Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျန်းမာရေးဝန်ထမ်းတွေရဲ့ နားတွေ မနာကျင်စေဖို့ အကူကိရိယာဖန်တီးပေးခဲ့တဲ့ ဉာဏ်ကြီးရှင်လေး

by Thutamm
April 6, 2020
Reading Time: 1min read
0
ကျန်းမာရေးဝန်ထမ်းတွေရဲ့ နားတွေ မနာကျင်စေဖို့ အကူကိရိယာဖန်တီးပေးခဲ့တဲ့ ဉာဏ်ကြီးရှင်လေး
Share on FacebookShare on Twitter

(Uni)

ယနေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံပွားနေချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူတွေကို အိမ်မှာသာနေကြဖို့ တိုက်တွန်းထားကြပေမယ့် ဆရာဝန် ၊ သူနာပြု နဲ့ စွမ်းအင် ၊ စားသောက်ကုန်စတဲ့ အခြား မရှိမဖြစ်လုပ်ငန်းတွေရဲ့ ဝန်ထမ်းတွေကတော့ အနားမရကြပါဘူး။

လက်ရှိအချိန်မှာ ကိုဗစ်နိုင်တင်းအတွက် ကာကွယ်ဆေးမပေါ်သေးပေမယ့် ကျန်းမာရေး ဝန်ထမ်းတွေဝန်ထမ်းတွေကတော့ ဒီကပ်ရောဂါကို ရှေ့ဆုံးက ကာကွယ်ရင်း သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ ဒီလိုထမ်းဆောင်တဲ့နေရာမှာ မူလကထက် လူနာတွေ အဆပေါင်းများစွာ တိုးလာတာကြောင့် သူတို့ရဲ့အလုပ်ချိန်ဟာလည်း အားလပ်ချိန်မရှိသလောက်နီးပါး ဖြစ်လာပါတယ်။

ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေကြစဉ်မှာလည်း မျက်နှာဖုံးတွေကို နာရီပေါင်းများစွာ ကြာအောင်ဝတ်ဆင်ထားကြရပါတယ်။ ဒီလိုအကြာကြီး ဝတ်ဆင်ထားရတဲ့အခါမှာစည်းထားတဲ့ကြိုးတွေကြောင့် နားတွေ အလွန်နာကျင်ရတယ်လို့ ကနေဒါ ကျန်းမာရေး ဝန်ထမ်းတဦးက သူတို့ရဲ့ပြသနာကို လူမှုကွန်ရက်မှာ တင်ရင်း ငြီးတွားခဲ့ပါတယ်။

ဒီပိုစ့်ကို ဖတ်ရှုလိုက်ရသူတွေထဲမှာ ကနေဒါက ကလေးငယ် Quinn Callander လည်း ပါဝင်ပါတယ်။ မျက်နှာဖုံးတွေ အချိန်ကြာကြီးဝတ်ဆင်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နားတွေ မနာကျင်အောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို သူစဉ်းစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ 3D Printer ကနေ တဆင့် ရိုးရှင်းတဲ့အဖြေတစ်ခုကို သွားတွေ့ခဲ့ပါတယ်။

ဒါနဲ့ပဲ သူဟာ သူတတ်ကျွမ်းတဲ့ 3D Print နည်းလမ်းနဲ့ နားအကူကိရိယာ Ear Guard တွေကို ပုံစံထုတ်ဖန်တီးလိုက်ပါတော့တယ်။ သူ့ရဲ့ကိရိယာဟာ ရိုးရှင်းပါတယ်။ ပုံမှန်ဆိုရင် မျက်နှာဖုံးတွေကို နားမှာကြိုးတပ်ကာ ဝတ်ဆင်ကြလေ့ရှိပါတယ်။ ဒီလိုဝတ်ဆင်ရာမှာ အချိန်အနည်းငယ်ဝတ်ဆင်ရင်တော့ သိသာစွာ ခံစားရမှာ မဟုတ်ပေမယ့် နာရီပေါင်းများစွာဝတ်ဆင်တဲ့အခါမှာတော့ ကြိုးရဲ့တင်းအားကြောင့် နားတွေ နာကျင်လာပါတယ်။

ကလေးငယ် Quinn ဖန်တီးပေးတဲ့ ကိရိယာနဲ့ တပ်ဆင်ပြီး မျက်နှာဖုံးတွေဝတ်ရင်တော့ နားတွေ နာကျင်မှာမဟုတ်တော့ပါဘူး။ သူ့ရဲ့ဒီရာဘာကိရိယာလေးဟာ နားမှာတပ်တဲ့ကြိုးကို ခေါင်းမှာစည်းသကဲ့သလို့ ပြောင်းလဲပေးလိုက်လို့ ဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်ရာမှာ လိုသလို အလျှော့အတင်းညှိနိုင်ဖို့အတွက် တဖက်စီမှာ အငုတ် ၄ ခုပါဝင်နေပါတယ်။

