Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကြိုးကြာနီတို့ရဲ့မြို့တော် လီပါပူးလ်

by Thutamm
September 27, 2020
Reading Time: 2min read
0
ကြိုးကြာနီတို့ရဲ့မြို့တော် လီပါပူးလ်
Share on FacebookShare on Twitter

လီပါပူးလ် လို့ဆိုလိုက်တာနဲ့ အားလုံးကပြေးမြင်လိုက်တာက ပရီးမီးယားလိဂ်ထိပ်တန်းကလပ် ဖြစ်တဲ့ လီပါပူးလ်ဘောလုံးအသင်း အသင်းသာဖြစ်ပါတယ်။ ဒါဟာ မြို့အခြေစိုက်ဘောလုံးအသင်းကို လီပါပူးလ်မြို့ ကိုအမည်စွဲခေါ်ဆိုတာဖြစ်ပြီး ဒီမြို့ဟာအင်္ဂလန်အနောက်မြောက်ဘက် Merseyside(မာဆေးဆိုက်)ခရိုင်အတွင်းမှာပါဝင်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ယင်းလီပါပူးလ်မြို့ အတွင်းအဲဗာတန်ရပ်ကွက်မှာ ပရီးမီးယားလိဂ်ကိုကစားနေတဲ့ အယ်ဗာတန်အသင်းဆိုတာကလည်းရှိသေးတာကြောင့် ပရီးမီးယားလိဂ်မှာသူတို့နှစ်သင်းတွေ့ဆုံရင်တော့ မာဆေးဆိုက်ဒါဘီ လို့ခေါ်ဆိုရမဲ့ ဘောလုံးပွဲတွေဖြစ်လာတာပါ။

မြို့အနေအထား

လီပါပူးလ်မြို့ဟာ Mersey မြစ်ရဲ့အရှေဘက်မှာတည်ရှိပြီး (၂၀၂၀)၊ဇန်နဝါရီလအတွင်းလူဦးရေစာရင်းအရ မြို့ပေါ်မှာ လူပေါင်း ငါးသိန်းခန့် နေထိုင်ကြတယ်လို့သိရပါတယ်။ လီပါပူးလ်မြို့ဟာ အင်္ဂလန်မှာတော့ (၉)ခုမြောက်အကြီးဆုံးမြို့ဖြစ်ပြီးမြို့ပြဧရိယာအတွင်း စုစုပေါင်းနေထိုင်သူကတော့ (၂.၂၅)သန်းလောက်ကိုရှိနေတာဖြစ်ပါတယ်။ ယင်းပမာဏကြောင့် လီပါပူးလ်ဟာအင်္ဂလန်ရဲ့ (၅)ခုမြောက်လူဦးရေအထူထပ်ဆုံးမြို့ပြဧရိယာ အစိတ်အပိုင်းကိုပိုင်ဆိုင်ထားတယ်လို့ဆိုရပါမယ်။

လီပါပူးလ်မြို့ဟာစုစုပေါင်းဧရိယာ (၁၁၂)စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ပင်လယ်ရေမျက် နှာပြင်အထက် အမြင့်ပေ (၂၃၀)လောက်မြင့်မားတဲ့နေရာမှာ တည်ရှိနေပါတယ်။

လီပါပူးလ်ဆိုတဲ့နာမည်

လီပါပူးလ်(liverpool) ဆိုတဲ့အမည်ဟာ အင်္ဂလိပ်လို lifer (ရွံနွံနဲ့နောက်ကျိနေသောရေပြင်) Pol (ကန် သို့ ချောင်းငယ်) လို့သိရပြီး (၁၁၉၀)လောက်အထိလီပါပူးလ်(Liverpool) မြို့ ရဲ့အမည်ဟာ Liuerpul လို့လည်းလူသိများပါတယ်။ နာမည်ကျော် Cambridge Dictionary မှာတော့လီပါပူးလ်ကို ရေကန် (သို့)စမ်းချောင်းငယ်နှစ်ခုစီးဝင်နေပြီး ရေတက်အကျရှိတဲ့ချောင်းငယ်ရှိရာအရပ်လို့ဖွင့်ဆိုထားတာကိုတွေ့ရပါတယ်။

