Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျွန်တော်တို့ ထင်ထားတဲ့အချိန်ထက် စောတဲ့ တီထွင်မှုများ

by Thutamm
August 22, 2020
Reading Time: 4min read
0
ကျွန်တော်တို့ ထင်ထားတဲ့အချိန်ထက် စောတဲ့ တီထွင်မှုများ
Share on FacebookShare on Twitter

ယနေ့ခေတ် ကျွန်တော်တို့နေ့စဉ် မြင်တွေ့နေရတဲ့ အရာတော်တော်များများကို ဒီဘက်ခေတ်မှပေါ်လာတာလို့ ကျွန်တော်တို့အများစု ထင်ကြလေ့ရှိပါတယ်။ ဒါပေမယ့် တချို့အရာတွေဟာ ကျွန်တော်တို့ ထင်ထားတာထက် နှစ်ပေါင်းများစွာ စောပြီးပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုအရာတွေအများကြီးရှိတဲ့အနက် တချို့ကို သုတဇုန်မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

မော်တော်ကား

မော်တော်ကားတွေဟာ ယနေ့ခေတ်မှာတော့ မြို့တွေမှာသာမက တောရွာတွေမှာပါ ပေါများစွာ တွေ့နေရပြီဖြစ်ပါတယ်။ မော်တော်ကား တီထွင်မှုတွေကို ၁၉၀၀ ဝန်းကျင်လောက်မှ ပေါ်လာတာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ ပထမဆုံးမော်တော်ကားကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ကျော် ၁၇၇၁ ခုနှစ်ကတည်းက ပြင်သစ်လူမျိုး တီထွင်သူ Nicolas-Joseph Cugnot က တီထွင်နိုင်ခဲ့ပါတယ်။ သုံးဘီးသစ်သားကားဖြစ်ပြီး ရေနွေးငွေ့အင်ဂျင်တပ်ဆင်ထားပါတယ်။

စကိတ်

စကိတ်တွေဟာလည်းဒီဘက်ခေတ်မှာ ပေါ်လာတာလို့ ထင်နိုင်စရာရှိပေမယ့် ဒတ်ချ်လူမျိုးတယောက်က ၁၇၀၀ ခုနှစ်လောက်ကတည်းက တီထွင်ပြီး စစီးနေခဲ့ပါပြီ။ သူ့ရဲ့စကိတ်ကတော့ သစ်သားဘီးနဲ့ဖြစ်ပြီး သစ်သားပြားအောက်ခံကို သံနဲ့ရိုက်ကာဖန်တီးထားခြင်းဖြစ်ပါတယ်။ သူ့ရဲ့တီထွင်မှုဟာ ကမ္ဘာတလွှားကို ပျံ့နှံ့သွားခဲ့ပြီး ၁၈၆၃ ခုနှစ်မှာတော့ အမေရိကန်မှာ rollerblade စကိတ်တွေ စပေါ်လာပါတော့တယ်။

3D Printer

ဒီဘက် ၁၀ စုနှစ်မှာ 3D နည်းပညာဟာ အလွန်တိုးတက်လာပြီး ဝါသနာပါသူတွေဝယ်ယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ 3D Printer တွေကို၂၀၁၀ ခုနှစ်နောက်ပိုင်းမှ လူတွေသတိထားမိလာကြတာဖြစ်ပေမယ့် တကယ်တော့ ၁၉၈၁ ခုနှစ်ကတည်းက ဂျပန်တွေဟာဖစ်ပေမယ့် 3D Printer ကိုတီထွင်နိုင်ခဲ့ပြီး သူတို့ရဲ့ Printer ဟာ photopolymer တွေကို အစိုင်အခဲအဖြစ်သို့ ပြောင်းလဲဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် တကယ့်တကယ် ပထမဆုံး 3D Printer အဖြစ်သတ်မှတ်ခံရတာကတော့ အမေရိကန်လူမျိုး တီထွင်သူတယောက်ဖြစ်တဲ့ Chuck Hull ရဲ့ 3D Printer ဖြစ်ပါတယ်။

