Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ရှေးအကျဆုံး စာအုပ် ၈ အုပ်

by Thutamm
November 17, 2019
Reading Time: 2min read
0
ကမ္ဘာ့ရှေးအကျဆုံး စာအုပ် ၈ အုပ်
Share on FacebookShare on Twitter

လူသားတွေဟာ စာရေးသားခြင်းစနစ်ကို ဘီစီ(၃၀၀၀)ကာလလောက်ကတည်းက တီထွင်ဖန်တီးခဲ့ကြတယ်လို့ မှတ်တမ်းတွေအရသိရှိရပြီး အထူးသဖြင့် Mesopotamia ၊ Sumerian ၊ Akkadain နဲ့ ရှေးအီဂျစ်လူအဖွဲ့အစည်းတွေလက်ထပ်မှာ တွင်တွင်ကျယ်ကျယ်ကိုအသုံးပြုခဲ့ကြပါတယ်။ ပေစာ၊ကျောက်စာမှတ်တမ်းတွေကိုတော့ (၂၆၀၀)ဘီစီလောက်ရောက်မှစတင်ထွန်းကားလာခဲ့ပြီး အများစုကတော့ ကျောက်စာ တွေဖြစ်ကြပါတယ်။ ယင်းကနေ ပေစာတွေ၊နောက်ပိုင်းအဆင့်ဆင့် စာအုပ်၊စာပေတွေ ထွန်းကားလာခဲ့ပြီး စာပေဗဟုသုတရဲ့တန်ဖိုးဟာ လူသားမျိုးနွယ်အဆက်ဆက်တောက်ပြောင်လာခဲ့ရပါတယ်။

စာအုပ်၊စာပေရဲ့တန်ဖိုးဟာ လူသားတွေအတွက် အလွန်အကျိုးများခဲ့တာအမှန်ဖြစ်ပြီး ခေတ်တစ်ခေတ်ရဲ့ပုံရိပ်၊တန်ဖိုးဟာ စာပေအပေါ်ပဲမူတည်နေတယ် ဆိုရင်လည်း မမှားပါဘူး။ ဒီတခါ သုတဇုန်မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာ ယနေ့တိုင်ရှိနေဆဲဖြစ်တဲ့ သက်တမ်းအကြာဆုံးစာအုပ်တွေရဲ့အကြောင်းဖြစ်ပါတယ်။ အခုစာရင်းမှာပါဝင်တဲ့ စာအုပ် အားလုံးနီးပါးဟာ ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေဖြစ်နေတာကို တွေ့ရပါတယ်။

(၈) Gutenberg Bible

လက်တင်ဘာသာနဲ့ ရေးသားထားတဲ့ Gutenberg ခရစ်ယာန်သမ္မာကျမ်းစာဟာဆိုရင် သမိုင်းတစ်လျှောက်သက်တမ်းကြာရှည်ဆုံး ကျမ်းစာတစ်ခုတော့မဟုတ်ခဲ့ပေမယ့် အလွယ် တကူယူဆောင်သွားနိုင်တဲ့ ပထမဆုံးပုံနှိပ်ထုတ်ဝေတဲ့ကျမ်းစာဖြစ်ခဲ့တာကြောင့် နာမည်ကျော်ခဲ့ပါတယ်။ ဒီစာအုပ်ရဲ့မူလရင်းမြစ်ကတော့ ဂျာမနီနိုင်ငံ၊မိန့်မြို့ကဖြစ်ပြီး ထုတ်ဝေခဲ့သူကတော့ ခေတ်သစ် စာပုံနှိပ်စက်ကို ပထမဆုံးတီထွင်ခဲ့တဲ့ သူဖြစ်တဲ့ Johnannes Gutenberg ဖြစ်ပါတယ်။

