Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ ပထမဆုံးသော လယ်သမားတွေရဲ့နယ်မြေ (သို့) Abu Hureyra

by Thutamm
September 1, 2020
Reading Time: 1min read
0
ကမ္ဘာ့ ပထမဆုံးသော လယ်သမားတွေရဲ့နယ်မြေ (သို့) Abu Hureyra
Share on FacebookShare on Twitter

သမိုင်းပညာရှင်တွေရဲ့ အဆိုအရတော့ ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေဟာ လူသားမျိုးနွယ်စု ဒေသ (၆)နေရာကနေအဆင့်ဆင့်ဖွံဖြိုးလာခဲ့ကြတယ်လို့ဆိုပါတယ်။ ယင်းနေရာတွေကို တော့ လူသားမျိုးနွယ်ယဉ်ကျေးမှုစတင်ထွန်းကားရာနေရာတွေလို့ သတ်မှတ်ရမှာဖြစ်ပြီး ယင်းနေရာတွေအနက်က (၂)နေရာဟာအရှေ့အလယ်ပိုင်းဒေသ၊ နောက်ထပ်(၂)နေရာ ဟာ အာရှတိုက်အတွင်းနဲ့ ကျန် (၂)နေရာဟာ အမေရိကတိုက်မှာတည်ရှိနေတယ်လို့ သိရ ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာတည်ရှိတဲ့ လူသားမျိုးနွယ်ယဉ်ကျေးမှုစတင်ထွန်းကားရာ နေရာ(၂)နေရာတော့ စိုက်ပျိုးရန် မြေသြဇာအလွန်ကောင်းတဲ့ဒေသကြီးတွေ ဖြစ်ပြီး Fertile Crescent နယ်မြေတွေလို့ခေါ်ဆိုပါတယ်။ ယင်းဒေသကြီးရဲ့ပုံစံဟာ လခြမ်းကွေးသ ဏ္ဍန်တည်ရှိနေတာဖြစ်ပြီး မျက်မှောက်ခေတ်နိုင်ငံတွေဖြစ်တဲ့ အီရတ်၊ တူရကီ၊ အီရန်၊ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ပါလက်စတိုင်း၊ ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံတွေ ဖြစ်လာမယ့်ဒေသဖြစ်ပါတယ်။

အာရေးဗျကျွန်းဆွယ်ကြီးရဲ့အကျဉ်းပိုင်းနေရာကနေ မြေထဲပင်လယ် ကမ်းခြေတစ်လျှောက်၊ ယင်းကနေ ပါရှန်းပင်လယ်ကွေ့ဒေသအထိ Fertile Crescent ဒေသ အတွင်းပါဝင်နေပြီး မက်ဆိုပိုတေးမီးယား၊ Gobekil Tepe နဲ့ Jericho လိုသမိုင်းဝင် နယ်မြေတွေအထိပါဝင်တည်ရှိနေတာဖြစ်ပါတယ်။ ကျောက်ခေတ်နှောင်းပိုင်းကာလ ( Neolithic) ကာလရောက်ချိန်မှာတော့ ယင်းအရပ်မှာရှိတဲ့ လူသားမျိုးနွယ်တွေဟာ အနည်းငယ်ယဉ်ကျေးလာပြီး အမဲလိုက်အစာရှာတဲ့ဘဝကနေ စိုက်ပျိုးထွန်ယက်ပြီးစားသောက်တဲ့ ပုံစံကိုကူးပြောင်းလာကြပါတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ မုဆိုးဘဝကနေ လယ်သမား၊ စိုက်ပျိုးရေးသမားတွေဖြစ်လာကြတာဖြစ်ပါတယ်။

Fertile Crescent ဒေသရဲ့အဓိကအချက်အခြာနေရာကိုတော့ Abu Hureyra လို့သိကြပြီး ဒေသအခေါ် tell လို့သိကြတဲ့လူသားတွေဖန်တီးထားတဲ့ တောင်ပို့ကြီးတစ်ခုအပေါ်မှာ တည်ရှိနေပါတယ်။ Abu Hureyra ဟာ ယနေ့ဆီးရီးယားနိုင်ငံတောင်ဘက်ပိုင်းက အလက်ပိုမို့ကြီးရဲ့ အရှေ့ဘက် (၁၂၀)ကီလိုမီတာကွာဝေးတဲ့ Euphrates တောင်ကြားဒေသမှာ တည်ရှိနေပါတယ်။ ယင်း Tell ကြီးမှာတော့ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့တဲ့ အလွန်ကြီးမားတဲ့အဆောက်အုံ အပျက်တွေ၊ အကျိုးအပဲ့အစအနတွေကျန်ရှိနေပြီး ယင်းကာလကတည်းက ကျောက်ခေတ်လူသား ထောင်နဲ့ချီပြီး ယင်းနယ်မြေဝန်းကျင်မှာနေထိုင်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေကိုလည်းတွေ့ရှိခဲ့ပါတယ်။ ယခုချိန်မှာတော့ Tell ဟာ(၈)မီတာလောက်အမြင့်ရှိပြီး ကီလိုမီတာဝက်လောက် အကျယ်သာရှိတော့ပြီး ဝန်းကျင်ဒေသတွေကတော့ Assad ရေကန်အတွင်းနစ်မြုပ်သွားခဲ့ပြီဖြစ်ပါတယ်။