လီပါပူးလ် (Liverpool)မြို့ဆိုပြီး တရားဝင်သမိုင်းမှာဖော်ပြခြင်းခံရတဲ့ကာလကတော့ (၁၂၀၇) ခုနှစ်ကဖြစ်ပြီး အင်္ဂလန်ဘုရင် John ကယင်းမြို့နေရာမှာပဲ အဆောက်အအုံတစ်ခု တည်ဆောက်ဖို့စီစဉ်ခဲ့ပါတယ်။ (၁၈)ရာစုရောက်ချိန်မှတော့ လီပါပူးလ် (Liverpool)မြို့ဟာအမေရိကန်တွေ၊ အိန္ဒိယနိုင်ငံအနောက်ပိုင်းဒေသတွေနဲ့ ကုန်သွယ်မှုပြုလုပ်ရာမှာ ဗြိတိန်အတွက် ဒုတိယမြောက်အရေးပါဆုံး သင်္ဘောဆိပ်ကမ်းမြို့ကြီးဖြစ်လာခဲ့တဲ့အ တွက် လျှင်မြန်စွာစည်ကားလာပြီးအခြေချနေထိုင်သူပေါများလာခဲ့ပါတယ်။

(၁၈၃၀)မှာတော့ လီပါပူးလ်နဲ့ မန်ချက်စတာမြို့တွေဟာ ယင်းမြို့အကြားမီးရထားလမ်း ဆက်သွယ်မှုကွန်ယက်ကနေပဲ အင်္ဂလန်ရဲ့မြို့တွင်းပထမဆုံးသောမီးရထားလမ်းပိုင် ဆိုင်တဲ့မြို့တွေဖြစ်လာပါတယ်။ (၁၉)ရာစုရောက်ချိန်မှာတော့ လီပါပူးလ် (Liverpool)မြို့ ဆိပ်ကမ်းဟာ အင်္ဂလန်နဲ့ အိုင်ယာလန်နိုင်ငံဘက်ခြမ်းကနေ မြောက်အမေရိကတိုက်ကို သွားလာလိုသူတွေအတွက် အဓိကပြည်ပထွက်ခွာသင်္ဘောဆိပ်ကမ်းအဖြစ်ရှိခဲ့ပါတယ်။

လီပါပူးလ် (Liverpool)မြို့ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ကမ္ဘာကျော်ရောခ်တေး ဂီတအဖွဲ့ဖြစ်တဲ့ Beatles စတင်ဖြစ်တည်ရာနေရာနဲ့ Merseybeat လို့အမည်ရတဲ့မြူးဇစ် ပုံစံစတင်ခဲ့ရာနေရာအဖြစ်လည်းရှိနေပါတယ်။ ဒီမြို့ရဲ့ဆိပ်ကမ်းဧရိယာနဲ့ မြို့အလယ်မှာတည်ရှိတဲ့ သမိုင်းဆိုင်ရာအမွေ အနှစ်လက်ရာတွေဟာ (၂၀၀၄)ခုနှစ်ကတည်းက ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်လက် ရာတွေအဖြစ် သတ်မှတ်ဂုဏ်ပြုခြင်းကိုခံထားရပါတယ်။

ထင်ရှားတဲ့နေရာတွေ

မြို့ရဲ့နှစ်(၈၀၀)ပြည့်အခမ်းအနားကိုတော့ (၂၀၀၇)ခုနှစ်ကကျင်းပပြုလုပ်ခဲ့ပြီး ၂၀၀၈ခုနှစ် ယဉ်ကျေးမှုမြို့တော်ဆုကိုလည်းနော်ဝေနိုင်ငံက Stavanger မြို့နဲ့ပူးတွဲသတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ Liverpool Maritime Mercantile City အဖြစ် ယူနက်စကိုက သတ်မှတ်ပေးထားတဲ့ မြို့ ရဲ့နာမည်ကျော်ရှေးအမွေအနှစ်ကတော့ လီပါပူးလ်မြို့လည်မှာတည်ရှိပြီးနေရာ(၆)နေရာ အထိပါဝင်နေပါတယ်။ ယင်းနေရာတွေကတော့ Pier Head၊Albert Dock၊ William Brown Street အပါအဝင်လီပါပူးလ်ရဲ့အထင်ရှားဆုံးသောမြို့ပြဧရိယာအဆောက်အအုံများ စွာပါဝင်လို့နေပါတယ်။

