Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကနေဒါက ခြေတစ်ဖက်နဲ့ သူရဲကောင်း အပြေးသမားလေး

by Thutamm
September 4, 2019
Reading Time: 1min read
0
ကနေဒါက ခြေတစ်ဖက်နဲ့ သူရဲကောင်း အပြေးသမားလေး
Share on FacebookShare on Twitter

(Unicode)

Terry Fox ကို ကနေဒါနိုင်ငံ မနီတိုဗားပြည်နယ် ဝင်နီပက်မြို့မှာမွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အားကစားမှာထူးချွန်ပြီး ကျောင်းသားဘဝတစ်လျှောက်လုံး ဘတ်စကတ်ဘော အားကစားသမား ၊ မာရသွန်အပြေးသမား ဖြစ်ခဲ့ပြီးပြိုင်ပွဲပေါင်းများစွာမှာ ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ ဒါပေမယ့် Terry အသက် ၁၈နှစ်အရွယ်ရောက်တဲ့အခါမှာတော့ သူ့မှာ အရိုးကင်ဆာ ရောဂါဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ခြေထောက်တစ်ဖက်ကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့် ဝှီးချဲပေါ်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အားကစားကိုချစ်တဲ့ Terry ဟာ ဝှီးချဲနဲ့အတူ ဘတ်စကတ်ဘောပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပါသေးတယ်။ တဖြည်းဖြည်းနဲ့ ကင်ဆာဟာ ပိုမိုဆိုးရွားလာခဲ့ပြီး ၁၉၇၇ခုနှစ်မှာတော့ Terry ရဲ့ ညာဘက်ခြေထောက်ကို ဒူးခေါင်းအပေါ်ဘက် ၆လက်မခန့်အထိ ဖြတ်ပစ်ခဲ့ရပါတယ်။ ခြေအတုတစ်ဖက်တပ်ကာ အားကစားကို ဆက်လုပ်နေခဲ့ပြီး ဝှီးချဲဘတ်စကတ်ဘောပြိုင်ပွဲမှာလည်း နိုင်ငံအတွက် ချန်ပီယံဆု ၃ခုကိုလည်း ရရှိအောင်စွမ်းဆောင်ပေးခဲ့ပါသေးတယ်။

Terry Fox ရဲ့ ခြေတုကို ထိမ်းသိမ်းပြသထား

ဆေးရုံတက်နေစဉ်အတွင်းမှာ Terry ဟာ များပြားလှစွာသော ကင်ဆာဝေဒနာရှင်တွေရောဂါခံစားနေရတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီထဲက အများစုဟာ ငယ်ရွယ်တဲ့ကလေးငယ်တွေဖြစ်ပါတယ်။ ဒါကြောင့် Terry ဟာ ကင်ဆာဝေဒနာရှင်တွေကိုထောက်ပံ့နိုင်ဖို့ နဲ့ ကင်ဆာသုတေသနအတွက် ကနေဒါနိုင်ငံကိုဖြတ်ပြေးပြီး ရန်ပုံငွေရှာဖို့ စိတ်ကူးခဲ့ပါတယ်။ သူ့ရဲ့ပြေးမယ့်ခရီးကို မျှော်လင့်ချက်မာရသွန်(Marathon of Hope)လို့ အမည်ပေးခဲ့ပါတယ်။ သူ့ရဲ့ပြေးပွဲအတွက် ကနေဒါတစ်နိုင်ငံလုံးမှာရှိတဲ့ လူပေါင်း ၂၄သန်းကို ၁ယောက် ၁ဒေါ်လာစီထည့်ဖို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီနောက်တော့ အသက်၂၁နှစ်အရွယ်သာရှိသေးတဲ့ Terry ဟာ ၁၉၈၀ခုနှစ် ဧပြီလ ၁၂ရက်နေ့မှာ ခြေတုတပ်ပြီး စပြေးခဲ့ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့ အလွန်နာကျင်ပေမယ့် ဒီနာကျင်မှုဟာ Terry ရဲ့ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။ အစပိုင်းမှာတော့ လူစိတ်ဝင်စားမှုနည်းတဲ့အတွက် မျှော်လင့်ထားသလောက် ရန်ပုံငွေမရှာနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းလူသိများလာခဲ့ပြီးတဲ့နောက် နိုင်ငံခေါင်းဆောင်များ ၊ လုပ်ငန်းရှင်များကပါ စိတ်ဝင်စားလာကြပြီး သူပြေးတဲ့လမ်းတစ်လျှောက်မှာ အလှူငွေများထည့်ဝင်လာကြပါတယ်။