Abu Hureyra သမိုင်းဝင်နယ်မြေတစ်ခုတည်းကိုပဲ ရှေးဟောင်းးသုတေသနပညာရှင်တွေ က Abu Hureyra (၁) နဲ့ Abu Hureyra (၂) ဆိုတဲ့ကာလကွာခြားချက် အပေါ်မူတည် နာမည်ပေးထားပါတယ်။ ယင်းနယ်မြေရဲ့သက်တမ်းဟာ Chronology (သမိုင်းဝင်ဖြစ်ရပ်များကို ခေတ်ကာလသတ်မှတ်သည့်ပညာရပ်) တွေအရ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၃၀၀၀)ကနေ (၉၀၀၀)အကြားသက်တမ်းရှိကြတယ်လို့ သိရပါတယ်။

Abu Hureyra (၁) ဒေသမှာနေထိုင်သူတွေဟာ Epipaleolithic ခေတ်ကာလအတွင်းက လူသားမျိုးနွယ်စုတွေဖြစ်တယ်လို့သိရပြီး အားလုံးဟာ စုပေါင်းအမဲလိုက်လေ့ရှိကြပတယ်။ Abu Hureyra (၂)နယ်မြေကတော့ Neolithic လို့သိကြတဲ့ ကျောက်ခေတ်နှောင်းကာလ အစောပိုင်းကာလကသူတွေဖြစ်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသူတွေပါဝင်နေတယ်လို့ သိရပါတယ်။ အများအားဖြင့်တော့ မူလက စုပေါင်းအမဲလိုက်လေ့ရှိသူတွေဟာ တစ်ဖြည်းဖြည်းယဉ်ကျေးလာပြီး စိုက်ပျိုးရေးလုပ်ငန်း တွေကိုလုပ်ကိုင်တဲ့ လယ်သမားတွေအဖြစ် အသွင်ပြောင်းလာကြတာဖြစ်ပါတယ်။

ဒါကြောင့် Abu Hureyra ဒေသက လယ်သမားတွေကိုတော့ ကမာ့္ဘပထမဆုံးသော လယ်သမားတွေအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့အမဲလိုက်သမားဘဝကနေ လယ်သမားတွေအဖြစ် ကူးပြောင်းတဲ့ကာလဟာ Younger Dryas period လို့သိကြတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၂၉၀၀) ကနေ (၁၁၇၀၀)အကြားက ကမ္ဘာပေါ်မှာရေခဲမြစ်တွေတစ်ဖန် ပြန်လည်စီးဆင်းတဲ့ကာလနဲ့ သွားရောက်တိုက်ဆိုက်မှုရှိနေနိုင်ပြီး သူတို့ပထမဆုံးသော ထွန်ယက်စိုက်ပျိုးတဲ့သီးနှံကတော့ ရိုင်းဂျုံဖြစ်တယ်လို့ဆိုပါတယ်။

ကျောက်ခေတ်ကာလတစ်ခုဖြစ်တဲ့ Epipaleolithic era ၊လွန်ခဲ့တဲ့နှစ်ပေါင်း (၁၃၅၀၀) ကာလအချိန်မှာတော့ ပထမဆုံးသော Abu Hureyra နယ်မြေဟာဖြစ်ပေါ်လာခဲ့ပါတယ်။ ရွာငယ်တစ်ခုပမာဖြစ်တဲ့ ယင်းနယ်မြေအတွင်းမှာတော့ သဲကျောက်တွေကိုထွင်းထုပြီးဖန်တီးထားတဲ့ တစ်ဆက်တည်းရှိနေတဲ့ တဲစုတန်းတွေရှိခဲ့ပြီး တဲတွေရဲ့အမိုးတွေ မှာတော့ သစ်ခက် အဖျားအနားအကျိုးအပြတ်တွေ၊ကျူပင်တွေနဲ့ဖုံးအုပ်ထားပြီး တဲတစ်ခု ချင်းစီမှာ သားစိမ်း၊ငါးစိမ်းတွေကို သိုလှောင်တဲ့မြေအောက်ခန်းတွေပါဝင်နေပါတယ်။

