Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အနက်ဆုံး ပင်လယ်ရေအောက် ဥမင်လိုဏ်ခေါင်း

by Thutamm
January 6, 2020
Reading Time: 1min read
0
ကမ္ဘာ့အနက်ဆုံး ပင်လယ်ရေအောက် ဥမင်လိုဏ်ခေါင်း
Share on FacebookShare on Twitter

ဥရောပတိုက်၊နော်ဝေနိုင်ငံ စကင်ဒီနေးဗီးယန်းကျွန်းဆွယ်မှာတည်ရှိတဲ့ Eiksund ဥမင်လိုဏ်ခေါင်း ဟာကမ္ဘာပေါ်မှာတော့ အနက်ဆုံးသောပင်လယ်ရေအောက်ဥမင်လမ်းကြောင်းဖြစ်ပြီး နော်ဝေရဲ့More og Romsdal ကောင်တီအတွင်းက ဒေသန္တရအုပ်ချုပ်ရေးမြို့တွေဖြစ်တဲ့ Ulstein နဲ့ Orsta တို့ကိုဆက်သွယ်ထားပါတယ်။

Eiksund Tunnel ဟာ ဒေသအခေါ် Vartdalsfiorden (တောင်ချောက်ကမ်းပါးအကြားရှိပင်လယ် ရေဝင်လမ်း) ရဲ့အောက်ဘက်ပင်လယ်ရေအနက် (၉၄၂)ပေမှာတည်ရှိပြီး (၂၅၄၇၆) ပေ လောက်ရှည်လျားကာ အကျယ်(၃၃)ပေရှိပါတယ်။ (၃)လမ်းသွားရေအောက်ဥမင် လမ်းဖြစ်ပြီးလက်ရှိအချိန်မှာတော့ နော်ဝေမှာသာမက ကမ္ဘာအဆင့်အထိ အနက်ဆုံးသောပင်လယ်ရေအောက် ဥမင်လိုဏ်ခေါင်းအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

Eiksund Tunnel ကိုတော့ Vartdalsfiorden လမ်းကြောင်းပေါ်မှာရှိတဲ့ များစွာသော ကျွန်းငယ်တွေကို နော်ဝေရဲ့ကုန်းမကြီးနဲ့ဆက်သွယ်ရာမှအသုံးပြုမယ့် တံတားနဲ့ဥမင်လမ်း ကြောင်း(၃)ခုတည်ဆောက်ရေး စီမံကိန်းရဲ့တစ်စိတ်တစ်ဒေသအဖြစ်တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

အစောပိုင်းကာလကတော့ Eiksund Tunnel ကို(၂၀၀၇)ခုနှစ်ကစတင်ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ခက်ခဲတဲ့တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကြောင့် (၂၀၀၈)ခုနှစ်၊ဖေဖော်ဝါ ရီ (၂၃)ရက်နေ့မှဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Eiksund Tunnel ရဲ့တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကတော့ ပုံမှန်ထက်များစွာခက်ခဲခဲ့ပြီး မြေလွှာအောက်ခံကျောက်သားဖောက်ခွဲရေးလုပ်ငန်းများစွာကို ယမ်းတန်ချိန် (၁၃၀၀)တန်လောက်ကို အသုံးပြုဖော်ဆောင်ခဲ့ရပါတယ်။

ဒီဥမင်လိုဏ်ခေါင်းကြီး ဟာအခြား သောဥမင်(၂)၊ Eiksund တံတားနဲ့အတူ Vartdalsfiorden ဒေသမှာတည်ရှိတဲ့ ကျွန်း များစွာကို နော်ဝေရဲ့အဓိကကုန်းမကြီးနဲ့ဆက်သွယ်ပေးတဲ့တာဝန်ကိုယူထားပြီး မြို့ (၆)မြို့မှာရှိတဲ့ နော်ဝေပြည်သူ (၄၀၀၀၀)ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကို အဓိကနေ ရာကနေ ထောက်ပံ့ကူညီလျက်ရှိနေတာဖြစ်ပါတယ်။

