Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကုန်းပေါ်ရော ရေထဲမှာပါ မောင်းနှင်နိုင်တဲ့ ယာဉ် ၁၀ စီး

by Thutamm
January 4, 2020
Reading Time: 2min read
0
ကုန်းပေါ်ရော ရေထဲမှာပါ မောင်းနှင်နိုင်တဲ့ ယာဉ် ၁၀ စီး
Share on FacebookShare on Twitter

ယနေ့မျက်မှောက်ခေတ်ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွေမှာ မော်တော်ကား တွေဟာအလွန်အရေးပါနေတဲ့နေရာကနေဦးဆောင်နေတာကိုတွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ကာလကတော့ စစ်ရေးလိုအပ်ချက်တွေအရ မော်တော်ကားတွေကို ကုန်းပေါ်မှာသာမက ရေထဲမှာပါ မောင်းနှင်နိုင်ဖို့ ပညာရှင်တွေကဖန်တီးခဲ့ကြရာက (၁၉၆၀)ခုနှစ်နောက်ပိုင်းမှာတော့ ကုန်းလမ်းရောရေလမ်းခရီးပါသွားလာနိုင်တဲ့ မော်တော်ကားအရေအတွက်များစွာကို ထုတ်လုပ်လာနိုင်ကြတာကိုတွေ့ရပါတယ်။

ပညာရှင် တွေကတော့ မော်တော်ကားတွေကိုကုန်းပေါ်မှာပြသတဲ့စွမ်းဆောင်ရည်မျိုးနဲ့ထပ်တူ ရေထဲမှာပါပြသနိုင်ဖို့အတွက် စဉ်ဆက်မပြတ်နည်းပညာပိုင်းဆိုင်ရာမြှင့်တင်မှုတွေရှိနေခဲ့တယ်ဆိုပေမဲ့ ကုန်းလမ်း၊ရေလမ်းသွားမော်တော်ယာဉ်တွေကတော့ အရောင်းဈေး ကွက်အတွင်း တွင်တွင်ကျယ်ကျယ် နေရာယူထားနိုင်ခြင်းတောမရှိသေးပါဘူး။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ကမ္ဘာအနှံ့အပြားမှာအသုံးပြုလျက်ရှိနေတဲ့ ကမ္ဘာထိပ်တန်း ကုန်းလမ်း၊ရေလမ်းသွားမော်တော်ယာဉ်(၁၀)မျိုးရဲ့အကြောင်း အရာအချို့ဖြစ်ပါတယ်။

(၁၀) Gibbs Quadski

ATV အမျိုးအစားယာဉ်တစ်စီးဖြစ်တဲ့ Gibbs Quadski ယာဉ်ဟာ ရေထဲမှာပါ စပိဘုတ် တစ်စီးလိုမောင်းနှင်နိုင်ပါတယ်။ Gibbs Sports Amphibians ရဲ့ထုတ်ကုန်ဖြစ်ပြီး (၂၀၁၂) ခုနှစ်အောက်တိုဘာလအတွင်း ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ ဒီယာဉ်ဟာ ဂီယာ (၄)ချက်ပါဝင်ပြီး ကုန်းပေါ်ရော၊ရေထဲမှာပါ တစ်နာရီကို (၇၂)ကီလိုမီတာအထိရောက် အောင်မောင်းနှင်နိုင်ပါတယ်။

Marine jet propulsion system ကိုထည့်သွင်းတည် ဆောက်ထားပြီး ရေထဲမှာမောင်းနှင်နေချိန်မှာတော့ ကားရဲ့ဘီးတွေဟာ အလိုအလျောက် ကားအတွင်းဘက်မှာ ကပ်သွားမှာပါ။ မော်တော်ကားအဖြစ်ကနေ ရေယာဉ်တစ်စီးအဖြစ် ပြောင်းလဲဖို့(၅)စက္ကန့်လောက်သာ အချိန်ယူရမှာဖြစ်ပြီး High Speed Amphibian (HAS) နည်းပညာသုံး Gibbs Quadskiစီးရေ(၃၀၀)ထက်မနည်း ကို ကုမ္ပဏီတစ်ခုတည်းက မူပိုင်ခွင့်ရယူပြီး ကမ္ဘာအနှံ့ဖြန့်ချိလျှက်ရှိပါတယ်။

