၁။ ခရမ်းလွန်ရောင်ခြည်
ခရမ်းလွန်ရောင်ခြည် ဆိုသည်မှာ မြင်နိုင်သော ခရမ်းရောင်ခြည်ထက် လှိုင်းတိုသော မမြင်နိုင်သည့် ရောင်ခြည်မျိုးဖြစ်သည်။ မိကျောင်းများနှင့် ငှက်ငယ်များကဲ့သို့ တိရစ္ဆာန် အများစုကမူ မြင်တွေ့နိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည်ဟု ခေါ်ရခြင်းမှာ လူတို့မြင်နိုင်သော ခရမ်းရောင်ထက် ကြိမ်နှုန်းနှင့် လှိုင်းအလျားတို့အနေဖြင့် သာလွန်နေသောကြောင့် ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် ခေါ် အာထရာဗွိုင်းအိုရ်လက် ultraviolet ကို အင်္ဂလိပ်လို အတိုကောက်အားဖြင့် ယူဗွီ UV ဟု ခေါ်ပြီး နည်းပညာ နယ်ပယ်တွင်သာ ခေါ်ဆိုမှုများသည်။
ခရမ်းလွန်ရောင်ခြည်များသည် နေရောင်တွင် အဓိကအများအပြားပါဝင်နေသော်လည်း ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂၀ကျော်လောက်မှာကတည်းက အိုဇုန်းလွှာ(Ozone Layer) ရဲ့ စစ်ထုတ်ပေးလိုက်မှုကြောင့် နေရောင်ခြည်တွင် ပါဝင်သည့် ခရမ်းလွန်ရောင်ခြည်ရဲ့ စုစုပေါင်း ၃ရာခိုင်နှုန်းလောက်သာ လူသားတွေအပေါ်မှာသက်ရောက်မှုရှိသည်။ သို့သော်လည်း လူတို့ကြောင့် အများဆုံး ပျက်စီးသွားသော အမြင့်ပိုင်းရှိ အိုဇုန်းလွှာ ပျက်စီးမှုသည် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေသို့ ကျလာခြင်းကို မတားဆီးနိုင်တော့ပေ။ ထို့ကြောင့် အရေပြား ကင်ဆာများ ပိုမိုဖြစ်ပွားလာသည်။
ခရမ်းလွန်ရောင်ခြည် အနည်းငယ်သည် အကျိုးပြုသော်လည်း များလွန်းလျှင် အန္တရာယ်ဖြစ်စေသည်။ ထိုရောင်ခြည်သည် ပိုးမွှားကို သေစေနိုင်စွမ်း ရှိသည်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၈ ၏ အထက်ကို ကျော်လွန်လာလျှင် လူသားများအတွက် ကျန်းမာရေး အန္တရာယ်က ပိုမိုဖိစီးလာသည်။ အသားနေလောင်သည်။ အရေပြားကင်ဆာ ဖြစ်သည်။ မျက်စိအမြင်အာရုံ ထိခိုက်သည်။ DNA များ ထိခိုက်မှုကြောင့် သားသမီးမရနိုင် ဖြစ်လာသည်။