ရောင်စုံရုပ်ရှင်

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဆေးရောင်စုံဇာတ်ကားကတော့ ၁၉၅၈ ခုမှာ ထွက်ရှိလာခဲ့ပြီး ဇာတ်ကားနာမည်က “ချစ်ခဲ့တာအမှန်ပါပဲ ” ဖြစ်ပါတယ်။ ဒါရိုက်တာရွှေဘော်ရိုက်ကူးပြီး ကြည်ကြည်ဌေး ၊ မြင့်အောင် ၊ ဖိုးပါကြီးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကမ္ဘာမှာတော့ ကာလာဖလင်နည်းပညာဟာ ၁၉၀၀ တဝိုက်ကတည်းက ပေါ်ပေါက်နေခဲ့တာဖြစ်ပြီး ပထမဆုံးကာလာဖလင်အဖြစ် သတ်မှတ်ခံထားရတာကတော့ ၁၉၀၂ ခုနှစ်က Edward Raymond Turner ဖန်တီးထားတဲ့ဖလင်ပဲဖြစ်ပါတယ်။ ဒီဖလင်မှာ မိန်းကလေးငယ် ဒါန်းစီးနေတာနဲ့ စစ်သားတွေချီတက်နေတဲ့လှုပ်ရှားမှုတွေ ပါဝင်နေပါတယ်။

တူရိယာပစ္စည်း

ပထမဆုံး တူရိယာပစ္စည်းတွေ ဘယ်အချိန်လောက်က ပေါ်ပေါက်နေပြီလို့ မိတ်ဆွေထင်ပါသလဲ။ ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းက ဂူတွေထဲမှာ တွေ့ရှိခဲ့ရတဲ့ ပုလွေတွေကတော့ သက်တမ်းခန့်မှန်းမှုအရ နှစ်ပေါင်း ၄၂၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။ အဲဒီခေတ်က လူသားတွေဟာ ဒီပုလွေတွေကို ငှက်အရိုး ၊ အမွှေးရှည်ဆင်ကြီးတွေရဲ့ အစွယ်တွေနဲ့ ဖန်တီးခဲ့ကြပြီး ပြန်လည်ရှာဖွေတွေ့ရှိစဉ်မှာတော့ အပိုင်းပိုင်းကျိုးနေပြီဖြစ်ပါတယ်။

ကွန်ဒုံး

ဒီကွန်ဒုံးပုံကိုတော့ စိတ်ဝင်စားစရာပုံရိပ်များ album မှာတင်ခဲ့ဖူးပါတယ်။ ကွန်ဒုံးတွေ ဘယ်အချိန်က စတင်ပေါ်ပေါက်ခဲ့သလဲ ဆိုတာ အတိအကျမသိရပေမယ့် ရှာဖွေတွေ့ရှိခဲ့ရသမျှထဲမှာ အစောဆုံးကွန်ဒုံးကတော့ ၁၇ ရာစုမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဆွီဒင်နိုင်ငံ Lund မြို့မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီကွန်ဒုံးကို ၁၆၄၀ ခုနှစ်လောက်က ဝက်အူနဲ့ ဖန်တီးခဲ့တာဖြစ်ပြီး ပစ္စည်းနဲ့အတူပါတဲ့ စာအညွှန်းကတော့” ရောဂါတွေကို ကာကွယ်ဖို့ ပူနွေးတဲ့နွားနို့နဲ့ ဆေးကြောပါ”ဟူ၍ ဖြစ်ပါတယ်။

လူနာရဲ့ သဘောတူညီချက်

ဒီဘက်ခေတ်မှာ ဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုတွေပြုလုပ်တဲ့အခါ လူနာရဲ့ခွင့်ပြုချက်ကို တောင်းခံကြတာ တွေ့ဖူးကြားဖူးကြမှာပါ။ INFORMED CONSENT လို့ခေါ်တဲ့ ဒီဖောင်နဲ့ အဓိပ္ပါယ်တူတဲ့ ခွင့်ပြုချက်တောင်းတဲ့စာကို အေဒီ ၁၆ရာစု အော်တိုမန်အင်ပါယာလက်ထက်ကတည်းက အသုံးပြုခဲ့တယ်ဆိုတာ Qadi မှတ်တမ်းတွေမှာ တွေ့ရပါသတဲ့။

အိမ်သာသုံးစက္ကူ

အိမ်သာသုံးစက္ကူတွေကို ယနေ့ခေတ်အခါမှာတော့ ကမ္ဘာတလွှားမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေရကြပြီဖြစ်သလို နှစ်စဉ် သန်းနဲ့ချီတဲ့ စက္ကူလိပ်တွေကို ထုတ်လုပ်နေရပါတယ်။ အိမ်သာသုံးစက္ကူတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ကျော်လောက်ကတည်းက တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှာသုံးစွဲနေပြီလို့ Yan Zhitui ရဲ့ မှတ်တမ်းအရ သိရှိရပါတယ်။