(၉) Amphicar

ဂျာမန်နိုင်ငံလုပ်ကုန်း၊ရေနှစ်မျိုးသွားမော်တော်ကား Amphicar ဟာရောင်းချရန် ရည်ရွယ်ချက်နဲ့(၁၉၆၁)ခုနှစ်လောက်ကတည်းကနယူးယောက်ကား ဈေးကွက်အတွင်း ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ဒီယာဉ်ရဲ့ဒီဇိုင်းကို ဂျာမန်လူမျိုးစက်မှု ဒီဇိုင်နာတစ် ယောက်ဖြစ်တဲ့ Hans Trippel ကရေးဆွဲခဲ့ပြီး နာမည်ကျော်ကားထုတ်လုပ်ရေး Quandt Group ကနေဂျာမနီနိုင်ငံ Lubeck မြို့နဲ့ဘာလင်ကBorsigwalde စက်မှုဇုန်တွေကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

စတင်ထုတ်လုပ်တဲ့ကာလတုန်းကတော့ Amphicar ဟာ ယင်းကာလတုန်းက ထွက်ရှိတဲ့ ကားအမျိုးအစားတွေအနက်မှာ ထိပ်တန်းအဆင့်က နေရပ်တည်နိုင်ခဲ့ပြီး စီးရေ (၄၀၀၀)အထိထုတ်လုပ်ပြီးချိန် (၁၉၆၅)ခုနှစ်မှာတော့ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။  Amphicar ဟာ ယနေ့အချိန်ထိလည်း ကုန်းလမ်းရေလမ်းသွားယာဉ်တွေအနက်မှာ ထိပ်တန်းနေရာက နေရပ်တည်နေသေးတာကိုတွေ့ရပြီး ဂုဏ်ပြုဆုတံဆိပ်များစွာလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီကားဟာ ကုန်းပေါ်မှာ ဆိုရင် တစ်နာရီ ၁၁၀ကီလိုမီတာ အမြန်နှုန်းရှိပြီး ရေထဲမှာတော့ ၁နာရီကို ရေမိုင် ၇မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။

(၈) Gibbs Aquada

နယူးဇီလန်နိုင်ငံအခြေစိုက် Gibbs Sports Amphibians ကထုတ်လုပ်တဲ့ Gibbs Aquadaဟာ မြန်နှုန်းမြင့် ကုန်းလမ်း၊ရေလမ်းသွားယာဉ်ဖြစ်ပြီး မြေပြင်မှာဆိုရင် တစ်နာရီကို (၁၆၀)ကီလိုမီတာ၊ ရေထဲမှာဆိုရင် တစ်နာရီကို (၅၀)ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။ 2.5L Rover V6 အင်ဂျင်တပ်ထားတဲ့ ဒီယာဉ်တွေကို ၂၀၀၃ ခုနှစ်ကနေ ၂၀၀၄ခုနှစ် အထိ အကန့်အသတ်နဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။

Gibbs Aquada ရဲ့အမြန်နှုန်းကို (၂၀၀၄)ခုနှစ်၊မတ်လက အင်္ဂလိပ်ရေလက်ကြားမှာ စမ်းသပ်ပြီး မောင်းနှင်သူ Richard Branson နဲ့အတူ အဲဒီယာဉ်ဟာ အင်္ဂလိပ်ရေလက်ကြားကို တစ်နာရီ၊(၄၀)မိနစ်၊ ခြောက်စက္ကန့်သာ အချိန်ယူပြီးကျော်ဖြတ်ပြခဲ့ပါ တယ်။ ဒီယာဉ်တွေရဲ့နောက်မှာတော့ Gibbs Sports ကုမ္ပဏီဟာ နည်းပညာပိုမိုမြှင့်တင်ပြီး Gibbs Humdinga နဲ့ Gibbs Quadski တို့ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။

