(Unicode)
Great Barrier Reef လို့သိကြတဲ့ မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသန္တာကျောက်တန်းကြီးဖြစ်ပြီး သန္တာကျောက်တန်းပေါင်း ၂၉၀၀ နဲ့ သန္တာကျွန်းပေါင်း ၉၀၀ ကျော်ပါဝင်ကာ အကွာအဝေးအားဖြင့် မိုင်ပေါင်း ၁၄၀၀ ခန့်ရှည်လျားပါတယ်။ ဧရိယာနဲ့တွက်ရင်တော့ စတုရန်းမိုင်ပေါင်း ၁၃၃၀၀၀ တောင် ကျယ်ဝန်းပါသတဲ့။
ဒီကျောက်တန်းကြီး တည်ရှိတဲ့နေရာကတော့ သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ် ကမ်းရိုးတန်း ကမ်းလွန်သန္တာပင်လယ်မှာ ဖြစ်ပါတယ်။ ဒီကျောက်တန်းကြီးဟာ သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်ရဲ့ အထိမ်းအမှတ် အမွေအနှစ်တစ်ခုဖြစ်သလို သဘာဝဆိုင်ရာ ကမ္ဘာ့အံ့ဖွယ် ၇ ခုထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။
မဟာသန္တာကျောက်တန်းကြီးကို အာကာသမှပင်မြင်နိုင်ပြီး ကမ္ဘာပေါ်မှာ သက်ရှိတို့ဆောက်လုပ်တဲ့ အကြီးဆုံးတည်ဆောက်မှုလည်းဖြစ်ပါတယ်။ ဒီမဟာ သန္တာကျောက်တန်းကြီးဟာ နှစ်ထောင်ပေါင်းများစွာ အချိန်မှ စတင်ကာ သန်းထောင်ပေါင်းများစွာသော coral polyps ခေါ် သန္တာကောင်ကလေးများ စုပေါင်းတည်ဆောက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သက်ရှိပေါင်း မြောက်များစွာတို့ နေထိုင်ရန် အထောက်အကူဖြစ်တဲ့ ဒီနေရာဟာ ၁၉၈၁ခုနှစ်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခု အဖြစ် သတ်မှတ်ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။
ဒီသန္တာကျောက်တန်းကြီးဟာ ငါးမျိုးစိတ်ပါင်း ၁၆၀၀ကျော် ၊ ငှက်မျိုးစိတ်ပေါင်း ၂၀၀ကျော် ၊ သန္တာမျိုးစိတ်ပေါင်း ၁၄၀၀ကျော် ၊ molluscs(ခရုကဲ့သို့ ပျော့ပြောင်းသော ခန္ဓာကိုယ်ရှိတဲ့ရေနေသတ္တဝါများ) မျိုးစိတ်ပေါင်း ၃၀၀၀ကျော် ၊ ရေလိပ်ပေါင်း ၆မျိုး ၊ ငါးမန်း နဲ့ ငါးလိပ်ကျောက်ပေါင်း အမျိုး ၁၃၀ကျော် ၊ ဝေလငါး နဲ့ လင်းပိုင် အမျိုးအစားပေါင်း ၃၀ ကျော်တို့ မှီတင်းနေထိုင်ရာ အိမ်ဆိုရင်လည်း မမှားပါဘူး။
