Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုယ့်ကိုယ်ကို သတ်သေမယ့် လူပေါင်း ၅၀၀ကျော်ကို ကယ်တင်နိုင်ခဲ့သူ

by Thutamm
September 4, 2019
Reading Time: 1min read
0
ကိုယ့်ကိုယ်ကို သတ်သေမယ့် လူပေါင်း ၅၀၀ကျော်ကို ကယ်တင်နိုင်ခဲ့သူ
Share on FacebookShare on Twitter

သူကတော့ ဂျပန်ရဲအရာရှိဖြစ်သူ Yukio Shige ပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ သူ့အသက်ဟာ ၇၀ ရှိပါပြီ။ သူ့သက်တမ်းတစ်လျှောက်မှာ ကိုယ့်ကိုယ်ကို သတ်သေမယ့် လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူကယ်တင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူအရေအတွက်ကတော့ ၅၀၀ကျော်ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ကိုယ့်ကိုယ်ကိုသတ်သေမှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်မှာ ဒီလိုသူရဲကောင်းတစ်ယောက်ရှိနေပါသေးတယ်။

တကယ်တော့ Yukio ဟာ ဖူကူအိနယ်မြေက ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ဝန်ထမ်းဘဝကို ၄၂နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူပင်စင်မယူခင်နောက်ဆုံး တာဝန်ကျခဲ့တဲ့နေရာကတော့ ဒီ Tonjinbo ဒေသမှာဖြစ်ပါတယ်။ မကြာခဏ ကိုယ့်ကိုယ်ကိုသတ်သေသူတွေရဲ့ အလောင်းတွေကို ဆယ်ယူခဲ့ရပါတယ်။

ဒီလိုအချိန်မျိုးမှာ Yukio ဟာ အလွန်စိတ်ထိခိုက်လေ့ရှိပါတယ်။ ဒါကြောင့် ဒီလူတွေအတွက် သူ့မှာတာဝန်ရှိတယ်လို့ ခံယူထားပြီး ပင်စင်ယူချိန်ကစလို့ အသက် ၇၀ပြည့်တဲ့အထိ တောက်လျှောက်ကယ်ဆယ်ခဲ့တာပဲဖြစ်ပါတယ်။

မစ္စတာ Yukio ဟာ ဖူကူအိ (Fukui) စီရင်စုမှာရှိတဲ့ တိုးဂျင်ဘို(Tonjinbo) တောင်ကုန်းတွေတလျှောက်ကို လှည့်လည်စောင့်ကြည့်လေ့ရှိပါတယ်။ ဒီနေရာဟာ ခရီးသွားတွေ လာလေ့ရှိတဲ့အပြင် သတ်သေမှုအများဆုံးဖြစ်ပွားရာ နေရာတစ်ခုအဖြစ်လည်း နာမည်ကြီးပါတယ်။ Yukio ဟာ ဒီနေရာတစ်ဝိုက်ကို နေ့စဉ်နေ့တိုင်း စေတနာ့ဝန်ထမ်း ၃ဦး နဲ့အတူ လှည့်ပတ်နေလေ့ရှိပါတယ်။

ဒီလိုကြည့်ရှု့တဲ့အခါမှာ အဝေးကနေ လှမ်းကြည့်နိုင်ဖို့အတွက် အဝေးကြည့်မှန်ပြောင်းတွေကို သုံးကာ ကြည့်ရှု့လေ့ရှိပါတယ်။ သူတို့ဟာ သတ်သေဖို့ကြိုးစားနေသူတွေကိုတွေ့တဲ့အခါ ဖြောင်းဖြပြောဆိုပြီး ဘဝကိုအရှုံးမပေးဖို့ သတ်မသေစေဖို့ အတတ်နိုင်ဆုံးကြိုးစားကြလေ့ရှိပါတယ်။

သူတစ်ယောက်တည်း လပေါင်း နှစ်ပေါင်းများစွာ ကင်းလှည့်ကူညီနေပြီးတဲ့နောက်မှာ ဒေသခံလူငယ်တွေကလည်း ဝိုင်းကူညီတာကြောင့် NPO ဆိုတဲ့အဖွဲ့လေးဖြစ်လာခဲ့ပါတယ်။ Yukio ဦးဆောင်တဲ့ဒီအဖွဲ့လေးဟာ ၁၁နှစ်အတွင်းမှာ ကိုယ့်ကိုယ်ကို သတ်သေမယ့် လူပေါင်း ၅၀၀ကျော်ရဲ့ အသက်ကို ကယ်တင်ခဲ့နိုင်ပါတယ်။

၂၀၀၃ခုနှစ်ကတည်းက ကယ်ဆယ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ Yukio ဟာ အခုအချိန်မှာတော့ ဒီပရဟိတအလုပ်ကို ဆက်လက်လုပ်ချင်နေပေမယ့် သူ့အသက်အရွယ်ကြောင့်နားလိုက်ရပါပြီ။ သူအနားမယူခင် နောက်ဆုံးကယ်ခဲ့တဲ့သူတွေကတော့ အကြွေးတွေနစ်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင် စုံတွဲနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ ပင်လယ်ထဲကိုခုန်ချပြီး ကိုယ့်ကိုယ်ကိုသတ်သေကြဖို့ ပြင်ဆင်ထားခဲ့ကြပါတယ်။

Yukio တွေ့သွားတဲ့အခါမှာတော့ သူကိုယ်တိုင်တတ်နိုင်သလောက် ကူညီပေးမယ်လို့ပြောပြီး သူတို့အသက်ကို ကယ်တင်ခဲ့နိုင်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ အဲဒီအချိန်တုန်းက ဒီစုံတွဲဟာ သတ်မသေခဲ့ကြပေမယ့် နောက် ၅ရက်အကြာမှာတော့ ဆွဲကြိုးချပြီး သတ်သေသွားကြပါတယ်။ Yukio အလွန်ပဲစိတ်ထိခိုက်ခဲ့ရပါတယ်။

တိုက်အမြင့်တွေ ၊ တောင်ကုန်းပေါ်တွေကနေ ခုန်ချဖို့ကြိုးစားသူတွေ ၊ ဒါမှမဟုတ် တနည်းနည်းနဲ့ သတ်သေဖို့ကြိုးစားသူတွေကို မစ္စတာ Yukio ဟာ သူတတ်နိုင်သလောက် အစွမ်းကုန်တားပြီး ကယ်ဆယ်လေ့ရှိပါတယ်။ Yukio ဟာ သတ်သေဖို့ ကြိုးစားသူတွေရဲ့ ဘဝကို တတ်နိုင်သလောက် ကူညီပြီး သူတို့ရဲ့ဘဝတွေကို ပြန်လည်ရှင်သန်စေခဲ့တဲ့ ရှာမှရှားတဲ့ သူရဲကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

Tags: amazingworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!