Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ရှေးအကျဆုံး သတင်းစာ ၅ စောင်

by Thutamm
May 2, 2020
Reading Time: 1min read
0
ကမ္ဘာ့ရှေးအကျဆုံး သတင်းစာ ၅ စောင်
Share on FacebookShare on Twitter

ယခုကာလလို မိုဘိုင်းဖုန်းတွေ၊အွန်လိုင်းမီဒီယာတွေ တွင်တွင်ကျယ်ကျယ် အသုံးမပြုချိန်တုန်းကဆိုရင် သတင်းစာတွေဟာ ကမ္ဘာကြီးတစ်ခုလုံးကို ရှုမြင်နိုင်တဲ့ တံခါးပေါက်တွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့သတင်းစာတွေရဲ့ အရေးပါမှုတွေကတော့ ယနေ့တိုင်ဆက်လက်တည်ရှိနေဆဲဖြစ်တာကိုတွေ့ရပြီး နေ့စဉ်ထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာတွေမှသည် ပုဂ္ဂလိကသတင်းစာတွေဟာ ရုံးခန်းနဲ့အိမ်ဧည့်ခန်းတွေထက်မှာ နေရာယူထားဆဲဖြစ်တာကိုတွေ့ရပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ် မှာအစောဆုံးထုတ်ဝေခဲ့တဲ့ သတင်းစာ ၅ စောင်ရဲ့ အကြောင်း အရာအချို့ဖြစ်ပါတယ်။

(၅) La Gazette

(၁၆၃၁)ခုနှစ်ကတည်းက ပြင်သစ်ဘာသာနဲ့ထုတ်ဝေခဲ့တဲ့ La Gazette ဟာ ပြင်သစ်ပြည်ရဲ့ ပထမဆုံးသော သတင်းစာဖြစ်သလို အပတ်စဉ်ထုတ်ဝေတဲ့ ပထမဆုံးမဂ္ဂဇင်းလည်းဖြစ် ပါတယ်။ စတင်ထုတ်ဝေချိန်ကတည်းက တစ်ဟုန်ထိုးလူစိတ်ဝင်စားမှုများပြားခဲ့တဲ့ ဒီသတင်းစာဟာ ပြင်သစ်နိုင်ငံတွင်းက စီးပွားရေး၊လူမှုရေးကဏ္ဍစုံကို သိရှိနိုင်တဲ့တစ်ခုတည်းသော သတင်းအရင်းအမြစ်လည်းဖြစ်ခဲ့ပါတယ်။

မကြာခင်မှာပဲ La Gazette သတင်းစာဟာ ပြင်သစ်တော်ဝင်အသိုင်းအဝိုင်းထိရောက်ရှိသွားခဲ့ပါတယ်။ ယင်းနောက်မှာတော့ La Gazette ဟာတော်ဝင်အသိုင်းအဝိုင်းရဲ့ဆောင်ရွက်ချက်တွေအကြောင်းကို ပြင်သစ်တော်လှန်ရေးမစတင်မီအထိ အလေးပေးဖော်ပြခဲ့ပါတယ်။ ယင်းကာလက La Gazette ရဲ့စာဖတ်ပရိတ်သတ်တွေမှာ Cardinal Richelieu နဲ့ Luis XIII တို့လိုပြင်သစ်ရဲ့ထိပ်တန်း အာဏာပိုင်တွေပါဝင်ခဲ့ပါတယ်။

(၁၇၆၂)ခုနှစ်မှာတော့ La Gazette သတင်းစာဟာ နိုင်ငံ ရေးသတင်းတွေကိုပဲ အသားပေးဖော်ပြလာခဲ့ပြီး La Gazette de France အမည် ကနေ Organe official du Government Royal (ပြင်သစ်အစိုးရရဲ့ တရားဝင်သတင်း ဌာန )အဖြစ် ထပ်ဆင့်အမည်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ (၁၉၁၅)ရောက်ချိန်မှာတော့ ခေတ်ပေါ်မီဒီယာလုပ်ငန်းတွေဟာ ပြင်သစ်နိုင်ငံမှာအပြိုင်အဆိုင်ပေါ်လာခဲ့တာကြောင့် La Gazette သတင်းစာတိုက်ဟာ ပိတ်သိမ်းခဲ့ပါတယ်။

