Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျွန်ုပ်တို့၏ ကမ္ဘာကြီးအကြောင်း အချက်တချို့

by Thutamm
August 22, 2020
Reading Time: 1min read
0
ကျွန်ုပ်တို့၏ ကမ္ဘာကြီးအကြောင်း အချက်တချို့
Share on FacebookShare on Twitter

ရေးသားသူ – Saya Aung Ko Latt

ဒီကနေ့တော့ ကလေးတွေ ဗဟုသုတအဖြစ် မှတ်သားလွယ်တဲ့ နည်းလမ်းတစ်ခု တင်ပြချင်ပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ အကြောင်းပါ။ ကမ္ဘာကြီးက တအားကြီးတော့ လူဦးရေ၊ နေရာဒေသ၊ လူမျိုး၊ ကိုးကွယ်တဲ့ဘာသာ စတဲ့ ကိန်းဂဏန်းတွေကို ကျွန်တော်တို့ မှတ်မိဖို့ မလွယ်ကူပါဘူး။

မှတ်မိလွယ်အောင် ပညာရှင်အချို့ က စိတ်ဝင်စားစရာ နည်းလမ်းတစ်ခု ဖန်တီးခဲ့ပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ၂၀၁၇ ခုနှစ် ဧပြီလရဲ့ စစ်တမ်းအရ လူဦးရေ စုစုပေါင်း သန်းပေါင်း ( ၇၅၀၀ ) ကျော်ရှိနေပါပြီ။

အဲဒီလူဦးရေ သန်းပေါင်း ခုနှစ်ထောင်ကျော်ကို လူ ( ၁၀၀ ) ဟု သတ်မှတ်လိုက်ပါစို့..အဲဒီလူ ( ၁၀၀ ) ဟာ.. ဥရောပတိုက်မှာ ( ၁၁ ) ယောက်နေထိုင်ပါတယ်။ မြောက်အမေရိကတိုက်မှာ ( ၅ ) ယောက်နေထိုင်ပါတယ်။ တောင်အမေရိကတိုက်မှာ ( ၉ ) ယောက်နေထိုင်ပါတယ်။ အာရှတိုက်မှာ ( ၆၀ ) ယောက်နေထိုင်ပါတယ်။

လူ ၃၃ ဦး ခရစ်ယာန်ဘာသာဖြစ်ပါတယ်။ ၂၂ ဦးဟာ အစ္စလာမ်ပါ။ ၁၄ ဦးဟာ ဟိန္ဒူဘာသာ၊ ၇ ဦးဟာ ဗုဒ္ဓဘာသာ၊ လူ ၁၂ ဦးဟာ အခြားဘာသာ၊ နောက်လူ ၁၂ ဦးဟာ ဘာသာမဲ့ ဖြစ်ပါတယ်။ မြို့ပြနဲ့ ကျေးလက်နေထိုင်မူမှာ ၄၉ ယောက်ဟာ ကျေးလက်မှာနေထိုင်ပြီး ၅၁ ဦးဟာ မြို့ မှာနေထိုင်ပါတယ်။

လူ ၁၂ ယောက်တရုတ်ဘာသာစကား၊ ၅ ယောက်က စပိန်ဘာသာ၊ ၅ ယောက်က အင်္ဂလိပ်၊ ၃ ယောက်က အာရပ်ဘာသာ၊ ၃ ယောက်ကဟိန္ဒူဘာသာ၊ ၃ ယောက်က ဘင်္ဂလီဘာသာ၊ ၃ ယောက်က ပေါ်တူဂီ၊ ၂ ယောက် က ဂျပန်စကား၊ ကျန် ၆၂ ဦးက အခြားဘာသာစကားပြောဆိုကြပါတယ်။

အိုးအိမ်ပိုင်ဆိုင်မူအရ လူ ၇၇ ဦး နေဖို့အိမ်ရှိပါတယ်။ လူ ၂၃ ဦး နေစရာအိမ်မရှိပါ။ အဟာရအနေနဲ့ လူ ၂၁ ဦးဟာ အဟာရ ပိုလျှံနေတယ်။ လူ ၆၃ ဦး အစာရေစာ ဖူလုံပါတယ်။ လူ ၁၅ ဦး အဟာရ ချို့ တဲ့ ပါတယ်။ တစ်ဦးကတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့် ကြုံရပါတယ်။