ကမ္ဘာ့ရှားပါးသတ္တဝါမျိုး စားရင်းဝင်နေပြီဖြစ်တဲ့ ပင်လယ်နွား(ရေဝက်) ခေါ် Dugongs တွေကို ဒီကျောက်တန်းကြီးအနီးမှာတော့ ပေါများစွာ တွေ့ရလေ့ရှိပါတယ်။ လူတွေအတွက် အန္တရာယ်အရှိဆုံး ရေနေသတ္တဝါအဖြစ် သတ်မှတ်ခံထားရတဲ့ box ဂျယ်လီငါးတွေကိုလည်း ဒီနေရာမှာ အရောင်အမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။ ဒီဂျယ်လီငါးတွေတွတ်တာခံရတဲ့လူဟာ နှလုံးရပ်စေတာ၊ မိနစ်ပိုင်းအတွင်း သေဆုံးနိုင်တဲ့ အထိ အန္တရာယ်ပြင်းထန်ပါတယ်။
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး ဟာ သက်ရှိဂေဟစနစ်တွေ စုစည်းဖြစ်ပေါ်နေတဲ့ နေရာတစ်ခုဖြစ်သလို ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အဓိကနေရာတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း လူသန်း ၂သန်းကျော်ဟာ ဒီနေရာကို လာရောက်လည်ပတ်နေလျက်ရှိပါတယ်။ သန္တာကျောက်တန်းကြီးကြောင့် သြစတြေးလျဟာ နှစ်စဉ် သြစီဒေါ်လာ ဘီလျံချီပြီးရရှိနေသလို သြစတြေးလျနိုင်ငံသားပေါင်း ၆၀၀၀၀ ကျော်ကိုလည်း အလုပ်ပေးနိုင်ခဲ့ပါတယ်။
သြစတြေးလျကနေ ဒီမဟာသန္တာကျောက်တန်းကြီးရှိရာနေရာကို Port Douglas, Cairns, Townsville, Airlie Beach, 1770 နဲ့ Bundaberg အစရှိတဲ့ နေရာတွေကနေ ၁နာရီကျော် မော်တော်ဘုတ်စီးပြီး သွားရောက်ရပါတယ်။ ဒီနေရာကို အများဆုံးရောက်ရင် လူတွေအများဆုံးလုပ်လေ့ရှိတာကတော့ သန္တာကျောက်တန်းကြီးရဲ့ သဘာဝအလှအပတွေကို မော်တော်ဘုတ်နဲ့ လှည့်ပတ်ကြည့်ရှု့ခြင်းဖြစ်ပါတယ်။
စွန့်စားရတာကို နှစ်သက်တဲ့သူတွေကတော့ ရေငုပ်ပြီး (သို့) ရေအောက်ဆိုင်ကယ်စီးပြီး ရေအောက်က ရေနေသက်ရှိတွေနဲ့ သဘာဝအလှအပတွေကို နီးနီးကပ်ကပ်ကြည့်ရှု့လေ့ရှိပြီး လှေလှော်တာတွေ ၊ လှေရွက်လွှင့်စီးတာတွေ လုပ်လေ့ရှိပါတယ်။ ဒါမှမဟုတ် ရေနဲ့ နီးနီးကပ်ကပ်မသွားချင်ဘူးဆိုရင်လည်း လေယာဉ်ပျံတွေ ၊ ဟယ်ရီကော်ပတာတွေနဲ့ ကောင်းကင်ကနေ ပျံသန်းရင်း လှည့်ပတ်ကြည့်ရှု့နိုင်ပါသေးတယ်။ လှေအောက်ကြမ်းပြင်ကို မှန်နဲ့ပြုလုပ်ထားတဲ့ glass bottom boat ကို စီးရင်း ရေထဲက မြင်ကွင်းတွေကိုလည်း ကြည့်ရှု့နိုင်ပါတယ်။