သိပ္ပံသုတေသီပညာရှင်တို့က နာနိုမီတာ ၄ဝဝ အောက်ရှိသောရောင်ခြည်ကို ခရမ်းလွန်ရောင်ခြည် သတ်မှတ်ပြီး လှိုင်းအလျား နာနိုမီတာ ၇၆ဝ ထက်ပိုသော ရောင်ခြည်ကို အနီအောက်ရောင်ခြည်အဖြစ် သတ်မှတ်ကြသည် အဆိုပါ ခရမ်းလွန်ရောင်ခြည်က လူ့ခန္ဓာကိုယ်အတွင်းသို့ လွန်ကဲစွာရောက်ရှိပါက ပြင်းထန်သော အရေပြားရောဂါ၊ မျက်စိတိမ်စွဲဝေဒနာများပေါ်ပြီး ကိုယ်လက်အင်္ဂါမစုံလင်သော ကလေးများကို မွေးဖွားရသည်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကြောင့် နေလောင်ခြင်း၊ အသားအရောင်ညိုမည်းခြင်းတို့ဖြစ်နိုင်ပြီး ထိတွေ့မှု ကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း ဘေးထွက်ဆိုးကျိုးများကိုဖြစ်စေသည်။
ခရမ်းလွန်ရောင်ခြည်က လူသားကို ဆိုးကျိုးသာပေးသည် မဟုတ်ပါ။ ကောင်းကျိုးကိုလည်း ပေးနိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် သင့်တင့်မျှတစွာ ကျရောက်ပါက ခန္ဓာကိုယ်မှလိုအပ်သော ဗီတာမင်ဒီကို ရရှိ၍ သွေးထဲမှ ကယ်လ်ဆီယမ်ဓာတ်ကို ပံ့ပိုးပေးသည်။ အာရုံကြော ကြွက်သားကလာပ်စည်းကို ရရှိသည်။ ရင်သွေးကလေးများအတွက် အရိုးပျော့ရောဂါကို ကာကွယ်နိုင်သည်။ အသားဝါဖြစ်သော မွေးကင်းစ ကလေးများကို နေရောင်ခြည်တွင် ပြသရသည်။ နေရောင်ခြည်မှ ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်အီးကို ရရှိသည်။
၂။ အနီအောက်ရောင်ခြည်
အနီအောက်ရောင်ခြည် ဆိုသည်မှာ အနီရောင်အပြင်ဖက်ရှိ ရောင်ခြည်ဟု အဓိပ္ပာယ်ရ၍ ထိုရောင် ခြည်မျိုးသည် ပူနေသည့်ပစ္စည်းများမှ ထွက်ပေါ်လာမြဲဖြစ်သည်။ အလင်းရောင် ထွက်ပေါ်လောက်အောင် တောက်လောင်နေသော ပစ္စည်းတစ်ခုခုမှ အလင်းရောင်ကို၊ ပုံပမာ· နေရောင်ကို သုံးမြှောင့်ဖန်တုံးခေါ် ပရစ်ဇမ်ဖြင့် ခံကြည့်သောအခါ သက်တံ့ မှာကဲ့သို့ ပြာ၊ စိမ်း၊ ဝါ၊ နီ စသော အရောင်ခုနစ်မျိုးပါသည့် ရောင်စုံသက်တံ့စင်းကိုရသည်။ ထိုရောင်စုံသက်တံ့စင်းကို စပက် ထရမ်ဟုခေါ်၏။ သက်တံ့စင်းသည် တစ်ဖက်တွင် အနီရောင် ဖြင့် အဆုံးသတ်၍ အနီရောင်အပြင်ဖက်၌ မျက်စိဖြင့်မြင်နိုင် သော အရောင်မရှိချေ။ သို့ရာတွင် အပူတိုင်းကရိယာဖြင့် စမ်းသပ်ကြည့်လျှင်ကား ရောင်ခြည်တစ်မျိုးရှိကြောင်းကို သိရ၍ ထိုရောင်ခြည်များမှာ အင်ဖရာရက်ရောင်ခြည်များပင် ဖြစ်ကြ ပေသည်။