ရွာသားတွေဟာ တောလိုက်ခြင်း၊ငါးဖမ်းခြင်းတွေအပြင် သားရဲတိရိစ္ဆာန်ကြီးတွေဆိုရင်စုပေါင်းအမဲလိုက်တဲ့ပုံစံမျိုးနဲ့ စားစရာရှာဖွေလေ့ရှိကြပါတယ်။ Abu Hureyra နယ်မြေရဲ့ တည်ရှိပုံအရ နွေရာသီရောက်ချိန်မှာဆိုရင် ထောင်နဲ့ချီတဲ့ ဂဇဲဆိတ်တွေဟာ ယင်းနေရာကို ဖြတ်ပြီး ရွေ့ပြောင်းသွားလာမှုတွေ နှစ်စဉ်ပြုလုပ်ကြတာမို့ ရွာခံတွေအတွက်အရေအတွက် များစွာသော စားနပ်ရိက္ခာတွေကိုပိုင်ဆိုင်ရလေ့ရှိပါတယ်။ ယင်းကဲ့သို့အစားအစာပေါများစွာ ရရှိနေတယ်ဆိုတဲ့အချက်ကြောင့်လည်း Abu Hureyra ဒေသဟာအခြေချနေထိုင်သူပေါများနေတာလည်း ဖြစ်ပါတယ်။ ရရှိတဲ့သားကောင်တွေရဲ့ အရေခွံတွေကိုတော့ စုဆောင်းလေ့ရှိ ပြီး အသားကိုတော့ နေလှန်းခြင်း၊မီးကင်ခြင်းတွေပြုလုပ်ကာ ရေရှည်ခံအောင်စီမံခဲ့ကြ တယ်လို့သိရပြီး ယင်းကာလကလူသားမျိုးနွယ်စုတွေဟာ ဂျုံ၊ရိုင်းဂျုံစတဲ့ကောက်ပဲသီးနှံ တွေကိုတော့ စိုက်ပျိုးစားသုံးခဲ့ကြတယ်လို့သိရပါတယ်။

Younger Dryas(လွန်ခဲ့သောနှစ်ပေါင်း ၁၂၈၀၀ ကနေ ၁၁၅၀၀ကြား) ကာလအတွင်းက အေးပြီးခြောက်သွေ့တဲ့ ရာသီဥတုတွေမှာတော့ Abu Hureyra သားတွေရဲ့စိုက်ပျိုးသီးနှံတွေဟာ ရေခဲမြစ်လိုသဘာဝဘေးတွေကြောင့် ပျက်ဆီး ခဲ့ရသလို နှစ်စဉ်ပြောင်းရွေနေတဲ့ ဂဇဲဆိတ်တွေရဲ့လမ်းကြောင်းဟာလည်းပြောင်းလဲသွားခဲ့ ပါတော့တယ်။ ဒါကြောင့် Abu Hureyra ဒေသကိုပြောင်းရွေလာသူများပြားခဲ့ပြီး တစ်နည်း ပြောရရင် ကျောက်ခေတ်နှောင်းလူသားတွေ နှစ်တစ်ထောင်ကျော်လောက်လောက်နေ ထိုင်လာခဲ့တဲ့ Abu Hureyra အရပ်ဟာ ပျက်သုဉ်းသွားခဲ့ပါတော့တယ်။

သူတို့အဲဒီဒေသက ထွက်ခွာသွားချိန်ကာလကတည်း Abu Hureyra သားတွေဟာ စိုက်ပျိုးရေးရဲ့အခြေခံလုပ်ငန်းတွေကို ကျွမ်းကျင်သွားခဲ့ပြီး များစွာသောသီးပင်၊စားပင်တွေရဲ့ သဘာဝကိုနားလည်သွားခဲ့ကြပါတယ်။ နောက်ထပ်နှစ်ပေါင်း ၁၀၀၀ ဝန်းကျင်လောက်ကြာမြင့်ချိန်မှာတော့ ဘိုးဘွားတွေဆီကနေ စိုက်ပျိုးရေးအခြေခံတွေကို တတ်သိနားလည်တဲ့ လူသားမျိုးနွယ်စုတွေဟာ Abu Hureyra ဒေသကိုကိုပြန်လည်အခြေချလာပြန်ပါတယ်။ ယင်းကာလမှာတော့ Abu Hureyra ဒေသရဲ့ ရာသီဥတုဟာ ကောင်းမွန်လာပြီး သဘာဝဘေးတွေလည်းမရှိတော့တာကြောင့် မူရင်းကောင်းမွန်တဲ့ရေခံ၊မြေခံမှာပဲ သီးနှံစိုက်ပျိုးမှုတွေများပြားစွာပြုလုပ်လာပါတော့တယ်။

