Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကုန်သည်ကြီး နှင့် ဇနီးသည်လေးဦး

by Thutamm
August 7, 2019
Reading Time: 1min read
0
ကုန်သည်ကြီး နှင့် ဇနီးသည်လေးဦး
Share on FacebookShare on Twitter

ရေးသားသူ – သက်တန့်ချို

အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက် ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံ တယ် ။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမယ့်ပေး မယ်ဆို ရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။

ကုန်သည်ကြီးဟာ တတိယမြောက်ဇနီးကိုလည်း လွန်စွာ ချစ်မြတ်နိုးတယ် ။ သူမကို ပိုင်ဆိုင်ရခြင်း အတွက် အမြဲ ဂုဏ်ယူလေ့ရှိပြီး သူ့သူငယ်ချင်းတွေကိုလည်း တတိယမြောက်ဇနီးလေးကိုကြွားလေ့ရှိတယ် ။ ကုန်သည်ကြီးက ဒီဇနီးလေး တခြားယောင်္ကျားတွေနဲ့ ထွက်ပြေးသွားမှာကိုလည်း အရမ်းကြောက်လန့်နေခဲ့တယ် ။

ဒါ့အပြင်ကုန်သည်ကြီးဟာ ဒုတိယမြောက်ဇနီးကိုလည်း ချစ်မြတ်နိုးပါတယ် ။ သူမဟာ အရ်ကိုးစဉ်းစားတွေးခေါ် တတ်တယ် စိတ်လည်းရှည်ပြီး ကုန်သည်ကြီးရဲ့ လူယုံတစ်ယောက်လည်းဖြစ်ပါတယ် ။ ကုန်သည်ကြီးအနေနဲ့ ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပြီဆိုရင် ဒုတိယဇနီးဆီကိုသွားပြီး အကူအညီတောင်းခံလေ့ရှိတယ် ။ ဒုတိယ ဇနီးက ကုန်သည်ကြီးကို ကူညီပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိတယ် ။

ကုန်သည်ကြီးရဲ့ ပထမဆုံးဇနီးကတော့ တော်ဝင်အမျိုးအနွယ်ဖြစ်ပြီး ကုန်သည်ကြီးရဲ့ ဥစ္စာဓနတွေနဲ့အိမ်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ရတယ် ။ ဒါပေမယ့်လည်း ကုန်သည်ကြီးက ပထမဇနီးကိုတော့မချစ်ပါဘူး ။ သူမက သူ့ကို နက်ရှိုင်းစွာ ချစ်ပေမယ့်လည်း ကုန်သည်ကြီးကတော့ အမြဲပဲ ဆူညံစွာ ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ် ။

တစ်နေ့မှာ ကုန်သည်ကြီးနေမကောင်းဖြစ်တယ် ။ နေမကောင်းတာဟာ တဖြည်းဖြည်း အဲဒီရက်ကစလို့ ရှည်ကြာ လာတယ် ။ မကြာခင်သူသေဆုံးတော့မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေခဲ့တယ် ။ ကုန်သည်ကြီးက သူ့ဘ၀ သူပြန် စဉ်းစားပြီး တွေးနေတယ် ။ “ ငါ့မှာ ငါနဲ့အတူနေတဲ့ဇနီးလေးယောက်ရှိတယ် ဒါပေမယ့် ငါသေတဲ့ အခါ ငါတစ်ယောက်တည်းနေရတော့မယ် ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ !! ”

ဒါကြောင့် သူက စတုထ္ထမြောက်ဇနီးကိုမေးတယ် ။ “ ငါမင်းကိုအချစ်ဆုံးပါပဲ မင်းကို အသစ်လွင် ဆုံးအဝတ် အစားတွေပေးဝတ်ခဲ့တယ် အထူးပဲကြင်နာဂရုစိုက်ခဲ့တယ် အခုငါ သေရတော့မယ် မင်းငါနဲ့တမလွန်ကို အတူ အဖော်အဖြစ် လိုက်ခဲ့နိုင်မလား ” “ ဟင့်အင်း ” စတုထ္ထမြောက်ဇနီးက တစ်ခွန်းထဲဖြေပြီး ဘာစကား မှမပြောတော့ပဲလှည့်ထွက်သွားခဲ့တယ် ။