အပူကိုဆောင်သော ရောင်ခြည်ဖြစ်ခြင်းကြောင့် ထိုရောင်ခြည်များကို တစ်ခါတစ်ရံ အပူရောင်ခြည်များဟုလည်း ခေါ်ကြသည်။ ဥပမာဆိုရသော် မီးစွဲနေသည့် မီးသွေး တစ်ခဲကို မီးဖိုမှထုတ်ယူလိုက်လျှင် နီရဲသောအလင်းရောင်သည် တဖြည်းဖြည်း မှိန်သွားလိမ့်မည်။ သို့သော် အလင်းရောင် ပျောက်သွားပြီးသည့်တိုင်အောင် မီးခဲအနီး၌ လက်ကိုပြကြည့်ပါ က အပူရှိန်ရှိသေးကြောင်းကိုမူ ထင်ရှားစွာတွေ့ရလိမ့်ပေမည်။ ထိုသို့ဖြစ်ခြင်းမှာ အင်ဖရာရက်ခေါ် အပူရောင်ခြည်များ ရှိခြင်း ကြောင့်ပင်ဖြစ်လေသည်။
အင်ဖရာရက်ရောင်ခြည်သည် အလင်းရောင်ခြည်များ နည်းတူ လှိုင်းသဘောဖြင့် ရွေ့လျားပျံ့လွင့်ကြ၍ ဒြပ်ဝတ္ထု တစ်ခုခုပေါ်သို့ ကျရောက်သောအခါ အပူကိုဖြစ်စေသည်။ အချို့ သော အင်ဖရာရက်ရောင်ခြည်များ၏ လှိုင်းအလျားသည် အရှည် ဆုံးဖြစ်သော အလင်းလှိုင်းတို့ထက် အဆပေါင်း ၄ဝဝ ခန့် ပင် ပို၍ရှည်ကြသေးသည်။ ထိုသို့ လှိုင်းအလျား ရှည်ခြင်းကြောင့် သာမန်အလင်းရောင်ခြည်များ မဖြတ်သန်းနိုင်သော ပစ္စည်းများ ကို ဖြတ်သန်းသွားလာနိုင်ကြသည်။ လူသားတို့သည် ၁ဝ၅ဝ နာနိုမီတာရှည်သောလှိုင်းအလျားကို မြင်နိုင်စွမ်းရှိကြသည်။
သို့ရာတွင် ဖန်နှင့်ရေကဲ့သို့ သော အချို့ပစ္စည်းများမှာမူ သာမန်အလင်းရောင်ခြည်များကို လွယ်ကူစွာ ဖြတ်သန်းသွားလာစေသော်လည်း အင်ဖရာရက် ရောင်ခြည်များကိုကား ဖြတ်သန်းခွင့် မပြုကြချေ။ ယခုအခါ အင်ဖရာရက်ရောင်ခြည်ဖြင့် ဓာတ်ပုံရိုက်ယူ နိုင်သည့်ဖလင်များကို တီထွင်ထားပြီဖြစ်ရာ ထိုဖလင်မျိုးဖြင့် လုံးဝမှောင်နေသည့်အခန်းထဲမှာပင် ဝတ္ထုပစ္စည်းများကို ဓာတ်ပုံ ရိုက်ယူနိုင်ပေသည်။
အင်ဖရာရက်ဓာတ်ပုံပညာ(အင်ဖရာရက်ရောင်ခြည်ဖြင့် ဓာတ်ပုံရိုက်ခြင်းပညာ)သည် လေကြောင်းမှ ဓာတ်ပုံရိုက်ယူရေး တွင် အလွန်အရေးပါ၏။ ထိုဓာတ်ပုံရိုက်ကိရိယာမျိုးဖြင့် မိုးများ အုံမှိုင်းနေချိန်မှာပင် ဓာတ်ပုံရိုက်ယူနိုင်ရာ ထိုကဲ့သို့ဖြစ်ရခြင်းမှာ အင်ဖရာရက်ရောင်ခြည်တို့သည် တိမ်တောင်တိမ်လိပ်များကို ဖောက်ထွင်းသွားလာနိုင်ကြသောကြောင့်ဖြစ်လေသည်။ အင်ဖရာရက်ရောင်ခြည်၏ အသုံးကျမှုများမှာ မနည်း လှချေ။ ဤရောင်ခြည်များဖြင့် အကြော၊ အဆစ်ရောင်နာနှင့် အလားတူရောဂါများကို ကုသပျောက်ကင်းစေနိုင်၍ ထိုအတွက် အင်ဖရာရက်ရောင်ခြည်များကို အလိုရှိသည့်နေရာပေါ်သို့ လွှတ် ထုတ် ကျရောက်စေနိုင်သော အင်ဖရာရက်ဓာတ်မီးတစ်မျိုးကို တီထွင်ထားပေသည်။
အနီအောက်ရောင်ခြည်၏ကောင်းကျိုးများ