သူဖန်တီးထားတဲ့ ဒီကိရိယာလေးတွေကို ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေကို စမ်းသပ် အသုံးပြုစေတဲ့အခါမှာတော့ အလွန်အသုံးဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။ Quinn လေးဟာ တပတ်အတွင်း ဒီကိရိယာလေး မြောက်များစွာပြုလုပ်ပြီး ဆေးရုံတွေကို လှူဒါန်းခဲ့ပါတယ်။ ဒါအပြင် ကမ္ဘာတဝန်းက စေတနာဝန်ထမ်းတွေအနေနဲ့ ဒီလိုကိရိယာတွေပြုလုပ်ပြီး ဒေသအသီးသီးက ကျန်းမာရေးဝန်ထမ်းတွေကို ကူညီနိုင်ဖို့ လုပ်ပုံလုပ်နည်း အသေးစိတ်ကိုလည်း မျှဝေခဲ့ပါသေးတယ်။

သူတို့ရဲ့ 3D Printer တွေနဲ့ ဒီလိုကိရိယာလေးတွေ ဖန်တီးဖို့စေတနာ့ဝန်ထမ်းအများကြီးလိုသလို လုပ်ပြီးသားကိရိယာတွေကို လိုအပ်တဲ့ဆေးရုံတွေကို ပေးပို့နိုင်ဖို့ စေတနာ့ဝန်ထမ်းတွေလည်း လိုအပ်နေပါသေးတယ် လို့ Quinn ရဲ့ မိခင်ဖြစ်သူ Heahter က ဆိုပါတယ်။ ကလေးငယ်ရဲ့ ကူညီချင်မှု နဲ့ ဖန်တီးမှုကို လူမှုကွန်ရက်သုံးစွဲသူထောင်ပေါင်းများစွာက တအံတသြချီးကျူးနေကြပါတယ်။

——- ——– ——-
(Zawgyi)

က်န္းမာေရးဝန္ထမ္းေတြရဲ႕ နားေတြ မနာက်င္ေစဖို႔ အကူကိရိယာဖန္တီးေပးခဲ့တဲ့ ဉာဏ္ႀကီးရွင္ေလး

ယေန႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါပ်ံပြားေနခ်ိန္မွာ ကမာၻ႔ႏိုင္ငံအသီးသီးမွာ လူေတြကို အိမ္မွာသာေနၾကဖို႔ တိုက္တြန္းထားၾကေပမယ့္ ဆရာဝန္ ၊ သူနာျပဳ နဲ႔ စြမ္းအင္ ၊ စားေသာက္ကုန္စတဲ့ အျခား မရွိမျဖစ္လုပ္ငန္းေတြရဲ႕ ဝန္ထမ္းေတြကေတာ့ အနားမရၾကပါဘူး။

လက္ရွိအခ်ိန္မွာ ကိုဗစ္ႏိုင္တင္းအတြက္ ကာကြယ္ေဆးမေပၚေသးေပမယ့္ က်န္းမာေရး ဝန္ထမ္းေတြဝန္ထမ္းေတြကေတာ့ ဒီကပ္ေရာဂါကို ေရွ႕ဆုံးက ကာကြယ္ရင္း သူတို႔ရဲ႕တာဝန္ေတြကို ထမ္းေဆာင္ေနၾကပါတယ္။ ဒီလိုထမ္းေဆာင္တဲ့ေနရာမွာ မူလကထက္ လူနာေတြ အဆေပါင္းမ်ားစြာ တိုးလာတာေၾကာင့္ သူတို႔ရဲ႕အလုပ္ခ်ိန္ဟာလည္း အားလပ္ခ်ိန္မရွိသေလာက္နီးပါး ျဖစ္လာပါတယ္။

ေဆး႐ုံေတြမွာ တာဝန္ထမ္းေဆာင္ေနၾကစဥ္မွာလည္း မ်က္ႏွာဖုံးေတြကို နာရီေပါင္းမ်ားစြာ ၾကာေအာင္ဝတ္ဆင္ထားၾကရပါတယ္။ ဒီလိုအၾကာႀကီး ဝတ္ဆင္ထားရတဲ့အခါမွာစည္းထားတဲ့ႀကိဳးေတြေၾကာင့္ နားေတြ အလြန္နာက်င္ရတယ္လို႔ ကေနဒါ က်န္းမာေရး ဝန္ထမ္းတဦးက သူတို႔ရဲ႕ျပသနာကို လူမႈကြန္ရက္မွာ တင္ရင္း ၿငီးတြားခဲ့ပါတယ္။

