Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူပေါင်း ၂၂၀၀၀၀ ကျော်ပြီ

by Thutamm
April 4, 2020
Reading Time: 1min read
0
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူပေါင်း ၂၂၀၀၀၀ ကျော်ပြီ
Share on FacebookShare on Twitter

လက်ရှိအချိန်မှာတော့ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၁သန်းကျော်သွားပြီဖြစ်ပြီး ကူးစက်ခံလူနာများထဲက ၂၂၀၀၀၀ ကျော်ကတော့ ပြန်လည်ကျန်းမာလာခဲ့ပြီလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးနွယ်စုကြီးဖြစ်ပြီး ယခင်ဖြစ်ပွားခဲ့ဖူးတဲ့ MERS နဲ့ SARS ဟာလည်း ဒီဗိုင်းရပ်စ်မျိုးနွယ်ထဲမှာပါဝင်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ အသစ်ဖြစ်ပြီး COVID-19 ရောဂါလို့ အမည်ပေးထားပါတယ်။

ကိုဗစ်နိုင်တင်းဟာ ၂၀၁၉ ခုနှစ်ဒီဇင်ဘာမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အစပြုခဲ့ပြီး ယခုအချိန်မှာတော့ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးကို ပျံ့နှံ့ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ၃လအကြာမှာ လူပေါင်း ၁သန်းအထိ ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကူးစက်မြန်ကပ်ရောဂါ ဖြစ်ပြီး တကမ္ဘာလုံး ကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

လက်ရှိအချိန်ထိ ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတွေဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေသေးပြီး လူထုကြားကိုရောက်ရှိဖို့တော့ လပေါင်းများစွာကြာမြင့်ဦးမှာဖြစ်ပါတယ်။ ထို့အတူပဲ ဒီရောဂါကို တိကျစွာတိုက်ဖျက်နိုင်တဲ့ ကုသဆေးမပေါ်သေးပဲ အသင့်တော်ဆုံးအဆင်ပြေမယ့် ဆေးဝါးတွေနဲ့သာ ကုသနေရတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်ကူးစက်မှုကြောင့် လက်ရှိအချိန်ထိ လူပေါင်း ၅၉၀၀၀ ခန့်သေဆုံးခဲ့ပြီးပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့စာရင်းအရ သိရပါတယ်။ သေဆုံးသူအများစုဟာ အသက်အရွယ်ကြီးလွန်းနေသူတွေ နဲ့ ရောဂါအခံရှိပြီးဖြစ်နေသူလို့ သိရပါတယ်။ ဒါပေမယ့် တချို့အသက်ရာကျော်တဲ့ အဘိုးအဘွားတွေဟာ ဒီရောဂါကူးစက်ခံရပေမယ့် ပြန်လည်ကျန်းမာလာကြတာတွေလဲရှိသလို တချို့ ဘာရောဂါမှာမရှိပဲ ကျန်းမာသန်စွမ်းတဲ့လူငယ်တွေဟာလည်း ဒီရောဂါကြောင့် သေဆုံးခဲ့ရတာမျိုးတွေလည်းရှိပါတယ်။ ခံစားရတဲ့ရောဂါပြင်းထန် ၊ မပြင်းထန်ပေါ်မှာ မူတည်ပြီး အခုလိုအခြေအနေတွေဖြစ်သွားခဲ့ရတာပါ။

လူပေါင်း ၁.၁သန်းနီးပါးကူးစက်ခံထားရတဲ့အထဲမှာ ဒီရောဂါကြောင့် သေဆုံးသူပေါင်း ၅၉၀၀၀ခန့် ရှိတဲ့အတွက် သေဆုံးမှုနှုန်းကို တွက်ကြည့်မယ်ဆိုရင်တော့ ၅.၃၆ ရာခိုင်းနှုန်းရှိပါတယ်။ ကူးစက်ခံရသူ အယောက် ၁၀၀ မှာ ၅ယောက်ကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။

စိတ်ဖြေသာစရာသတင်းတခုကတော့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေထဲက ၂၂၀၀၀၀ ကျော်ဟာ ပြန်လည်ကျန်းမာလာခဲ့တာဖြစ်ပါတယ်။ ပြန်လည်ကျန်းမာလာသူတွေထဲမှာတော့ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး တရုတ်လူမျိုး ၇၇၀၀၀ခန့်ဟာ ဒီရောဂါကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာခဲ့ကြပါတယ်။

တရုတ်အပြင် အခြားပြန်လည်သက်သာလာမှု အများဆုံးနိုင်ငံတွေကိုကြည့်မယ်ဆိုရင် စပိန်မှာ ၃၀၅၁၃ဦး ၊ ဂျာမနီမှာ ၂၄၅၇၅ဦး ၊ အီတလီမှာ ၁၉၇၅၈ ဦး ၊ အီရန်မှာ ၁၇၉၃၅ဦး ၊ ပြင်သစ်မှာ ၁၄၁၃၅ဦး ၊ အမေရိကန်မှာ ၉၈၂၃ ဦး အသီးသီးပြန်လည်ကျန်းမာလာကြပါတယ်။ ဒီနိုင်ငံတွေရဲ့ ပြန်လည်သက်သာလာသူတွေကတော့ ကူးစက်ခံထားရသူအရေအတွက်နဲ့ နိုင်းယှဉ်ရင် အတော်လေးနည်းပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ တရုတ်ပြီးရင် ပြန်လည်ကျန်းမာလာနှုန်း အများဆုံးနိုင်ငံလို့ဆိုရမှာပါ။ တောင်ကိုရီးယားဟာ အစပထမလတွေတုန်းက ဗိုင်းရပ်စ်ကူးစက်မှုအများဆုံနိုင်ငံစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ထိန်းချုပ်နိုင်ခဲ့မှုကြောင့် လက်ရှိအချိန်မှာတော့ ကူးစက်ခံထားရသူ စုစုပေါင်း ၁၀၁၅၆ဦးပဲ ရှိပါသေးတယ်။ အဲဒီထဲကနေ ၆၃၂၅ဦးဟာ ပြန်လည်ကျန်းမာလာပြီဖြစ်တဲ့အတွက် လက်ရှိကူးစက်ခံထားရဆဲလူနာ ၃၀၀၀ကျော်ပဲ ရှိပါတော့တယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီးပြီဖြစ်ပြီး အဲဒီအထဲက လူနာအမှတ် ၄ဟာ ပြန်လည်ကျန်းမာနေပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးကာ Negative ထပ်ဖြစ်ပါက ဆေးရုံမှဆင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈၀% ခန့်ဟာ မပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုသာခံစားရပြီး အထူးကုသမှုခံယူစရာမလိုပဲ ပြန်လည်ကျန်းမာလာနိုင်တယ်လို့ သိရပါတယ်။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!