Royal Albert Dock ဆိုတာကတော့ လီပါပူးလ် (Liverpool)မြို့ရဲ့ကုန်တင်ကုန်ချသင်္ဘော ဆိပ်ကမ်းဖြစ်ပြီး ကုန်လှောင်ရုံတွေနဲ့သင်္ဘောကျင်းတွေပါဝင်လို့နေပါတယ်။ (၁၈၄၆)ခု နှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီးပညာရှင် Jesse Hartley နဲ့ Philips Hardwick တို့ရဲ့ လက်ရာဖြစ်ပါတယ်။ ယင်းဆိပ်ကမ်းဟာ ဗြိတိန်နိုင်ငံအတွင်းမှာတော့ သစ်သားကိုအသုံး မပြုပဲ အုတ်၊ကျောက်နဲ့သံကိုအသုံးပြုတည်ဆောက်တဲ့ ပထမဆုံးသောဆိပ်ကမ်းဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ပထမဆုံးသော non-combustible warehouse system (မီးလောင် မှုကိုနည်းစနစ်ကျကျကာကွယ်ထားတဲ့) နည်းနဲ့တည်ဆောက်ထားတဲ့ကုန်လှောင်ရုံတွေ ပါရှိပါတယ်။

ယနေ့အချိန်မှာဆိုရင်တော့ လီပါပူးလ် (Liverpool)မြို့ရဲ့ Royal Albert Dock ဟာဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေကိုအဓိကဆွဲဆောင်ထားတဲ့အရပ်ဖြစ်ပြီး လန်ဒန်ပြင်ပမှာရှိနေတဲ့ လူစိတ်ဝင်စားမှုအများဆုံးသမိုင်းဝင်နယ်မြေအဖြစ်လည်းရပ်တည်နေတာ ဖြစ်ပါတယ်။ အဲဒီတော်ဝင်ဆိပ်ကမ်းကြီးဟာ ယူနက်စကိုကသတ်မှတ်ပေးထားတဲ့ ကမ္ဘာအမွေအနှစ် Maritime Mercantile မြို့တော်ကြီးလီပါပူးလ်အတွက်အရေးပါတဲ့ သမိုင်းဝင်နေရာတစ်ခုအဖြစ်လည်းရှိနေတာဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ Maritime Mercantile မြို့တော်လီပါပူးလ်အတွက် အရေးပါတဲ့ နောက်ထပ်အစိတ်အပိုင်းတစ်ခုကိုပြပါဆိုရင်တော့ Pier Head ကိုပြရမှာဖြစ်ပါတယ်။ မြို့ရဲ့အထင်ကရအဆောက်အအုံတွေ၊အပန်းဖြေနေရာတွေနဲ့ အမှတ်ရဖွယ်နေရာတွေ ဟာယင်းကူးတို့ဆိပ်အတွင်းတည်ရှိနေပြီး ရေကြောင်းနဲ့ခရီးသွားလာနေသူတွေအဖို့ ခေတ္တနားနေရာနေရာအဖြစ်လည်းတည်ရှိပါတယ်။

