Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် မထင်မှတ်ထားတဲ့ အခြေအနေကနေ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တဲ့ အသင်း(၅)သင်း

by Thutamm
August 17, 2019
Reading Time: 2min read
0
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် မထင်မှတ်ထားတဲ့ အခြေအနေကနေ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တဲ့ အသင်း(၅)သင်း
Share on FacebookShare on Twitter

ချန်ပီယံလိဂ်ပြိုင်ပွဲဆိုလိုက်တာနဲ့ ကမ္ဘာထိပ်တန်းကလပ်အသင်းတွေ စီးချင်းထိုးရာ စစ်မြေပြင်ဆိုတာဘောလုံးဝါသနာအိုးတိုင်းသိရှိကြပါတယ်။ ဥရောပထိပ်တန်းလိဂ်တွေ ကအသင်းတွေချည်းပါဝင်တာကြောင့် ဗိုလ်လုပွဲစီကိုသွားရာလမ်းဟာအလွန်ခက်ခဲသလို အသင်းတွေအတွက် ပြန်လည်ရရှိမယ့် အကျိုးအမြတ်ဟာမနည်းမနောဖြစ်တာကြောင့် ထိပ်တန်းလိဂ်တွေအတွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတဲ့တိုက်ပွဲဟာ ပိုမိုမြိုင်ဆိုင်လာတာ ကိုတွေ့ရမှာပါ။

တစ်နှစ်ကိုတစ်ကြိမ်ပုံမှန်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုတာကတော့အတော်ကို ခက်ခဲတဲ့အကြောင်းကို ယနေ့တိုင်ချန်ပီယံလိဂ်ဖလားမရဖူးတဲ့ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့အီဘရာဟီမိုးဗစ်၊ အဂူရို၊လီဝမ်ဒေါစကီး၊ ကာဗာနီ၊ဘတ်ဖွန်၊ဟာဇက်၊ချီလီနီ၊ဘိုနုချီ၊သီယာဂိုဆေးဗား၊ဒေးဗစ်ဆေးဗား တို့ကသက် သေခံလျက်ရှိပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တစ်ဆင့်ချင်းစီဟာ အလွန်ခက်ခဲပြီး အသင်း တစ်သင်းအနေနဲ့ အမှားအများကြီးလုပ်လို့မရပါဘူး။ အထူးသဖြင့် နှစ်ကျော့ယှဉ်ပြိုင် ကစားရတဲ့ ရှုံးထွက်ပွဲစဉ်တွေမှာဖြစ်ပြီး နှစ်ကျော့စလုံးခြေစွမ်းပိုင်းရော၊စိတ်ဓာက်ပိုင်းမှာ ပါတည်ငြိမ်ဖို့လိုပါတယ်။

ဒါပေမဲ့တစ်ချို့သောအသင်းတွေကတော့ အစပိုင်းမှာအဘက် ဘက်ကနေနိမ့်ကျပြီး ကျိန်းသေပေါက်ပြိုင်ပွဲကထွက်ရပြီလို့ ဘောလုံးပညာရှင်တွေ ကိုယ်တိုင်က တွက်ချက်ထားပေမဲ့ ဘောလုံးပရိသက်အားလုံး အံ့သြသင့်သွားအောင် နိုင်ပွဲနဲ့ပြန်လာခဲ့တဲ့ အသင်းတွေရှိနေပြန်ပါတယ်။ မနေ့ညကပဲယှဉ်ပြိုင်ကစားတဲ့ စပိန်ကလပ်ဘာစီလိုနာအသင်းနဲ့ အင်္ဂလန်ကလပ် လီပါပူးတို့ပွဲစဉ်မှာလည်း ပရိသတ် တွေ အံ့သြသင့်သွားအောင် လီဗာပူးဟာ (၄-ဝ)ဆိုတဲ့ရလဒ်နဲ့ပြန်လာနိုင်ခဲ့ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အရေးနိမ့်မဲ့အနေ အထားကနေ အကောင်းဆုံးခြေစွမ်း၊စိတ်ဓာတ်ပိုင်းတွေနဲ့ ပြန်လာခဲ့တဲ့အသင်းတွေရဲ့ အကြောင်းအရာအချက်အလက်တွေပဲဖြစ်ပါတယ်။

