ကွယ်လွန်သူများနှင့် ဓာတ်ပုံရိုက်ခြင်း ဓလေ့

Posted on

၁၈၃၉ ခုနှစ်မှာ daguerreotype ကင်မရာကို တီထွင်ခဲ့ပြီးတဲ့နောက်မှာတော့ ဓာတ်ပုံရိုက်ခြင်းဟာ အလွန်ရေပန်းစားခဲ့ပါတယ်။ ယခင်က အကုန်အကျများလွန်းတာကြောင့် ငွေကြေးချမ်းသာသူများသာ ဓာတ်ပုံရိုက်လေ့ရှိပြီး ဒီကင်မရာတွေ ပေါ်ပြူလာဖြစ်လာပြီးတဲ့နောက်မှာတော့ လူလတ်တန်းစားတွေလည်း ဓာတ်ပုံတွေရိုက်လာခဲ့ကြပါတယ်။

၁၉ ရာစုကာလတလျှောက်မှာ ထူးခြားတဲ့ ဓာတ်ပုံရိုက်ခြင်းဓလေ့ဟာလည်း ဥရောပ နဲ့ အမေရိကတို့မှာ ထွန်းကားခဲ့ပါတယ်။ ဒါကတော့ ကွယ်လွန်သူတွေနဲ့အတူ ကျန်ရစ်သူမိသားစုတွေက အမှတ်တရဓာတ်ပုံရိုက်ခြင်းဖြစ်ပြီး Post-mortem photography လို့ခေါ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ အများစု နှစ်သက်မှာ မဟုတ်တဲ့ကိစ္စဖြစ်ပေမယ့် အဲဒီတုန်းကတော့ တကယ်ပြုလုပ်ခဲ့ကြတာပါ။

အင်္ဂလန်မှာတော့ ၁၉ ရာစုဒီကာလကို ဝိတိုရိယဘုရင်မအုပ်ချုပ်တဲ့ကာလဖြစ်တာကြောင့် ဝိတိုရိယခေတ်လို့လည်း ခေါ်ကြပါတယ်။ အဲဒီခေတ်မှာ Post-mortem ဓာတ်ပုံရိုက်ခြင်းဟာ ပုံမှန်ဓလေ့တခုလို ဖြစ်ခဲ့ပြီး ဓာတ်ပုံသမားတွေဟာလည်း ဒီဓလေ့နဲ့အတူ ဝင်ငွေအလွန်ဖြောင့်ခဲ့ကြပါတယ်။

၁၈၆၀ ခုနှစ်မှာတော့ ဓာတ်ပုံနည်းပညာတိုးတက်လာခဲ့ပြီး ဓာတ်ပုံတွေကို အလွယ်တကူ ကူးနိုင်ခြင်း ၊ ထုတ်နိုင်ခြင်းတွေ ပြုလုပ်လာနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ယခင်ကထက် ဓာတ်ပုံရိုက်ကူးမှု ပိုမိုများပြားလာခဲ့ပါတယ်။ အဲဒီခေတ်ကလူတွေဟာ ဆုံစို့နာ ၊ အူရောင်ငန်းဖျား ၊ ဝမ်းရောဂါ စတာတွေကြောင့် မကြာခဏဆိုသလို အသက်ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။

အစပိုင်းမှာတော့ ကွယ်လွန်သူတွေကိုသာ ဓာတ်ပုံရိုက်ယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြားမိသားစုဝင်တွေကပါ ကွယ်လွန်သူနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုရိုက်ကူးရာမှာ ကွယ်လွန်သူတွေကို အသက်ရှင်စဉ်လူတယောက်ရဲ့ အနေအထားအတိုင်းရှိစေဖို့ အထောက်အကန်ပေးမယ့် အကူကိရိယာတွေကိုလည်း သုံးစွဲခဲ့ကြပါတယ်။

ဒီဓလေ့ဟာ ၂၀ ရာစု အစောပိုင်းကာလတွေအထိ ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

Audrey Linkman, Christopher Townsend နဲ့ အခြားအနုပညာရှင်အနည်းငယ်ကတော့ ၁၉၇၀ ခုနှစ်လောက်ကနေ ယခုအချိန်ထိ ဒီနည်းလမ်းနဲ့ ဓာတ်ပုံရိုက်ခြင်းတွေကို လေ့လာမှုတရပ်အနေနဲ့ ရိုက်ကူးနေကြဆဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ကွယ်လွန်ပြီးသူတွေ ဓာတ်ပုံရိုက်ခြင်းကို ရောဂါဗေဒ နဲ့ ရဲမှုခင်းဆိုင်ရာ ကိစ္စတွေမှာပဲ အသုံးပြုကြပါတော့တယ်။

Photo Credit

Photo Credit

Photo Credit

Photo Credit

Photo Credit

Photo Credit

Photo Credit

Photo Credit

Photo Credit