(၄) Nieuwe Tijdinghen

စပိန်နဲ့နယ်သာလန်နိုင်ငံတွေမှာ ဒတ်ခ်ျဘာသာစကားနဲ့ထုတ်ဝေတဲ့ Nieuwe Tijdinghen သတင်းစာရဲ့နာမည်အရင်းကတော့ Antwerp Gazette ဖြစ်ပြီး Flemish လူမျိုးပိုင် ပထမဆုံးသော သတင်းစာတိုက်လည်းဖြစ်ပါတယ်။ ၁၆၂၀ ခုနှစ်ကတည်းက ထုတ်ဝေခဲ့တဲ့ Antwerp Gazette သတင်းစာမှာတော့ အလယ်နဲ့အနောက်ဥရောပတိုက်က သတင်းတွေကိုဖော်ပြလေ့ရှိပြီး လတ်တလောလူစိတ်ဝင်စားမှုများပြားတဲ့ အကြောင်းအရာတွေနဲ့ သတင်းစာမျက်နှာဖုံး ကိုဖော်ပြထားပါတယ်။

ဒါအပြင် နိုင်ငံခေါင်းဆောင်တွေ၊အနုပညာရှင်တွေရဲ့သတင်းတွေ နဲ့တေးသီချင်းစာသားတွေကိုပါ ဖော်ပြလေ့ရှိပါတယ်။ သတင်းစာရဲ့စာမျက်နှာတစ်ခုတိုင်း မှာဆိုရင် အနည်းဆုံး woodcut illustration တစ်ခုစီပါဝင်ပါတယ်။ Antwerp Gazette မှာပါဝင်တဲ့အချို့သောစာသားတွေဟာ နိုင်ငံရေးနဲ့ ကတ်သလစ်ဘာသာရေး အယူအဆတွေပါခဲ့တာကြောင့် နောက်ပိုင်းမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေဆီကနေ စာပေဆိုင်ရာခွင့်ပြုချက်လိုင်စင်တွေရယူခဲ့ရပါတယ်။ ဒီသတင်းစာရဲ့သက်တမ်းဟာ ၉နှစ်သာ ကြာမြင့်ခဲ့ပြီး ၁၆၂၉ ခုနှစ်မှာတော့ ထုတ်ဝေမှု ရပ်စဲခဲ့ပါတယ်။

(၃) Courante uyt Italien, Duytslandt, &c

(၁၆၁၈)ခုနှစ်က နယ်သာလန်နိုင်ငံမှာထုတ်ဝေခဲ့တဲ့ Courante သတင်းစာဟာ နယ်သာလန်အတွက် ပထမဆုံးသောသတင်းစာဖြစ်ပြီး ကမ္ဘာပေါ်မှာဆိုရင် တစ်ဖက် တည်းမှာသာပုံနှိပ်ထားတဲ့ပထမဆုံးသော ဆိုဒ်ကြီး သတင်းစာအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ သတင်းစာအတွင်းမှာတော့ အီတလီနိုင်ငံနဲ့ ဂျာမနီနိုင်ငံအတွင်းကနေ့စဉ်ဖြစ်ပေါ် နေတဲ့သတင်းထူးတွေနဲ့ ဗင်းနစ်၊ကိုလိုဂါနီ၊ပရတ်မြို့တော်ကြီးတွေရဲ့ အကြောင်းအရာ တွေကို ဘာသာပြန်ဖော်ပြထားလေ့ရှိပါတယ်။

Courante သတင်းစာဟာ အပတ်စဉ်ထုတ်ဝေတဲ့ သတင်းစာဖြစ်ပြီး သူရဲ့စတင်ထုတ်ဝေတဲ့ရက်စွဲနဲ့ထုတ်ဝေတဲ့ပုံနှိပ်တိုက်ကိုတိတိကျကျ အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။သတင်းစာပါအကြောင်းအရာတွေကို ဆက်စပ်ကြည့်ခြင်း သာ Courante ဟာ(၁၄)ရာစုကနေ (၁၈)ရာစုအကြား ၊ (၁၆၁၈)၊ဇွန်မှာထုတ်ဝေခဲ့တယ် လို့အကြမ်းဖျင်းသတ်မှတ်ထားကြတာဖြစ်ပါတယ်။ (၁၆၆၄)ခုနှစ်မှာတော့ Courante သတင်းစာတိုက်ဟာ ပိတ်သိမ်းခဲ့ပါတယ်။