(၇) Rinspeed Splash

နာမည်ကျော် Swiss ပြိုင်ကားပုံစံတည်ဆောက်ထားတဲ့ Rinspeed Splash ဟာ (၂၀၀၄) ခုနှစ်အတွင်းမှာ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ပြီး hydrofoil လို့သိကြတဲ့ ရှပ်ပြေး ယာဉ်ပုံစံဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး ရေပြင်မှာတစ်နာရီကို (၅၀)ကီလိုမီတာအထိ ခရီး ရောက်ပါတယ်။ ကုန်းပြင်ပေါ်မှာဆိုရင်တော့ Rinspeed Splashဟာ တစ်နာရီကို ကီလိုမီတာ (၂၀၀)အထိရောက်အောင်မောင်းနှင်နိုင်မှာဖြစ်ပြီး Gas စွမ်းအင်သုံးကား ဖြစ်ပါတယ်။

စတင်တည်ဆောက်ချိန်ကတည်းက သဘာဝပတ်ဝန်းကျင်ကိုညစ်နွမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏလေထုအတွင်းကို ထုတ်လွှတ်မှုအနည်းဆုံးဖြစ်အောင် တည်ဆောက်ထားတဲ့ Rinspeed Splash ဟာ (၇၅၀)cc ရှိတဲ့ Cylinder (၂)ခုပါ turbo-charged အင်ဂျင်ကိုတပ်ဆင်ထားပါတယ်။ ရပ်နေရာကနေ ၁နာရီ ၁၀၀ကီလိုမီတာ အမြန်နှုန်းကို ၅.၉စက္ကန့်နဲ့ တင်နိုင်ပါတယ်။

(၆) SeaRoader Lamborghini Countach

မြင့်မားတဲ့ နည်းပညာများကို ထည့်သွင်းတည်ဆောက်ထားတဲ့ ဒီကားဟာ Amphibious Lamborghini လို့ လူသိများပါတယ်။  Mike Ryan ဆိုသူက တည်ဆောက်ခဲ့တာဖြစ်ပြီး ကုန်း၊ ရေနှစ်သွယ်မောင်းနှင်နိုင်တဲ့ ဒီကားကို Z1A လို့ အမည်ပေးခဲ့ပေမယ့် လန်ဘော်ဂီနီ Countach နဲ့ ထပ်တူနီးပါး တူညီနေတာကြောင့် ကုန်းရေ သွားနိုင်တဲ့ Lamborghini ကားလို့ ခေါ်ကြခြင်းဖြစ်ပါတယ်။ တကယ့်လန်ဘော်ဂီနီ အစစ်တော့ မဟုတ်ပါဘူး။

ဒီကားရဲ့အင်ဂျင်က မြင်းကောင်ရေ ၁၈၈ ကောင်အား ၃၉၀၀ စီစီ Rover V8 ဖြစ်သည့်အတွက်ကုန်းပေါ်တွင်သာမက ရေထဲတွင်လည်းအဆင်ပြေပြေမောင်းနှင်နိုင်ပါတယ်။ ကုန်းပေါ်မှာ ပုံမှန်ကားဖြစ်နေပေမယ့် ရေထဲရောက်တဲ့အခါမှာတော့ ကားနောက်ပိုင်းက ပန်ကာဒလက်နှစ်ခု နဲ့ တက်မ တို့က အဆင်ပြေပြေမောင်းနှင်နိုင်ဖို့ ကူညီပေးပါတယ်။ ရှေ့ဘက်တွင်ပါသော Hydrofoil ဘားတန်းကတော့ ရေထဲမှာပေါ်နေစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီကားတည်ဆောက်မှုစရိတ်ကတော့ ဒေါ်လာ ၂၇၀၀၀ ခန့်သာကျသင့်ပါတယ်။

