Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်မှာ အစောဆုံးပေါ်ခဲ့သော အင်ပါယာကြီး ၈ ခု

by Thutamm
May 17, 2020
Reading Time: 3min read
0
ကမ္ဘာပေါ်မှာ အစောဆုံးပေါ်ခဲ့သော အင်ပါယာကြီး ၈ ခု
Share on FacebookShare on Twitter

ကမ္ဘာသမိုင်းထဲက သက်တမ်းအရှည်ဆုံးသော အင်ပါယာကတော့နာမည်ကျော်ရောမအင်ပါယာဖြစ်ပြီးနှစ်ပေါင်း (၁၅၀၀) လောက်ကိုတည်တံ့ခဲ့ပါတယ်။ ဒါဟာလူသားသမိုင်းမှာ ကာလကြာထူထောင်နိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းဖြစ်ပါတယ်။ ရောမအင်ပါယာကာလ မတိုင်ခင်ကတည်းက (တိတိကျကျပြောမယ်ဆိုရင်ရောမထက်နှစ်-၂၀၀၀) လောက်စောပြီး ကာလကြာရပ်တည်ခဲ့တဲ့ အင်ပါယာကြီးတွေလည်းသမိုင်းမှာရှိခဲ့ဖူးပါတယ်။

အဲဒီအင်ပါယာတွေဟာ အထူးသဖြင့်တော့ မက်ဆိုပိုတေးမီးယားဒေသနဲ့ ဆက်စပ်ပေါ်ထွန်းခဲ့တာဖြစ်ပြီး လူမျိုးနွယ်စုအားကောင်းလာရာကနေကြီးမားတဲ့ စစ်တပ်တွေကို အခြေခံတဲ့အင်ပါယာတိုင်းပြည်တွေဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။ ယခု စာရင်းမှာပါဝင်လာတဲ့ အင်ပါယာအများစုကတော့ တူညီတဲ့နယ်မြေဒေသအပိုင်းကိုပဲ အုပ်ချုပ်နိုင်ငံထူထောင်ခဲ့ကြတာဖြစ်ပြီး စစ်ပွဲတွေနဲ့စတင်တဲ့ အင်ပါယာနိုင်ငံအသီးသီးရဲ့ သမိုင်းဟာ နောက်ဆုံးမှာတော့စစ်ပွဲတွေကြားမှာပဲ အဆုံးသတ်ခဲ့ရပါတယ်။ ဒီတခါတော့ ကမ္ဘာပေါ်မှာ အစောဆုံးပေါ်ပေါက်ခဲ့တဲ့ အင်ပါယာကြီး ၈ ခုရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။

(၈) Achamenid Empire

Achamenid Empire ဟာ ဆိုရင်ပါရှန်းတွေရဲ့ပထမဆုံးသောအင်ပါယာဖြစ်သလို အဲဒီခေတ်အခါက အင်အားအကြီးဆုံးသောအင်ပါယာအဖြစ်လည်းလူသိများပါတယ်။ Cryus the Great ကဘီစီ (၅၅၀) လောက်မှာစတင်တည်ထောင်ခဲ့ပြီးဘီစီ(၃၃၀)ကာလအထိ တည်တံ့နိုင်ခဲ့တာကြောင့် နှစ်(၂၂၀) လောက် အသက်ဝင်ခဲ့တဲ့ အင်ပါယာတစ်ခုဖြစ်ပါတယ်။ စစ်ဘုရင် မဟာဆိုင်းရပ်စ် ရဲ့ဦးဆောင်မှုနဲ့ Achamenid Empire ဟာ အရှေ့အလယ်ပိုင်း ဒေသမှသည် အနောက်တောင်အာရှ၊ အာရှတိုက်အလယ်ပိုင်းနဲ့ ကော့ကေးဆပ်ဒေသတွေ အထိနယ်မြေချဲ့ထွင်နိုင်ခဲ့ပါတယ်။