ရေခဲမုန့်

ယနေ့ခေတ်မှာတော့ ရေခဲမုန့်တွေကို ပုံစံ အရောင် အရသာမျိုးစုံနဲ့ ထုတ်လုပ်နေပြီး လူကြိုက်များတဲ့ သားရေစာတခုလည်းဖြစ်ပါတယ်။ ရေခဲမုန့်စတင်ဖြစ်ပေါ်လာခြင်းနဲ့ ပတ်သက်လို့ မတူညီတဲ့ဇာတ်လမ်း ၂ ခုရှိပါတယ်။ ပထမတခုကတော့ ရောမဘုရင်နီရိုးဟာ အေဒီ ၅၄မှာ သူ့ရဲ့အခိုင်းအစေတွေကို တောင်တန်းတွေရှိရာသွားပြီး နှင်းတွေစုဆောင်းကာ ပျားရည် ၊ သစ်သီးရည် ၊ ပန်းဝတ်ရည်တို့နဲ့ရောစပ်ပြီး ရေခဲမုန့်ကို ဖန်တီးခဲ့ပါသတဲ့။

နောက်တမျိုးကတော့ မွန်ဂိုတွေဆီကဖြစ်ပါတယ်။ မွန်ဂိုလီးယားက မြင်းစီးသမားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ခန့်လောက်ကတည်းက ရေခဲမုန့်တစ်မျိုးကို တီထွင်ခဲ့ကြသူတွေလို့ ဆိုပါတယ်။ သူတို့တွေဟာCream ထည့်ထားတဲ့ ထည့်စရာတွေကို မြင်းတွေရဲ့ကျောကုန်းပေါ်တင်ဆောင်လာပြီး ဆောင်းရာသီမှာ ဂိုဘီ သဲကန္တာရကို ကျော်ဖြတ်ကာ ခရီးသွားခဲ့ပါတယ်။ မြင်းကျောပေါ်မှာ တင်ထားတဲ့ ခရမ်တွေဟာ ခရီးတစ်လျှောက်မြင်းရဲ့ခါယမ်းမှုကြောင့် သဲကန္တာရကို ကျော်ဖြတ်ပြီးချိန်မှာတော့ ရေခဲမုန့်တွေဖြစ်လာတယ် လို့ ဆိုပါတယ်။

Electric Vehicles

ယနေ့ခေတ်မှာတော့ Tesla ရဲ့လျှပ်စစ်ကားတွေဟာ အလွန်နာမည်ကြီးပြီး လူသိများနေပြီဖြစ်ပါတယ်။ လျှပ်စစ်ကားတွေဟာ မော်တော်ကားနည်းပညာတိုးတက်ပြီး ၂၁ရာစုမှာမှ ပေါ်ပေါက်လာတယ်လို့ ထင်ရပေမယ့် ပထမဆုံးလျှပ်စစ်ကား ပုံစံငယ်ကို ၁၈၂၈ ခုနှစ်လောက်ကတည်းက ဟန်ဂေရီတီထွင်သူ Ányos Jedlik က လျှပ်စစ်မော်တာကို အသုံးပြုပြီးတီထွင်ခဲ့တာဖြစ်ပါတယ်။ သူ့ကို ဒိုင်နမို နဲ့ လျှပ်စစ်မော်တာနည်းပညာဖန်တီးသူတွေထဲက တယောက်အဖြစ် အသိအမှတ်ပြုကြပါတယ်။

မြေငလျှင်တိုင်းစက်

ဒီဘက်ခေတ် ငလျှင်တိုင်းစက်တွေလို ငလျှင်ရဲ့ပြင်းအားနဲ့ တည်နေရာကို အနီးစပ်ဆုံးခန့်မှန်းပေးနိုင်တဲ့ ငလျှင်တိုင်းကိရိယာကို လွန်ခဲ့တဲ့နှစ် ၂ထောင်းနီးပါးကာလကတည်းက တရုတ်ပညာရှင် Zhang Heng က တီထွင်ခဲ့ပါတယ်။ အေဒီ ၁၃၂ ခုနှစ်မှာ တီထွင်ခဲ့တဲ့ ဒီစက်ဟာကြေးနဲ့ ဖန်တီးထားတဲ့ အိုးပုံစံ အရာဝထ္ထုတခုဖြစ်ပြီး အချင်း၆ လက်မ အရွယ်အစားရှိပါတယ်။ အိုးရဲ့ဘေးပတ်ပတ်လည်မှာတော့ အောက်ဘက်ကို ဆင်းနေသဏ္ဍာန် နဂါး ၈ကောင် ပါရှိပါတယ်။

နဂါးတွေရဲ့ပါးစပ်မှာ သတ္တုလုံးတလုံးစီပါရှိပါတယ်။ ဒီကိရိယာမှာ ချိန်သီး ၁ခုပါရှိပြီး အရပ်ရှစ်မျက်နှာစလုံးကို လှုပ်ရှားသွားစေနိုင်ဖို့ လမ်းကြောင်းတွေ ဖန်တီးထားပါတယ်။ ချိန်သီးက လှုပ်ရှားပြီး လာရောက်ရိုက်တဲ့အခါမှာတော့ သတ္တုလုံးတွေဟာ ဖားပါးစပ် အောက်ခံခွက်အတွင်းကို လမ်းကြောင်းအတိုင်း ကျဆင်းကုန်ကြပါတယ်။ ဒီနည်းနဲ့ ငလျှင်လှုပ်ရာ အရပ်မျက်နှာကို ခန့်မှန်းနိုင်ခဲ့တာဖြစ်ပါတယ်။