ဗစ်တိုးရီးယားက Terry Fox ရုပ်တု

သူဟာ ကနေဒါရဲ့ အတ္တလန်တစ်ဒေသတွေဖြစ်တဲ့ ကွီးဘက် နဲ့ အွန်တေရီယိုဒေသတွေကို ဖြတ်ပေးခဲ့ပါတယ်။ တစ်နေ့ကို ၂၆မိုင်နှုန်းနဲ့ပြေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စက်တင်ဘာလ ၁ရက်နေ့ Terry ဟာ အွန်တေရီယိုရဲ့ Thunder ပင်လယ်အော်အရောက်မှာတော့ မခံမရပ်နိုင်အောင်နာကျင်လာတဲ့အတွက် ပြေးခြင်းကို ရပ်တန့်ခဲ့ရပါတယ်။ အကြောင်းကတော့ သူ့ရဲ့ကင်ဆာပိုးဟာ အဆုတ်အထိပျံ့နှံ့သွားပြီဖြစ်ပါတယ်။ သူဟာရက်ပေါင်း ၁၄၃ရက်ပြေးခဲ့ပြီး မိုင်ပေါင်း ၃၃၃၉မိုင် ခရီးကိုရောက်ခဲ့ပါတယ်။ သူဟာ မပြီးသေးတဲ့သူ့ရဲ့ခရီးကို အကြိမ်ကြိမ်ဆက်ဖို့ကြိုးစားခဲ့ပေမယ့် ရောဂါဟာပိုမိုဆိုးရွားလာခဲ့ပြီး ၉လအကြာ ၁၉၈၁ခုနှစ် ဇွန်လ ၂၈ရက်နေ့ မှာတော့ Terry သေဆုံးခဲ့တဲ့အတွက် တစ်နိုင်ငံလုံးဝမ်းနည်းခဲ့ရပါတယ်။

Terry fox ေျပးခဲ့ရာလမ္းေၾကာင္း
Thunder Bay အရောက် ဆက်မပြေးနိုင်တော့

ကနေဒါအစိုးရက Terry ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ဆောင်ချက်ကြောင့် ၁ဒေါ်လာ ငွေဒင်္ဂါးမှာ Terry ရဲ့ရုပ်ပုံကိုထည့်သွင်းပြီး သွန်းလုပ်စေခဲ့ပါတယ်။ သေဆုံးသွားတဲ့အတွက် အားလုံးဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးက အစိုးရရုံးတွေ အလံတစ်ဝက်ချပေးခဲ့ပါတယ်။ the Order of Canada ဆိုတဲ့ ကနေဒါရဲ့ အမြင့်ဆုံးဆုကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ သူ့ရဲ့ Marathon of Hope ပြေးပွဲကနေ ဒေါ်လာ ၂၄သန်း ရရှိခဲ့ပြီး ကင်ဆာဖောင်ဒေးရှင်းအတွက် ထောက်ပံ့နိုင်ခဲ့ပါတယ်။

သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ Terry Fox Run ဆိုတဲ့အမည်နဲ့ မာရသွန်ပြေးပွဲကို ကနေဒါမှာ ကျင်းပပေးခဲ့ပြီး နိုင်ငံပေါင်း ၆၀ကျော်က လူပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာတော့ သူ့နာမည်နဲ့ ကင်ဆာဖောင်ဒေးရှင်းဟာ ဒေါ်လာ သန်း၇၅၀ အထိ အလှူငွေတွေရရှိခဲ့ပြီး ကင်ဆာသုတေသန နဲ့ ကင်ဆာဝေဒနာရှင်များကို ထောက်ပံ့နေနိုင်ပြီဖြစ်ပါတယ်။ သူစွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုအသီးအပွင့်တွေကိုတော့ လူငယ်လေးဟာ မြင်တွေ့ မသွား လိုက်ရရှာပါဘူး။

ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာ လူတွေကို သိစေချင်ရုံလေးပါ။ အိပ်မက်ဆိုတာ ကြိုးစားပြီး လက်တွေ့အကောင်အထည်ဖော်မှသာ ဖြစ်လာနိုင်တဲ့အရာပါ။ ကျွန်တော့်လိုလူကတောင် လုပ်နိုင်သေးရင် ခင်ဗျားက ပိုလုပ်နိုင်ရမှာပေါ့။
Terry Fox

သူ့ရဲ့ခရီးစဉ်အဆုံးသတ်ရာ Thunder Bay မှာရှိတဲ့ အထိမ်းအမှတ်ရုပ်တု

(Zawgyi)

ကေနဒါက ေျခတစ္ဖက္နဲ႔ သူရဲေကာင္း အေျပးသမားေလး

Terry Fox ကို ကေနဒါႏိုင္ငံ မနီတိုဗားျပည္နယ္ ဝင္နီပက္ၿမိဳ႕မွာေမြးဖြားခဲ့ပါတယ္။ ငယ္စဥ္ကတည္းက အားကစားမွာထူးခြၽန္ၿပီး ေက်ာင္းသားဘဝတစ္ေလွ်ာက္လုံး ဘတ္စကတ္ေဘာ အားကစားသမား ၊ မာရသြန္အေျပးသမား ျဖစ္ခဲ့ၿပီးၿပိဳင္ပြဲေပါင္းမ်ားစြာမွာ ဆုတံဆိပ္ေတြရရွိခဲ့ပါတယ္။ ဒါေပမယ့္ Terry အသက္ ၁၈ႏွစ္အ႐ြယ္ေရာက္တဲ့အခါမွာေတာ့ သူ႔မွာ အ႐ိုးကင္ဆာ ေရာဂါျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။

ေျခေထာက္တစ္ဖက္ေကာင္းေကာင္းအလုပ္မလုပ္ေတာ့တာေၾကာင့္ ဝွီးခ်ဲေပၚေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ အားကစားကိုခ်စ္တဲ့ Terry ဟာ ဝွီးခ်ဲနဲ႔အတူ ဘတ္စကတ္ေဘာၿပိဳင္ပြဲ ဝင္ၿပိဳင္ခဲ့ပါေသးတယ္။ တျဖည္းျဖည္းနဲ႔ ကင္ဆာဟာ ပိုမိုဆိုး႐ြားလာခဲ့ၿပီး ၁၉၇၇ခုႏွစ္မွာေတာ့ Terry ရဲ႕ ညာဘက္ေျခေထာက္ကို ဒူးေခါင္းအေပၚဘက္ ၆လက္မခန႔္အထိ ျဖတ္ပစ္ခဲ့ရပါတယ္။ ေျခအတုတစ္ဖက္တပ္ကာ အားကစားကို ဆက္လုပ္ေနခဲ့ၿပီး ဝွီးခ်ဲဘတ္စကတ္ေဘာၿပိဳင္ပြဲမွာလည္း ႏိုင္ငံအတြက္ ခ်န္ပီယံဆု ၃ခုကိုလည္း ရရွိေအာင္စြမ္းေဆာင္ေပးခဲ့ပါေသးတယ္။