ဒီအင်ပါယာဟာ စစ်ရေးစွမ်းရည်ပိုင်းမှာသာမက ဗျူရိုကရေစီအုပ်ချုပ်ရေးစနစ်သစ်ကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါအပြင်ပြည်သူအကျိုးကိုရှေးရှူတဲ့ လမ်းကွန်ယက်စနစ်တွေ၊စာပို့စနစ်တွေအပြင် စိုးမိုးရာဒေသနယ်ပယ်အားလုံးအတွက် တရားဝင်အစိုးရသုံးဘာသာစကားစတဲ့ ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းဖော်ဆောင်နိုင်ခဲ့တယ် လို့မှတ်တမ်းတွေအရသိရပါတယ်။

Achamenid Empire ဟာနှစ်ပေါင်း (၂၂၀) လောက်တည်တံ့ခဲ့ပြီး ဘီစီ(၃၃၀)ကာလရောက်ချိန်မှာတော့ ပျက်စီးသွားခဲ့ရပါတယ်။ အဓိကအကြောင်းကတော့ အခွန်အခအဆမတန်ကောတ်ခံတဲ့စနစ်နဲ့ခိုင်မာတဲ့ပြည်ထောင်စု နယ်မြေကိုရေရှည်မှာမတည်ဆောက်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ Achamenid Empire ရဲ့မြို့တော်အဖြစ်မြို့ကြီးများစွာရှိခဲ့ပြီး ယင်းအနက်အထင်ရှားဆုံးကတော့ ယခု အီရတ်နိုင်ငံတွင်းမှာရှိနေတဲ့ ဘေဘီလုံမြို့တော်ဟောင်းဖြစ်ပါတယ်။

(၇) Carthaginian Empire

ကာသေ့ချ်ဆိုတာနဲ့ အများစု သိကြတာက ဗိုလ်ချုပ်ကြီးဟန်နီဘော်ပါ။ ယခုခေတ်မြောက်အာဖရိက တူနီးရှာနိုင်ငံနေရာမှာပေါ်ထွန်းခဲ့တဲ့ ကာသေ့ချ်အင်ပါယာရဲ့မြို့တော်က Carthage ဖြစ်ပြီး ဘီစီ(၈၁၄)ခုနှစ်ကတည်းက မြို့ပြနိုင်ငံတစ်ခုအဖြစ်ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ (၆၅၀)ဘီစီရောက်ချိန်မှသာ မြေထဲပင်လယ်အနောက်စွန်းပိုင်းက Phoenician တွေရဲ့လက်ကနေလွတ်မြောက်ပြီး Carthaginian Empireဆိုပြီးဖြစ် တည်လာခဲ့ပါတယ်။ အင်ပါယာရဲ့တန်ခိုးအာဏာအမြင့်ဆုံးကာလရောက်ချိန်မှာတော့ မြို့ တော်အဖြစ် Carthage ကိုသတ်မှတ်ခဲ့ပါတယ်။

Carthage မြို့တော်ဟာဆိုရင် အင်ပါယာတစ်ခုလုံးရဲ့အဓိက ကုန်သွယ်မှုမြို့တော်ဖြစ်တဲ့အပြင် အခြားမြို့(၃၀၀) ကျော်လောက်ကိုလွှမ်းခြုံကိုယ်စားပြုတဲ့မြို့တော်အဖြစ်လည်းလူသိများပါတယ်။ Carthaginian Empire ရဲ့ကာလအချိန်အများစုကတော့ စစ္စလီကျွန်းကဂရိတွေ၊ရောမသမ္မတနိုင်ငံတွေနဲ့စစ်မက်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ Carthaginian အင်ပါယာပြိုကွဲရတဲ့ အကြောင်းအရင်းတွေကလည်း စစ်ပွဲတွေကြောင့်ဖြစ်ပြီး ဘီစီ(၆၀၀)ကနေ (၂၆၅)ဘီစီ ကာလမှာဖြစ်ပွားခဲ့တဲ့ ဂရိ-ပွန်ပီစစ်ပွဲတွေ၊ (၂၆၄)ဘီစီကနေ (၁၄၆)ဘီစီအတွင်းဖြစ်ပွားခဲ့တဲ့ ပွန်ပီစစ်ပွဲတွေ နဲ့ (၁၄၆)ဘီစီမှာဆက်တိုက်ဖြစ်ပွားတဲ့နောက်ဆုံးပွန်ပီတိုက်ပွဲတွေအပြီးမှာတော့ Carthage မြို့တော်ဟာ ရောမသမ္မတနိုင်ငံရဲ့ လက်အောက်ကိုရောက်ရှိသွားပါတော့တယ်။