၅။ ဒီပို့ဒီပို့ (စပိန်)- အေစီမီလန်(အီတလီ)

(၂၀၀၃-၂၀၀၄)ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အေစီမီလန်အသင်းက စပိန်ကလပ် ဒီပို့ဒီပို့ကို ပထမအကျော့က ၄-၁ ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ယူထားနိုင်ခဲ့ပါတယ်။ ယင်းကာလက ကမ္ဘာအကောင်းဆုံးနောက်ခံအတွဲဖြစ်တဲ့ မာဒီနီ-နက်စတာအတွဲ၊ အလယ်တန်းက ပီယာလို၊ဆီးဒေါ့၊ဂက်တူဆို၊ ရှေတန်းကလည်း ကာကာ၊ ရှက်ဖ်ချန်ကိုတို့ ပိုင်ဆိုင်ထားတဲ့အေစီမီလန်အနေနဲ့ စပိန်အလယ်အလတ်အသင်းလို့ဆိုရမဲ့ ဒီပို့ဒီပို့ကို ကျော်ဖြတ်နိင်ခဲ့ပြီလို့ အားလုံးက သတ်မှက်ခဲ့ပေမယ့် တစ်ကယ်တန်း ဒီပို့ရဲ့ Estadio Riazor ကွင်းမှာ ဒုတိယအကျော့ပြန်ကစားတော့ (၄-ဝ)ဆိုတဲ့ရလဒ်နဲ့ အရှုံးပေးခဲ့ရပါ တယ်။

VIDEO

၄။ မိုနာကို(ပြင်သစ်)-ရီရယ်မက်ဒရစ်(စပိန်)

(၂၀၀၃-၂၀၀၄)ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ထပ်ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်တဲ့ ပြင်သစ်ကလပ် မိုနာကိုနဲ့ ချန်ပီယံလိဂ်အရှင်သခင် ရီရယ်မက်ဒရစ်တို့ပွဲစဉ်ဟာလည်း ဘောလုံးပရိသတ်တွေကို အတော်ကိုအံ့သြသင့်စေခဲ့ပြန်ပါတယ်။ စူပါစတားတွေများလွန်းလို့ စပိန်ဘာသာနဲ့ Galacticos လို့ တင်စားခေါ်ဆိုခြင်းခံရတဲ့ရီရယ်အသင်းဟာ ဇီဒန်း၊ကားလိုစ်၊ရိုနယ်ဒို၊ ဖီဂို၊ ကာစီးလက်၊ ဟီယာရို၊ရာအူးစတဲ့ထိပ်တန်းကစားသမားတွေနဲ့စုဖွဲ့ထားပြီး ပထမအကျော့မှာတင် မိုနာကိုအသင်းကို (၄-၂)ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ယင်းအချိန်ကရီရယ်နည်းပြဟာ ကားလိုစ်ကွီးရော့ဖြစ်ပြီး တစ်နှစ်တစ်ကြိမ်ကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့ ကစားသမားကို ကြိုက်ကြေးပေးခေါ်ဆောင်နေချိန်လည်းဖြစ်ပါ တယ်။

ဒါပေမဲ့ ဒုတိယအကျော့မိုနာကိုအသင်း အိမ်ကွင်းမှာကစားချိန်မှာတော့ ရီရယ် မက်ဒရစ်ဟာ (၃-၁)ဂိုးဆိုတဲ့ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဂိုးရလဒ်ချင်းတူညီနေပေမဲ့ အဝေးဂိုးစည်းမျဉ်းအရ မိုနာကိုအသင်းသာ ဆီးမီးဖိုင်နယ်ကိုတက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်ဟာလည်း ကမ္ဘာဘောလုံးပရိသတ်အားလုံးကို မျက်စိလည်စေခဲ့ပြီး ရီရယ်အတွက်ပိုမိုနာကျင်စရာကောင်းတာက ရီရယ်အသင်းကိုအဓိကနေရာကနေ သွင်းဂိုးနဲ့ ရှုံးနိမ့်စေခဲ့သူသူ၊ မိုနာကိုတိုက်စစ်မှူး ဖာနန်ဒိုမိုတီရန်တေးဟာ ရီရယ်ကနေ မိုနာကို အသင်း ကိုအငှားချထားတဲ့ ကစားသမားဖြစ်နေတဲ့အချက်ပါ။

