Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ အကြီးဆုံး အင်းဆက် ၁၀ မျိုး

by Thutamm
August 30, 2020
Reading Time: 3min read
0
ကမ္ဘာ့ အကြီးဆုံး အင်းဆက် ၁၀ မျိုး
Share on FacebookShare on Twitter

ပုရွက်ဆိတ် ၊ လိပ်ပြာ ၊ ခြင် ၊ ယင် ၊ ပျား စတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတစေမြင်တွေ့နေရတဲ့ အင်းဆက်အမျိုးအစားတွေဖြစ်ပါတယ်။ ကျွန်တော်တို့အများစု ထင်လေ့ရှိတာက အင်းဆက်ဆိုရင် အကောင်ငယ်ပြီး ၁လက်မ ၂လက်မ အရွယ်အစားလောက်ထိပဲ ရှိနိုင်တယ် ဆိုပြီးတော့ပါ။ တကယ်လို့များ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်တဲ့ အင်းဆက်တွေထဲမှာ ၂ ပေလောက် အရွယ်အစားရှိတဲ့ အင်းဆက်တွေ ရှိနေတယ် ဆိုတဲ့ မသိတဲ့မိတ်ဆွေများ အနည်းငယ် အံသြသွားနိုင်ပါတယ်။ ဒီတခါတော့ ယနေ့အချိန်ထိ ရှိနေဆဲဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး အင်းဆက် ၁၀ မျိုး အကြောင်းကို ဝေမျှလိုက်ပါတယ်။

10. Giant Water Bug : up to 12 cm (4.7 in)

ရေချိုဒေသမှာ ရှင်သန်ပေါက်ဖွား တတ်တဲ့ အင်းဆက်မျိုးဖြစ်ပြီး သိပ္ပံအမည်က Belostomatidae ဆိုပြီးဖြစ်ပါတယ်။ Hemiptera အင်းဆက်မျိုးနွယ်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒီအင်းဆက်တွေကို ကမ္ဘာ့ဒေသအနှံ့အပြားမှာ တွေ့ရတယ်ဆိုပေမယ့် မြောက်အမေရိက ၊ တောင်အမေရိက ၊ သြစတြေးလျမြောက်ပိုင်း နဲ့ အရှေ့အာရှဒေသတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ စမ်းချောင်းတွေ နဲ့ ရေကန်တွေမှာ နေထိုင်ကျက်စားလေ့ရှိပါတယ်။ ပျမ်းမျှအားဖြင့် သူတို့ ခန္ဓာကိုယ် အရွယ်အစားဟာ ဝ.၇၅ လက်မခန့်ရှိတတ်ပြီး အကြီးဆုံးကောင်တွေကတော့ ၄.၇၅လက်မ အရွယ်အစားအထိ ရှိတတ်ပါတယ်။ ဒီ Giant Water Bug တွေကို အရှေ့တောင်အာရှဒေသအချို့မှာတော့ စားသုံးလေ့ရှိကြပါတယ်။

9. Elephant beetle : up to 13 cm (5.1 in)

အရွယ်အစားကြီးမားပြီး ဆင်လိုလိုသဏ္ဍာန်ရှိတာကြောင့် သူတို့ကို ဆင်ပိုးတောင်မာ လို့ခေါ်ကြလေ့ရှိပြီး သိပ္ပံအမည်ကတော့ Megasoma elephas ဖြစ်ပါတယ်။ သူတို့ကိုတော့ မက္ကဆီကိုတောင်ပိုင်း နဲ့ အလယ်အမေရိကဒေသတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အထီးတွေရဲ့ဦးခေါင်းတည့်တည့်မှာ ဦးချိုပါရှိတာကြောင့် ကြံ့ပိုးတောင်မာလို့လည်းခေါ်တတ်ကြပါသေးတယ်။ ဆင်ပိုးတောင်မာ အထီးတွေဟာ ခန္ဓာကိုယ်အလျား ၅.၁ အရွယ်အစားထိ ကြီးထွားလေ့ရှိပြီး အမတွေကတော့ အထီးတွေနဲ့ နှိုင်းယှဉ်ရင် ၂ဆ ၃ဆခန့် ပိုသေးပါတယ်။