(၆) Kushite Empire

Kushite Empire ကိုတော့ (၂၅)ခု မြောက်အီဂျစ်မင်းဆက် နဲ့ Nubian မင်းဆက်တွေအဖြစ်လည်း လူသိများပါတယ်။ Nubian တွေဟာအီဂျစ်ပြည်ကို အောင်နိုင်ခဲ့တာဖြစ်ပြီး ပထမဆုံးဘုရင်ကတော့ အီဂျစ်အထက်ပိုင်းဒေသတွေကိုကျူးကျော်တိုက်ခိုက်ခဲ့တဲ့ Kashta ရဲ့သားဖြစ်သူ Piye ဖြစ်ပါတယ်။ အီဂျစ်အထက်ပိုင်းကိုအောင်မြင်ပြီးနောက်မှာတော့ Nubian တွေဟာ အီဂျစ်ပြည်အောက်ပိုင်းဒေသကိုပါဆက်လက်သိမ်းပိုက်ခဲ့ပြီး အကြီးမားဆုံးသောအင်ပါယာကိုတည်ထောင်နိုင်ခဲ့ကာ ဘီစီ(၁၅၅၀)ကနေ(၁၀၇၇)ဘီစီအထိစိုးစံခဲ့တဲ့ ဘုရင်မင်းဆက်အသစ်တစ်ခုကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။

အင်ပါယာဘုရင် Piye လက်ထက်မှာဆိုရင် တော်ဝင်ဘုရင်တွေသာ သဂြိုလ်တဲ့ El-kurru မှာသက်တမ်းအရင့်ဆုံးသောပိရမစ်ကြီးကိုတည်ဆောက်ခဲ့ပြီး Jebel Barkal မှာရှိတဲ့ Amun ဘုရားကျောင်းကိုလည်းတိုးချဲ့တည်ဆောက်ခဲ့ပါတယ်။ Piye နောက်ပိုင်း Kushite Empire ရဲ့ဧကရာဇ်တွေလက်ထက်မှာဆိုရင် ယနေ့ကာလအီဂျစ်ရဲ့အထိန်းအမှတ်အဆောက်အအုံတော်တော်များများကိုတည်ဆောက်ခဲ့ကြတာကိုတွေ့ရပါတယ်။

Kushite Empire ဟာ(၇၆၀)ဘီစီကနေ (၆၅၆)ဘီစီကာလအထိ (၉၄)နှစ်လောက်အုပ်စိုးခဲ့ပြီးချိန်မှာတော့ Assyrians တွေရဲ့ဘေးနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ အင်ပါယာဧကရာဇ်တွေအဆက်ဆက်မြို့တော် Napata ကိုကာကွယ်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ Assyrians တွေ ရဲ့သိမ်းပိုက်ခင်းခံခဲ့ရပါတယ်။ မြို့တော် Napata ဟာ ယနေ့ခေတ် နိုင်းမြစ်အနောက်ဘက်ကမ်းက ဆူဒန်နိုင်ငံဘက်ခြမ်းမှာ တည်ရှိခဲ့တာဖြစ်ပါတယ်။

