝိုက်က ရွာပေါင်းများစွာဟာ လုပ်ကြံသူကိုဝှက်ပေးထားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့အတူ အပြစ်ပေးခြင်းခံရပါတယ်။ ဒီရွာတွေထဲမှာ Lidice ရွာဟာလည်း အပါအဝင်ဖြစ်ခဲ့ပြီး ပိုဆိုးတာက ရွာသားတစ်ယောက်ဟာ ချက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာကြောင့် ဒီရွာကို အခြားရွာတွေထက်ပိုပြီး အညိုးတကြီးဖျက်စီးခဲ့တာဖြစ်ပါတယ်။

၁၉၄၂ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ ရွာမှာရှိနေတဲ့ ရွာသား ၁၇၃ယောက်စလုံးကို သတ်ဖြတ်ပစ်လိုက်ပါတယ်။ ဒါအပြင် အဲဒီတုန်းက ရွာမှာရှိမနေနဲ့ ရွာသား ၁၁ယောက်ကိုလည်း မကြာမီမှာ ဖမ်းမိသွားခဲ့ပြီး ထပ်မံသတ်ဖြတ်ပစ်ခဲ့ပြန်ပါတယ်။ အမျိုးသမီး ၁၈၄ ယောက် နဲ့ ကလေး ၈၈ယောက်ကိုတော့ ပိုလန်နိုင်ငံကို ဖမ်းခေါ်သွားခဲ့ပါတယ်။ အမျိုးသမီးတွေကိုတော့ အလုပ်ကြမ်းလုပ်ရတဲ့ ချွေးတပ်စခန်းကို ပို့ပစ်လိုက်ကြပါတယ်။

ကလေး ၈၈ယောက်ထဲက ဂျာမန်လူမျိုးတွေနဲ့ ရုပ်ဆင်တဲ့ ၆ယောက်ကိုတော့ နာဇီလူမျိုးကြီးဝါဒသွတ်သွင်းဖို့အတွက် ဖယ်ထုတ်လိုက်ပြီး ကျန်တဲ့ ကလေး ၈၂ယောက်ကိုတော့ Chełmno အမြစ်ပြတ်သုတ်သင်ရေးစခန်းကို ပို့လိုက်ပါတယ်။ အဲဒီစခန်းမှာ ကလေးငယ် ၈၂ ဦးစလုံးဟာ အလုံပိတ်ခန်းထဲထည့်ကာ အဆိပ်ဓာတ်ငွေ့နဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

စုစုပေါင်းအနေနဲ့ Lidice ရွာက လူပေါင်း ၃၄၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီး အနည်းငယ်သာ လွတ်မြောက်ခဲ့ပါတယ်။ နာဇီတွေဟာ ဒီရွာအပေါ်မှာ ဘယ်လောက်အညိုးကြီးခဲ့သလဲဆိုရင် တရွာလုံးကိုသတ် ၊ တရွာလုံးကိုဖျက်စီးပစ်ရုံမက ရွာသင်္ချိုင်းကိုပါ ပျောက်သွားအောင် ဖျက်စီးခဲ့ပါတယ်။ ဒါတင်မကသေးပဲ ရွာအနီးမှာရှိတဲ့ မြစ်ကြောင်းကိုပါ ပြောင်းလဲပစ်ခဲ့ပြီး ဒီနေရာမှာ ဘယ်ရွာမှ မရှိခဲ့သယောင် အစဖျောက်ပစ်ခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိ ရှိနေတဲ့ရွာကိုတော့ ၁၉၄၇ ခုနှစ်မှာမှ လွတ်မြောက်သွားတဲ့ ရွာသူ ရွာသားတွေ စုပေါင်းပြီး ပြန်တည်ခဲ့ကြတာဖြစ်ပါတယ်။

အခုပုံမှာပါတဲ့ ကလေးရုပ်တုတွေကို ထုလုပ်ခဲ့သူကတော့ ချက်နိုင်ငံက အမျိုးသမီးပန်းပုပညာရှင် Marie Uchytilova-Kucova ဖြစ်ပါတယ်။ ချွေးတပ်စခန်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ Lidice ရွာခံ အမျိုးသမီးတွေဆီကနေ ဒီရွာရဲ့အဖြစ်အပျက်တွေကို ကြားခဲ့ပြီးတဲ့နောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ၁၉၈၀ ပြည့်နှစ်မှာ ရုပ်တုတွေကို စတင်ထုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၈၉ခုနှစ် ရုပ်တုတွေထုလို့ မပြီးစီးခင်မှာပဲ ပန်းပုပညာရှင်အမျိုးသမီးကွယ်လွန်သွားခဲ့တာကြောင့် ခင်ပွန်းသည်က ဇနီးသည်ရဲ့ ဆန္ဒကိုပြီးမြောက်အောင် ဖြည့်ဆည်းပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ရုပ်တုအားလုံး ထုလုပ်ပြီးစီးခဲ့ပါတယ်။

ရုပ်တု ၈၂ ရုပ်မှာ အသက် ၂နှစ်ကနေ ဆယ်ကျော်သက်အရွယ်ထိ ကလေးငယ်များဖြစ်ကြပြီး ယောင်္ကျားလေးရုပ်တု ၄၀ နဲ့ မိန်းကလေးရုပ်တု ၄၂ ရုပ်ဖြစ်ပါတယ်။ အထိမ်းအမှတ်ရုပ်တုတွေထုလုပ်တဲ့ ကုန်ကျစရိတ်ကိုတော့ ချက်အစိုးရ နဲ့ နိုင်ငံတကာ အလှူရှင်တွေက ပံ့ပိုးပေးခဲ့ပါတယ်။ ရုပ်တုတွေကိုတော့ ရွာသားများအစုလိုက် အသတ်ခံခဲ့ရတဲ့နေရာမှာ ထားရှိထားပါတယ်။

Tags: world historyworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!