စာအုပ်ကိုစတင်ပုံနှိပ်ချိန်ဟာ ဥရောပစက်မှုသမိုင်းမှာ ပုံနှိပ်ပညာတော်လှန်ရေးကာလ ဖြစ်တဲ့ (၁၄၅၀)ကနေ (၁၄၅၅)ဝန်းကျင်ကာလဖြစ်တာ ကြောင့် Gutenberg Bible ရဲ့သက်တမ်းဟာ နှစ်ပေါင်း(၅၀၀)ကျော်ခဲ့ပြီဖြစ်ပါတယ်။ အစောပိုင်းမှတ်တမ်းတွေအရတော့ ဒီစာအုပ် အုပ်ရေ(၂၀၀)လောက်ကို ချည်မျှင်ပိတ်စပေါ်မှာပုံနှိပ်ပြီး အုပ်ရေ(၃၀)လောက်ကိုသာ တိရိစ္ဆာန်အရေခွံမှာပုံနှိပ်ခဲ့ တယ်လို့သိရပြီး အုပ်ရေပေါင်းမည်မျှပုံနှိပ်ခဲ့ကြောင်းကိုတော့ တိကျတဲ့စာရင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ယနေ့အချိန်မှာတော့ Gutenberg Bible ကျမ်းစာအုပ်ပေါင်း (၂၂)အုပ် လောက်သာ ကျန်ရှိတော့ပြီး ကမ္ဘာအရှားပါးဆုံးနဲ့တန်ဖိုးအကြီးဆုံစာအုပ်တွေအဖြစ်သာမက ကမာ့္ဘပုံနှိပ်စက်သမိုင်းရဲ့ ပထမဆုံးသောလက်ရာတွေအဖြစ်ရှိနေဆဲဖြစ်ပါတယ်။

(၇) Book of Kells

Book of Kells ကို Book of Columba လို့လည်းခေါ်ဆိုကြပြီး ဥရောပတိုက် အိုင်ယာလန် နိုင်ငံအတွက်တော့ နိုင်ငံရတနာတစ်ခုအနေနဲ့သတ်မှတ်ထားကာ မူရင်းရေးသားသူရဲ့ လက်ရေးပုံစံအတိုင်းရွှေဇဝါ၊ငွေဇဝါရောင်စုံခြယ်သထားတဲ့ကျမ်းတစ်ခုဖြစ်ပါတယ်။ Book of Kells ကို အေဒီ(၈၀၀)မတိုင်ခင်ကတည်းက အိုင်းရစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေက ရေးသားခဲ့တယ်လို့ယူဆကြပြီး စာအုပ်ရဲ့နာမည်ကိုလည်း ယင်းဘုန်းတော်ကြီးတွေ သီတင်းသုံးတဲ့ Kells ကျောင်းတော်ရဲ့အမည်ကိုပေးခဲ့ကြပါတယ်။ အခုဆိုရင်တော့ ဒီစာအုပ်ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၂၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

Book of Kells ကို တော့ အိုင်ယာလန်နိုင်ငံ၊ Dublin မြို့မှာရှိတဲ့ Trinity College စာကြည့်တိုက်မှာယနေ့ တိုင်ပြသထားပါတယ်။ Book of Kells ရဲ့အဖုံးနဲ့စာမျက်နှာတွေကိုတော့ ရှုပ်ထွေးဆန်းပြားတဲ့ပုံစံရှေးမူမပျက် ဖန်တီးထားပြီၤး မူရင်းစာရေးသူလက်ရေးအတိုင်းတွေ့ရှိရတဲ့ ရှေးအကျဆုံးစာအုပ်မှတ် တမ်းတွေအတွက်တော့ အကောင်းဆုံးဥပမာဖြစ်ခဲ့ပါတယ် ။ Book of Kells အတွင်း မှာတော့ ခရစ်တော်ရဲ့ဓမ္မတရား(၄)ခုကို နွားပေါက်စရဲ့သားရေပေါ်မှာစာမျက်နှာပေါင်း (၃၄၀)အထိပြုလုပ်ပြီး မှတ်တမ်းတင်ဖော်ပြထားပါတယ်။

(၆) St. Cuthbert Gospel

St. Cuthbert Gospel ကတော့ဥရောပရဲ့ခရစ်ယာန်သာသနာသမိုင်းစဉ်တစ်လျှောက် အရေးပါခဲ့တဲ့ကျမ်းစာအုပ်ဖြစ်ပြီး (၇)ရာစုလောက်ကတည်းရေးသားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကျမ်းဟာ မူရင်းရိုက်နှိပ်ခဲ့သူကတော့ St. Cuthbert ဆိုသူဖြစ်ပြီး မူလက Gospel of St.John လို့နာမည်တွင်ရာက သူသေဆုံးချိန်ဖြစ်တဲ့ (၆၈၇)ခုနှစ်မှာတော့ St. Cuthbert Gospel ဆိုတဲ့အမည်ကိုပြောင်းလဲခဲ့ပါတယ်။ မူရင်းရေးသားသူကတော့ Monkwearmouth-Jarrow ဘုရားကျောင်းကဘုန်းတော်ကြီးတွေဖြစ်မယ်လို့ခန့်မှန်းထားကြပြီး လက်တင်ဘာသာကို အသုံးပြုရေးသားခဲ့ကြတာဖြစ်ပါတယ်။