(၅) Egyptian Empie

ကမ္ဘာ့သမိုင်းထဲကနာမည်ကျော်ရှေးခေတ်အီဂျစ်တွေဟာဆိုရင် ဘီစီ (၂၆၈၆)ခုနှစ်လောက်ကတည်းက မင်းနိုင်ငံတွေတည်ထောင်အုပ်စိုးခဲ့ကြတာဖြစ်ပါတယ်။ အီဂျစ်တွေရဲ့(၁၈) ၊ (၁၉)နဲ့ (၂၀) ကြိမ်မြောက်မင်းဆက်တွေလက်ထက်မှာဆိုရင် ဘီစီ (၁၅၅၀)ကနေ (၁၀၇၇)ဘီ စီကာလအထိနှစ်ပေါင်း (၄၇၃)နှစ်လောက်သက်တမ်းကြာတဲ့ အီဂျစ်အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့ကြပါတယ်။ ယင်းကာကအင်ပါယာရဲ့မြို့တော်တွေကတော့ Thebes၊ Akhetaen၊ Pi-Ramesses နဲ့ Memphis မြို့တော်တွေဖြစ်ကြပါတယ်။ အထက်ဖော်ပြပါ သက်တမ်းကာလတွေဟာ အီဂျစ်အင်ပါယာရဲ့တန်ခိုးအာဏာအကြီးမားဆုံးသောကာလ တွေအဖြစ်လည်းမှတ်ယူနိုင်ပါတယ်။

ကမ္ဘာကျော်ဖာရိုမင်းဆက်ဘုရင်တွေဖြစ်တဲ့ Ahmose(1)၊ ဘုရင်မ Hatshepsut၊Thutmose(3)၊ အာခီနာတန် ၊ တူတန်ခမန် ၊ Ramesses II စသူတွေဟာ ယင်းကာလအချိ န်ကပေါ်ထွန်းခဲ့တာဖြစ်ပြီး Valley of the King လို့သိကြတဲ့ နာမည်ကျော်ဂူသချိုင်းကြီးများဖြစ်ပေါ်လာတဲ့ကာလကလည်း ယင်းကာလအချိန်မှာသာဖြစ်ပါတယ်။ ကမ္ဘာအစောဆုံး အံ့ချီးဖွယ်ဗိသုကာလက်ရာတွေဖြစ်တဲ့ ဖာရိုးဘုရင်တွေရဲ့ဂူသချိုင်း ပိရမစ်ကြီးတွေအပါအဝင် ရှေးအကျဆုံးသော သိပ္ပံနည်းပညာရပ်တွေပေါ်ပေါက်ခဲ့တဲ့ ထူးခြားတဲ့အင်ပါယာတစ်ခုအဖြစ်လည်း ဒီအင်ပါယာကို ပညာရှင်တွေကအသိအမှတ်ပြုကြပါတယ်။

(၄) Hittite Empire

မျက်မှောက်ခေတ်ကာလမှာဆိုရင် တူရကီနိုင်ငံပိုင်နက်အတွင်းပါဝင်နေတဲ့ Hittite Empire ဟာဆိုရင် ဘီစီ(၁၆၀၀)ကနေ(၁၁၇၈)ဘီစီကာလအထိ နှစ်ပေါင်း (၄၂၂)နှစ် လောက်အထိ တည်တံ့နိုင်ခဲ့ပါတယ်။ မြို့တော်ကတော့ Hattusa ဖြစ်ပြီး Anatolia ဒေသအပြင် Levant မြောက်ဘက်စွန်းပိုင်းဒေသ(လက်ရှိဆီးရီးယားနိုင်ငံ)၊ မက်ဆိုပိုတေးမီးယားဒေသအထက်ပိုင်း (လက်ရှိအီရတ်အနောက်မြောက်ဘက်စွန်း၊ ဆီးရီးယားအရှေမြောက်ဘက်စွန်း၊တူရကီနိုင်ငံအရှေတောင်ဘက်စွန်း) ဒေသတွေအထိ အင်ပါယာနယ်မြေအတွင်းစုစည်းနိုင်ခဲ့ပါတယ်။

