Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ၅ လုံး

by Thutamm
August 28, 2019
Reading Time: 1min read
0
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ၅ လုံး
Share on FacebookShare on Twitter

ခေါင်းလောင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ခန့်ကတည်းက တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ အစောပိုင်း ခေါင်းလောင်းတွေကို မြေ နဲ့ ဖန်တီးပြီး အလယ်မှာကြိုးနဲ့ချိတ်ဆွဲထားတဲ့ ခလောက်တစ်ခု ပါရှိပါတယ်။ အဲဒီနောက်တော့ သတ္တုခေါင်းလောင်းများကို ပုံစံအမျိုးမျိုးနဲ့ တိုးမြှင့်ဖန်တီးလာကြပြီး နေရာမျိုးစုံမှာ အသုံးပြုလာကြပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခေါင်းလောင်းတွေကို ထားတတ်ကြသလို ဗုဒ္ဓဘာသာနဲ့ ဆိုင်တဲ့ ကျောင်းကန်ပုထိုးတွေမှာလည်း ခေါင်းလောင်းတွေကို ချိတ်ဆွဲထားလေ့ရှိပါတယ်။

ခေါင်းလောင်းသံကို နိုင်ငံအသီးသီး၌ ကိစ္စအမျိုးမျိုး အတွက် အသုံးပြုကြပါတယ်။ သာသနာရေးကိစ္စ များမှအပ၊ နန်းတက်ပွဲ၊ လက်ထပ်ပွဲ စသော မင်္ဂလာအခမ်းအနားများ၌ လည်း ခေါင်းလောင်းကို ထိုးတတ်ကြပါတယ်။ စစ်ကြီးပြီးဆုံး သည့်အခါ၊ နိုင်ငံလွတ်လပ်သည့်အခါများ၌လည်း ဝမ်းမြောက် သော အထိမ်းအမှတ်ဖြင့် ခေါင်းလောင်းများကို ထိုးတတ်ကြပြန်ပါတယ်။ ဘုရင်နတ်ရွာစံသည့်အခါ၌လည်း ဝမ်းနည်းသော အထိမ်းအမှတ်ဖြင့် ကြေကွဲဖွယ်ဖြစ်အောင် ထိုးတတ်ကြပါသေးတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများကို လက်ရှိ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ၅ လုံးရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။

၅။ Chion-in Temple Bell (148,000 pounds)

ဂျပန်နိုင်ငံ ကျိုတိုမြို့ ဂျိုဒိုဗုဒ္ဓဘာသာဂိုဏ်းရဲ့နယ်မြေ Chion-in မှာ တည်ရှိခဲ့ခေါင်းလောင်းဖြစ်ပါတယ်။ ဂျပန်မှာတော့ ခေါင်းလောင်းတွေကို Bonshō လို့ခေါ်ပြီး ဘုန်းကြီးတွေစုရုံးတဲ့အခါမျိုး ဒါမှမဟုတ် ဘုရားဝတ်ပြုဖို့ဆင့်ခေါ်တဲ့အခါမျိုးမှာ အချက်ပေးဖို့အနေနဲ့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ Chion-in ဘုရားကျောင်းခေါင်းလောင်းကတော့ ဂျပန်မှာအကြီးဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး အလေးချိန် ၁၄၈၀၀၀ ပေါင်ရှိပါတယ်။ ဒီခေါင်းလောင်းကြီး ၁၆၃၃ ခုနှစ်မှာ သွန်းလောင်းခဲ့တာဖြစ်ပြီး ခေါင်းလောင်းထိုးဖို့ လူ ၁၇ဦးလိုအပ်ပါတယ်။

၄။ Tsarsky Kolokol (158,400 pounds)

ဒီခေါင်းလောင်းကြီးကတော့ ရုရှားနိုင်ငံမော်စကိုမြို့က Trinity Lavra of St. Sergius ဘုရားကျောင်းမှာ ရှိနေပါတယ်။ ရုရှားစက်မှုကုမ္ပဏီကြီးဖြစ်တဲ့ ZiL က ၂၀၀၄ခုနှစ်မှာ သွန်းလောင်းပေးခဲ့တာဖြစ်ပြီး အလေးချိန် ၁၅၈၄၀၀ ပေါင် လေးပါတယ်။ အမြင့် ၄ မီတာရှိတဲ့ ဒီခေါင်းလောင်းဟာ ရုရှားနိုင်ငံမှာရှိတဲ့ အသံထွက်တဲ့ ခေါင်းလောင်းတွေထဲမှာ အကြီးဆုံး ခေါင်းလောင်းလည်း ဖြစ်ပါတယ်။

၃။ မင်းကွန်းခေါင်းလောင်း (195,000 pounds)

