ရေးသားသူ – Academy
သမိုင်း
ဒဏ္ဍာရီများအရ အင်ကာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် တာပက် ယောရီ ဟုခေါ်သည့် ရွှေအမှတ်အသားကို ကိုင်ဆောင်ထားသည့် မန်ကို ကားပက်မှ စတင်ခဲ့သည်ဟု ဆိုကြသည်။ အင်ကာများသည် ကမ္ဘာမြေကြီးထဲသို့ ပစ္စည်းများ မြုပ်ဝင်သွားသော နေရာတွင် သူတို့၏ ကောင်းကင်ယံရှိ ဖခင်ကို ဂုဏ်ပြု၍ နေဘုရားကျောင်းကို တည်ဆောက်ရန် ညွှန်ကြားခြင်း ခံခဲ့ရသည်ဟု ဆိုကြသည်။ မြေအောက်ခရီး အပါအဝင် ခရီးရှည်ကြီး သွားပြီးနောက် အင်ကာတို့သည် ကူဇကိုသို့ ရောက်ရှိခဲ့ကြပြီး ထိုနေရာတွင် ဘုရားကျောင်းကို တည်ဆောက်ခဲ့ကြသည်။ ခရီးစဉ် အတွင်း၌ မန်ကို ၏ ညီအစ်ကို တစ်ယောက် သို့မဟုတ် မောင်နှမထဲမှ တစ်ယောက်သည် ဟွာကာဟု ခေါ်သော မြင့်မြတ်သော ကျောက်တုံးအဖြစ် ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။ ဤဒဏ္ဍာရီ၏ အခြား မျိုးကွဲ တစ်ခုမှာမူ မောင်နှမများသည် ကူဇကို ရှိ ကျောက်ဂူထဲမှ ထွက်လာခြင်း မဟုတ်ဘဲ တီတီကာကာ ရေကန်အတွင်းမှ ထွက်လာခဲ့သည်ဟုလည်း ဆိုကြသည်။
ရှေးခေတ်ကာလများက အင်ကာ ဗီယာချိုချာ၏ သားဖြစ်သူ မန်ကိုကားပက်သည် ပါကာရီ တန်ပူ ဟု ခေါ်သည့် အရပ်တွင် နေထိုင်ခဲ့ပြီး ထိုအရပ်ကို ယနေ့တွင် ပါကာရီတန်ဘိုဟု သိရှိကြ၍ ကူဇကို၏ တောင်ဖက် ၂၅မိုင် အကွာတွင် ရှိသည်။ သူနှင့် သူ၏ ညီအစ်ကိုများ (အေယာအင်ကာ၊ အေယာ ကာချီနှင့် အေယာ အူချူး) နှင့် ညီအစ်မများ (မာမာ အော့ကလို၊ မာမာဟွာကို နှင့် မာမာကူယာ) တို့သည် ပါကာရီ တန်ပူတွင် နေထိုင်ခဲ့ကြသည်။ လမ်းခရီးတွင် ဆုံတွေ့ခဲသော အေလူး ၁၀ ယောက် အပါအဝင် သူတို့၏ လူများကို စုစည်းပြီး ကူဇကို တောင်ကြားရှိ လူမျိုးစုများကို အောင်နိုင်ခဲ့သည်။
အင်ကာအင်ပါယာ
အင်ကာအင်ပါယာသည် တောင်အမေရိကတိုက် အင်ဒီးတောင်တန်းဒေသတွင် တည်ရှိခဲ့သည့် ဒေသခံ အမေရိကန် တိုင်းရင်းသားများ၏ အင်ပါယာဖြစ်သည် ။ ဘုရင့် အင်ပါယာဒေသဖြစ်ပြီး ကြီးမားကျယ်ပြန့်သည့် ဧရိယာဒေသများကို ပိုင်ဆိုင် ထိန်းချုပ်ခဲ့ကြသည် ။ ကြီးမားသည့် အဆောက်အဦးများကို တည်ဆောက်ခဲ့ကြပြီး ချမ်းသာကြွယ်၀ သူများလည်းဖြစ်သည် ။ တောင်အမေရိကဒေသ သို့ ဥရောပတိုက်သားများ ရောက်မလာမှီ ၁၆ ရာစုအချိန်အထိ ဤဒေသ၏ အကြီးဆုံး ယဉ်ကျေးမှုထွန်းကားရာ အင်ပါယာဖြစ်ကာ ထိုအချိန်က လူဦးရေ ၁၀သန်း ခန့်ရှိခဲ့သည် ။