(Zawgyi)
ကမာၻ႔ သဘာ၀အံ့ဖြယ္ စာရင္း၀င္ မဟာ ဘယ္ရီယာ သႏၲာေက်ာက္တန္းႀကီး
Great Barrier Reef လုိ႔သိၾကတဲ့ မဟာ ဘယ္ရီယာ သႏၲာေက်ာက္တန္းႀကီးဟာ ကမာၻေပၚမွာ အႀကီးဆုံးသႏၱာေက်ာက္တန္းႀကီးျဖစ္ၿပီး သႏၱာေက်ာက္တန္းေပါင္း ၂၉၀၀ နဲ႔ သႏၱာကြ်န္းေပါင္း ၉၀၀ ေက်ာ္ပါ၀င္ကာ အကြာအေ၀းအားျဖင့္ မုိင္ေပါင္း ၁၄၀၀ ခန္႔ရွည္လ်ားပါတယ္။ ဧရိယာနဲ႔တြက္ရင္ေတာ့ စတုရန္းမုိင္ေပါင္း ၁၃၃၀၀၀ ေတာင္ က်ယ္၀န္းပါသတဲ့။
ဒီေက်ာက္တန္းႀကီး တည္ရွိတဲ့ေနရာကေတာ့ ၾသစေၾတးလ်ႏုိင္ငံ အေရွ႕ေျမာက္ပုိင္း ကြင္းစလန္ျပည္နယ္ ကမ္းရုိးတန္း ကမ္းလြန္သႏၲာပင္လယ္မွာ ျဖစ္ပါတယ္။ ဒီေက်ာက္တန္းႀကီးဟာ ၾသစေၾတးလ်ႏုိင္ငံ ကြင္းစလန္ျပည္နယ္ရဲ႕ အထိမ္းအမွတ္ အေမြအႏွစ္တစ္ခုျဖစ္သလုိ သဘာ၀ဆုိင္ရာ ကမာၻ႔အံ့ဖြယ္ ၇ ခုထဲမွာ တစ္ခုအပါအ၀င္လည္း ျဖစ္ပါတယ္။
မဟာသႏာၱေက်ာက္တန္းႀကီးကို အာကာသမွပင္ျမင္ႏုိင္ၿပီး ကမာၻေပၚမွာ သက္ရွိတုိ႔ေဆာက္လုပ္တဲ့ အႀကီးဆုံးတည္ေဆာက္မႈလည္းျဖစ္ပါတယ္။ ဒီမဟာ သႏၱာေက်ာက္တန္းႀကီးဟာ ႏွစ္ေထာင္ေပါင္းမ်ားစြာ အခ်ိန္မွ စတင္ကာ သန္းေထာင္ေပါင္းမ်ားစြာေသာ coral polyps ေခၚ သႏၱာေကာင္ကေလးမ်ား စုေပါင္းတည္ေဆာက္ရာမွ ျဖစ္ေပၚလာျခင္း ျဖစ္ပါတယ္။ သက္ရွိေပါင္း ေျမာက္မ်ားစြာတို႔ ေနထိုင္ရန္ အေထာက္အကူျဖစ္တဲ့ ဒီေနရာဟာ ၁၉၈၁ခုႏွစ္မွာေတာ့ ယူနက္စကုိရဲ႕ ကမာၻ႔အေမြအႏွစ္ ေနရာတစ္ခု အျဖစ္ သတ္မွတ္ထိန္းသိမ္းျခင္း ခံခဲ့ရပါတယ္။
ဒီသႏၱာေက်ာက္တန္းႀကီးဟာ ငါးမ်ဳိးစိတ္ပါင္း ၁၆၀၀ေက်ာ္ ၊ ငွက္မ်ဳိးစိတ္ေပါင္း ၂၀၀ေက်ာ္ ၊ သႏာၱမ်ဳိးစိတ္ေပါင္း ၁၄၀၀ေက်ာ္ ၊ molluscs(ခရုကဲ့သုိ႔ ေပ်ာ့ေျပာင္းေသာ ခႏၶာကုိယ္ရွိတဲ့ေရေနသတၱ၀ါမ်ား) မ်ဳိးစိတ္ေပါင္း ၃၀၀၀ေက်ာ္ ၊ ေရလိပ္ေပါင္း ၆မ်ဳိး ၊ ငါးမန္း နဲ႔ ငါးလိပ္ေက်ာက္ေပါင္း အမ်ဳိး ၁၃၀ေက်ာ္ ၊ ေ၀လငါး နဲ႔ လင္းပုိင္ အမ်ဳိးအစားေပါင္း ၃၀ ေက်ာ္တုိ႔ မွီတင္းေနထုိင္ရာ အိမ္ဆုိရင္လည္း မမွားပါဘူး။