The Beatles Story ပြတိုက်ကတော့ လီပါပူးလ်အခြေစိုက် ကမ္ဘာကျော်ရော့ခ်ဂီတဝိုင်းဖြစ်တဲ့ Bettles ရဲ့သမိုင်းကြောင်းကိုပြသထာတဲ့ပြတိုက်ဖြစ်ပြီး Royal Albert Dock မှာတည်ရှိ ပါတယ်။ ယင်းအနုပညာသမိုင်းပြတိုက်ကို (၁၉၉၀)ခုနှစ်၊မေ(၁)ရက်နေ့ကစတင်ဖွင့်လှစ် ခဲ့ပြီးယင်းအတွင်းမှာ နာမည်ကျော် Bettles ရဲ့သမိုင်းနဲ့တွဲလျက်ပါနေတဲ့ Casbah Coffee Club၊ The Carven Club နဲ့ Abbey Road Studiosတွေကိုလည်းပြသထားပါတယ်။ ဒါအပြင် Betales အဖွဲ့ဝင်တွေဖြစ်တဲ့ John Lennon ရဲ့ မျက်မှန်၊ George Harrisonရဲ့ ဂစ်တာအပြင်သူတို့အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့သမိုင်းဖြစ်ရပ်တွေကိုဖော်ပြထားတာကိုတွေ့ရ မှာဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ခရစ်ယာန်သာသာနာနယ်မြေ Liverpool နယ်မြေအတွင်းမှာပါတဲ့ Liverpool Cathedral ကိုတော့ St James တောင်ပေါ်မှာတည်ဆောက်ခဲ့ပြီး သာသာနာပိုင်ခရစ် ယာန်ဘုန်းတော်ကြီးတွေရဲ့အခြေချနေထိုင်ရာနေရာလည်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာ သာဝင်အများဆုံးရှိတဲ့လီပါပူးလ်မြို့အတွက်ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး Liverpool Catherdal ဟာခရစ်ယာန်ဘာသာကိုးကွယ်ဝတ်ပြုခြင်းဆိုင်ရာ အဆောက်အအုံတွေအနက်မှာတော့ ဗြိတိန်မှာအကြီးဆုံးအဆောက်အအုံအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။

လီပါပူးလ်မြို့မှာတည်ရှိတဲ့ world museum ဟာလည်း မြို့ရဲ့အထင်ကရနေရာတစ်ခုအဖြစ် ရှိနေပြီး သမိုင်းဆိုင်ရာရှားပါးအမွေအနှစ်လက်ရာတွေ၊ လူသားမျိုးနွယ်စုဆိုင်ရာတွေ့ရှိ ချက်တွေ၊ သဘာဝပတ်ဝန်းကျင်ရဲ့ရူပဗေဒဘာသာရပ်ဆိုင်ရာလေ့လာဆန်းစစ်မှုသက် သေအထောက်အထားတွေကိုပြသထားပါတယ်။ ပြတိုက်ရဲ့လူစိတ်ဝင်စားဆုံးအပိုင်းက တော့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သမိုင်းကြောင်းတွေနဲ့နက္ခတ်တာရာပြခန်းတွေဖြစ် ကာ World Museum ဟာ လီပါပူးလ်အမျိုးသားပြတိုက်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ တည်ရှိလို့နေတာဖြစ်ပါတယ်။

လီပါပူးလ်မြို့ (10) Mathew Street မှာတည်ရှိတဲ့ The Cavern Club ဟာဆိုရင် (၁၉၅၇) ခုနှစ်၊ဇန်နဝါရီ(၁၆)ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ jazz မြူးဇစ်ကလပ်ဖြစ် ပြီးနောက်ပိုင်း (၁၉၆၀)လောက်မှာတော့ ခေတ်စားလာတဲ့ Rock and Roll ဂီတတွေနဲ့ ဥရောပရဲ့နာမည်ကျော်ကလပ်တစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။ ယင်းကလပ်ဟာ မာဆေးဆိုက်ဒေသရဲ့အမှတ်အသားဖြစ်တဲ့ Merseybeat ဂီတပုံစံတွေအပြင် ကမ္ဘာကျော် Beatles ရဲ့အစောပိုင်းကာလကနာမည်ကျော်တေးသွားတွေနဲ့ဝေဆာနေတဲ့ လီပါပူးလ်မြို့သားတွေအတွက် နာမည်ကျော်အပန်းဖြေနေရာတစ်ခုအဖြစ်လည်းရှိနေပါတယ်။