Terry Fox ရဲ႕ ေျခတုကို ထိမ္းသိမ္းျပသထား

ေဆး႐ုံတက္ေနစဥ္အတြင္းမွာ Terry ဟာ မ်ားျပားလွစြာေသာ ကင္ဆာေဝဒနာရွင္ေတြေရာဂါခံစားေနရတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီထဲက အမ်ားစုဟာ ငယ္႐ြယ္တဲ့ကေလးငယ္ေတြျဖစ္ပါတယ္။ ဒါေၾကာင့္ Terry ဟာ ကင္ဆာေဝဒနာရွင္ေတြကိုေထာက္ပံ့ႏိုင္ဖို႔ နဲ႔ ကင္ဆာသုေတသနအတြက္ ကေနဒါႏိုင္ငံကိုျဖတ္ေျပးၿပီး ရန္ပုံေငြရွာဖို႔ စိတ္ကူးခဲ့ပါတယ္။ သူ႔ရဲ႕ေျပးမယ့္ခရီးကို ေမွ်ာ္လင့္ခ်က္မာရသြန္(Marathon of Hope)လို႔ အမည္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ေျပးပြဲအတြက္ ကေနဒါတစ္ႏိုင္ငံလုံးမွာရွိတဲ့ လူေပါင္း ၂၄သန္းကို ၁ေယာက္ ၁ေဒၚလာစီထည့္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

အဲဒီေနာက္ေတာ့ အသက္၂၁ႏွစ္အ႐ြယ္သာရွိေသးတဲ့ Terry ဟာ ၁၉၈၀ခုႏွစ္ ဧၿပီလ ၁၂ရက္ေန႔မွာ ေျခတုတပ္ၿပီး စေျပးခဲ့ပါတယ္။ ေျခေထာက္တစ္ဖက္တည္းနဲ႔ အလြန္နာက်င္ေပမယ့္ ဒီနာက်င္မႈဟာ Terry ရဲ႕ စိတ္အားထက္သန္မႈကို မတားဆီးႏိုင္ခဲ့ပါဘူး။ အစပိုင္းမွာေတာ့ လူစိတ္ဝင္စားမႈနည္းတဲ့အတြက္ ေမွ်ာ္လင့္ထားသေလာက္ ရန္ပုံေငြမရွာႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ တျဖည္းျဖည္းလူသိမ်ားလာခဲ့ၿပီးတဲ့ေနာက္ ႏိုင္ငံေခါင္းေဆာင္မ်ား ၊ လုပ္ငန္းရွင္မ်ားကပါ စိတ္ဝင္စားလာၾကၿပီး သူေျပးတဲ့လမ္းတစ္ေလွ်ာက္မွာ အလႉေငြမ်ားထည့္ဝင္လာၾကပါတယ္။

ဗစ္တိုးရီးယားက Terry Fox ႐ုပ္တု

သူဟာ ကေနဒါရဲ႕ အတၱလန္တစ္ေဒသေတြျဖစ္တဲ့ ကြီးဘက္ နဲ႔ အြန္ေတရီယိုေဒသေတြကို ျဖတ္ေပးခဲ့ပါတယ္။ တစ္ေန႔ကို ၂၆မိုင္ႏႈန္းနဲ႔ေျပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ စက္တင္ဘာလ ၁ရက္ေန႔ Terry ဟာ အြန္ေတရီယိုရဲ႕ Thunder ပင္လယ္ေအာ္အေရာက္မွာေတာ့ မခံမရပ္ႏိုင္ေအာင္နာက်င္လာတဲ့အတြက္ ေျပးျခင္းကို ရပ္တန႔္ခဲ့ရပါတယ္။