မျက်ကပ်မှန်

မျက်ကပ်မှန်တွေရဲ့ သဘောသဘာဝကို ပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီက အေဒီ ၁၅၀၈ ခုနှစ်လောက်ကတည်း သူ့ရဲ့ Codex of the Eye စာအုပ်မှာထည့်ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မျက်ကပ်မှန်တွေကို အောင်မြင်စွာ စမ်းသပ် တီထွင်လာနိုင်တဲ့အချိန်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ကျော် ၁၈၈၈ခုနှစ်လောက် ကတည်းကဖြစ်ပါတယ်။ ဖန်တီးခဲ့သူကတော့ ဂျာမန်မျက်စိဗေဒပညာရှင် Adolf Gaston Eugen Fick ဖြစ်ပြီး blown glass နဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။

Vending Machines


ယနေ့ခေတ် ငွေအကြွေစေ့ထည့်လိုက်လို့ မုန့်တွေ ၊ စီးကရက် ၊ အအေးဘူး စတဲ့အရာတွေ ထွက်လာလေ့ရှိတဲ့ Vending Machine တွေကို အင်္ဂလန်မှာ ၁၈၈၀ ခုနှစ်လောက်ကတည်းက စတင်ဖန်တီးခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ဒီစက်တွေရဲ့ လုပ်ဆောင်ပုံချင်းတူတဲ့စက်တွေကို လွန်ခဲ့တဲ့ နှစ် ၂ထောင်နီးပါးလောက်ကတည်းက ဂရိအင်ဂျင်နီယာ နဲ့ သင်္ချာပညာရှင် Hero of Alexandria က တီထွင်ဖူးခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ဖန်တီးမှုကို ရောမဘုရားကျောင်းတွေက ရေကြည်တော် holy water တွေယူတဲ့နေရာမှာ အသုံးပြုထားတာဖြစ်ပြီး အကြွေစေ့ကိုထည့်လိုက်တဲ့အခါ အကြွေစေ့ဟာ အောက်ခံပြားပေါ်သို့ကျသွားမှာဖြစ်ပါတယ်။ အဲဒီနော်ကတော့ အလေးချိန်ကြောင့် အောက်ခံပြားနဲ့ ချိတ်ဆက်ထားတဲ့ မောင်းတံဟာ ရေဘားကို ဖွင့်စေမှာဖြစ်ပြီး ရေကိုရရှိမှာဖြစ်ပါတယ်။ အကြွေစေ့ဟာ အောက်ခံပြားကနေ တဖြည်းဖြည်းလျောဆင်းပြီးအောက်ဘက်ကို ပြုတ်ကျသွားချိန်မှာတော့ မောင်းတံဟာ အပေါ်ပြန်တက်ပြီး ရေဘားဟာလည်း သူ့အလိုလိုပြန်ပိတ်သွားမှာဖြစ်ပါတယ်။

——– —– ———

(Zawgyi)

ကြၽန္ေတာ္တို႔ ထင္ထားတဲ့အခ်ိန္ထက္ ေစာတဲ့ တီထြင္မႈမ်ား

ယေန႔ေခတ္ ကြၽန္ေတာ္တို႔ေန႔စဥ္ ျမင္ေတြ႕ေနရတဲ့ အရာေတာ္ေတာ္မ်ားမ်ားကို ဒီဘက္ေခတ္မွေပၚလာတာလို႔ ကြၽန္ေတာ္တို႔အမ်ားစု ထင္ၾကေလ့ရွိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕အရာေတြဟာ ကြၽန္ေတာ္တို႔ ထင္ထားတာထက္ ႏွစ္ေပါင္းမ်ားစြာ ေစာၿပီးေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။ ဒီလိုအရာေတြအမ်ားႀကီးရွိတဲ့အနက္ တခ်ိဳ႕ကို သုတဇုန္မိတ္ေဆြမ်ားအတြက္ ျပန္လည္ေဝမွ်လိုက္ပါတယ္။

