Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး 

by Thutamm
July 30, 2019
Reading Time: 1min read
0
ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး 
Share on FacebookShare on Twitter

မူရင်းရေးသားသူ – Htet Wa Na

” ကျွန်မငယ်ငယ်က ဝရံတာကနေ ညဖက်မိုးပေါ်ကိုမော့ကြည့်တိုင်း ပျော်ခဲ့ဖူးတယ်။ ဒါကကျွန်မအိမ်မက် ဆိုတာကိုအဖေ့ကို အမြဲပြောဖူးတယ်။ အဖေအမြဲပြောလေ့ရှိတဲ့စကားတခွန်း ရှိတယ်။ အိမ်မက်ဆိုတာမက်ရုံနဲ့ ပျော်ပြီးနေရမယ့်အရာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ကျွန်မအိမ်မက်ဖြစ်တဲ့ကမ္ဘာ့ အပြင်ကိုသွားချင်တဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားရမလည်း ဆိုတဲ့လမ်းစကိုသိရှိခဲ့တယ် “

Valentina Tereshkova

သူမနာမည် အပြည့်အစုံက Valentina Tereshkova ဖြစ်ပါတယ်။ Valentina ကို ၁၉၃၇ခုနှစ် မတ်လ ၆ရက်နေ့ ရှရှားနိုင်ငံ ယာရော့ဆလဗ် မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကကုန်ကားမောင်းသူ မိခင်ဖြစ်သူကအထည်ချုပ်က ချည်ညှပ်သမားပါ။ သေချာတယ် ဒီလိုမိဘတွေကနေ အာကာသယာဉ် မပြောနဲ့ လေယာဉ်တောင်တက်မောင်းဖို့ လူတသန်းမှာတယောက် မဖြစ်နိုင်ဘူး။ ဒါပေမယ့် Valentina ကတော့ကမ္ဘာပေါ်ကမိန်းမတွေထဲ ပထမဆုံး အာကာသယာဉ်ပေါ်ကိုတက် မောင်းခဲ့တဲ့မိန်းမဖြစ်ခဲ့ပါတယ်။

အသက် ၈နှစ်မှာ စာစသင်ခဲ့ရတယ်။ မိဘကကျောင်းမထားနိုင်လို့ပေါ့။ ဒါပေမယ့်သူမကျောင်းတက်ခွင့်ရတော့ စာတော်သူ တစ်ယောက်ဖြစ်ခဲ့တယ်။ ကံအကြောင်းကလည်း ဆိုးပြီးရင်းဆိုးပ။ဲ အလယ်တန်းမှာကျောင်းထွက်ခဲ့ရတယ်။ ဖခင်ဖြစ်သူကားမှောက်လို့အိမ်မှာလူနာအနေနဲ့ပဲ နေရတော့ချိန် မိခင်တယောက်ထဲရဲ့ဝင်ငွေနဲ့မိသားစုထမင်းမဝတော့ဘူး။ သူကျောင်း ထွက်ပြီးမိခင်နဲ့အတူအထည်ချုပ်မှာလုပ်တယ်။

ဒါပေမယ့်သူ့အိမ်မက်ကိုမမေ့ပစ်ခဲ့ပါဘူး။ စာအုပ်တွေက သူ့ဘဝရဲ့အိမ်မက်တွေကို ရှင်သန်နေဆဲပါ။ ဦးလေးဖြစ်သူကစစ်သား။ သူမကလေထီးခုန်တာ ဝါသနာအရမ်းပါတယ်။ ဒီတော့လူရှင်းချိန်ဆို ဦးလေးဖြစ်သူကိုပူဆာပြီး သူမဟာAeroClub မှာလေထီးအမြဲခုန်ခဲ့တယ်။ သူမ အသက်၂၂နှစ်မှာ ပထမဆုံးလေထီးအစစ်နဲ့ ခုန်ခဲ့ရပါတယ်။ အထည်ချုပ်မှာအလုပ်ကြမ်းလုပ်ရင်း တိုင်းပြည်အနေအခြေမကောင်းတော့ ကွန်မြူနစ်ပါတီတခုထဲ သူမဝင်ပြီး နိုင်ငံရေးတွေစလုပ်ခဲ့တယ်။ ဒီအချိန်မှာသူမကနိုင်ငံရေးတင်မကပဲ သူမလေ့ လာအားကြောင့်အာကာသလေယာဉ်တစီးရဲ့ strucuture ပိုင်း တွေကို အင်ဂျင်နီယာတစ်ဦးနီးပါးသိနေပြီ။ ဒါတောင်သူမတက္ကသိုလ်မတက်ဖူးဘူး။