ဤဒေသတွင် ဘီစီ ၂၅၀၀ ခန့်အချိန်မှစ၍ လူများနေထိုင်ခဲ့ကြပြီး လူမျိုးစုပေါင်းများစွာ ရှိခဲ့သည်ဟုဆိုသည် ။ အေဒီ ၁၂၀၀ ခန့်တွင် warlike လူမျိုးစုဝင် Manco Capac နှင့် သူ၏ ညီအစ်ကိုမောင်မများသည် ပီရူးနိင်ငံတောင်ဖက်တွင် Cuzco ဟု အမည်ရသော မြို့ငယ်လေးထူ ထောင်ရာမှ “ အင်ကာ ယဉ်ကျေးမှု ” စတင်ခဲ့သည်ဟု ဒဏ္ဍာရီများ ၊ ပုံပြင်များမှ ဆိုသည် ။ Manco Capac မှာ ပထမဆုံးဘုရင်ဖြစ်ကာ Cuzco တွင်စတင်မြို့တော်တည်ခဲ့ကြသည် ။ ထို့နောက်သူတို့သည်အနီးပါတ်ဝန်းကျင်ရှိ အုပ်စုငယ်များကိုစစ်အောင်နိင်ပြီး အင်ပါယာကျယ်ပြန့်လာခဲ့သည် ။ အင်ပါယာ၏ အမြင့်ဆုံးအချိန်သည် ၁၄၉၃ခုနှစ် Huayna Capac အုပ်ချုပ်ချိန် ဖြစ်ပြီးပီရူး ၊ အီကွေးဒိုး၊ ဘိုလီးဗီးယား ၊ ချီလီမြောက်ပိုင်း ၊ အာဂျင်တီးနားအနောက်တောင်ပိုင်းဒေသများ ပါဝင်သည် ။
ကြီးမားသည့်အဆောက်အဦးများ
“ အင်ကာ” များသည်ကြီးမားသည့် ကျောက်တုံးများဖြင့်တံတားများ ၊ လမ်းများ ၊ ဈေးများ ၊ နန်းတော်များ ၊ အဆောက်အဦးများကို တည်ဆောက်ခဲ့ကြသည်။ သူတို့၏ အဓိကမြို့များမှာ ပီရူးနိင်ငံတောင်ဖက်ရှိ Cuzco မြို့နှင့် အင်ဒီးတောင်တန်းပေါ်မှ Machu Picchu မြို့များဖြစ်သည် ။ “ အင်ကာ” တို့၏ ကြီးကျယ်ခန်းနားသည့် Machu Picchu မြို့အား ၁၉၁၁ – ခုနှစ် အချိန်ကရှာဖွေ တွေ့ရှိခဲ့ကြသည် ။
“ အင်ကာ” ဘုရင်များသည် သူတို့အုပ်ချုပ်စဉ်အချိန်က ကျောက်တုံးခင်းထားသည့် လမ်းများကို တဆက်တစပ်တည်းအရှည်မိုင် ၁- သောင်းခန့်ပြုလုပ်ခဲ့ကြသည် ။ အုပ်ချုပ်သူများသည် ထိုလမ်းများမှတဆင့် သူတို့အင်ပါယာတိုင်းရှိ ကျေးရွာတိုင်းသို့ သွားရောက်နိုင်သည် ။ တောင်ပေါ်တွင် ကြိုးတံတားများဖန်တီးခဲ့ကြသည် ။ တောင်ပေါ်ဒေသတွင်စိုက်ပျိုးနိင်ရန် ကျောက်တုံးများကာရံကာ တူးမြောင်းများ ၊ စိုက်ခင်းများ ဖန်တီးခဲ့ကြသည် ။