ဝင်ငွေအရ လူ ၄၈ ဦးဟာ နေစဉ် ၁ ဒေါ်လာအောက်သာ ဝင်ပါတယ်။သောက်သုံးရေ အနေနဲ့ လူ ၈၇ ဦးဟာ သန့်ရှင်းတဲ့ ရေကို သောက်သုံးပါတယ်။ လူ ၁၃ ဦးဟာ သောက်ရေရှားပါးမူ ( သို့ ) ညစ်ညမ်းတဲ့ရေကို သောက်သုံးရပါတယ်။

လူ ၇၅ ဦးဟာ လက်ကိုင်ဖုန်းသုံးနိုင်ပါပြီ။ ၂၅ ဦးကတော့ မသုံးနိုင်သေးပါ။ လူ ၃၀ အင်တာနက်သုံးနေပါပြီ။ လူ ၇၀ မသုံးနိုင်သေးပါ။ ပညာရေး အနေနဲ့ လူ ၇ ဦးတက္ကသိုလ်ပညာဆည်းပူးပါတယ်။ ၉၃ ဦးတက္ကသိုလ် ကောလိပ်တွင်ပညာမသင်ကြားခဲ့ဖူးပါ။ လူ ၈၃ ဦးစာတတ်ပါတယ်။ လူ ၁၇ ဦး စာမတတ်ပါ။

အသက်အရွယ်အပိုင်းအခြားအရ လူ ၂၆ ဦးဟာ ၁၄ နှစ်အောက်၊ လူ ၆၆ ဦးဟာ အသက် ၁၅ နှစ်မှ ၆၄ နှစ်အကြား၊ လူ ၈ ဦးဟာ အသက် ၆၅ နှစ်အထက်မှာပါ။ ကျားမကတော့ တစ်ဝက်ဆီ ရှိတယ်လို့ ဆိုပါတယ်။ ဒါတွေကို ဖတ်ပြီးရင် ကိုယ့်အခြေအနေကို နိူင်းယှဉ် ခန့်မှန်းလို့ ရနေပါပြီ။ ကမ္ဘာတစ်ခုလုံးနဲ့ ယှဉ်ကြည့်ရင် ကိုယ့်ရဲ့ အခြေအနေဟာလည်း သိပ်မဆိုးလှပါ။

—— ——- ——-

(Zawgyi)

ကြ်ႏု္ပ္တို႔၏ ကမၻာႀကီးအေၾကာင္း အခ်က္တခ်ဳိ႕

ေရးသားသူ – Saya Aung Ko Latt

ဒီကေန႔ေတာ့ ကေလးေတြ ဗဟုသုတအျဖစ္ မွတ္သားလြယ္တဲ့ နည္းလမ္းတစ္ခု တင္ျပခ်င္ပါတယ္။ ကြ်န္ေတာ္တို႔ ေနထိုင္တဲ့ ကမၻာႀကီးရဲ႕ အေၾကာင္းပါ။ ကမၻာႀကီးက တအားႀကီးေတာ့ လူဦးေရ၊ ေနရာေဒသ၊ လူမ်ဳိး၊ ကိုးကြယ္တဲ့ဘာသာ စတဲ့ ကိန္းဂဏန္းေတြကို ကြ်န္ေတာ္တို႔ မွတ္မိဖို႔ မလြယ္ကူပါဘူး။

မွတ္မိလြယ္ေအာင္ ပညာရွင္အခ်ဳိ႕ က စိတ္၀င္စားစရာ နည္းလမ္းတစ္ခု ဖန္တီးခဲ့ပါတယ္။ ကြ်န္ေတာ္တို႔ ေနထိုင္တဲ့ ကမၻာႀကီးမွာ ၂၀၁၇ ခုႏွစ္ ဧၿပီလရဲ႕ စစ္တမ္းအရ လူဦးေရ စုစုေပါင္း သန္းေပါင္း ( ၇၅၀၀ ) ေက်ာ္ရိွေနပါၿပီ။

အဲဒီလူဦးေရ သန္းေပါင္း ခုႏွစ္ေထာင္ေက်ာ္ကို လူ ( ၁၀၀ ) ဟု သတ္မွတ္လိုက္ပါစို႔..အဲဒီလူ ( ၁၀၀ ) ဟာ.. ဥေရာပတိုက္မွာ ( ၁၁ ) ေယာက္ေနထိုင္ပါတယ္။ ေျမာက္အေမရိကတိုက္မွာ ( ၅ ) ေယာက္ေနထိုင္ပါတယ္။ ေတာင္အေမရိကတိုက္မွာ ( ၉ ) ေယာက္ေနထိုင္ပါတယ္။ အာရွတိုက္မွာ ( ၆၀ ) ေယာက္ေနထိုင္ပါတယ္။