ဒီအချိန်မှာ Yuri Gagarin ဆီက အမျိုးသမီးအာကာသလေယာဉ်မှူးခေါ်ယူတဲ့စာဟာ ကမ္ဘာအနှံ့ သတင်းကြီးလာခဲ့တယ်။ Sergey ကလဲ ဒီအကြံကိုမဖြစ်မနေအကောင်အထည်ဖော်ဖို့ ကြိုးစားနေချိန်။ လျှောက်လွှာ ၅၀၀၀ကျော်ထဲက ပထမဆုံး ၄၀၀ကိုရွေးတယ်။ ဒီ ၄၀၀ ထဲကိုလူတွေ့မေးပြီး ၅ယောက်ထပ်ရွေးတယ်။ နောက်ဆုံးတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသူကတော့ ရွာသာသာနေရာကနေ ဆင်းရဲသားမိဘတွေရဲ့သမီးပညာမသင်ခဲ့ရတဲ့ Valentina ပါပဲ။

ဒီအတွက်သူမပြန်လည်တောင်းဆိုခဲ့တာ တစ်ခုပဲရှိတယ်။ ဒါကတော့ ကုန်ကားမောင်းရာကနေ စစ်အတွင်းပြန်လည် တာဝန်ထမ်းဆောင်ခဲ့ရင်းကျဆုံးသွားခဲ့တဲ့ သူမဖခင်ကို ရည်စူးပြီးဂုဏ်ပြုကျောက်တိုင်တစ်ခုစိုက်ထူပေးဖို့ပါပဲ။ အဲဒီနောက်တော့ သူမအိမ်မက်ဖြစ်တဲ့ အာကာသလေယာဉ်မူးဘဝကို လက်တွေ့ သင်ကြားခွင့်ရခဲ့ပါတော့တယ်။ လေထီးခုန်မှု ၊လေယာဉ်မောင်းမှု လက်တွေ့အာကာသလေယာဉ်ဆိုင်ရာ သင်ကြားမူတွေကို သင်ခွင့်ရခဲ့ပြီး Vostok-6 အာကာသလေယာဉ်ကို သူမမောင်းနှင်ဖို့ဖြစ်ခဲ့ပါတော့တယ်။

၁၉၆၃ခုနှစ် မေလ ၂၁ရက်နေ့မှာ Vostok-6 ကို ကမ္ဘာမြေကနေလွှတ်တင်ခဲ့ပြီး Valentina ဟာလည်းကမ္ဘာ့ပထမဆုံးအမျိုးသမီး အာကာသယာဉ်မှူးအဖြစ ်သမိုင်းဝင်ခဲ့ပါတော့တယ်။ Valentinaဟာ သူမအသက်၄၀မှာမှ တက္ကသိုလ်တက်ခွင့်ရခဲ့ပေမယ့် Zhukovsky Air Force Academy က ဒေါက်တာဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ Valentina ဟာအာကာသလေယာဉ်မှူးဘဝမှ အနားယူခဲ့ပြီးတာတောင် ကမ္ဘာ့အမျိုးသမီးညီ လာခံမှာ ရုရှားကိုယ်စားလှယ်အဖြစ်လည်းလုပ်ဆောင်ခဲ့ရသူပါ။

ဂုဏ်ထူးဆောင်အမျိုးသမီးဆု ၊ လီနင်ဆု ၊ ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးရွှေတံဆိပ်ဆု အပြင် ကမ္ဘာအနှံ့က ဆုပေါင်း ၅၀ကျော်ကို ရရှိခဲ့သူပါ။ နိုင်ငံရေးနယ်ပယ်မှာလဲ နိုင်ငံတကာမှ အလုပ်သမားသူရဲကောင်း ၊ ငြိမ်းချမ်းရေးသူရဲကောင်းဆုတွေကို ရရှိခဲ့သလို ၁၉၉၉ခုနှစ် သူမကွယ်လွန်သွားခဲ့တဲ့ အချိန်အထိ Valentina ဟာကမ္ဘာ့သမိုင်းမှာထင်ကျန်စေမယ့်အရာများစွာကို လုပ်ဆောင်ချန်ထားရစ်ခဲ့သူပါ။

 

Ref; Valentina Tereshkova Biography ; Inc

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!