8. Atlas beetle : up to 13 cm (5.1 in)

သူကလည်း အပေါ်က ပိုးတောင်မာလိုပဲ ကြံ့ပိုးတောင်မာအမျိုးအစားဖြစ်ပြီး သိပ္ပံအမည်ကတော့ Chalcosoma atlas ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီလာ တိုက်တန်နတ်ဘုရား Atlas ရဲ့ အမည်ကိုပေးထားတာဖြစ်ပြီး အကြောင်းကတော့ ဒီကောင်တွေဟာ ကမ္ဘာပေါ်မှာ အသန်မာဆုံးအင်းဆက်အဖြစ် သတ်မှတ်ခံထားရလို့ပါ။ ဘယ်လောက်တောင် သန်မာသလဲဆိုရင် သူ့ခန္ဓာကိုယ်အရွယ်အစားထက် အဆပေါင်းများစွာလေးတဲ့ အရာတွေကို ထမ်းပိုးနိုင်စွမ်းရှိပါတယ်။ သူတို့ကိုတော့ တောင်အာရှဒေသမှာတွေ့ရလေ့ရှိပြီး အများဆုံးတွေ့ရတာကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အရွယ်အစားကတော့ ၂.၅လက်မ ကနေ ၅.၁လက်မအထိ ကြီးထွားကြပါတယ်။

7. Actaeon beetle : up to 13.5 cm (5.3 in)

ဂရိဒဏ္ဍာရီလာသူရဲကောင်း Actaeon ရဲ့အမည်ကိုအပေးခံထားရတဲ့ ဒီပိုးတောင်မာတွေရဲ့ သိပ္ပံအမည်ကတော့ Megasoma actaeon ဖြစ်ပါတယ်။ သူတို့ကိုတော့ တောင်အမေရိကတိုက်က ဘိုလီးဗီးယား ၊ ကိုလမ်ဘီယာ ၊ ဘရာဇီး ၊ အီကွေဒေါ စတဲ့နိုင်ငံတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ကြီးမားထူထဲတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဒီပိုးတောင်မာတွေကတော့ ခန္ဓာကိုယ်အလျား ၅.၄လက်မအထိ ကြီးထွားနိုင်ကြပါတယ်။

6. giant longhorn beetle : up to 15 cm (5.9 in)

အလွန်ရှည်လျားတဲ့ ဦးချိုပိုင်ဆိုင်ထားတဲ့ ပိုးတောင်မာအမျိုးအစားဖြစ်ပြီး သူတို့ကို giant longhorn beetle လို့ခေါ်သလို imperious sawyer လို့လည်း ခေါ်ကြလေ့ရှိပါတယ်။ သူတို့ရဲ့ သိပ္ပံအမည်ကတော့ Enoplocerus armillatus ဖြစ်ပါတယ်။ ဒီဦးချိုရှည်ပိုးတောင်မာတွေကိုတော့ တောင်အမေရိကတိုက်က အာဂျင်တီးနား ၊ ကိုလမ်ဘီယာ ၊ ပြင်သစ်ဂီယားနား ၊ ဂိုင်ယာနာ စတဲ့နိုင်ငံတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီအကောင်တွေရဲ့အရွယ်အစားဟာ ၄လက်မခွဲ အရွယ်အစားသာ ရှိတတ်ပေမယ့် အကြီးဆုံးကောင်တွေကတော့ ၅.၉လက်မ အရွယ်အစားထိ ရှိကြပါတယ်။