ေမာ္ေတာ္ကား

ေမာ္ေတာ္ကားေတြဟာ ယေန႔ေခတ္မွာေတာ့ ၿမိဳ႕ေတြမွာသာမက ေတာ႐ြာေတြမွာပါ ေပါမ်ားစြာ ေတြ႕ေနရၿပီျဖစ္ပါတယ္။ ေမာ္ေတာ္ကား တီထြင္မႈေတြကို ၁၉၀၀ ဝန္းက်င္ေလာက္မွ ေပၚလာတာလို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ တကယ္ေတာ့ ပထမဆုံးေမာ္ေတာ္ကားကို လြန္ခဲ့ေသာႏွစ္ေပါင္း ၂၀၀ေက်ာ္ ၁၇၇၁ ခုႏွစ္ကတည္းက ျပင္သစ္လူမ်ိဳး တီထြင္သူ Nicolas-Joseph Cugnot က တီထြင္ႏိုင္ခဲ့ပါတယ္။ သုံးဘီးသစ္သားကားျဖစ္ၿပီး ေရေႏြးေငြ႕အင္ဂ်င္တပ္ဆင္ထားပါတယ္။

စကိတ္

စကိတ္ေတြဟာလည္းဒီဘက္ေခတ္မွာ ေပၚလာတာလို႔ ထင္ႏိုင္စရာရွိေပမယ့္ ဒတ္ခ်္လူမ်ိဳးတေယာက္က ၁၇၀၀ ခုႏွစ္ေလာက္ကတည္းက တီထြင္ၿပီး စစီးေနခဲ့ပါၿပီ။ သူ႔ရဲ႕စကိတ္ကေတာ့ သစ္သားဘီးနဲ႔ျဖစ္ၿပီး သစ္သားျပားေအာက္ခံကို သံနဲ႔႐ိုက္ကာဖန္တီးထားျခင္းျဖစ္ပါတယ္။ သူ႔ရဲ႕တီထြင္မႈဟာ ကမာၻတလႊားကို ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ၁၈၆၃ ခုႏွစ္မွာေတာ့ အေမရိကန္မွာ rollerblade စကိတ္ေတြ စေပၚလာပါေတာ့တယ္။

3D Printer

ဒီဘက္ ၁၀ စုႏွစ္မွာ 3D နည္းပညာဟာ အလြန္တိုးတက္လာၿပီး ဝါသနာပါသူေတြဝယ္ယူအသုံးျပဳႏိုင္ၿပီျဖစ္ပါတယ္။ 3D Printer ေတြကို၂၀၁၀ ခုႏွစ္ေနာက္ပိုင္းမွ လူေတြသတိထားမိလာၾကတာျဖစ္ေပမယ့္ တကယ္ေတာ့ ၁၉၈၁ ခုႏွစ္ကတည္းက ဂ်ပန္ေတြဟာဖစ္ေပမယ့္ 3D Printer ကိုတီထြင္ႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ Printer ဟာ photopolymer ေတြကို အစိုင္အခဲအျဖစ္သို႔ ေျပာင္းလဲဖန္တီးေပးႏိုင္ပါတယ္။ ဒါေပမယ့္ တကယ့္တကယ္ ပထမဆုံး 3D Printer အျဖစ္သတ္မွတ္ခံရတာကေတာ့ အေမရိကန္လူမ်ိဳး တီထြင္သူတေယာက္ျဖစ္တဲ့ Chuck Hull ရဲ႕ 3D Printer ျဖစ္ပါတယ္။

ေရာင္စုံ႐ုပ္ရွင္

ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံရဲ႕ ေဆးေရာင္စုံဇာတ္ကားကေတာ့ ၁၉၅၈ ခုမွာ ထြက္ရွိလာခဲ့ၿပီး ဇာတ္ကားနာမည္က “ခ်စ္ခဲ့တာအမွန္ပါပဲ ” ျဖစ္ပါတယ္။ ဒါ႐ိုက္တာေ႐ႊေဘာ္႐ိုက္ကူးၿပီး ၾကည္ၾကည္ေဌး ၊ ျမင့္ေအာင္ ၊ ဖိုးပါႀကီးတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ဇာတ္ကားျဖစ္ပါတယ္။ ကမာၻမွာေတာ့ ကာလာဖလင္နည္းပညာဟာ ၁၉၀၀ တဝိုက္ကတည္းက ေပၚေပါက္ေနခဲ့တာျဖစ္ၿပီး ပထမဆုံးကာလာဖလင္အျဖစ္ သတ္မွတ္ခံထားရတာကေတာ့ ၁၉၀၂ ခုႏွစ္က Edward Raymond Turner ဖန္တီးထားတဲ့ဖလင္ပဲျဖစ္ပါတယ္။ ဒီဖလင္မွာ မိန္းကေလးငယ္ ဒါန္းစီးေနတာနဲ႔ စစ္သားေတြခ်ီတက္ေနတဲ့လႈပ္ရွားမႈေတြ ပါဝင္ေနပါတယ္။