အနီအောက်ရောင်ခြည် အထူးသဖြင့် Far Infrared သည်
အသွေး၊ အသားများပြန်လည်ဖြစ်ထွန်းမှု(Regeneration)ကိုအားပေးခြင်း
နှစ်ခြိုက်စွာအိပ်စက်စေမှုကိုအားပေးခြင်း
ခန္ဓာကိုယ်၏လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုမြှင့်တင်ပေးနိုင်ခြင်း
ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ခြင်း
နာကျင်မှုဝေဒနာကိုဖြေဖျောက်ပေးနိုင်ခြင်း
သွေးလည်ပတ်မှုအားကောင်းစေခြင်း
ကြွက်သားများပိုမိုကျန်းမာစေခြင်း
ခန္ဓာကိုယ်တွင်းရှိ cell များ၏ အောက်ဆီဂျင်ပမာဏကိုမြှင့်တင်ပေးနိုင်ခြင်း
ခန္ဓာကိုယ်တွင်းရှိ မလိုအပ်သောပစ္စည်းများနှင့် အဆိပ်များကိုစွန့်ထုတ်ပေးနိုင်ခြင်း
အာရုံကြောစနစ်များကိုအားကောင်းစေခြင်း
ကိုယ်ခံအားစနစ်(Immunity)ကိုမြှင့်တင်ပေးနိုင်ခြင်း
ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများအားထိန်းညှိပေးနိုင်ခြင်း
ပြန်ရည်ကြော(Lymph) စနစ်များကို ကောင်းမွန်စေခြင်း
အချုပ်အားဖြင့်ဆိုသော်အနီအောက်ရောင်ခြည်သည်ရောဂါများကိုတိုက်ရိုက်တိုက်ဖျက်ခြင်းမဟုတ်ဘဲခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကိုပုံမှန်ဖြစ်စေကာရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေခြင်းဖြစ်သည်။ ထို့ပြင်အနီအောက်ရောင်ခြည်သည် အရိုးကြီးထွားမှုအတွက် လိုအပ်ချက်တစ်ခုဖြစ်ရာအနီအောက်ရောင်ခြည်သည်ပင်အရိုးပွရောဂါကိုကာကွယ်နိုင်စွမ်းရှိသည်။
၃။ အိတ်ဇ်ရေးရောင်ခြည်
အိတ်ဇ်ရေး ဆိုသည်မှာ လျှပ်စစ်သံလိုက်ရောင်ခြည် တစ်မျိုးပင်ဖြစ်သည်။ ဘာသာစကား အမြောက်အများတွင် အိတ်ဇ်ရေးကို ရော့ဂျန် ရောင်ခြည် (Röntgen radiation) ဟု ခေါ်ဆိုလေ့ ရှိကြပြီး အိတ်ဇ်ရေးကို စတင် တွေ့ရှိသူ ဝီလ်ဟမ်ကော်နရက်ရော့ဂျန်ကို ဂုဏ်ပြု၍ ခေါ်ဆိုကြခြင်း ဖြစ်သည်။သူသည် အမျိုးအမည်မသိသော ရောင်ခြည် တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အမည်မသိ X ဟု အမည်ပေးခဲ့ရာမှာ အိတ်ဇ်ရေးဟု အမည်တွင်ခဲ့ခြင်းပင် ဖြစ်သည်။