5. Titan beetle : up to 16.7 cm (6.6 in)

တိုက်တန်ပိုးတောင်မာတွေဟာ အကြီးဆုံးအင်းဆက်အမျိုးအစားတမျိုးဖြစ်ပြီး သူတို့ရဲ့ သိပ္ပံအမည်က Titanus giganteus ဖြစ်ပါတယ်။ သူတို့ကိုတော့ ကမ္ဘာအနှံ့အပြားမှာ တွေ့ရတတ်ပြီး တောင်အမေရိကတိုက်က ဗင်နီဇွဲလား ၊ ကိုလမ်ဘီယာ ၊ အီကွေဒေါ ၊ ပီရူး နဲ့ ဘရာဇီးမြောက်ပိုင်းတို့မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အရွယ်အစားအားဖြင့်တော့ တိုက်တန်ပိုးတောင်မာတွေဟာ ခန္ဓာကိုယ်အလျား ၆.၆လက်မ အထိ ကြီးထွားနိုင်ပါတယ်။

4. Hercules beetle : up to 17 cm (6.7 in)

ဟာကျူလီပိုးတောင်မာကတော့ လူသိအများဆုံးပိုးတောင်မာဖြစ်ပြီး ကြံ့ပိုးတောင်မာတွေထဲမှာတော့ အကြီးဆုံးမျိုးနွယ်ဖြစ်ပါတယ်။ သူတို့ရဲ့သိပ္ပံအမည်က Dynastes hercules ဖြစ်ပြီး သူတို့ဟာ ဟာကျူလီဆိုတဲ့အမည်နဲ့ လိုက်အောင် သူတို့ခန္ဓာကိုယ်အလေးချိန်ထက် အဆ ၁၀၀ကျော်လေးလံတဲ့ အရာတွေကို သယ်ယူထမ်းပိုးနိုင်စွမ်းရှိပါတယ်။ သူတို့ကို မက္ကဆီကိုတောင်ပိုင်း နဲ့ ဘိုလီးဗီးယားနိုင်ငံတွေက တောင်တန်းတွေ မိုးသစ်တောတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးအကောင်တွေရဲ့ အရွယ်အစားဟာ ၃.၅လက်မသာ ရှိပေမယ့် တချို့အကောင်ကြီးတွေကတော့ ၆.၇ လက်မ အထိ ရှိတတ်ပါတယ်။

3. Sabertooth Longhorn beetle: up to 17+ cm (6.7+ in)

ဒီဦးချိုရှည် ပိုးတောင်မာတွေရဲ့ သိပ္ပံအမည်က Macrodontia cervicornis ဖြစ်ပါတယ်။ Macrodontia က ရှည်လျားတဲ့သွား ၊ cervicornis က သမင်ဦးချို ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ အခြားပိုးတောင်မာတွေနဲ့ ပုံသဏ္ဍာန်ကွဲပြားပါတယ်။ သူတို့ကိုတော့ ကိုလမ်ဘီယာ ၊ အီကွေဒေါ ၊ ပီရူး နဲ့ ဘိုလီးဗီးယားက မိုးသစ်တောတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ဒီအကောင်တွေရဲ့ ခန္ဓာကိုယ်အရွယ်အစားကတော့ ၇လက်မနီးပါးအထိ ရှိတတ်ပါတယ်။

2. Praying Mantis: Up to 18 cm (7 in)

သူတို့ကိုတော့ ကျွန်တော်တို့က ဒါးခုတ်ကောင် ၊ ရှိခိုးကောင် စသည်ဖြင်ခေါ်တတ်ကြပြီး သိပ္ပံအမည်က Mantodea ဖြစ်ပါတယ်။ သူတို့ကို ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့ရလေ့ရှိပြီး ပုံမှန်အရွယ်အစားကတော့ ၂လက်မကနေ ၃လက်မ အရွယ်အစားအထိ ရှိပါတယ်။ ဒါပေမယ့် ၁၉၂၉ ခုနှစ်တုန်းက တရုတ်ပြည်တောင်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ ရှိခိုးကောင်ရဲ့အရွယ်အစားကတော့ ၇လက်မ အထိတောင် ရှိလို့နေပါတယ်။