(၅) Gibbs Humdinga

ထိုင်ခုံ(၅)ခုံပါရှိတဲ့ Gibbs Humdingaဟာ 4WD အချိန်ပြည့်ရရှိနိုင်ပြီး မြန်နှုန်းမြင့် 350 BHP V8 အင်ဂျင်ကိုတပ်ဆင်ထားပါတယ်။ Gibbs Humdinga ကုန်းလမ်း၊ရေလမ်းသွား ယာဉ်ဟာ မြေပြင်မှာဆိုရင် တစ်နာရီကို(၁၆၀) ကီလိုမီတာအထိရောက်ရှိနိုင်ပြီး ရေထဲ မှာတော့ (၄၈)ကီလိုမီတာအထိသာ ရောက်နိုင်ပါတယ်။

Gibbs ကထုတ်လုပ်တဲ့ ဒီယာဉ်ကို (၂၀၁၂)ခုနှစ်၊ဖေဖော်ဝါရီလထဲကို ဈေးကွက်အတွင်းကိုမိတ်ဆက်ပေးခဲ့ပြီး ထုတ်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရည်ရွယ်ပါတယ်။ Gibbs Humdinga ဟာလည်း အထက်ကဖော်ပြထားခဲ့တဲ့ Gibbs Aquadaလိုပဲ High Speed Amphibian (HAS) နည်းပညာကိုအသုံးပြုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။

(၄) Hydra Spyder

အမိုးဖွင့်ပြိုင်ကားတစ်စီးပုံစံဒီဇိုင်းရေးဆွဲထားတဲ့၊ Hydra Spyder ဟာ အမေရိကန်အခြေစိုက် Cool Amphibious Manufactures International (CAMI) ရဲ့ထုတ်ကုန်ဖြစ်ပြီး (၂၀၀၆)ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ ကြည့်မိသူတိုင်း(၂)ကြိမ် ပြန်ကြည့်ရတဲ့ Hydra Spyder ကုန်းပေါ်မှာဆိုရင် တစ်နာရီကို (၂၀၁)ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး ရေပြင်မှာတော့ တစ်နာရီကို (၈၅)ကီလိုမီတာအထိရောက်အောင် မောင်းနှင်နိုင်မှာပါ။

Hydra Spyderရဲ့အလေးချိန် ကတော့ (၃၃၀၀)ပေါင်ရှိပြီး မြင်းကောင်ရေ(၄၀၀)အား ၊တစ်မိနစ်ကိုကြိမ်ရေ ၆၀၀၀ လည်နှုန်းရှိတဲ့ Covette LS2 6.0 liter V-8အင်ဂျင်ကိုတပ်ဆင်ထားပြီး ဂီယာ(၅)ချက် ပါဝင်ပါတယ်။ ပုံမှန်ကုန်းပေါ်ကားကနေ ရေယာဉ်အဖြစ်ပြောင်းချင်တဲ့အခါ dashboard က ခလုပ်တစ်ခုကို နှိပ်ရုံနဲ့ပြောင်းနိုင်ပါတယ်။ ခလုပ်ကိုနှိပ်လိုက်ပြီးတဲ့နောက် ကားဘီးတွေက ကိုယ်ထည်မှာ ကပ်သွားမှာ ဖြစ်သလို အင်ဂျင်ကိုလည်း ပြောင်းလဲမောင်းနှင်ပေးပါလိမ့်မယ်။

(၃) Dobbertin HydroCar

အလူမီနီယံကိုယ်ထည်နဲ့ ကားရဲ့အသေးစားအစိတ်အပိုင်းတွေအထိ ဒီဇိုင်းဖော်ထားတဲ့ Dobbertin HydroCar ဟာ ခလုတ်နှိပ်လိုက်ရုံခဏတာကာလအတွင်းမှာပဲ ရေထဲကိုမောင်းနှင်နိုင်တဲ့ ရေယာဉ်တစ်စီးအဖြစ်အသွင်ပြောင်းနိုင်ပါတယ်။ ကားရဲ့ အပြင်ပိုင်းမှာပါရှိတဲ့ ဘန်ကာတန်းတွေဟာ ကုန်းပေါ်မှာတော့ ကားကိုထိခိုက်မှု နည်းပါးအောင်ပြုလုပ်ပေးပြီး ရေထဲကိုရောက်သွားချိန်မှာတော့ ယင်းတန်းတွေဟာ အောက်ဘက်ကို (၈) လက်မနီးပါးနိမ့်ဆင်းပြီး ရေယာဉ်ပတ်လည်ကိုယ်ထည်တွေအဖြစ် ပြောင်းလဲသွားပါ တယ်။