ဒီပိုစ့္ကို ဖတ္ရႈလိုက္ရသူေတြထဲမွာ ကေနဒါက ကေလးငယ္ Quinn Callander လည္း ပါဝင္ပါတယ္။ မ်က္ႏွာဖုံးေတြ အခ်ိန္ၾကာႀကီးဝတ္ဆင္ရတဲ့ က်န္းမာေရးဝန္ထမ္းေတြရဲ႕ နားေတြ မနာက်င္ေအာင္ ဘယ္လိုလုပ္ေပးရမလဲ ဆိုတာကို သူစဥ္းစားခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕ 3D Printer ကေန တဆင့္ ႐ိုးရွင္းတဲ့အေျဖတစ္ခုကို သြားေတြ႕ခဲ့ပါတယ္။

ဒါနဲ႔ပဲ သူဟာ သူတတ္ကြၽမ္းတဲ့ 3D Print နည္းလမ္းနဲ႔ နားအကူကိရိယာ Ear Guard ေတြကို ပုံစံထုတ္ဖန္တီးလိုက္ပါေတာ့တယ္။ သူ႔ရဲ႕ကိရိယာဟာ ႐ိုးရွင္းပါတယ္။ ပုံမွန္ဆိုရင္ မ်က္ႏွာဖုံးေတြကို နားမွာႀကိဳးတပ္ကာ ဝတ္ဆင္ၾကေလ့ရွိပါတယ္။ ဒီလိုဝတ္ဆင္ရာမွာ အခ်ိန္အနည္းငယ္ဝတ္ဆင္ရင္ေတာ့ သိသာစြာ ခံစားရမွာ မဟုတ္ေပမယ့္ နာရီေပါင္းမ်ားစြာဝတ္ဆင္တဲ့အခါမွာေတာ့ ႀကိဳးရဲ႕တင္းအားေၾကာင့္ နားေတြ နာက်င္လာပါတယ္။

ကေလးငယ္ Quinn ဖန္တီးေပးတဲ့ ကိရိယာနဲ႔ တပ္ဆင္ၿပီး မ်က္ႏွာဖုံးေတြဝတ္ရင္ေတာ့ နားေတြ နာက်င္မွာမဟုတ္ေတာ့ပါဘူး။ သူ႔ရဲ႕ဒီရာဘာကိရိယာေလးဟာ နားမွာတပ္တဲ့ႀကိဳးကို ေခါင္းမွာစည္းသကဲ့သလို႔ ေျပာင္းလဲေပးလိုက္လို႔ ျဖစ္ပါတယ္။ ဒီလိုဝတ္ဆင္ရာမွာ လိုသလို အေလွ်ာ့အတင္းညႇိႏိုင္ဖို႔အတြက္ တဖက္စီမွာ အငုတ္ ၄ ခုပါဝင္ေနပါတယ္။

သူဖန္တီးထားတဲ့ ဒီကိရိယာေလးေတြကို ေဒသခံ က်န္းမာေရးဝန္ထမ္းေတြကို စမ္းသပ္ အသုံးျပဳေစတဲ့အခါမွာေတာ့ အလြန္အသုံးဝင္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။ Quinn ေလးဟာ တပတ္အတြင္း ဒီကိရိယာေလး ေျမာက္မ်ားစြာျပဳလုပ္ၿပီး ေဆး႐ုံေတြကို လႉဒါန္းခဲ့ပါတယ္။ ဒါအျပင္ ကမာၻတဝန္းက ေစတနာဝန္ထမ္းေတြအေနနဲ႔ ဒီလိုကိရိယာေတြျပဳလုပ္ၿပီး ေဒသအသီးသီးက က်န္းမာေရးဝန္ထမ္းေတြကို ကူညီႏိုင္ဖို႔ လုပ္ပုံလုပ္နည္း အေသးစိတ္ကိုလည္း မွ်ေဝခဲ့ပါေသးတယ္။

သူတို႔ရဲ႕ 3D Printer ေတြနဲ႔ ဒီလိုကိရိယာေလးေတြ ဖန္တီးဖို႔ေစတနာ့ဝန္ထမ္းအမ်ားႀကီးလိုသလို လုပ္ၿပီးသားကိရိယာေတြကို လိုအပ္တဲ့ေဆး႐ုံေတြကို ေပးပို႔ႏိုင္ဖို႔ ေစတနာ့ဝန္ထမ္းေတြလည္း လိုအပ္ေနပါေသးတယ္ လို႔ Quinn ရဲ႕ မိခင္ျဖစ္သူ Heahter က ဆိုပါတယ္။ ကေလးငယ္ရဲ႕ ကူညီခ်င္မႈ နဲ႔ ဖန္တီးမႈကို လူမႈကြန္ရက္သုံးစြဲသူေထာင္ေပါင္းမ်ားစြာက တအံတၾသခ်ီးက်ဴးေနၾကပါတယ္။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!