Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုရိုနာကာကွယ်ဆေး ထုတ်လုပ်မယ့် စက်ရုံ ၇ရုံ တည်ဆောက်ပေးမယ့် ဘီဂိတ်စ်

by Thutamm
April 6, 2020
Reading Time: 1min read
0
ကိုရိုနာကာကွယ်ဆေး ထုတ်လုပ်မယ့် စက်ရုံ ၇ရုံ တည်ဆောက်ပေးမယ့် ဘီဂိတ်စ်
Share on FacebookShare on Twitter

လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို နိုင်ငံတကာ ပညာရှင်အဖွဲ့အသီးသီးက စမ်းသပ်လျက်ရှိနေပြီး အခြေအနေကောင်းများ ရရှိနေပါတယ်။ စမ်းသပ်တဲ့ အဆင့်ကနေ အောင်မြင်ပြီး လူတွေဆီကိုဖြန့်နိုင်ဖို့ အတွက်တော့ အနည်းဆုံး လပေါင်းများစွာ ကြာနိုင်တယ်လို့ ကြေညာထားကြပါတယ်။ ကာကွယ်ဆေးမြန်မြန်ထုတ်နိုင်မှ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

ဒီအတွက် မိုက်ခရိုဆော့ဖ်သူဌေးကြီး ဘီဂိတ်စ်က သူ့ရဲ့အစီအစဉ်တခုကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က Trevor Noah တင်ဆင်ခဲ့တဲ့ Daily Show မှာ ကြေညာခဲ့ပါတယ်။ ဒါကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မယ့် စက်ရုံ ၇ ခုအတွက် ငွေကြေးအလုံအလောက် ထောက်ပံ့သွားမယ်လို့ ဆိုတာပါ။

ကမ္ဘာ့အကြီးဆုံးဖောင်ဒေးရှင်း တခုဖြစ်တဲ့ Bill & Melinda Gates ဖောင်ဒေးရှင်းကနေ အခုလို ငွေကြေးစိုက်ထုတ်လိုက်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ခုခံတိုက်ဖျက်နိုင်ဖို့ကြိုးစားနေတဲ့ အစိုးရထက် ဒီပြသနာကို ပိုမိုလျင်မြန်စွာဖြေရှင်းနိုင်လိမ့်မယ် လို့ ဘီဂိတ်စ်က ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဖောင်ဒေးရှင်းက ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံတော်တော်များများရှိပြီးသားပါ။ ကပ်ရောဂါအကြောင်းကို စောစောကတည်းက တွေးမိထားပြီးဖြစ်တာကြောင့် ကာကွယ်ဆေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထောက်ပံ့မှုအချို့ကိုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ငွေကြေးစောစောစိုက်ထုတ်လိုက်တော့ လုပ်စရာရှိတာတွေကို အရှိန်မြှင့်ပြီး မြန်မြန်အကောင်အထည်ဖော်နိုင်တာပေါ့ဗျာ” လို့ ဘီဂိတ်စ်ကပြောခဲ့ပါတယ်။

ဘီဂိတ်စ်ရဲ့ ဖောင်ဒေးရှင်းအနေနဲ့ ကာကွယ်ဆေး ထုတ်လုပ်ဖို့ သင့်တော်တဲ့ အဖွဲ့တွေကို ရွေးချယ်ကာ စက်ရုံ ၇ ရုံ ဆောက်လုပ်ပေးသွားမှာပါ။ “ဘာလို့ စက်ရုံ ၇ ခုလုံးဆောက်ပေးသလဲဆိုတော့ ဘယ်ဟာက အကောင်းဆုံးဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ မသိဘူးလေ။ အချိန်အများကြီး အကုန်မခံနိုင်တဲ့အတွက် ဒီလိုလုပ်ရတာဖြစ်ပြီး အဲဒီထဲကမှ အကောင်းဆုံး ကာကွယ်ဆေး ၁ မျိုး (သို့) ၂ မျိုးကို ရွေးချယ်သွားမှာပါ”

ကာကွယ်ဆေးထုတ်လုပ်မယ့်သူတွေအနေနဲ့ အရည်သွေးကောင်းတဲ့ ကိရိယာတွေနဲ့အတူ ကိုယ်ပိုင်စက်ရုံလည်း ရှိနေမှ အဆင်ပြေမှာဖြစ်ပြီး ဒီအတွက်ဒေါ်လာ ဘီလျံနဲ့ ချီပြီးဖြုန်းလိုက်သလို ဖြစ်သွားနိုင်ကြောင်း ၊ ဒါပေမယ့်လည်း စီးပွားရေးလုပ်ငန်းတွေမှာ ဒေါ်လာ ထရီလီယံ နဲ့ချီပြီးဆုံးရှုံးမှာထက်စာရင် တော်သေးကြောင်း ၊ အချိန် ၁၈လ ခန့်ကြာမြင့်နိုင်ကြောင်း ဘီဂိတ်စ်က ဆိုပါတယ်။

ကပ်ရောဂါကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် ပိုမိုတင်းကျပ်စွာ လော့ဒေါင်းချဖို့တိုက်တွန်းထားပြီး ကန့်သတ်ပိတ်ပင်မှုများကို အနည်းဆုံး ၁၀ပတ်လောက်အထိ လုပ်သင့်ကြောင်း ဘီဂိတ်စ်က ပြောခဲ့ပါတယ်။ ဘီဂိတ်စ် နဲ့ ဇနီးဖြစ်သူ မင်လယ်ဒါဂိတ်စ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထည့်ဝင်လှူဒါန်းမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကတိပြုထားခဲ့ကြပါသေးတယ်။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!