Dobbertin HydroCarရဲ့ ရေယာဉ်ကိုယ်ထည်တွေမှာဆိုရင် သံမဏိကိုအသုံးပြု ပြီးအစိတ်အပိုင်း(၃၀၄)မျိုးလောက်ကိုဖန်တီးထားဖြစ်လို့ သံချေးတက်မှာကိုတော့ စိတ်ပူစရာမလိုပါဘူး။ ဒါအပြင် မြင်းကောင်ရေ (၇၆၂)ကောင်အား၊ တစ်မိနစ်ကိုလည် ပတ်နှုန်း (၅၈၀၀)လောက်ရှိတဲ့ Dyno-tuned Chevrolet အင်ဂျင်ကိုတပ်ဆင်ထား တာကိုတွေ့ရပြီး ရေယာဉ်တစ်စီးအဖြစ်လျှင်မြန်အောင်သွားလာနိုင်ဖို့တော့ သံမဏိပန် ကာ(၄)ရွက်ကိုတပ်ဆင်ပေးထားပါတယ်။ မူလက ပန်ကာရွက်(၆)ရွက်အထိ တပ်ဆင် ပေးထားပေမဲ့ အရှိန်ထိန်းညှိုရာမှာပိုမိုအဆင်ပြေစေဖို့အတွက် ပန်ကာ(၄)ရွက်သာ တပ်ဆင်ဖို့ ထုတ်လုပ်ရေးတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

(၂) Sea Lion

ကုန်းပေါ်မှာရော ရေထဲမှာပါ အမြန်ဆုံးယာဉ်တစ်စီးကို စီးနှင်းဖို့စိတ်ကူးရှိမယ်ဆိုရင် တော့ သာမန်မော်တော်ကားအဖြစ်ကနေ စက္ကန့်ပိုင်းအတွင်း စပိဘုတ်တစ်စီးအဖြစ် အသွင်ပြောင်းသွားနိုင်တဲ့ Sea Lion ကိုစီးနင်းသင့်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ Sea Lionဟာ နည်းပညာမြင့်ထုတ်ကုန် ကားတစ်စီးမဟုတ်ပဲ Amphibious World Speed Record Competition မှာပြိုင်ပွဲဝင်ဖို့ Marc Witt ဆိုသူဖန်တီးထားတဲ့ကား ဖြစ်ပါတယ်။

Sea Lionဟာ ကုန်းပေါ်မှာတော့ မြေမျက်နှာပြင်မရွေးမောင်းနှင်နိုင်ပြီး မြေပြန့်မှာဆိုရင် တစ်နာရီကို (၂၀၁)ကီလိုမီတာနဲ့ရေထဲမှာဆိုရင်တော့ တစ်နာရီကို (၉၆)ကီလိုမီတာအထိမောင်းနှင်နိုင်ပါတယ်။ Sea Lionရဲ့ကိုယ်ထည်ပိုင်းကိုတော့ TGI-welded 5052 aluminum နဲ့ CNC-milled တွေကိုအသုံးပြုထားပြီး ယာဉ်ရဲ့တန်ဖိုးက တော့ အမေရိကန်ဒေါ်လာ ၂၅၉၅၀၀ ဖြစ်ပါတယ်။

(၁) WaterCar Panther

ဂျစ်ကားတစ်စီးလား၊မော်တော်ဘုတ်တစ်စီးလားလို့ ထင်မှတ်စရာရှိတဲ့ WaterCar Panther ဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Pantherကားကုမ္ပဏီ ကထုတ်လုပ်တဲ့ ကုန်းလမ်း၊ရေလမ်းသွား ယာဉ်ဖြစ်ပြီး ကမ္ဘာပေါ်က ကုန်းလမ်း၊ရေလမ်းသွားယာဉ်တွေအနက်မှာတော့ အမြန်ဆုံး အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။