ကမာၻ႔ရွားပါးသတၱ၀ါမ်ဳိး စားရင္း၀င္ေနၿပီျဖစ္တဲ့ ပင္လယ္ႏြား(ေရ၀က္) ေခၚ Dugongs ေတြကို ဒီေက်ာက္တန္းႀကီးအနီးမွာေတာ့ ေပါမ်ားစြာ ေတြ႔ရေလ့ရွိပါတယ္။ လူေတြအတြက္ အႏၱရာယ္အရွိဆုံး ေရေနသတၱ၀ါအျဖစ္ သတ္မွတ္ခံထားရတဲ့ box ဂ်ယ္လီငါးေတြကိုလည္း ဒီေနရာမွာ အေရာင္အမ်ဳိးမ်ဳိးနဲ႔ ေတြ႔ႏုိင္ပါတယ္။ ဒီဂ်ယ္လီငါးေတြတြတ္တာခံရတဲ့လူဟာ ႏွလံုးရပ္ေစတာ၊ မိနစ္ပိုင္းအတြင္း ေသဆံုးႏုိင္တဲ့ အထိ အႏၱရာယ္ျပင္းထန္ပါတယ္။
မဟာ ဘယ္ရီယာ သႏၲာေက်ာက္တန္းႀကီး ဟာ သက္ရွိေဂဟစနစ္ေတြ စုစည္းျဖစ္ေပၚေနတဲ့ ေနရာတစ္ခုျဖစ္သလို ခရီးသြားေတြကို ဆြဲေဆာင္ႏိုင္တဲ့ အဓိကေနရာတစ္ခုျဖစ္ပါတယ္။ ႏွစ္စဥ္ႏွစ္တုိင္းလည္း လူသန္း ၂သန္းေက်ာ္ဟာ ဒီေနရာကို လာေရာက္လည္ပတ္ေနလ်က္ရွိပါတယ္။ သႏာၱေက်ာက္တန္းႀကီးေၾကာင့္ ၾသစေၾတးလ်ဟာ ႏွစ္စဥ္ ၾသစီေဒၚလာ ဘီလ်ံခ်ီၿပီးရရွိေနသလုိ ၾသစေၾတးလ်ႏုိင္ငံသားေပါင္း ၆၀၀၀၀ ေက်ာ္ကုိလည္း အလုပ္ေပးႏုိင္ခဲ့ပါတယ္။
ၾသစေၾတးလ်ကေန ဒီမဟာသႏာၱေက်ာက္တန္းႀကီးရွိရာေနရာကို Port Douglas, Cairns, Townsville, Airlie Beach, 1770 နဲ႔ Bundaberg အစရွိတဲ့ ေနရာေတြကေန ၁နာရီေက်ာ္ ေမာ္ေတာ္ဘုတ္စီးၿပီး သြားေရာက္ရပါတယ္။ ဒီေနရာကို အမ်ားဆုံးေရာက္ရင္ လူေတြအမ်ားဆုံးလုပ္ေလ့ရွိတာကေတာ့ သႏာၱေက်ာက္တန္းႀကီးရဲ႕ သဘာ၀အလွအပေတြကို ေမာ္ေတာ္ဘုတ္နဲ႔ လွည့္ပတ္ၾကည့္ရႈ႕ျခင္းျဖစ္ပါတယ္။
စြန္႔စားရတာကို ႏွစ္သက္တဲ့သူေတြကေတာ့ ေရငုပ္ၿပီး (သုိ႔) ေရေအာက္ဆုိင္ကယ္စီးၿပီး ေရေအာက္က ေရေနသက္ရွိေတြနဲ႔ သဘာ၀အလွအပေတြကို နီးနီးကပ္ကပ္ၾကည့္ရႈ႕ေလ့ရွိၿပီး ေလွေလွာ္တာေတြ ၊ ေလွရြက္လႊင့္စီးတာေတြ လုပ္ေလ့ရွိပါတယ္။ ဒါမွမဟုတ္ ေရနဲ႔ နီးနီးကပ္ကပ္မသြားခ်င္ဘူးဆုိရင္လည္း ေလယာဥ္ပ်ံေတြ ၊ ဟယ္ရီေကာ္ပတာေတြနဲ႔ ေကာင္းကင္ကေန ပ်ံသန္းရင္း လွည့္ပတ္ၾကည့္ရႈ႕ႏုိင္ပါေသးတယ္။ ေလွေအာက္ၾကမ္းျပင္ကို မွန္နဲ႔ျပဳလုပ္ထားတဲ့ glass bottom boat ကုိ စီးရင္း ေရထဲက ျမင္ကြင္းေတြကိုလည္း ၾကည့္ရႈ႕ႏုိင္ပါတယ္။