လီပါပူးလ်ဘောလုံးအသင်း

ကမ္ဘာကျော်ဘောလုံးကလပ်တခုဖြစ်တဲ့ လီပါပူးလ်ဘောလုံးအသင်းကိုတော့ ၁၈၉၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်တာကြောင့် ယခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၇နှစ် ခန့် ရှိသွားပြီ ဖြစ်ပါတယ်။ အသင်းစတင်စဉ်ကတည်းက လက်ရှိအန်ဖီးကွင်းမှာပဲ ကစားခဲ့တဲ့ လီပါပူးလ်အသင်းဟာ ဥရောပချန်ပီယံလိဂ်ဖလားကို ၆ကြိမ်တိုင်ရရှိထားပြီး အင်္ဂလန်အသင်းတွေထဲမှာတော့ အအောင်မြင်ဆုံးအသင်းဖြစ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့နံပါတ် ၇ ဝင်ငွေအကောင်းဆုံးအသင်းဖြစ်ပြီး အဲဒီနှစ်အတွက် လီပါပူးလ်ရဲ့ဝင်ငွေက ပေါင် ၅၁၃.၇ သန်းဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ရှစ်ခုမြောက် တန်ဖိုးအကြီးဆုံးဘောလုံးကလပ်အသင်းဖြစ်ပြီး ဒီအသင်းရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၂.၁၈၃ ဘီလျံဖြစ်ပါတယ်။ (အဲဗာတန်ကလပ်ကတော့ လီပါပူးလ်ထက် ပိုမိုရှေးကျကာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၂နှစ်(၁၈၇၈) ကတည်းက ရှိခဲ့တာဖြစ်ပါတယ်)

လီပါပူးလ်မြို့မှာတည်ရှိတဲ့ Merseyside Maritime Museum ဆိုရင်လည်း (၁၉၈၀)လောက်ကတည်းကစတင်ဖွင့်လှစ်ခဲ့ပြီး Albert Dock ရဲ့ကုန်သိုလှောင်ရုံ အမှတ် (D)ကိုပြတိုက်အဖြစ်အသွင်ပြောင်းထားတာဖြစ်ပါတယ်။ ယင်းပြတိုက်နဲ့ တတန်းတည်းမှာပဲ Piermaster House ၊ Canning Half Tide Dock နဲ့ Canning Graving ဆိပ်ကမ်းတွေလည်းတည်ရှိနေပါတယ်။

အင်္ဂလန်မှာဆိုရင်တော့ လီပါပူးလ်မြို့ဟာ (၇)မြို့မြောက်လာရောက်လေ့လာလည်ပတ်သူ အများဆုံးမြို့ဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်အနုပညာပြတိုက်၊အမျိုးသားသမိုင်းပြ တိုက်တွေတည်ရှိမှုစာရင်းမှာလည်း လီပါပူးလ်ထက်ပိုမိုများပြားတာဆိုလို့ အင်္ဂလန်မှာ လန်ဒန်တစ်မြို့တည်းသာရှိပါတယ်။

လီပါပူးလ်ဟာဥရောပမှာတော့ ရှေးအကျ ဆုံးတရုတ်မျိုးနွယ်စုတွေအခြေချနေထိုင်ရာအရပ်ဖြစ်ပြီး အင်္ဂလန်မှာတော့ ရှေးအကျဆုံး သောမြေအောက်ဒုစရိုက်ဂိုဏ်းတွေ တည်ရှိရာနေရာဖြစ်ပါတယ်။ ယခင်ကာလတွေကတော့ လီပါပူးလ်မြို့ခံတွေကို Liverpudlians တွေခေါ်ဆိုကြပေမဲ့ အများစုကတော့ လီပါပူးလ်ရဲ့ဒေသိယစကားကနေလာတဲ့ Scousers တွေလိုခေါ်ဆိုကြပါတယ်။

Tags: cities

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!