နှစ်ရာချီပျောက်ကွယ်သွားရာကနေ (၁၁၀၄)ခုနှစ်မှာတော့ Viking ပင်လယ်ဓါးမြတွေရန် ကနေ Durham Cathedral မှာရှိတဲ့ St. Cuthbert ရဲ့ဂူကိုရွေပြောင်းချိန်မှသာ ဒီကျမ်းစာကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။ ယင်းနောက် St. Cuthbert Gospel ကျမ်းစာဟာ လူပုဂ္ဂိုလ်တစ်ဦးရဲ့ပိုင်ဆိုင်မှုပစ္စည်းအဖြစ်ရှိနေခဲ့ပြီး (၁၇၆၉)ခုနှစ် ရောက်ချိန်မှသာ ဘယ်ဂျီယံနိုင်ငံမှာရှိတဲ့ Jesuit တွေလက်ထဲကို ပိုင်ရှင်ကလာရောက် လှူဒါန်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ St. Cuthbert Gospel ဟာ မူရင်းကျမ်းဖြစ်တည်ရာ အင်္ဂလန်ကို (၁၉၇၉)ခုနှစ်မှာပြန်လည်ရောက်ရှိလာခဲ့ပြီး လန်ဒန်က British Library မှာယနေ့တိုင်ပြသထားပါတယ်။ ဒါပေမဲ့ St. Cuthbert Gospel ကျမ်းရဲ့မူလပိုင်ရှင်တွေ ဟာ Jesuits တွေဖြစ်တာကြောင့် အင်္ဂလန်ဘက်က ယင်းကျမ်းစာအုပ်အတွက်အမေရိ ကန်ဒေါ်လာ (၁၄)သန်းအထိ ပေးဝယ်ဖို့စီစဉ်လျက်ရှိပါတယ်။

(၅) Garima Gospels

Garima

Garima Gospels ကတော့ကျမ်းစာ(၂)အုပ်ပါဝင်ပြီး အာဖရိကတိုက်က အီသီယိုးပီးယား နိုင်ငံမှာရှိတဲ့ Abba Garima Monastery ကဖြစ်ပါတယ်။ ရေးသားသူကတော့ Abba Garima အမည်ရတဲ့ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်ပြီး Geez ဘာသာကိုအသုံပြုပြီး အေဒီ (၆၅၀) ကရေးသားခဲ့တယ်လို့ိသိရပါတယ်။ အာဖရိကတိုက်အတွက်တော့ Garima Gospels ဟာ ရှေးအကျဆုံးခရစ်ယာန်သမိုင်းကျမ်းစာတစ်ခုအဖြစ်ရှိနေခဲ့တာဖြစ်ပြီး Abba Garima Monastery စတင်တည်ဆောက်ကတည်းက ယင်းကျမ်းဟာ ကျောင်း တော်နဲ့အတူပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Abba Garima Monastery ကိုတည်ထောင်ခဲ့သူကတော့ Garima Gospels ကိုရေးသားသူ Abba Garima ဖြစ်ပြီး ကာလကြာသိမ်းဆည်းပြီးပျက်ဆီးဖို့ဖြစ်နေရာကနေ ဗြိတိသျှစာအုပ်ချုပ်သမားတစ် ယောက်ရဲ့အကူအညီနဲ့ ဆက်လက်တည်တံ့ခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း ဗြိတိန် ပရဟိတအဖွဲ့တွေဟာ အီသီယိုးပီးယားရဲ့ သမိုင်းဝင်နေရာအတော်များများကို ကိုယ်ပိုင် ငွေစိုက်ထုတ်ပြီး ထိန်သိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေပြုလုပ်ပေးနေဆဲဖြစ်ပါတယ်။