လွန်ခဲ့တဲ့(၁၃)နှစ်တာကာလက Pather ကိုစတင် ထူထောင်သူ Dave March ဟာကုန်းပေါ်မှာရော၊ရေထဲမှာပါ သွားလာနိုင်မဲ့ ကမ္ဘာအမြန် ဆုံးယာဉ်တစ်စီးကို ထုတ်လုပ်ဖို့စိတ်ကူးရှိခဲ့ပါတယ်။ သူစိတ်ကူးအတိုင်း အကောင် အထည်ဖော်ခဲ့ရာမှာတော့ WaterCar Panther ဆိုပြီဖြစ်လာခဲ့တာဖြစ်လာခဲ့တာဖြစ်ပြီး ယာဉ်ရဲ့အမြန်နှုန်းကတော့ ပုံမှန်အားဖြင့် မြေပြင်မှာဆိုရင်တစ်နာရီကို (၂၀၁)ကီလိုမီတာ နဲ့ရေပြင်မှာဆိုရင် တစ်နာရီ(၉၆)ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။

ကမ္ဘာကားလောကမှာတော့ WaterCar Pantherဟာပြီးပြည့်စုံတဲ့ ကုန်းလမ်း၊ရေလမ်း သွားယာဉ်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး ပုံမှန်မောင်းနှုန်းနဲ့ တစ်နာရီမိုင်(၄၅)မိုင်အထိရောက်နိုင်တဲ့ စပိဘုတ်တစ်စင်းနဲ့ တစ်နာရီကို မိုင်(၈၀) အထိ မောင်းနှင်နိုင်တဲ့Jeep Cj8 Scrambler တွေကိုအခြေခံပြီးတည်ဆောက်ခဲ့တာဖြစ်ပါ တယ်။ WaterCar Pantherရဲ့ကိုယ်ထည်ကိုတော့ Chromoly သံမဏိကိုအသုံးပြုတည် ဆောက်ထားတာဖြစ်ပြီး ကုန်း၊ရေသာမက သဲသောင်ပြင်၊ရွံနွံတောထဲတွေအထိ မောင်း နှင်နိုင်ပါတယ်။ Panther ကားတွေရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၁သိန်းဝန်းကျင်ကနေ ၂သိန်းခန့်အထိ ရှိနိုင်ပါတယ်။

Tags: tech

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

စိတ်ဝင်စားစရာ နက်ဗြူလာများ
Science & Tech

စိတ်ဝင်စားစရာ နက်ဗြူလာများ

ရေးသားသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ) လက်တင်ဘာသာစကားမှ ဆင်းသက်လာတဲ့ နက်ဗြူလာ (‘nebula’) ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်ကြည့်တဲ့အခါ တိမ်တိုက် (‘cloud’) လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် နက်ဗြူလာကတော့ တိမ်တိုက်တစ်ခုထက် များစွာ...

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့
Amazing

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့

ပုံမှန်ဆိုရင်တော့ ဆပ်ကပ်အဖွဲ့တွေဟာ တိရစ္ဆာန်အစစ်တွေကိုသာ သုံးပြီးဖျော်ဖြေလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဂျာမန်က ဆပ်ကပ်အဖွဲ့တဖွဲ့ကတော့ အများနဲ့ မတူပဲ Hologram နည်းပညာကို သုံးကာ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ Hologram ကတော့ ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ 3D ပုံရိပ်နည်းပညာ...

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ
Knowledge

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ

အာကာသဝတ်စုံတွေကိုတော့ ဆွဲအားမရှိတဲ့ အာကာသထဲမှာ အာကာသယာဉ်မှူးတွေဟာ အန္တရာယ်ကင်းစွာ အသင်ရှင်နိုင်ဖို့ ဝတ်ဆင်ကြရပါတယ်။ သူတို့ရဲ့အဓိကတာဝန်ကတော့ လေဟာနယ်မှာ အသက်ရှုစေဖို့ နဲ့ သင်တော်တဲ့အပူချိန်ကို ထိန်းညှိပေးဖို့ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အာကာသဝတ်စုံတွေကို နိုင်ငံတကာ အာကာသစခန်းမှာ အသုံးပြုလျက်ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ နည်းပညာမြင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!