သူမအဖြေက ကုန်သည်ကြီးရဲ့နှလုံးသားကို ဓါးနဲ့လှီးခွဲလိုက်သလို နာကျင်ခဲ့ရတယ် ။ ဝမ်းနည်း သွားတဲ့ကုန် သည်ကြီးက တတိယဇနီးကိုမေးတယ် ။ “ ဇနီးအားလုံးထဲမှာ ငါမင်းကိုအချစ်ခဲ့ဆုံးပါပဲ အခုငါသေတော့ မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလား ” တတိယဇနီးကပြန်ဖြေတယ် “ ဒီမှာနေရတဲ့ ဘဝကပိုကောင်းပါတယ် ရှင်သေသွားပြီးရင်ကျွန်မမှာ နောက်အိမ်ထောင်ပြုဖို့ရှိသေးတယ် ” အဖြေကိုကြား လိုက်ရတဲ့အခါ ကုန်သည်ကြီးရဲ့ နှလုံးသားဟာ နာကျင်သွားပြီးအေးစက်သွားတယ် ။

ပြီးတော့ ဒုတိယဇနီးကိုသူဆက်မေးတယ် ။ “ ငါအကူအညီလိုတဲ့အခါတိုင်းမင်းဆီကိုလာခဲ့တယ် မင်းဟာ အမြဲငါ့ပြဿနာတွေ ကိုကူညီဖြေရှင်းပေးခဲ့တယ် အခု ငါသေရတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင် မလားဟင် ” “ စိတ်မကောင်းပါဘူးရှင် ဒီတစ်ကြိမ်တော့ကျွန်မရှင့်ကို မကူညီနိုင်တော့ပါဘူး အလွန်ဆုံးရှင့် ကို စိတ်အားတက်အောင်ပဲ ကျွန်မကူညီပေးနိုင်ပါ့မယ် ” အဖြေစကားက မိုးကြိုးပစ်ချလိုက် သလိုပါပဲ ကုန်သည်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့တယ် ပြီးအစာရေစာလည်းမဝင်တော့ဘူး ။

အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ် ။ “ ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ် ရှင်ဘယ်ကိုသွား သွားဘာတွေ ပဲဖြစ်ဖြစ်ကျွန်မရှင်နဲ့လိုက်ခဲ့ပါ့မယ် ”ကုန်သည်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ပထမဆုံး ဇနီးဖြစ်လို့နေ တယ် ။ သူမက ကလည်းပိန်ကပ်နေတယ် အစာရေစာချို့တဲ့နေသလိုပါပဲ ။ အံသြစွာနဲ့ကုန် သည်ကြီး ကပြော ခဲ့တယ် ။ “ ငါအသက်ရှင်စဉ်မှာ မင်းကို ငါ ဒီထက်ပိုပြီး ဂရုစိုက်သွားတော့မယ် ”

တကယ်တော့ ကျွန်တော်တို့ ဘဝတွေမှာ ဇနီးလေးယောက်စီရှိပါတယ် ။

၁ ။ စတုထ္ထဇနီးကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပါ ။ ခန္ဓာကိုယ်ကိုဘ ယ်လိုပဲကောင်းအောင် လှအောင် တောက် ပနေအောင်ပြုပြင်ဖန်တီးနေပေမယ့်လည်း ကျွန်တော်တို့သေဆုံးတဲ့အခါစွန့်ခွာခဲ့ရမှာပါပဲ ။

၂ ။ တတိယဇနီးကတော့ ကျွန်တော်တို့ ပိုင်ဆိုင်မှုစည်းစိမ်တွေပါ ။ ကျွန်တော်တို့သေတဲ့အခါ အဲဒီစည်း စိမ်တွေကလည်းတခြားလူတွေနဲ့အတူပါသွားလိမ့်မယ် ။