1. Phryganistria chinensis Zhao: 62.4 cm (24.6 in)

ကမ္ဘာပေါ်မှာ အကြီးဆုံး အင်းဆက်ကတော့ တုတ်ချောင်းအင်းဆက်အမျိုးအစားဖြစ်ပြီး သိပ္ပံအမည်ကတော့ Phryganistria ဖြစ်ပါတယ်။ တုတ်ချောင်းအင်းဆက်တွေကိုတော့ အန္တာတိကတိုက်က လွဲလို့ ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့ရလေ့ရှိပါတယ်။ တုတ်ချာင်းအင်းဆက်တွေဟာ လက်မဝက်ကနေ ၂ပေ ဝန်းကျင်အထိ အရွယ်အစားအမျိုးမျိုး ရှိကြပါတယ်။ ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ အင်းဆက်ပြတိုက်မှာတွေ့ခဲ့ရတဲ့ တုတ်ချောင်းအင်းဆက်ကတော့ ခန္ဓာကိုယ်အလျား ၂၄.၆လက်မ အထိ ရှိနေတာကြောင့် ကမ္ဘာ့အကြီးဆုံး အင်းဆက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: Our Planet Web

—— ——- ———-

(Zawgyi)

ကမာၻ႔ အႀကီးဆုံး အင္းဆက္ ၁၀ မ်ိဳး

ပု႐ြက္ဆိတ္ ၊ လိပ္ျပာ ၊ ျခင္ ၊ ယင္ ၊ ပ်ား စတာေတြဟာ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ အၿမဲတေစျမင္ေတြ႕ေနရတဲ့ အင္းဆက္အမ်ိဳးအစားေတြျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အမ်ားစု ထင္ေလ့ရွိတာက အင္းဆက္ဆိုရင္ အေကာင္ငယ္ၿပီး ၁လက္မ ၂လက္မ အ႐ြယ္အစားေလာက္ထိပဲ ရွိႏိုင္တယ္ ဆိုၿပီးေတာ့ပါ။ တကယ္လို႔မ်ား လက္ရွိအခ်ိန္ထိ ရွိေနဆဲျဖစ္တဲ့ အင္းဆက္ေတြထဲမွာ ၂ ေပေလာက္ အ႐ြယ္အစားရွိတဲ့ အင္းဆက္ေတြ ရွိေနတယ္ ဆိုတဲ့ မသိတဲ့မိတ္ေဆြမ်ား အနည္းငယ္ အံၾသသြားႏိုင္ပါတယ္။ ဒီတခါေတာ့ ယေန႔အခ်ိန္ထိ ရွိေနဆဲျဖစ္တဲ့ ကမာၻ႔အႀကီးဆုံး အင္းဆက္ ၁၀ မ်ိဳး အေၾကာင္းကို ေဝမွ်လိုက္ပါတယ္။

10. Giant Water Bug : up to 12 cm (4.7 in)

ေရခ်ိဳေဒသမွာ ရွင္သန္ေပါက္ဖြား တတ္တဲ့ အင္းဆက္မ်ိဳးျဖစ္ၿပီး သိပၸံအမည္က Belostomatidae ဆိုၿပီးျဖစ္ပါတယ္။ Hemiptera အင္းဆက္မ်ိဳးႏြယ္ထဲမွာ အႀကီးဆုံးျဖစ္တဲ့ ဒီအင္းဆက္ေတြကို ကမာၻ႔ေဒသအႏွံ႔အျပားမွာ ေတြ႕ရတယ္ဆိုေပမယ့္ ေျမာက္အေမရိက ၊ ေတာင္အေမရိက ၊ ၾသစေၾတးလ်ေျမာက္ပိုင္း နဲ႔ အေရွ႕အာရွေဒသေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။ စမ္းေခ်ာင္းေတြ နဲ႔ ေရကန္ေတြမွာ ေနထိုင္က်က္စားေလ့ရွိပါတယ္။ ပ်မ္းမွ်အားျဖင့္ သူတို႔ ခႏၶာကိုယ္ အ႐ြယ္အစားဟာ ဝ.၇၅ လက္မခန႔္ရွိတတ္ၿပီး အႀကီးဆုံးေကာင္ေတြကေတာ့ ၄.၇၅လက္မ အ႐ြယ္အစားအထိ ရွိတတ္ပါတယ္။ ဒီ Giant Water Bug ေတြကို အေရွ႕ေတာင္အာရွေဒသအခ်ိဳ႕မွာေတာ့ စားသုံးေလ့ရွိၾကပါတယ္။