ကမ္ဘာ့တတိယအကြီးဆုံးခေါင်းလောင်းဖြစ်တဲ့ မင်းကွန်းခေါင်းလောင်းကြီးကတော့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအတွင်းက မင်းကွန်းမှာတည်ရှိပါတယ်။ ၁၈၀၈ ခုနှစ် ဘိုးတော်ဘုရားလက်ထက်မှာ ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ကြပါတယ်။ အဝအချင်း = ၁၆’ ၈ ၁/၄” ၊ လုံးပတ် = ၅၀’ ၃/၄” ၊ အစောက် = ၂၀’ ၃” ၊အလေးချိန် = ၉၀.၅၂  တန် (၁၉၅၀၀၀ပေါင်) ၊ ပိဿာချိန် = ၅၅၅၅၅ ပိဿာ ရှိပြီး မင်းမြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်ပါတယ်။

အေဒီ-၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ်နေရာရွေ့၍ (၅)ပိဿာခန့် ပဲ့သွားခဲ့ဖူးပါတယ်။ ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တတ်ဆင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင်(၁၆)တိုင်နှင့် ဘုံပြသာဒ်(၃)ဆင့် အမိုးတပ်ဆင်ထားပြီး ယနေ့ထိတိုင် ထိုး၍ အသံလွင်လွင်မြည်ဆဲ ဖြစ်ပါတယ်။

၂။ Bell of Good Luck (255,200 pounds)

ဒီခေါင်းလောင်းကြီးကတော့ တရုတ်နိုင်ငံ ဟီနန်ပြည်နယ် Pingdingshan မြို့က Foquan ဘုရားကျောင်းမှာ တည်ရှိပါတယ်။ အမြင့်ပေ ၁၇ နီးပါးခန့်ရှိတဲ့ ဒီခေါင်းလောင်းကြီးကို ၂၀၀၀ ခုနှစ်မှာ Tianrui Group ကုမ္ပဏီက သွန်းလောင်းပေးခဲ့တာဖြစ်ပါတယ်။ အလေးချိန် ၂၅၅၂၀၀ ပေါင် ရှိတဲ့ ဒီခေါင်းလောင်းကြီးဟာ ကမ္ဘာပေါ်က အသံမြည်နိုင်တဲ့ ခေါင်းလောင်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။

၁။ Tsar Bell (445,166 pounds )

ကမ္ဘာပေါ်မှာ လူသိများတဲ့ အကြီးဆုံးခေါင်းလောင်းကြီးကတော့ ရုရှားနိုင်ငံ ကရင်မ်လင်နန်းတော်အနီးမှာထားရှိတဲ့ Tsar ခေါင်းလောင်းကြီးဖြစ်ပါတယ်။ သူ့ကို Tsrasky Kolokol, Royal Bell အစရှိသဖြင့် ခေါ်ကြပါသေးတယ်။ ထူးခြားနေတာကတော့ ခေါင်းလောင်းကြီးမှာ ပဲ့ထွက်နေတဲ့အပိုင်းရှိပြီး အဲဒီအပဲ့ကြီးဟာ ၁၁တန်ခန့် အလေးချိန်ရှိပါတယ်။ တည်ဆောက်ခဲ့သူတွေကတော့ သတ္တုရည်ကြိုပညာရှင်များဖြစ်တဲ့ Ivan Motorin နဲ့ သူ့ရဲ့သားဖြစ်သူ Mikhail တို့ပဲဖြစ်ပါတယ်။

ခေါင်းလောင်းတည်ဆောက်မှုကို ၁၇၃၃ခုနှစ်မှာ စတင်ခဲ့ပြီး ၁၇၃၅ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့မှာတော့ သွန်းလောင်းမှု အောင်မြင်ခဲ့ပါတယ်။ ခေါင်းလောင်းပေါ်မှာတော့ နတ်သမီးရုပ်များ ၊ သူတော်စင်ရုပ်များ နဲ့ သခင်မ Anna ရဲ့ လူအရွယ်အစားအရုပ်တွေကို ပညာရှင်များကရေးထွင်း အလှဆင်ထားပါတယ်။ ခေါင်းလောင်းကြီးရဲ့ အမြင့်ကတော့ ၂၀.၁ပေ ၊ အချင်းကတော့ ၂၂ပေ ရှိပြီး အလေးချိန်ကတော့ ၄၄၅၁၆၆ ပေါင်ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းဖြစ်ပေမယ့် သွန်းလောင်းမှုနည်းပညာ လိုအပ်ချက်ကြောင့် အသံမမြည်နိုင်တဲ့ ခေါင်းလောင်းကြီးလည်းဖြစ်ပါတယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!