Eiksund တံတားနဲ့ ဆက်စပ်တည်ရှိနေတာဖြစ်ပြီး Hareidlandet ကျွန်းကနေ ယင်းတံတားကိုအသုံးပြုဖြတ်သန်းမယ်ဆိုရင် Eika အမည်ရတဲ့ကျွန်းကို ရောက်ရှိမှာဖြစ်ပါတယ်။ ယင်းနေရာဟာ Eiksund Tunnel ရဲ့အစဖြစ်ပြီး Eika ကျွန်းရောက်ချိန်မှသာ အခြားကျွန်းတွေကိုဆက်လက် ဖြတ်သန်းဖို့ Eiksund Tunnel ကိုစတင်အသုံးပြုရမှာဖြစ်ပါတယ်။

စတင်တည်ဆောက်ချိန်ကတော့ Eiksund Tunnel ကို နေ့စဉ် ယာဉ်မျိုးစုံ စီးရေ (၁၀၀၀) လောက်သာ ဖြတ်သန်းနိုင်ဖွယ်ရာရှိတယ်လို့ တာဝန်ရှိသူတွေဘက်ကခန့်မှန်းထားကြပေမယ့် စတင်ဖွင့်လှစ်ချိန်မှာတော့ ယင်းမျှော်မှန်းပမာဏထက် (၂)ဆနီးပါးဖြတ်သန်းခဲ့ကြပါ တယ်။ ဒါကြောင့်လည်း တည်ဆောက်ပြီး (၆)နှစ်ကြာပြီးချိန်မှာတင် တည်ဆောက်မှုအတွက် ကုန်ကျစရိတ်ကို ဥမင်ဖြတ်သန်းခနဲ့ ကျေလည်ခဲ့ပြီး ယခုချိန်မှာဆိုရင်တော့ နော်ဝေနိုင်ငံသားတွေအဖို့ ယာဉ်ဖြတ်သန်းခ အခမဲ့ဖြစ်သွားခဲ့ပါပြီ။

လက်ရှိအချိန်မှာဆိုရင် Eiksund Tunnel ကိုနေ့စဉ်ဖြတ်သန်းတဲ့ မော်တော်ယာဉ်အရေအတွက်ဟာ နေ့စဉ် (၂၈၀၀)စီးထက်မနည်းရှိနေပြီဖြစ်ပါတယ်။ Eiksund Tunnel ဟာယခုချိန်မှာဆိုရင် ကမ္ဘာအနက်ဆုံးပင်လယ်ရေအောက်ဥမင်လိုဏ်ခေါင်းအဖြစ်ရှိနေတယ်ဆိုပေမယ့် သူနေရာကို လုယူမယ့် ပင်လယ်ရေအောက်ဥမင်စီမံကိန်းတစ်ခုကို ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်လောက်မှာ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးဖို့ရှိနေပါတယ်။

အကောင်အထည်ဖော်ဆောင်မဲ့နိုင်ငံကတော့ နော်ဝေနိုင်ငံကပဲဖြစ်ပြီး Rogaland Tunnel လို့အမည်ပေးထားတဲ့စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ European route E39 highway လမ်းမကြီးရဲ့အဓိကအစိတ်အပိုင်းဖြစ်လာမဲ့ နော်ဝေနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသကိုဖြတ်ကျော်နိုင်ရန်ရည်ရွယ်ချက်တည် ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။

Rogaland ကောင်တီအတွင်းက Randaberg နဲ့ Bokn မြို့တွေကိုဆက်သွယ်ပေးမဲ့ ယင်းစီမံ ကိန်းကိုသာအောင်မြင်စွာတည်ဆောက်ပြီးခဲ့ရင်တော့ Rogaland Tunnel ဟာ ကမ္ဘာအနက်ဆုံးပင်လယ်ရေအောက်ဥမင်လိုဏ်ခေါင်းစီမံကိန်းအသစ်ကြီးဖြစ်လာတော့ မှာဖြစ်ပါတယ် ။

Rogaland Tunnel ဟာ(၁၇)မိုင်လောက်အရှည် ရှိမှာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် (၁၂၈၆)ပေ မှာဖောက်လုပ်မှာဖြစ်ပြီး နော်ဝေလို Statens vegvesen လို့သိကြတဲ့ နော်ဝေအစိုးရရဲ့ လမ်းနှင့်တံတားတည်ဆောက်ရေးအဖွဲ့ ကနေတာဝန်ယူတည်ဆောက်မှာဖြစ်ပါတယ်။

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!