9. Elephant beetle : up to 13 cm (5.1 in)

အ႐ြယ္အစားႀကီးမားၿပီး ဆင္လိုလိုသ႑ာန္ရွိတာေၾကာင့္ သူတို႔ကို ဆင္ပိုးေတာင္မာ လို႔ေခၚၾကေလ့ရွိၿပီး သိပၸံအမည္ကေတာ့ Megasoma elephas ျဖစ္ပါတယ္။ သူတို႔ကိုေတာ့ မကၠဆီကိုေတာင္ပိုင္း နဲ႔ အလယ္အေမရိကေဒသေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။ အထီးေတြရဲ႕ဦးေခါင္းတည့္တည့္မွာ ဦးခ်ိဳပါရွိတာေၾကာင့္ ႀကံ့ပိုးေတာင္မာလို႔လည္းေခၚတတ္ၾကပါေသးတယ္။ ဆင္ပိုးေတာင္မာ အထီးေတြဟာ ခႏၶာကိုယ္အလ်ား ၅.၁ အ႐ြယ္အစားထိ ႀကီးထြားေလ့ရွိၿပီး အမေတြကေတာ့ အထီးေတြနဲ႔ ႏႈိင္းယွဥ္ရင္ ၂ဆ ၃ဆခန႔္ ပိုေသးပါတယ္။

8. Atlas beetle : up to 13 cm (5.1 in)

သူကလည္း အေပၚက ပိုးေတာင္မာလိုပဲ ႀကံ့ပိုးေတာင္မာအမ်ိဳးအစားျဖစ္ၿပီး သိပၸံအမည္ကေတာ့ Chalcosoma atlas ျဖစ္ပါတယ္။ ဂရိဒ႑ာရီလာ တိုက္တန္နတ္ဘုရား Atlas ရဲ႕ အမည္ကိုေပးထားတာျဖစ္ၿပီး အေၾကာင္းကေတာ့ ဒီေကာင္ေတြဟာ ကမာၻေပၚမွာ အသန္မာဆုံးအင္းဆက္အျဖစ္ သတ္မွတ္ခံထားရလို႔ပါ။ ဘယ္ေလာက္ေတာင္ သန္မာသလဲဆိုရင္ သူ႔ခႏၶာကိုယ္အ႐ြယ္အစားထက္ အဆေပါင္းမ်ားစြာေလးတဲ့ အရာေတြကို ထမ္းပိုးႏိုင္စြမ္းရွိပါတယ္။ သူတို႔ကိုေတာ့ ေတာင္အာရွေဒသမွာေတြ႕ရေလ့ရွိၿပီး အမ်ားဆုံးေတြ႕ရတာကေတာ့ အင္ဒိုနီးရွားႏိုင္ငံမွာ ျဖစ္ပါတယ္။ ခႏၶာကိုယ္အ႐ြယ္အစားကေတာ့ ၂.၅လက္မ ကေန ၅.၁လက္မအထိ ႀကီးထြားၾကပါတယ္။

7. Actaeon beetle : up to 13.5 cm (5.3 in)

ဂရိဒ႑ာရီလာသူရဲေကာင္း Actaeon ရဲ႕အမည္ကိုအေပးခံထားရတဲ့ ဒီပိုးေတာင္မာေတြရဲ႕ သိပၸံအမည္ကေတာ့ Megasoma actaeon ျဖစ္ပါတယ္။ သူတို႔ကိုေတာ့ ေတာင္အေမရိကတိုက္က ဘိုလီးဗီးယား ၊ ကိုလမ္ဘီယာ ၊ ဘရာဇီး ၊ အီေကြေဒါ စတဲ့ႏိုင္ငံေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။ ႀကီးမားထူထဲတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတဲ့ ဒီပိုးေတာင္မာေတြကေတာ့ ခႏၶာကိုယ္အလ်ား ၅.၄လက္မအထိ ႀကီးထြားႏိုင္ၾကပါတယ္။