တူရိယာပစၥည္း

ပထမဆုံး တူရိယာပစၥည္းေတြ ဘယ္အခ်ိန္ေလာက္က ေပၚေပါက္ေနၿပီလို႔ မိတ္ေဆြထင္ပါသလဲ။ ဂ်ာမနီႏိုင္ငံ အေနာက္ေတာင္ပိုင္းက ဂူေတြထဲမွာ ေတြ႕ရွိခဲ့ရတဲ့ ပုေလြေတြကေတာ့ သက္တမ္းခန႔္မွန္းမႈအရ ႏွစ္ေပါင္း ၄၂၀၀၀ ခန႔္ရွိၿပီလို႔ သိရပါတယ္။ အဲဒီေခတ္က လူသားေတြဟာ ဒီပုေလြေတြကို ငွက္အ႐ိုး ၊ အေမႊးရွည္ဆင္ႀကီးေတြရဲ႕ အစြယ္ေတြနဲ႔ ဖန္တီးခဲ့ၾကၿပီး ျပန္လည္ရွာေဖြေတြ႕ရွိစဥ္မွာေတာ့ အပိုင္းပိုင္းက်ိဳးေနၿပီျဖစ္ပါတယ္။

ကြန္ဒုံး

ဒီကြန္ဒုံးပုံကိုေတာ့ စိတ္ဝင္စားစရာပုံရိပ္မ်ား album မွာတင္ခဲ့ဖူးပါတယ္။ ကြန္ဒုံးေတြ ဘယ္အခ်ိန္က စတင္ေပၚေပါက္ခဲ့သလဲ ဆိုတာ အတိအက်မသိရေပမယ့္ ရွာေဖြေတြ႕ရွိခဲ့ရသမွ်ထဲမွာ အေစာဆုံးကြန္ဒုံးကေတာ့ ၁၇ ရာစုမွာ အသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။ ဆြီဒင္ႏိုင္ငံ Lund ၿမိဳ႕မွာ ရွာေဖြေတြ႕ရွိခဲ့တဲ့ ဒီကြန္ဒုံးကို ၁၆၄၀ ခုႏွစ္ေလာက္က ဝက္အူနဲ႔ ဖန္တီးခဲ့တာျဖစ္ၿပီး ပစၥည္းနဲ႔အတူပါတဲ့ စာအၫႊန္းကေတာ့” ေရာဂါေတြကို ကာကြယ္ဖို႔ ပူေႏြးတဲ့ႏြားႏို႔နဲ႔ ေဆးေၾကာပါ”ဟူ၍ ျဖစ္ပါတယ္။

လူနာရဲ႕ သေဘာတူညီခ်က္

ဒီဘက္ေခတ္မွာ ေဆးဘက္ဆိုင္ရာ ခြဲစိတ္မႈေတြျပဳလုပ္တဲ့အခါ လူနာရဲ႕ခြင့္ျပဳခ်က္ကို ေတာင္းခံၾကတာ ေတြ႕ဖူးၾကားဖူးၾကမွာပါ။ INFORMED CONSENT လို႔ေခၚတဲ့ ဒီေဖာင္နဲ႔ အဓိပၸါယ္တူတဲ့ ခြင့္ျပဳခ်က္ေတာင္းတဲ့စာကို ေအဒီ ၁၆ရာစု ေအာ္တိုမန္အင္ပါယာလက္ထက္ကတည္းက အသုံးျပဳခဲ့တယ္ဆိုတာ Qadi မွတ္တမ္းေတြမွာ ေတြ႕ရပါသတဲ့။

အိမ္သာသုံးစကၠဴ

အိမ္သာသုံးစကၠဴေတြကို ယေန႔ေခတ္အခါမွာေတာ့ ကမာၻတလႊားမွာ က်ယ္က်ယ္ျပန႔္ျပန႔္သုံးစြဲေနရၾကၿပီျဖစ္သလို ႏွစ္စဥ္ သန္းနဲ႔ခ်ီတဲ့ စကၠဴလိပ္ေတြကို ထုတ္လုပ္ေနရပါတယ္။ အိမ္သာသုံးစကၠဴေတြကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၄၀၀ေက်ာ္ေလာက္ကတည္းက တ႐ုတ္ႏိုင္ငံ Zhejiang ျပည္နယ္မွာသုံးစြဲေနၿပီလို႔ Yan Zhitui ရဲ႕ မွတ္တမ္းအရ သိရွိရပါတယ္။