လူ ၃၃ ဦး ခရစ္ယာန္ဘာသာျဖစ္ပါတယ္။ ၂၂ ဦးဟာ အစၥလာမ္ပါ။ ၁၄ ဦးဟာ ဟိႏၵဴဘာသာ၊ ၇ ဦးဟာ ဗုဒၶဘာသာ၊ လူ ၁၂ ဦးဟာ အျခားဘာသာ၊ ေနာက္လူ ၁၂ ဦးဟာ ဘာသာမဲ့ ျဖစ္ပါတယ္။ ၿမဳိ႔ျပနဲ႔ ေက်းလက္ေနထိုင္မူမွာ ၄၉ ေယာက္ဟာ ေက်းလက္မွာေနထိုင္ၿပီး ၅၁ ဦးဟာ ၿမိဳ႕ မွာေနထိုင္ပါတယ္။

လူ ၁၂ ေယာက္တရုတ္ဘာသာစကား၊ ၅ ေယာက္က စပိန္ဘာသာ၊ ၅ ေယာက္က အဂၤလိပ္၊ ၃ ေယာက္က အာရပ္ဘာသာ၊ ၃ ေယာက္ကဟိႏၵဴဘာသာ၊ ၃ ေယာက္က ဘဂၤလီဘာသာ၊ ၃ ေယာက္က ေပၚတူဂီ၊ ၂ ေယာက္ က ဂ်ပန္စကား၊ က်န္ ၆၂ ဦးက အျခားဘာသာစကားေျပာဆိုၾကပါတယ္။

အိုးအိမ္ပိုင္ဆိုင္မူအရ လူ ၇၇ ဦး ေနဖို႔အိမ္ရိွပါတယ္။ လူ ၂၃ ဦး ေနစရာအိမ္မရိွပါ။ အဟာရအေနနဲ႔ လူ ၂၁ ဦးဟာ အဟာရ ပိုလွ်ံေနတယ္။ လူ ၆၃ ဦး အစာေရစာ ဖူလံုပါတယ္။ လူ ၁၅ ဦး အဟာရ ခ်ဳိ႕ တဲ့ ပါတယ္။ တစ္ဦးကေတာ့ ငတ္တစ္လွည့္ ျပတ္တစ္လွည့္ ႀကံဳရပါတယ္။

၀င္ေငြအရ လူ ၄၈ ဦးဟာ ေနစဥ္ ၁ ေဒၚလာေအာက္သာ ၀င္ပါတယ္။ေသာက္သံုးေရ အေနနဲ႔ လူ ၈၇ ဦးဟာ သန္႔ရွင္းတဲ့ ေရကို ေသာက္သံုးပါတယ္။ လူ ၁၃ ဦးဟာ ေသာက္ေရရွားပါးမူ ( သို႔ ) ညစ္ညမ္းတဲ့ေရကို ေသာက္သံုးရပါတယ္။

လူ ၇၅ ဦးဟာ လက္ကိုုင္ဖုန္းသံုးႏိုင္ပါၿပီ။ ၂၅ ဦးကေတာ့ မသံုးႏိုင္ေသးပါ။ လူ ၃၀ အင္တာနက္သံုးေနပါၿပီ။ လူ ၇၀ မသံုးႏိုင္ေသးပါ။ ပညာေရး အေနနဲ႔ လူ ၇ ဦးတကၠသိုလ္ပညာဆည္းပူးပါတယ္။ ၉၃ ဦးတကၠသိုလ္ ေကာလိပ္တြင္ပညာမသင္ၾကားခဲ့ဖူးပါ။ လူ ၈၃ ဦးစာတတ္ပါတယ္။ လူ ၁၇ ဦး စာမတတ္ပါ။

အသက္အရြယ္အပိုင္းအျခားအရ လူ ၂၆ ဦးဟာ ၁၄ ႏွစ္ေအာက္၊ လူ ၆၆ ဦးဟာ အသက္ ၁၅ ႏွစ္မွ ၆၄ ႏွစ္အၾကား၊ လူ ၈ ဦးဟာ အသက္ ၆၅ ႏွစ္အထက္မွာပါ။ က်ားမကေတာ့ တစ္၀က္ဆီ ရိွတယ္လို႔ ဆိုပါတယ္။ ဒါေတြကို ဖတ္ၿပီးရင္ ကိုယ့္အေျခအေနကို ႏိူင္းယွဥ္ ခန္႔မွန္းလို႔ ရေနပါၿပီ။ ကမၻာတစ္ခုလံုးနဲ႔ ယွဥ္ၾကည့္ရင္ ကိုယ့္ရဲ႕ အေျခအေနဟာလည္း သိပ္မဆိုးလွပါ။

Tags: knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!