(၄) Nag Hammadi Library

Nag Hammadi Library ဆိုတာကတော့ အီဂျစ်နိုင်ငံအထက်ပိုင်းက Nag Hammadi မြို့မှာ (၁၉၄၅)ခုနှစ်ကတည်းကရှာဖွေတွေရှိခဲ့တဲ့ ရှေးဟောင်းခရစ်ယာန်ကျမ်းစာအစု အဝေးဖြစ်ပြီး Leather နဲ့ဖုံးထားတဲ့ကျမ်းစာ(၁၃)အုပ်ပါဝင်နေပါတယ်။ Nag Hammadi Library ကိုစတင်တွေ့ရှိခဲ့သူကတော့ Muhammed al – Samman ဆိုသူဖြစ်ပြီး ပညာ ရှင်တွေကတော့ အေဒီ(၄)ရာစုလောက်ကတည်းက မှတ်တမ်းတွေဖြစ်တယ်လို့ ယူဆကြ ပါတယ်။

ကျမ်းစာတွေအတွင်းပါဝင်တဲ့အရေးအသားတွေဟာ Gnostic treatises တွေရော Corpus Hermitcum တွေပါပါဝင်နေပြီး အချို့သောကျမ်းတွေမှာဆိုရင် Thomas ရဲ့ ဂါထာတွေပါပါဝင်နေခဲ့ပါတယ်။ အချို့ကတော့ Nag Hammadi Library က ကျမ်းစာ တွေဟာ(၃)ရာစုကနေ (၄)ရာစုကြားကာလက မှတ်တမ်းတင်ထားတာဖြစ်နိုင်ပြီး (၃၆၇) အေဒီလောက်က ဘုရင် Saint Athanasius ရဲ့ဘာသာရေးပုန်ကန်မှုဖြစ်စဉ်တွေကြောင့် လုံခြုံတဲ့နေရာမှာ မြုပ်နှံထားခဲ့ကြတာဖြစ်နိုင်တယ်လို့ ကောတ်ချက်ချကြပါတယ်။ Nag Hammadi Library ကိုတွေ့ရှိခြင်းက ရှေးခရစ်ယာန်နဲ့ Geosticiam ဘာသာဝင်တွေ အတွက် ရှေးဟောင်းသမိုင်းဖြစ်တည်မှုကို ပြန်လည်လေ့လာဖို့ အကောင်းဆုံးတွေ့ရှိမှု တွေဖြစ်ခဲ့ပါတယ်။

(၃) Codex Sinaiticus (Sinai Bible)

Codex Sinaiticus (Sinai Bible)ရဲ့မူလထွက်ပေါ်ရာအရပ်ကတော့ အီဂျစ်နိုင်ငံ Sinai ကဖြစ်ပြီးဂရိဘာသာကို အသုံးပြုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ Sinai Bible ဟာ မူရင်းလက်ရေးနဲ့ရေးသားထားတဲ့ရှေးအကျဆုံးခရစ်ယာန်သမ္မာကျမ်းစာဖြစ်တာ ကြောင့် ကမ္ဘာတန်ဖိုးအကြီးဆုံးရတနာတစ်ခုအဖြစ်ရှိနေပြီး နာမည်ကျော်ဂရိကျမ်းစာ တစ်ခုဖြစ်တဲ့ Septuagint ကနေလက်ရေးမူနဲ့ကူးယူထားတာလည်းဖြစ်ပါတယ်။

Sinai Bible ကို(၄)ရာစုလောက်ကတည်းကရေးသားခဲ့တာဖြစ်ပြီး ယနေ့ခေတ်ဘာသာမျိုးစုံနဲ့ ထုတ်ဝေတဲ့ ကျမ်းစာအများစုဟာ Sinai Bible ကိုအခြေခံပါတယ်။ ပြောရမယ်ဆိုရင် တော့ ရှေးဟောင်းခရစ်ယာန်စာပေသမိုင်းအမွေအနှစ်တွေသာမက မျက်မှောက်ခေတ် ကာလတွေအထိ Sinai Bible ဟာအရေးပါတဲ့နေရာကနေပါဝင်နေဆဲဖြစ်တယ်လို့ ဆို ရပါမယ်။