မူလက အမဲလိုက်သူတွေဖြစ်ပြီး လယ်ယာသမားတွေအဖြစ် ကူးပြောင်းသွားကြပါတယ်ဆို တဲ့ Abu Hureyra သားတွေရဲ့ဖြစ်စဉ်ကို သမိုင်းသုတေသီတွေတွေ့ရှိခဲ့တဲ့ မြင်းစားဂျုံစေ့ ၊ မုယောစပါးစေ့၊ ပဲနီကလေးစေ့တွေက သက်သေခံလျက်ရှိနေပါတယ်။ ဒါအပြင် Abu Hureyra ဒေသမှ ာတူးဖော်တွေ့ရှိတဲ့ လူသားကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ သွားတွေကိုလေ့လာချက်တွေအရလည်း ယင်းဒေသကလူသားမျိုးနွယ်တွေဟာ အစားအသောက်ကို မီးနဲ့ ချက်ပြုတ်စားသောက်ခဲ့ကြတယ်ဆိုတဲ့ အချက်ကိုသိရပါတယ်။ အစားအသောက်ကနေရတဲ့ အဟာရဓာက်ဟာ လူခန္ဓာကိုယ်ပြောင်းလဲမှုတွေကိုပါနားလည်ခဲ့ကြတယ်လို့သိရပြီး စား သောက်ဝိုင်းတွေ အထိပြင်ဆင်စားသောက်တဲ့ အလေ့ကိုလည်း Abu Hureyra က နှောင်းလူတွေပိုင်ဆိုင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါအပြင်တူးဖော်တွေ့ရှိတဲ့ နှောင်းလူတွေရဲ့ရုပ်ကြွင်းတွေမှာဆိုရင် နာရီပေါင်းများစွာထွန်ယက်စိုက်ပျိုးခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေ၊ ကျောက်သားဆုံတွေမှာ စပါးလိုသီးနှံတွေကို နာရီပေါင်းများစွာ ကြိတ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေ၊ အလေးချိန်များပြားတဲ့အရာဝတ္ထုတွေကိုတစ်နေ ရာကနေတစ်နေရာကို နှစ်စဉ်ဆက်တိုက် နှစ်ပေါင်းများစွာသယ်ဆောင်ခဲ့ကြတယ်ဆိုတဲ့ မှတ်တမ်းတွေအရလည်း Abu Hureyra ဒေသဟာ ကမ္ဘာပထမဆုံးသော လယ်သမား တွေဖြစ်ပေါ်ရာ လုပ်ငန်းခွင်တစ်ခုဖြစ်တယ်ဆိုတဲ့ ယူဆချက်ကိုပိုမိုခိုင်မာလာစေခဲ့ပါတယ်။

Abu Hureyra ဒေသကို (၁၉၇၀)ပြည့်နှစ်က Tabqa ဆည်ရဲ့ ရေလှောင်ကန် အဖြစ်ဆောင်ရွက်မဲ့ Assad ကန်တူးဖော်ရေးလုပ်ငန်းခွင်ကနေ တူးဖော်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ Abu Hureyra နယ်မြေဟာ ရေလွှမ်းမိုးခြင်းခံခဲ့ရတဲ့ (၁၉၇၅)ခုနှစ်မတိုင်ခင်ကတည်းက သမိုင်းပညာရှင်တွေဟာ Abu Hureyra ရဲ့သမိုင်းဆိုင်ရာ မှတ်တမ်း၊မှတ်ရာတော်တော်များများကို တူးဖော်စုဆောင်းနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ Abu Hureyra ဒေသနဲ့ပတ်သက်ပြီး သမိုင်းဝင်အမွေအနှစ်ပစ္စည်းများစွာကိုတော့ ဆီးရီးယားနိုင်ငံ Aleppo မြို့က အမျိုးသားပြတိုက်မှာ ယနေ့အချိန်ထိခင်းကျင်းပြသထား ရှိတယ်လို့သိရပါတယ်။

Tags: world historyworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!