“ အင်ကာ” လူ့အဖွဲ့အစည်း

“ အင်ကာ” လူ့အဖွဲ့အစည်းတွင် ဘုရင်နှင့် ဘုရင့်မိသားစုသည် အုပ်ချုပ်သူများ ဖြစ်သည် ။ ဘုရင်၏ အောက်တွင် အစိုးရ ၊ စစ်တပ် နှင့် ဘာသာရေးဆိုင်ရာ ရာထူးများကို ရယူထားသည့် Nobility လူတန်းစားရှိသည် ။ လယ်သမားများမှာအောက်ခြေ လူတန်းစားများဖြစ်ကြသည် ။ သူတို့၏လူ့အဖွဲ့အစည်းတွင် ဖန်ဆင်းရှင်ဘုရား ၊ နေဘုရား ၊ စသည်ဖြင့် ဘုရားများစွာရှိသည် ။ သရဲ ခြောက်တဲ့နေရာ၊ အရာဝထ္ထုများကို ယုံကြည်ခဲ့ကြသည်၊ ယင်းကို huacas ဟုခေါ်ပြီး “ အင်ကာ” မိသားစုအိမ်တိုင်းတွင် ရုပ်တု ပြုလုပ် ကိုးကွယ်ကြသည်။ အခြားထူးဆန်းသည့် အတွေးအခေါ် အယူအဆပေါင်းမြောက်များစွာသည်လည်း ဤဒေသတွင်ရှိခဲ့သည်။
ဒေသတခုနှင့်တခု အုပ်ချုပ်ရေး ၊ အယူဝါဒ ၊ ဆောက်လုပ်သည့်အဆောက်အဦးပုံစံများလဲ ကွဲပြားကာ written language မတွေ့ရှိရဟုဆိုသည် ။ သူတို့သည်ရွှေထည်များ ၊ ကုန်းမြေများ ၊ သီးနှံများတို့ကိုသိမ်းဆည်းစုဆောင်းလေ့ရှိပြီး အရေအတွက်များကိုကျစ်ထားသည့်ကြိုးများနှင့် မှတ်ထားလေ့ရှိတတ်သည် ။ ကြိုးအရှည် ၊ အရောင် ၊ အထုံး စသည်များ အားလုံးသည်အဓိပ္ပါယ်ရှိပြီး ကျွမ်းကျင်သူများသာ ဖတ်ရှု့နိင်သည် ။ ရွှေထည် ၊ ငွေထည်များကို ပြုလုပ်စုဆောင်းခဲ့ကြသော်လည်း စပိန်များ သိမ်းယူပြီးနောက် အရည်ဖျော်ကာ ဥရောပသို့ယူဆောင်သွားခဲ့ကြသဖြင့် သူတို့၏ လက်ရာအနည်းငယ်သာ သမိုင်းအဖြစ်ကျန်ရှိသည် ။ သူတို့၏ရှေးခေတ်အဆောက်အဦးများ ၊ ရွှေထည် ငွေထည် အနုပညာပစ္စည်းများမှ သူတို့၏ ချမ်းသာကြွယ်ဝမှုကိုဖေါ်ပြနေသည် ။
Inca ခေတ်ပျောက်ကွယ်ခြင်း
အင်ပိုင်ယာသည် မည်သူက အင်ကာ ဟာနန်အဖြစ် ဆက်ခံမည် မည်သူက အင်ကာ ဟူရင် အဖြစ် ဆက်ခံမည် ဆိုသည်ကို ဆုံးဖြတ်ချက်ချရန် အတွက် စစ်ဖြစ်ကြရာမှ နှစ်ခြမ်းကွဲ ခဲ့သည်။ (ဟာနန် နှင့် ဟူရင် ဆိုသည်မှာ မြို့တော်၏ အမြင့်ပိုင်းရှိ မိသားစုများ (ဟာနန်) နှင့် မြို့တော်၏ အနိမ့်ပိုင်းရှိ မိသားစုများ (ဟူရင်) တို့ကို ကိုယ်စားပြုသည်။ ယုံကြည်လက်ခံထားကြသည်မှာ ညီအစ်ကိုနှစ်ယောက်မှာ ဟာနန် ကူဇကို နှင့် အခြားတစ်ယောက်မှာ ဟူရင် ကူဇကို ဖြစ်ပြီး သူတို့သည် မိသားစု၏ တစ်ခုတည်းမှ ဖြစ်ကြသည်။) ဟွာစကာနှင့် အတာဟွာလ်ပါ ညီအစ်ကိုနှစ်ယောက်တို့ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။

