Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာ သူဌေးကြီး ၁၀ယောက်

by Thutamm
August 10, 2019
Reading Time: 1min read
0
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာ သူဌေးကြီး ၁၀ယောက်
Share on FacebookShare on Twitter

ကမ္ဘာတစ်ဝန်း “အခွင့်အရေးတွေပေါများရာမြေ” လို့ လူသိများကြတဲ့ အမေရိကန်နိုင်ငံက ကိုယ့်ထူးကိုယ်ချွန်ပြီး ကြီးပွားချမ်းသာလာခဲ့ကြတဲ့ဘီလျံနာ သူဌေးကြီး ဆယ်ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဘဝအစပိုင်းမှာ ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်လာခဲ့ကြပြီးမှ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ အမေရိကန်က အမျိုးသား၊ အမျိုးသမီး လုပ်ငန်းရှင်ကြီးတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

၁၀။ Spanx တည်ထောင်သူ နဲ့ စီအီးအို Sara Blakely

ယခုလက်ရှိအချိန်မှာ တစ်နှစ်ကို ရောင်းအား ဒေါ်လာ သန်း ၄၀၀ ရှိနေတဲ့ အောက်ခံအဝတ်အစား ကုမ္ပဏီ Spanx ကို တည်ထောင်သူနဲ့ စီအီးအိုလည်း ဖြစ်ပါတယ်။ နိုင်ငံမှာ ကိုယ့်ထူးကိုယ်ချွန်ချမ်းသာလာတဲ့ အသက်အငယ်ဆုံးသော ဘီလျံနာလည်းဖြစ်ပါတယ်။ အသားတင်ကြွယ်ဝမှု တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၁ ဘီလီယံ ရှိပါတယ်။

၉။ Oprah Winfrey

Oprah Winfrey ကတော့ ၁၉၈၈ ခုနှစ် သူမ အသက် ၃၀ အရွယ်က Harpo Studios ဆိုတဲ့လုပ်ငန်းကို ထူထောင်ခဲ့ပြီး ယင်းကနေတဆင့် ယခုအချိန်မှာတော့ တီဗီရှိုးတွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေနဲ့ Oprah Windfrey Network တို့ အပါအဝင် ကြီးမားတဲ့ မီဒီယာလုပ်ငန်းကြီးအဖြစ် ပြောင်းလဲရပ်တည်နေပြီပဲဖြစ်ပါတယ်။ အသားတင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ရှိနေပါတယ်။

၈။ John Mitchell Systems ပူးတွဲတည်ထောင်သူ John Paul DeJoria

ဆံသားထိန်းသိမ်းရေးကုမ္ပဏီ Redken ကနေ အလုပ်ပြုတ်ခဲ့ဖူးသည့် John Paul DeJoria မှာ ၁၉၈၀ မှာတော့ Paul Mitchell Systems ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပါတယ်။ ယင်းနောက် ၎င်း၏ အမျိုးသားသုံးရှန်ပူကို တစ်အိမ်တက်ဆင်းစနစ်နဲ့ ရောင်းချခဲ့ဖူးပြီး ယနေ့အချိန်မှာတော့ ၎င်းရဲ့ ကုမ္ပဏီမှာ တစ်နှစ်ရောင်းအား ဒေါ်လာ ၁ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။ အသားတင်ကြွယ်ဝမှုတန်ဖိုးဒေါ်လာ ၃ ဘီလီယံရှိပါတယ်။

၇။ Howard Schultz ( Starbucks စီအီးအိုဟောင်း)

Starbucks ရဲ့ စီအီးအိုဖြစ်ခဲ့တဲ့ သူဌေးကြီး Howard Schultz ဟာဆိုရင် ဖြစ်မှ ဖြစ်နိုင်ပါ့မလားဆိုတဲ့တွေကို အောင်မြင်အောင်လုပ်ပြချင်တဲ့ ရည်မှန်းချက်တွေနဲ့ ကြိုးစားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၎င်း စီအီးအို ဖြစ်ပြီးနောက် ကမ္ဘာတစ်ဝန်း ယနေ့ချိန်အထိ Starbucksဆိုင်ပေါင်း ၂၄,၅၀၀ ထိ တိုးချဲ့ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့နိုင်ငံရေးဘက်ကို ကူးဖို့အတွက် စီအီးအိုအဖြစ်မှနှုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အသားတင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှိပါတယ်။