6. giant longhorn beetle : up to 15 cm (5.9 in)

အလြန္ရွည္လ်ားတဲ့ ဦးခ်ိဳပိုင္ဆိုင္ထားတဲ့ ပိုးေတာင္မာအမ်ိဳးအစားျဖစ္ၿပီး သူတို႔ကို giant longhorn beetle လို႔ေခၚသလို imperious sawyer လို႔လည္း ေခၚၾကေလ့ရွိပါတယ္။ သူတို႔ရဲ႕ သိပၸံအမည္ကေတာ့ Enoplocerus armillatus ျဖစ္ပါတယ္။ ဒီဦးခ်ိဳရွည္ပိုးေတာင္မာေတြကိုေတာ့ ေတာင္အေမရိကတိုက္က အာဂ်င္တီးနား ၊ ကိုလမ္ဘီယာ ၊ ျပင္သစ္ဂီယားနား ၊ ဂိုင္ယာနာ စတဲ့ႏိုင္ငံေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ဒီအေကာင္ေတြရဲ႕အ႐ြယ္အစားဟာ ၄လက္မခြဲ အ႐ြယ္အစားသာ ရွိတတ္ေပမယ့္ အႀကီးဆုံးေကာင္ေတြကေတာ့ ၅.၉လက္မ အ႐ြယ္အစားထိ ရွိၾကပါတယ္။

5. Titan beetle : up to 16.7 cm (6.6 in)

တိုက္တန္ပိုးေတာင္မာေတြဟာ အႀကီးဆုံးအင္းဆက္အမ်ိဳးအစားတမ်ိဳးျဖစ္ၿပီး သူတို႔ရဲ႕ သိပၸံအမည္က Titanus giganteus ျဖစ္ပါတယ္။ သူတို႔ကိုေတာ့ ကမာၻအႏွံ႔အျပားမွာ ေတြ႕ရတတ္ၿပီး ေတာင္အေမရိကတိုက္က ဗင္နီဇြဲလား ၊ ကိုလမ္ဘီယာ ၊ အီေကြေဒါ ၊ ပီ႐ူး နဲ႔ ဘရာဇီးေျမာက္ပိုင္းတို႔မွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။ အ႐ြယ္အစားအားျဖင့္ေတာ့ တိုက္တန္ပိုးေတာင္မာေတြဟာ ခႏၶာကိုယ္အလ်ား ၆.၆လက္မ အထိ ႀကီးထြားႏိုင္ပါတယ္။

4. Hercules beetle : up to 17 cm (6.7 in)

ဟာက်ဴလီပိုးေတာင္မာကေတာ့ လူသိအမ်ားဆုံးပိုးေတာင္မာျဖစ္ၿပီး ႀကံ့ပိုးေတာင္မာေတြထဲမွာေတာ့ အႀကီးဆုံးမ်ိဳးႏြယ္ျဖစ္ပါတယ္။ သူတို႔ရဲ႕သိပၸံအမည္က Dynastes hercules ျဖစ္ၿပီး သူတို႔ဟာ ဟာက်ဴလီဆိုတဲ့အမည္နဲ႔ လိုက္ေအာင္ သူတို႔ခႏၶာကိုယ္အေလးခ်ိန္ထက္ အဆ ၁၀၀ေက်ာ္ေလးလံတဲ့ အရာေတြကို သယ္ယူထမ္းပိုးႏိုင္စြမ္းရွိပါတယ္။ သူတို႔ကို မကၠဆီကိုေတာင္ပိုင္း နဲ႔ ဘိုလီးဗီးယားႏိုင္ငံေတြက ေတာင္တန္းေတြ မိုးသစ္ေတာေတြမွာ အမ်ားဆုံးေတြ႕ရတတ္ပါတယ္။ ပ်မ္းမွ်အားျဖင့္ အ႐ြယ္ေရာက္ၿပီးအေကာင္ေတြရဲ႕ အ႐ြယ္အစားဟာ ၃.၅လက္မသာ ရွိေပမယ့္ တခ်ိဳ႕အေကာင္ႀကီးေတြကေတာ့ ၆.၇ လက္မ အထိ ရွိတတ္ပါတယ္။