(၂) Avisa Relation oder Zeitung

Avisa ကိုတော့ ကမ္ဘာပေါ်မှာပထမဆုံးသော အပတ်စဉ်ထုတ်စာစောင်တစ်ခုအဖြစ်လူသိများပါတယ်။ Avisa မှာပါရှိတဲ့စာမျက်နှာတွေကတော့ ကမ္ဘာတစ်ခွင်ကဖြစ်ပေါ်နေတဲ့ အကြောင်းအရာ၊ဇာတ်လမ်းလမ်းမျိုးစုံကိုထည့်သွင်းဖော်ပြထားပါတယ်။ ဒီသတင်းစာကို ပထမဆုံးထုတ်ဝေတဲ့ အချိန်ကတော့ (၁၆၀၉)ခုနှစ်၊ဇန်နဝါရီ(၁၅)ရက်နေ့ဖြစ်တယ်လို့ သိရပြီး ဟိုးယခင်ကာလကစာရေးဆရာအချို့ကတော့ Avisa ကို ကမ္ဘာပထမဆုံးသော သတင်းစာအဖြစ် ယူဆခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ (၁၉၈၀)ကနေ (၂၀၀၅)ကာလအထိ သတင်းစာတွေရဲ့သက်တမ်းကို စာရင်းပြုစုရှာဖွေရေးအဖွဲ့တွေရဲ့ လေ့လာမှုအရ Avisa ထက်ပိုစောတဲ့ သတင်းစာတစ်စောင်ထပ်မံရှိသေးကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒီသတင်းစာတိုက်ဟာ ဂျာမနီနိုင်ငံမှာ ရှိခဲ့တာဖြစ်ပြီး ၁၆၃၂ ခုနှစ်မှာတော့ နောက်ဆုံးအနေနဲ့ ထုတ်ဝေခဲ့ပါတယ်။

(၁) Relation aller Furnemmen und gedenckwurdigen Historien

အလွန်ရှည်လျားတဲ့နာမည်ဖြစ်တဲ့ Relation aller Furnemmen und gedenckwurdigen Historien သတင်းစာဟာ ကမ္ဘာပေါ်မှာပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာတွေအားလုံးမှာတော့ သက်တမ်းအရင့်ဆုံးဖြစ်ပြီး (၁၆၀၅) ခုနှစ်ကဂျာမန်ဘာသာစကားနဲ့Johann Carolus ဆိုသူကဦးဆောပြီး စတင်ထုတ်ဝေခဲ့ပါတယ်။ ကမ္ဘာ့သတင်းစာအသင်းကတော့ Relation လို့ပဲအတိုကောတ်ခေါ်ဆိုကြပြီး ယင်းကာလက ဂျာမန်နိုင်ငံ တွင်းက သတင်းတွေကိုအသားပေးဖော်ပြခဲ့တယ်လို့သိရပါတယ်။

မူလကတော့ Relation သတင်းစာကို (၁၆၀၉)ခုနှစ်ကထုတ်ဝေတယ်လို့ ပညာရှင်တွေကယူဆခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သတင်းစာပိုင်ရှင်ဖြစ်သူ Carolus ရဲ့ သက်ဆိုင်ရာဌာနကို ခွင့်ပြုမိန့်လျှောက်ထားတဲ့စာကိုတွေ့ရှိခဲ့တာကြောင့် Relation aller Furnemmen und gedenckwurdigen Historienသတင်းစာကို (၁၆၀၅)ခုနှစ်ကထုတ်ဝေခဲ့တယ်လို့ ပြောင်းလဲသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီသတင်းစာကိုတော့ ၁၆၃၄ ခုနှစ်အထိ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!