၃ ။ ဒုတိယဇနီးကတော့ ကျွန်တော်တို့မိသားစုနဲ့ သူငယ်ချင်းတွေပါ ။ ကျွန်တော်တို့ ဘယ်လောက် ပဲရင်းနှီး တယ်ပြောပြော ကျွန်တော်တို့အသက်ရှင်နေစဉ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့က အသက်ရှင်နေစဉ်မှာ ရဲရင့်အောင် စိတ်အားတက်ကြွအောင်ပဲဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။

၄ ။ ပထမဆုံးဇနီးကတော့ ကျွန်တော်တို့ရဲ့စိတ်အတွင်းသဏ္ဍန်ပါပဲ ။ ကျွန်တော်တို့တကယ်ပိုင်ဆိုင်တဲ့အရာပေါ့ အရာဝထ္ထုပစ္စည်းစည်းစိမ်တွေ နဲ့ အာရုံငါးပါးနောက်ကျွန်တော်တို့ ကောက်ကောက်ပါအောင် လိုက်ပြီး စိတ်ရင်းသဏ္ဍန်ကို လစ်လျှူရှုထားပေမယ့်လည်း ကျွန်တော်တို့ စိတ်တွင်းသဏ္ဍာန် ကတော့ကျွန်တော် တို့နဲ့အမြဲအတူရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ် အတူလိုက်ပါနေမှာဖြစ်ပါတယ် ။

သက်တန့်ချို
The 4 wives အားဘာသာပြန်ခံစားသည် ။

 

Tags: thinking

Related Posts

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ
Successful

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ

ရေးသားသူ - Saya Aung Ko Latt သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နှီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။ ၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။...

စောင်းနေသော အုတ်နီခဲ ၂လုံး
Thinking

စောင်းနေသော အုတ်နီခဲ ၂လုံး

ရေးသားသူ - ဦးဝင်းအောင်(ရေကြောင်းကျောင်းဆရာ) (CTPE) ဒီစာကို ရေးသူ က အင်္ဂလိပ်လူမျိုး Ajahn Brahm လို့ အမည်ရှိတဲ့ ဗုဒ္ဓဘာသာ ဆရာတော်ပါ။ သြစတြေလျမှာ သီတင်းသုံးခဲ့ပါတယ်။ Cambridge တက္ကသိုလ်က ရူပဗေဒနဲ့ ဘွဲ့ရခဲ့ပြီး ထိုင်းနိုင်ငံမှာ...

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ကုစားကြမလား
Thinking

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ကုစားကြမလား

ရေးသားသူ - TMK(သမန်းကျား) လူကြီးနဲ့လူငယ်အကြား ပြဿနာခဏခဏဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ လူငယ်တွေအချိန်ဆွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ လူငယ်တွေပဲ အချိန်ဆွဲကြတာမဟုတ်ပါဘူး။ လူကြီး တွေလည်း ပါတာပါပဲ။ သို့သော် လူကြီးတွေက သူတို့အချိန်ဆွဲရတဲ့အကြောင်းရင်းကို လိမ္မာပါးနပ်စွာ ပြောပြတတ်ကြလေတော့ အပြစ်ဆိုရခက်နေတတ်ပါတယ်။...

မြန်မာ လူငယ်များသို့ ဖတ်စေချင်တဲ့စာ
Successful

မြန်မာ လူငယ်များသို့ ဖတ်စေချင်တဲ့စာ

ရေးသားသူ - Saya Aung Ko Latt(AIS) A ။ အောင်မြင်ခြင်းနဲ့ သတ္တိ ၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ ပိုက်ဆံ အရင်ရှိတာမဟုတ်ပါ။ သတ္တိအရင်ရှိတာပါ။ ၂။ သူများမစဉ်းစားရဲတာကို စဉ်းစားရဲတယ်၊ သူများမလုပ်ရဲတာကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!