3. Sabertooth Longhorn beetle: up to 17+ cm (6.7+ in)

ဒီဦးခ်ိဳရွည္ ပိုးေတာင္မာေတြရဲ႕ သိပၸံအမည္က Macrodontia cervicornis ျဖစ္ပါတယ္။ Macrodontia က ရွည္လ်ားတဲ့သြား ၊ cervicornis က သမင္ဦးခ်ိဳ ဆိုၿပီး အဓိပၸါယ္ရပါတယ္။ အျခားပိုးေတာင္မာေတြနဲ႔ ပုံသ႑ာန္ကြဲျပားပါတယ္။ သူတို႔ကိုေတာ့ ကိုလမ္ဘီယာ ၊ အီေကြေဒါ ၊ ပီ႐ူး နဲ႔ ဘိုလီးဗီးယားက မိုးသစ္ေတာေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။ ဒီအေကာင္ေတြရဲ႕ ခႏၶာကိုယ္အ႐ြယ္အစားကေတာ့ ၇လက္မနီးပါးအထိ ရွိတတ္ပါတယ္။

2. Praying Mantis: Up to 18 cm (7 in)

သူတို႔ကိုေတာ့ ကြၽန္ေတာ္တို႔က ဒါးခုတ္ေကာင္ ၊ ရွိခိုးေကာင္ စသည္ျဖင္ေခၚတတ္ၾကၿပီး သိပၸံအမည္က Mantodea ျဖစ္ပါတယ္။ သူတို႔ကို ကမာၻ႔ေနရာအႏွံ႔အျပားမွာ ေတြ႕ရေလ့ရွိၿပီး ပုံမွန္အ႐ြယ္အစားကေတာ့ ၂လက္မကေန ၃လက္မ အ႐ြယ္အစားအထိ ရွိပါတယ္။ ဒါေပမယ့္ ၁၉၂၉ ခုႏွစ္တုန္းက တ႐ုတ္ျပည္ေတာင္ပိုင္းမွာ ေတြ႕ရွိခဲ့တဲ့ ရွိခိုးေကာင္ရဲ႕အ႐ြယ္အစားကေတာ့ ၇လက္မ အထိေတာင္ ရွိလို႔ေနပါတယ္။

1. Phryganistria chinensis Zhao: 62.4 cm (24.6 in)

ကမာၻေပၚမွာ အႀကီးဆုံး အင္းဆက္ကေတာ့ တုတ္ေခ်ာင္းအင္းဆက္အမ်ိဳးအစားျဖစ္ၿပီး သိပၸံအမည္ကေတာ့ Phryganistria ျဖစ္ပါတယ္။ တုတ္ေခ်ာင္းအင္းဆက္ေတြကိုေတာ့ အႏၲာတိကတိုက္က လြဲလို႔ ကမာၻ႔ေနရာအႏွံ႔အျပားမွာ ေတြ႕ရေလ့ရွိပါတယ္။ တုတ္ခ်ာင္းအင္းဆက္ေတြဟာ လက္မဝက္ကေန ၂ေပ ဝန္းက်င္အထိ အ႐ြယ္အစားအမ်ိဳးမ်ိဳး ရွိၾကပါတယ္။ ၂၀၁၆ ခုႏွစ္ တ႐ုတ္ႏိုင္ငံအေနာက္ပိုင္းမွာရွိတဲ့ အင္းဆက္ျပတိုက္မွာေတြ႕ခဲ့ရတဲ့ တုတ္ေခ်ာင္းအင္းဆက္ကေတာ့ ခႏၶာကိုယ္အလ်ား ၂၄.၆လက္မ အထိ ရွိေနတာေၾကာင့္ ကမာၻ႔အႀကီးဆုံး အင္းဆက္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!