အေၾကာင္းကေတာ့ သူ႔ရဲ႕ကင္ဆာပိုးဟာ အဆုတ္အထိပ်ံ႕ႏွံ႔သြားၿပီျဖစ္ပါတယ္။ သူဟာရက္ေပါင္း ၁၄၃ရက္ေျပးခဲ့ၿပီး မိုင္ေပါင္း ၃၃၃၉မိုင္ ခရီးကိုေရာက္ခဲ့ပါတယ္။ သူဟာ မၿပီးေသးတဲ့သူ႔ရဲ႕ခရီးကို အႀကိမ္ႀကိမ္ဆက္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ေရာဂါဟာပိုမိုဆိုး႐ြားလာခဲ့ၿပီး ၉လအၾကာ ၁၉၈၁ခုႏွစ္ ဇြန္လ ၂၈ရက္ေန႔ မွာေတာ့ Terry ေသဆုံးခဲ့တဲ့အတြက္ တစ္ႏိုင္ငံလုံးဝမ္းနည္းခဲ့ရပါတယ္။

Terry fox ေျပးခဲ့ရာလမ္းေၾကာင္း
Thunder Bay အေရာက္ ဆက္မေျပးႏိုင္ေတာ့

ကေနဒါအစိုးရက Terry ရဲ႕ သူရဲေကာင္းဆန္တဲ့လုပ္ေဆာင္ခ်က္ေၾကာင့္ ၁ေဒၚလာ ေငြဒဂၤါးမွာ Terry ရဲ႕႐ုပ္ပုံကိုထည့္သြင္းၿပီး သြန္းလုပ္ေစခဲ့ပါတယ္။ ေသဆုံးသြားတဲ့အတြက္ အားလုံးဝမ္းနည္းျခင္းအထိမ္းအမွတ္အေနနဲ႔ တစ္ႏိုင္ငံလုံးက အစိုးရ႐ုံးေတြ အလံတစ္ဝက္ခ်ေပးခဲ့ပါတယ္။ the Order of Canada ဆိုတဲ့ ကေနဒါရဲ႕ အျမင့္ဆုံးဆုကိုလည္း ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ပါတယ္။ သူ႔ရဲ႕ Marathon of Hope ေျပးပြဲကေန ေဒၚလာ ၂၄သန္း ရရွိခဲ့ၿပီး ကင္ဆာေဖာင္ေဒးရွင္းအတြက္ ေထာက္ပံ့ႏိုင္ခဲ့ပါတယ္။

သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ Terry Fox Run ဆိုတဲ့အမည္နဲ႔ မာရသြန္ေျပးပြဲကို ကေနဒါမွာ က်င္းပေပးခဲ့ၿပီး ႏိုင္ငံေပါင္း ၆၀ေက်ာ္က လူေပါင္းမ်ားစြာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကပါတယ္။ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလမွာေတာ့ သူ႔နာမည္နဲ႔ ကင္ဆာေဖာင္ေဒးရွင္းဟာ ေဒၚလာ သန္း၇၅၀ အထိ အလႉေငြေတြရရွိခဲ့ၿပီး ကင္ဆာသုေတသန နဲ႔ ကင္ဆာေဝဒနာရွင္မ်ားကို ေထာက္ပံ့ေနႏိုင္ၿပီျဖစ္ပါတယ္။ သူစြမ္းေဆာင္ခဲ့တဲ့ ေအာင္ျမင္မႈအသီးအပြင့္ေတြကိုေတာ့ လူငယ္ေလးဟာ ျမင္ေတြ႕ မသြား လိုက္ရရွာပါဘူး။

ႀကိဳးစားရင္ ဘာမဆိုျဖစ္လာႏိုင္တယ္ဆိုတာ လူေတြကို သိေစခ်င္႐ုံေလးပါ။ အိပ္မက္ဆိုတာ ႀကိဳးစားၿပီး လက္ေတြ႕အေကာင္အထည္ေဖာ္မွသာ ျဖစ္လာႏိုင္တဲ့အရာပါ။ ကြၽန္ေတာ့္လိုလူကေတာင္ လုပ္ႏိုင္ေသးရင္ ခင္ဗ်ားက ပိုလုပ္ႏိုင္ရမွာေပါ့။
Terry Fox

သူ႔ရဲ႕ခရီးစဥ္အဆုံးသတ္ရာ Thunder Bay မွာရွိတဲ့ အထိမ္းအမွတ္႐ုပ္တု

Tags: successfulworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!