၆။ Do Won Chang (Forever 21 တည်ထောင်သူ)

၁၉၈၄ ခုနှစ်က Do Won Chang မှာ Los Angeles မှာ Fashion 21 လို့ခေါ်တဲ့ စတိုးဆိုင်သေးတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းဟာ ပထမတစ်နှစ်မှာပဲ ရောင်းအား ဒေါ်လာ ၇၀၀,၀၀၀ ရှိခဲ့ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်း စတိုးဆိုင်ပေါင်း ၇၉၀ ထိ ရှိနေပြီး တစ်နှစ် ရောင်းအား ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံထိ ရှိနေတဲ့ Forever 21 လက်လီလုပ်ငန်းကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ သူဌေးကြီး Do Won Chang ဟာဆိုရင် ယခုအခါမှာတော့ အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။

၅။ WhatsApp တည်ထောင်သူ Jan Koum

ကမ္ဘာပေါ်မှာ လူပေါင်း ၁ ဘီလီယံကျော် သုံးနေကြတဲ့ လူကြိုက် အများဆုံး chat app ဖြစ်တဲ့ WhatsApp ကို တည်ထောင် သူဖြစ်ပါတယ်။၂၀၁၄ ခုနှစ်က Facebook က WhatsApp ကို ဒေါ်လာ ၁၉ ဘီလီယံကျော်ဖြင့် ဝယ်ယူချိန်တွင် Koum မှာ နေ့ချင်းညချင်း ဘီလျံနာအဖြစ်သို့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ရှိပါတယ်။

၄။ Continental Resoures စီအီးအို Harold Hamm

Oklahoma အခြေစိုက် Continental Resources ရဲ့စီအီးအို ဖြစ်သူအသက် ၇၁ နှစ်အရွယ်သူဌေးကြီး Hamm မှာ ၂၀၁၂ ခုနှစ်က တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖော်ပြခံရသူဖြစ်ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံရှိပါတယ်။

၃။ Soros Fund Management ဥက္ကဌ George Soros

မွေးရပ်မြေ ဟန်ဂေရီသို့ နာဇီတိ့ု ကျူးကျော်ဝင်ရောက်စဉ်ကအသက် ၁၃ နှစ်သားအရွယ်သာရှိသေး ပြီးထွက်ပြေးလာခဲ့တဲ့ သူဌေးကြီး George Soros အနေနဲ့ ယခုအောင်မြင်သည့်လုပ်ငန်းကြီးဖြစ်တဲ့ Soros Fund Management ကို ထူထောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၂၄ ဒသမ ၉ ဘီလီယံ ရှိပါတယ်။

၂။ Las Vegas Sands စီအီးအို Sheldon Adelson

တက္ကဆီဒရိုင်ဘာတစ်ဦး၏ သားဖြစ်သူ Sheldon Adelson မှာ ၎င်း ၁၂ နှစ်သားအရွယ်က လမ်းပေါ်တွင် သတင်းစာရောင်းသမား ကလေးတစ်ဦးအဖြစ်မှ ကမ္ဘာ့အကြီးဆုံး ကာစီနိုနဲ့ အပန်းဖြေစခန်း လုပ်ငန်း ကုမ္ပဏီ Las Vegas Sands စီအီးအို ထိ တက်လှမ်းလာခဲ့သူဖြစ်ပါတယ်။ ယခုအခါ အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၃၂ ဒသမ ၂ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။

၁။ Oracle ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဟောင်း Larry Ellison

ယနေ့အချိန်တွင် Microsoft ပြီးရင် ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး ဆော့ဝဲထုတ်လုပ်သူ ကုမ္ပဏီ Oracle ကို ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်က Software Development Laboratories (SDL) (နောင်တွင် Oracle ဟု အမည်ပြောင်း) ကို အရင်းအနှီးဒေါ်လာ ၂,၀၀၀ တည်းဖြင့် စတင်တည်ထောင်ခဲ့ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံ ရှိပါတယ်။

SFJ Strategy First Journal

 

Tags: world people

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!