ေရခဲမုန႔္

ယေန႔ေခတ္မွာေတာ့ ေရခဲမုန႔္ေတြကို ပုံစံ အေရာင္ အရသာမ်ိဳးစုံနဲ႔ ထုတ္လုပ္ေနၿပီး လူႀကိဳက္မ်ားတဲ့ သားေရစာတခုလည္းျဖစ္ပါတယ္။ ေရခဲမုန႔္စတင္ျဖစ္ေပၚလာျခင္းနဲ႔ ပတ္သက္လို႔ မတူညီတဲ့ဇာတ္လမ္း ၂ ခုရွိပါတယ္။ ပထမတခုကေတာ့ ေရာမဘုရင္နီ႐ိုးဟာ ေအဒီ ၅၄မွာ သူ႔ရဲ႕အခိုင္းအေစေတြကို ေတာင္တန္းေတြရွိရာသြားၿပီး ႏွင္းေတြစုေဆာင္းကာ ပ်ားရည္ ၊ သစ္သီးရည္ ၊ ပန္းဝတ္ရည္တို႔နဲ႔ေရာစပ္ၿပီး ေရခဲမုန႔္ကို ဖန္တီးခဲ့ပါသတဲ့။

ေနာက္တမ်ိဳးကေတာ့ မြန္ဂိုေတြဆီကျဖစ္ပါတယ္။ မြန္ဂိုလီးယားက ျမင္းစီးသမားေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀၀ခန႔္ေလာက္ကတည္းက ေရခဲမုန႔္တစ္မ်ိဳးကို တီထြင္ခဲ့ၾကသူေတြလို႔ ဆိုပါတယ္။ သူတို႔ေတြဟာCream ထည့္ထားတဲ့ ထည့္စရာေတြကို ျမင္းေတြရဲ႕ေက်ာကုန္းေပၚတင္ေဆာင္လာၿပီး ေဆာင္းရာသီမွာ ဂိုဘီ သဲကႏၲာရကို ေက်ာ္ျဖတ္ကာ ခရီးသြားခဲ့ပါတယ္။ ျမင္းေက်ာေပၚမွာ တင္ထားတဲ့ ခရမ္ေတြဟာ ခရီးတစ္ေလွ်ာက္ျမင္းရဲ႕ခါယမ္းမႈေၾကာင့္ သဲကႏၲာရကို ေက်ာ္ျဖတ္ၿပီးခ်ိန္မွာေတာ့ ေရခဲမုန႔္ေတြျဖစ္လာတယ္ လို႔ ဆိုပါတယ္။

Electric Vehicles

ယေန႔ေခတ္မွာေတာ့ Tesla ရဲ႕လွ်ပ္စစ္ကားေတြဟာ အလြန္နာမည္ႀကီးၿပီး လူသိမ်ားေနၿပီျဖစ္ပါတယ္။ လွ်ပ္စစ္ကားေတြဟာ ေမာ္ေတာ္ကားနည္းပညာတိုးတက္ၿပီး ၂၁ရာစုမွာမွ ေပၚေပါက္လာတယ္လို႔ ထင္ရေပမယ့္ ပထမဆုံးလွ်ပ္စစ္ကား ပုံစံငယ္ကို ၁၈၂၈ ခုႏွစ္ေလာက္ကတည္းက ဟန္ေဂရီတီထြင္သူ Ányos Jedlik က လွ်ပ္စစ္ေမာ္တာကို အသုံးျပဳၿပီးတီထြင္ခဲ့တာျဖစ္ပါတယ္။ သူ႔ကို ဒိုင္နမို နဲ႔ လွ်ပ္စစ္ေမာ္တာနည္းပညာဖန္တီးသူေတြထဲက တေယာက္အျဖစ္ အသိအမွတ္ျပဳၾကပါတယ္။

ေျမငလွ်င္တိုင္းစက္

ဒီဘက္ေခတ္ ငလွ်င္တိုင္းစက္ေတြလို ငလွ်င္ရဲ႕ျပင္းအားနဲ႔ တည္ေနရာကို အနီးစပ္ဆုံးခန႔္မွန္းေပးႏိုင္တဲ့ ငလွ်င္တိုင္းကိရိယာကို လြန္ခဲ့တဲ့ႏွစ္ ၂ေထာင္းနီးပါးကာလကတည္းက တ႐ုတ္ပညာရွင္ Zhang Heng က တီထြင္ခဲ့ပါတယ္။ ေအဒီ ၁၃၂ ခုႏွစ္မွာ တီထြင္ခဲ့တဲ့ ဒီစက္ဟာေၾကးနဲ႔ ဖန္တီးထားတဲ့ အိုးပုံစံ အရာဝထၳဳတခုျဖစ္ၿပီး အခ်င္း၆ လက္မ အ႐ြယ္အစားရွိပါတယ္။ အိုးရဲ႕ေဘးပတ္ပတ္လည္မွာေတာ့ ေအာက္ဘက္ကို ဆင္းေနသ႑ာန္ နဂါး ၈ေကာင္ ပါရွိပါတယ္။