VIDEO

၃။ ရိုမား(အီတလီ)-ဘာစီလိုနာ(စပိန်)

ကျန်ခဲ့တဲ့ ဘောလုံးရာသီကဖြစ်ခဲ့တဲ့ ရိုမား(အီတလီ)-ဘာစီလိုနာ(စပိန်)အသင်းတို့ရဲ့ ပွဲစဉ်ဟာလည်း အတော်ကိုစိတ်ဝင်စားစရာကောင်းတဲ့ ရိုမားအသင်းရဲ့ရုန်းအားကို မြင် တွေ့နိုင်ပါတယ်။ ကစားသမားပိုင်းသာမက သက်ဆိုင်ရာအသင်းအသီးသီးရဲ့ စွမ်းဆောင် ရည်ပိုင်းဟာ အတော်လေးကွာဟနေသလို ပထမအကျော့မှာလည်း ဘာစီလိုနာက (၄-၁)ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့တာကြောင့် သက်ဆိုင်ရာလိဂ်မှာတောင် ချန်ပီလိဂ်ဝင်ခွင့် ရဖို့ရုန်းကန်နေရတဲ့ ရိုမားအတွက်မျှော်လင့်ချက် မရှိတော့ဘူးလို့အားလုံးက ထင်မှတ်ခဲ့ ပါတယ်။

ဒါပေမဲ့ ရိုမားရဲ့အိုလံပီယာကွင်းအတွင်းမှာ နဖူးတွေ့ဒူးတွေ့ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ တစ်ရာသီလုံးမှာအကောင်းဆုံးပုံစံရနေတဲ့ လာလီဂါချန်ပီယံကြီးဟာ (၃-ဝ) ဆိုတဲ့ရလဒ်နဲ့အီတလီမြေမှာအရှုံးပေးခဲ့ရပါတယ်။ နှစ်သင်းစလုံးသွင်းဂိုး (၄-၄) ဂိုးစီတူ ညီနေပေမဲ့ အဝေးဂိုးရထားတဲ့ရိုမားက ဆီမီးဖိုင်နယ်ကိုရောက်ရှိပြီး အင်္ဂလန်ကလပ် လီဗာပူးနဲ့ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပါတယ်။

VIDEO

၂။ ပီအက်ဂျီ (ပြင်သစ်)-ဘာစီလိုနာ(စပိန်)

ချန်ပီယံလိဂ် ရှုံးထွက် သမိုင်းတစ်လျှောက်မှာ ပထမအကျော့မှာ (၄)ဂိုးပြတ်ရှုံးတဲ့ အသင်းတိုင်းဟာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ အထူးသဖြင့် ပီအက်ဂျီအသင်းလို သန်းရာနဲ့ချီအသုံးပြုပြီး ချန်ပီယံလိဂ်ကိုပဲအဓိကထားယှဉ်ပြိုင်စရာ လိုနေတဲ့အသင်းကြီးအတွက် အသင်းသားတွေကလည်း ပထမအကျော့ထဲက စပိန်ထိပ် သီးဘာစီလိုနာကို (၄-ဝ)ဆိုတဲ့အံ့ဖွယ်ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။

MNL လို့သိကြတဲ့ မက်ဆီ၊နေးမာ၊ဆွာရတ်အတွဲကိုဘာစီလိုနာအနေနဲ့ ပိုင်ဆိုင်ထားပေမဲ့ ခံစစ်ပိုင်းရော အသင်းစုစည်းမှုပိုင်းမှာ ယင်းကာလကအားသာနေခဲ့တာတော့ ပီအက်ဂျီ အသင်းသာဖြစ်ပါတယ်။ နူးကမ့်မှာယှဉ်ပြိုင်ကစားတဲ့ ဒုတိယအကျော့မှာတော့ ဘာစီလို နာဟာချန်ပီယံလိဂ်ရဲ့ သမိုင်းစဉ်ကို ရိုက်ချိုးနိုင်ခဲ့ပြီး အချိန်ပိုမှာသွင်းယူတဲ့ သွင်းဂိုး(၂) ဂိုးအပါအဝင် (၆-၁)ဂိုးဆိုတဲ့ရလဒ်(နှစ်ကျော့ပေါင်း ၆-၅) နဲ့ ပြင်သစ်ချန်ပီယံကြီးကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ ယင်းပွဲမှာ အဓိကခြေစွမ်းပြသွားသူက တော့မက်ဆီမဟုတ်ပဲ နေမာဖြစ်ပြီး သူဟာနောက်ရာသီမှာတော့ ကမ္ဘာစံချိန်တင်ပြောင်း ရွေကြေး ယူရို (၂၂၂)သန်းနဲ့ ပီအက်ဂျီအသင်းထံကို ပြောင်းရွေလာခဲ့ပါတယ်။