၁၅၃၃ ခုနှစ်တွင် ဖရန်စစ္စကို ပီဇာရို ဦးဆောင်သော စပိန်တပ်သည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ အင်ကာနယ်မြေ၏ ဒေသအတော်များများကို ကျူးကျော် သိမ်းပိုက်ခဲ့သည်။ ပီဇာရိုသည် ၁၅၃၂ ခုတွင် စပိန်စစ်သား ၁၈၀ ခန့်ကို ဦးဆောင်ပြီး ပီရူး ကမ်းခြေကိုရောက်ရှိခဲ့ခြင်းဖြစ်သည် ။ အစပထမတွင်“ အင်ကာ” များသည် Francisco Pizarro ကိုသူတို့၏ဘုရားဟု ယုံကြည်ကြသည် ။ နောက်ပိုင်းတွင်စပိန်များသည် ၁၅၃၃ – ခုနှစ်တွင် ဘုရင်ကိုဖမ်ဆီးသတ်ဖြတ်ကာ ရတနာများကို ရယူပြီးဒေသခံများကိုကျွန်အဖြစ် အသုံးချခဲ့ကြသည် ။
“ အင်ကာ” လူမျိုးအများအပြားသည်လည်း ဥရောပလူမျိုးများ၏ရန်ကြောင့် သေဆုံးခဲ့ရသည် ။ “ အင်ကာ” အင်ပါယာ ကျဆုံး ပျောက်ကွယ်ခဲ့ပြီးနောက် ဤဒေသတွင် စပိန်ကိုလိုနီချဲ့ထွင်မှုလမ်းပွင့်သွားခဲ့သည်။ ထိုမှစ၍ ကျူးကျော်သူများသည် အန်ဒီယန် ဒေသတစ်ခုလုံးတွင် အာဏာစက်ကို စုစည်းခဲ့ကြပြီး အင်ကာတို့၏ ပုန်ကန်တော်လှန်မှုများကို ဖိနှိပ်ခဲ့ကြပြီး ပီရူး ဗိုင်စီယိုရွိုင်ရယ်လ်တီကို ၁၅၄၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြသည်။ အင်ကာတို့၏ လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ၁၅၇၃ ခုနှစ် ဗီလ်ကာဘမ်ဘာ ကျရှုံးရာမှ အစပြု၍ အဆုံးသတ်ခဲ့သည်။ အင်ကာတို့၏ အချုပ်အခြာအာဏာ ပျက်သုဉ်းခဲ့ရသော်လည်း အင်ကာတို့၏ ယဉ်ကျေးမှုများမှာ ကွေချွာနှင့် အေမာရာ စသည့် အင်ကာတို့ကို ဆက်ခံသည့် ကွဲပြားခြားနားသည့် လူမျိုးစုများ ကြားတွင် ဆက်လက်၍ ရှင်သန်ခဲ့သည်။ယနေ့အချိန်တွင်ထိလည်း အင်ကာ လူမျိုး ၈သန်းခန့်သည် တချိန်ကသူတို့၏ အင်ပါယာဒေသတွင် နေထိုင်ကြပြီး သူတို့၏ ရှေးခေတ် ဘာသာစကားများကို ပြောဆိုကာ ရှေးခေတ်အယူဝါဒများကို ယုံကြည်နေကြဆဲဟုဆိုသည် ။


Academy