နဂါးေတြရဲ႕ပါးစပ္မွာ သတၱဳလုံးတလုံးစီပါရွိပါတယ္။ ဒီကိရိယာမွာ ခ်ိန္သီး ၁ခုပါရွိၿပီး အရပ္ရွစ္မ်က္ႏွာစလုံးကို လႈပ္ရွားသြားေစႏိုင္ဖို႔ လမ္းေၾကာင္းေတြ ဖန္တီးထားပါတယ္။ ခ်ိန္သီးက လႈပ္ရွားၿပီး လာေရာက္႐ိုက္တဲ့အခါမွာေတာ့ သတၱဳလုံးေတြဟာ ဖားပါးစပ္ ေအာက္ခံခြက္အတြင္းကို လမ္းေၾကာင္းအတိုင္း က်ဆင္းကုန္ၾကပါတယ္။ ဒီနည္းနဲ႔ ငလွ်င္လႈပ္ရာ အရပ္မ်က္ႏွာကို ခန႔္မွန္းႏိုင္ခဲ့တာျဖစ္ပါတယ္။

မ်က္ကပ္မွန္

မ်က္ကပ္မွန္ေတြရဲ႕ သေဘာသဘာဝကို ပညာရွင္ႀကီး လီယိုနာဒိုဒါဗင္ခ်ီက ေအဒီ ၁၅၀၈ ခုႏွစ္ေလာက္ကတည္း သူ႔ရဲ႕ Codex of the Eye စာအုပ္မွာထည့္ေရးခဲ့ဖူးပါတယ္။ ဒါေပမယ့္ မ်က္ကပ္မွန္ေတြကို ေအာင္ျမင္စြာ စမ္းသပ္ တီထြင္လာႏိုင္တဲ့အခ်ိန္ကေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၀ေက်ာ္ ၁၈၈၈ခုႏွစ္ေလာက္ ကတည္းကျဖစ္ပါတယ္။ ဖန္တီးခဲ့သူကေတာ့ ဂ်ာမန္မ်က္စိေဗဒပညာရွင္ Adolf Gaston Eugen Fick ျဖစ္ၿပီး blown glass နဲ႔ ဖန္တီးခဲ့တာျဖစ္ပါတယ္။

Vending Machines

ယေန႔ေခတ္ ေငြအေႂကြေစ့ထည့္လိုက္လို႔ မုန႔္ေတြ ၊ စီးကရက္ ၊ အေအးဘူး စတဲ့အရာေတြ ထြက္လာေလ့ရွိတဲ့ Vending Machine ေတြကို အဂၤလန္မွာ ၁၈၈၀ ခုႏွစ္ေလာက္ကတည္းက စတင္ဖန္တီးခဲ့တာလို႔ သိရပါတယ္။ ဒါေပမယ့္ ဒီစက္ေတြရဲ႕ လုပ္ေဆာင္ပုံခ်င္းတူတဲ့စက္ေတြကို လြန္ခဲ့တဲ့ ႏွစ္ ၂ေထာင္နီးပါးေလာက္ကတည္းက ဂရိအင္ဂ်င္နီယာ နဲ႔ သခ်ၤာပညာရွင္ Hero of Alexandria က တီထြင္ဖူးခဲ့တယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ဖန္တီးမႈကို ေရာမဘုရားေက်ာင္းေတြက ေရၾကည္ေတာ္ holy water ေတြယူတဲ့ေနရာမွာ အသုံးျပဳထားတာျဖစ္ၿပီး အေႂကြေစ့ကိုထည့္လိုက္တဲ့အခါ အေႂကြေစ့ဟာ ေအာက္ခံျပားေပၚသို႔က်သြားမွာျဖစ္ပါတယ္။ အဲဒီေနာ္ကေတာ့ အေလးခ်ိန္ေၾကာင့္ ေအာက္ခံျပားနဲ႔ ခ်ိတ္ဆက္ထားတဲ့ ေမာင္းတံဟာ ေရဘားကို ဖြင့္ေစမွာျဖစ္ၿပီး ေရကိုရရွိမွာျဖစ္ပါတယ္။ အေႂကြေစ့ဟာ ေအာက္ခံျပားကေန တျဖည္းျဖည္းေလ်ာဆင္းၿပီးေအာက္ဘက္ကို ျပဳတ္က်သြားခ်ိန္မွာေတာ့ ေမာင္းတံဟာ အေပၚျပန္တက္ၿပီး ေရဘားဟာလည္း သူ႔အလိုလိုျပန္ပိတ္သြားမွာျဖစ္ပါတယ္။

Tags: inventionsknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!