VIDEO

၁။ လီဗာပူး(အင်္ဂလန်)-အေစီမီလန်(အီတလီ)

လီဗာပူးအသင်းရဲ့သမိုင်းမှာတောင် အခမ်းနားဆုံးညဖြစ်ခဲ့တဲ့ တူရကီနိုင်ငံ၊အစ္စတန်ဘူး မြို့၊ Ataturk Olympic Stadiumမှာကစားခဲ့ကြတဲ့ (၂၀၀၄-၂၀၀၅) ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ဟာ ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင် တယ်ဆိုတာကို ပြသနေတဲ့အကောင်းဆုံး ဥပမာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ပွဲစဉ်ပထမ မိနစ်အတွင်း မှာအေစီအသင်းခေါင်းဆောင် မာဒီနီသွင်းတဲ့ဂိုးအပါအဝင် အာဂျင်တီးနားတိုက်စစ်မှူး ဟာနန်ခရတ်စပိုရဲ့သွင်းဂိုး(၂)ဂိုးနဲ့ ပထမပိုင်းမှာတင်အေစီမီလန်က (၃-ဝ)ရလဒ်နဲ့ အနိုင်ရနေခဲ့တာဖြစ်ပါတယ်။

လက်ရှိရပ်တည်မှု၊ကစားသမားပိုင်းသာမက အကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံးခံစစ်၊ ကွင်းလယ်အဖျက်ကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့ အေစီ မီလန်အဖို့ ပွဲကိုအကောင်းဆုံးထိန်းပြီး ဖလားယူမယ်လို့အားလုံးက ခန့်မှန်းထားပေမဲ့ လီဗာပူးအသင်းခေါင်းဆောင် စတီဗင်ဂျရတ်ရဲ့ခေါင်းတိုက်သွင်းဂိုးရရှိသွားချိန်မှာတော့ အေစီမီလန်ဟာ ကြိုးကြာနီတွေကိုမရပ်တံ့နိုင်ခဲ့ပဲ ချေပဂိုး(၂)ဂိုးပြန်ပေးခဲ့ရပါတယ်။ ပထမပိုင်း ၃ဂိုးပြတ်အသွင်းခံထားခဲ့ရပေမယ့် ၅၄မိနစ်မှာ ဂျရတ် ၁ဂိုး ၊ ၅၆မိနစ်မှာ စမိုက်ဆာ ၁ဂိုး နဲ့ ၆၀မိနစ်မှာ အလွန်ဆို ၁ဂိုး အသီးသီးသွင်းယူသွားခဲ့ပြီး ချေပဂိုး ၃ဂိုးစလုံးကို ၆မိနစ်အတွင်း ဆက်တိုက်သွင်းယူနိုင်ခဲ့တာဟာ တကမ္ဘာလုံးက ဘောလုံးပရိသတ်တွေကို အံအားသင့်သွားစေခဲ့ပါတယ်။

ယင်းပွဲစဉ် ဒုတိယပိုင်းမှာ နောက်ခံလူ ဖင်နန်ကိုထုတ်ပြီး ကွင်းလယ်လူ ဟာမန်းနဲ့ လူစားလဲခဲ့တဲ့ နည်းပြဘင်နီသက်(ယခုနယူးကာစယ်နည်းပြ) ရဲ့နည်းစနစ်ဟာ အတော် လေးကိုပြောင်မြောက်ခဲ့ပြီး ပိုင်နယ်တီကန်သွင်းရာမှာတော့ တစ်ရာသီလုံးအဝေဖန် ခံခဲ့ရတဲ့ ပိုလန် ဂိုးသမားဒူးဒက်ရဲ့ အစွမ်းနဲ့ လီဗာပူးဟာသူတို့အတွက် (၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အံ့ဖွယ်သိမ်းပိုက်ခဲ့ပါတော့တယ်။

VIDEO

Tags: Sport

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!