အလင်းရောင်ခြည် (X-rays) သည် ဖန်ကို ဖောက်ထွင်းသွားနိုင်သော်လည်း၊ သစ်သား၊ သံစသည်တို့ကိုမူ မဖောက်ထွင်းနိုင်ပေ။ ဤအချက်ကို ကျွန်ုပ်တို့သည် မြင်တွေ့နေကျဖြစ်၍ အထွေအထူး စဉ်းစားခြင်း၊ အံ့ဩခြင်းမဖြစ်တော့ချေ။ သို့သော် သစ်သား၊ သံစသည်တို့ကိုပင် ဖောက်ထွင်းနိုင်သည့် ရောင်ခြည်တစ်မျိုးရှိသည်ဟုဆိုလျှင်ကား ကျွန်ုပ်တို့အဖို့ အံ့ဩစရာဖြစ်လာလေသည်။ ဤသို့ဖြစ်ခြင်းမှာ ကျွန်ုပ်တို့သည် အလင်းရောင်ခြည် တစ်ခုတည်းသာလျှင် ရောင်ခြည်ဆို၍ရှိပြီးလျှင် အလင်းနှင့်ရောင်ခြည်ကို အတူတူပင်ဖြစ်သည်ဟု မှားယွင်းစွာ ထင်မှတ်နေမိသောကြောင့်ဖြစ်လေသည်။ အမှန်မှာ ကျွန်ုပ်တို့မျက်စိဖြင့်မြင်နိုင်သောအလင်းရောင်ခြည်အပြင် အခြားရောင်ခြည်များ အများအပြားပင်ရှိသေး၍၊ အိပ်စရေးသည် ထိုရောင်ခြည်တို့အနက် တစ်မျိုးအပါအဝင်ဖြစ်သည်။
အိပ်စရေးကို ယခုအခါ အလွန်အရေးပါ အရာရောက် သော ကိစ္စအများတွင် အသုံးပြုလျက်ရှိသည်။ သို့ရာတွင် အရာ ဝတ္ထုတို့ကို ထွင်းဖောက်နိုင်သောသတ္တိကြောင့် ယခင်က အိပ်စ ရေးကို အသုံးချခဲ့သူများသည် နောင်သော် အသားအရေများ လောင်ကျွမ်းခံရပြီးလျှင် အချို့မှာ သေလောက်အောင်ပင် ဘေး အန္တရာယ်များခဲ့ရပေသည်။ ယခုအခါ၌မူ အဆိုပါ ဘေးရန်များမှ ကာကွယ်နည်းများ ပေါ်ပေါက်လာပြီဖြစ်၍ အိပ်စရေးကို စိတ်ချ စွာ အသုံးပြုနေနိုင်ကြပေပြီ။
အိပ်စရေးရောင်ခြည်နှင့် ထိတွေ့သည့်အခါ အချို့ဓာတ်ပစ္စည်းများသည် အရောင်ထွက်၍ အခံမျက်နှာပြင်ပေါ် ၌ အရိပ်ပေါ်တတ်သည်။ ဇင့်ဆာလဖိုက်ဓာတ် သုတ်လိမ်းထား သော အပြားတစ်ခုခုကို လက်၏နောက်မှခံ၍ လက်ရှေ့ရှိ အိပ်စရေးပြွန်မှ ရောင်ခြည်လွှတ်လိုက်သော် နောက်ခံအပြား တွင် လက်ရိုးရိုးအရိပ်ပေါ်လာသည်ကို တွေ့ရပေမည်။ ယင်းသို့ အရိပ်ဖော်ပေးသောကိရိယာကို ဖလူအိုရိုစကုပ်ခေါ် ဓာတ်မှန် ကိရိယာဟုခေါ်သည်။ ဤအရိပ်ကို ပုံဖမ်းဓာတ်မှန်ဖြင့် ကူးယူ ပါက ရေဒီယိုဂရပ် (ဓာတ်မှန်ပုံ) ဟု ကျွန်ုပ်တို့ ခေါ်လေ့ရှိ သော အိပ်စရေးဓာတ်ပုံကို ရလေသည်။
အိပ်စရေးရောင်ခြည်ကို အဓိက အသုံးပြုသူများမှာ ဆရာဝန်များနှင့် သွားစိုက်ဆရာများပင်ဖြစ်သည်။ ဆရာဝန်တို့ သည် လူနာ၏ကိုယ်ခန္ဓာအတွင်းပိုင်း အခြေအနေကို အိပ်စရေး ဓာတ်ပုံဖြင့် လေ့လာစစ်ဆေးနိုင်သည်။ အိပ်စရေးဓာတ်ပုံကို ကြည့်ခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေသောရောဂါကိုသာ စစ်ဆေးနိုင် သည်မဟုတ်၊ နောင်ဖြစ်ပေါ်လာမည့် ရောဂါများကိုပင်ကြိုတင် ၍သိရှိထားနိုင်သည်။ အရိုးကျိုး၍ ဆက်ထားသောနေရာကို အံကိုက်မကိုက် စစ်ဆေးနိုင်သည်။ ကိုယ်တွင်း၌ဝင်နေသော ကျည်ဆန်ကိုလည်း လွယ်ကူစွာရှာဖွေ၍ ခွဲထုတ်နိုင်သည်။ သွား စိုက်ဆရာဝန်များအဖို့မှာ သွားတို့၌ ဖြစ်ပွားတတ်သော အနာ အမျိုးမျိုးကို မကုသမီ အိပ်စရေးဓာတ်ပုံဖြင့် လေ့လာစစ်ဆေး နိုင်ကြလေသည်။
အိပ်စရေးရောင်ခြည် သက်သက်ဖြင့်လည်း ကင်ဆာ ရောဂါ၊ ယဉ်းနာ၊ ရောင်နာနှင့် အခြားအနာများကို ကုသနိုင် လေသည်။ သို့ရာတွင် အိပ်စရေးရောင်ခြည်ကို လိုသည်ထက် ပို၍ ကြာကြာဖြစ်စေ၊ များများဖြစ်စေပေးမိပါက လူကိုအန္တရာယ် ပေးတတ်လေသည်။ အိပ်စရေးကို စက်မှုလက်မှု လုပ်ငန်းများစွာတွင်လည်း တစ်နေ့တစ်ခြားတိုးချဲ့၍ ထိရောက်စွာ အသုံးပြုလာကြပြီ။ အထုူးသဖြင့် ပြုလုပ်ပြီးပစ္စည်းများ၏ အတွင်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးရာတွင် အသုံးများလေသည်။ ရဲအရာရှိများ၊ အကောက်အရာရှိများသည် မိမိတို့ မသင်္ကာသော ကုန်ထုပ်များ အတွင်း၌ မည်သို့သောပစ္စည်းများပါသည်ကို လွယ်ကူစွာကြည့်ရှု နိုင်ရန် အသုံးပြုကြသည်။ စိန်၊ ပုလဲ စသည့် အဖိုးတန် ကျောက်မျက်ရတနာများ စစ်သည်၊ မစစ်သည်ကိုလည်း အိပ်စ ရေးကိရိယာနှင့်ပင် စစ်ဆေးနိုင်သည်။
လျှပ်စစ်ဓာတ်နှင့်ဆိုင် သောကိရိယာတို့တွင် အတွင်းရှိကြေးနန်းကြိုးများ ပြတ်တောက် နေခြင်းရှိ မရှိကိုလည်း စစ်ဆေးနိုင်သည်။ သံ၊ သံမဏိ၊ သတ္တု တို့ဖြင့် သွန်းလုပ်ရသော ပစ္စည်းကိရိယာ အမျိုးမျိုးအတွင်း၌ အနာအဆာ ပါ မပါကို စစ်ဆေးရာတွင်လည်း ယခုအခါ အိပ်စရေးကို တွင်တွင်ကြီး ထိရောက်စွာ အသုံးပြုလျက်ရှိကြ ပေပြီ။ ရှေးပန်းချီကျော်ကြီးတို့၏ လက်ရာဟုထင်ရသော ပန်းချီကားများကို အိပ်စရေးကိရိယာဖြင့် အတုနှင့်အစစ် ခွဲခြား ပြနိုင်သည်။ ဤမျှသာမဟုတ်သေး၊ အိပ်စရေးတွင် အခြားအသုံး ဝင်သည့်အချက် အမြောက်အမြားရှိသေးသည်။ ဟက်ဖနီယမ်ဟု ခေါ်သော ဓာတုဒြပ်စင်အသစ်ကို အိပ်စရေးရောင်ခြည် အသုံးချ ခြင်းဖြင့်ပင်လျှင် တွေ့ရှိခဲ့လေသည်။
လှသမိန် – ဗဟုသုတစွယ်စုံ
Myanmar Wikipedia
ရွှေလင်းပြည့်စုံ – ကမ္ဘာ နေ နှင့် ခရမ်းလွန်ရောင်ခြည်
အနီအောက်ရောင်ခြည်၏ ကောင်းကျိုးများ