(၂) Pyrgi Gold Tablets

Pyrgi ရွှေပေလွှာကို အီတလီနိုင်ငံရဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ခဲ့တဲ့ Pyrgi မှာ (၁၉၆၄)ခုနှစ် ကတူးဖော်တွေ့ရှိတာဖြစ်ပြီး ရေးသားခဲ့သူကတော့ Caere ရဲ့ဘုရင် Thefarie Velianas ဖြစ်ပါတယ်။ Pyrgi Gold Tablets ဟာ ဘီစီ(၅၀၀)လောက်ကတည်းကရှိနေခဲ့တာဖြစ်ပြီး Etruscan နဲ့ Phoenician ဘာသာစကားတွေကိုအသုံးပြုပြီးရေးသားထားတာကိုတွေ့ရ ပါတယ်။

Pyrgi Gold Tablets ဟာ စာအုပ်တစ်အုပ်မဟုတ်ပေမဲ့ ယင်းကာလက အသုံး များတဲ့ ကွဲပြားတဲ့ဘာသာစကားနှစ်ခုကို ပေါင်းစပ်ထားပြီး ပေလွှာတစ်ခုချင်းစီမှာ အဖုံးအဖြစ် ပိတ်လွှာတစ်ခုစီကိုအသုံးပြုထားပါတယ်။ ပညာရှင်တွေအဖို့မှာတော့ ယင်းရွှေပေလွှာတွေကို တွေ့ရှိခြင်းဟာ သမိုင်းကွင်းဆက်တွေပြတ်သလောက်ဖြစ်နေတဲ့ Etruscan နဲ့ Phoenician ဘာသာစကားတွေကိုလေ့လာဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့ပါ တယ်။

(၁) Etruscan Gold Book

ဥရောပတိုက်၊ဘူဂေးရီးယားရဲ့ Etruscan Gold Book ကိုတော့ Etruscan ဘာသာနဲ့ ရေးသားထားပြီး လွန်ခဲ့တဲ့ဘီစီ(၆၀၀)လောက်က စာအုပ်ဖြစ်တာကြောင့် ကမ္ဘာ့သက်တမ်းအရင့်ဆုံးစာအုပ်အဖြစ် သတ်မှတ်ရပါလိမ့်မယ်။ စာအုပ်တစ်အုပ်လုံးကိုတော့ (၂၄) ကာရတ်ရှိတဲ့ရွှေတွေနဲ့ ပြုလုပ်ထားပြီး စာမျက်နှာ(၆)ရွက်အထိပါဝင်ပါတယ်။ အတွင်းမှာတော့ မြင်းစီးသူရဲကောင်း၊ရေသူမ၊ရှေးခေတ်စစ်သည်၊စောင်းကောတ်တူရိယာစတာ တွေကို ရုပ်ပုံတွေနဲ့ဖော်ကျူးထားပြီး (၁၉၅၀)ကာလက ဘူဂေးရီးယားနိုင်ငံStrouma မြစ်ကမ်းတစ်လျှောက်လိုဏ်ခေါင်းတူးဖော်ရာကနေ ပျက်စီးပြိုကျနေတဲ့ သင်္ချိုင်းတစ်ခု ကနေရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယင်းနောက် Etruscan Gold Book ဟာပိုင်ရှင်မျိုးစုံလက်အတွင်း ဖြတ်သန်းပြီးတဲ့နောက် (၂၀၀၃)ခုနှစ်အရောက်မှာတော့ အမည်မ ဖော်လိုသူ တစ်ဦးကနေ ဘူဂေးရီးယားအမျိုးသားပြတိုက်ကိုလာရောက်လှူဒါန်းခဲ့ပါ တယ်။ အချို့ကတော့ ဘူဂေးရီးယားမှာရှိတဲ့ Etruscan Gold Book ဟာ အတုသာ ဖြစ်ကြောင်းဝေဖန်မှုတွေပြုလုပ်ခဲ့ပေမယ့် ပြတိုက်ရဲ့ဒါရိုက်တာဖြစ်တဲ့ Bojidar Dimitrov ကတော့ လာရောက်လှူဒါန်းတဲ့ Etruscan Gold Bookဟာ အစစ်အမှန်ဖြစ်ကြောင်းကို လန်ဒန်နဲ့ ဘူဂေးရီးယားနိုင်ငံ Sofia ကကျွမ်းကျင်ပညာရှင်(၂)ဦးက အတည်ပြုပေးခဲ့ကြောင်းနဲ့ နိုင်ငံတကာကပညာရှင်တွေကိုလည်း လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Tags: world historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!