Hittite အင်ပါယာတည်ရှိရာနေရာဟာ ပထဝီဝင်အနေအထားအရ အီဂျစ်အင်ပါယာ၊အလယ်Assyrian အင်ပါယာနဲ့ Mitanni ဘုရင်နိုင်ငံတော်တွေနဲ့ မကြာခဏနယ်မြေလုတိုက်ပွဲတွေ ဆင်နွှဲခဲ့ရတဲ့အခြေအနေမှာ လည်းရှိနေပါတယ်။ တစ်နည်းပြောရရင် Hittite တွေဟာရန်ပတ်ပတ်လည်လည်ဝိုင်းနေတဲ့အနေအထားကြောင့်ပဲ တစ်စတစ်စအားနည်းလာခဲ့ရာမှာ နောက်ဆုံးမှာတော့ အင်ပါယာနယ်မြေအတော်များများဟာ ရန်သူ Assyrian တွေရဲ့လက်ထဲကိုကျရောက်သွားခဲ့ရာ ကနေ (၁၁၇၈)ဘီစီမှာ ပျက်သုဉ်းသွားခဲ့ရပါတယ်။

(၃) Babylonian Empire

ပထမဆုံးသော ဘေဘီလုံမင်းဆက်တွေအုပ်စိုးခဲ့တဲ့ Babylonian Empire ဟာဆိုရင် (၁၈၉၄)ဘီစီကာလကနေ (၁၅၉၅)ဘီစီကာလအထိနှစ်ပေါင်း(၃၀၀) လောက်တည်တံ့ခဲ့ပါတယ်။ ယနေ့ကာလဆီးရီးယားနိုင်ငံတွင်းက သမိုင်းဝင်နယ်မြေဖြစ်တဲ့ levant ဒေသမြောက်ဘက်စွန်းက အနောက်မြောက်ပိုင်း Semitic ဘာသာစကားပြော Amorite မျိုးနွယ်စုဘုရင်က ဘေဘီလုံအပါအဝင်မြို့ပြနိုူင်ငံအတော်များများကိုစုစည်းပြီးမြို့ပြနိုင်ငံ အသေးလေးတွေတည်ဆောက်ခဲ့ရာကနေ ဘေဘီလုံဆိုပြီးပေါ်ထွက်လာတာဖြစ်ပါတယ်။

မူလကသာမန်မြို့ပြနိုင်ငံအဖြစ်သာရှိခဲ့တဲ့ဘေဘီလုံဟာဆိုရင် ကမ္ဘာကျော် ဧကရာဇ် Hammurabi ( 1728 BC- 1686 BC) လက်ထက်ရောက်ချိန်မှာတော့ တန်ခိုးအာဏာရော၊ နယ်မြေအပိုင်းရော၊စစ်အင်အားမှာပဲ ဒေသတွင်းအားအကြီးဆုံးဖြစ်လာခဲ့ပြီး ဘေဘီလုံမြို့တော်ကို အခြေတည်ကာ Babylonian Empire ကိုတည်ထောင်နိုင်ခဲ့ပါတယ်။ Hammurabi ကွယ်လွန်ချိန်မှာတော့ အင်ပါယာရဲ့တန်ခိုးသြဇာဟာတစ်ဖြည်းဖြည်းကျဆင်းလာခဲ့ပြီး နောက်ဆုံးမှာတော့ မြို့ပြနိုင်ငံတစ်ခုအဖြစ်ပြန်လည်ရောက်ရှိသွားပါတော့တယ်။ (၁၅၉၅)ဘီစီရောက်ချိန်မှာတော့ ဘေဘီလုံမြို့တော်ဟာ Hittites ဘုရင် Mursili(1) ရဲ့တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံရပြီး အင်ပါယာသမိုင်းဟာလည်းချုပ်ငြိမ်းသွားပါတော့တယ်။

(၂) Assyrian Empire

ပုံမှန်အားဖြင့်ဆိုရင်တော့ အဆီးရီးယန်းအင်ပါယာကို အစောပိုင်းကာလ Assyrian အင်ပါယာ၊ ခေတ်ဟောင်း Assyrian အင်ပါယာ၊အလယ်ခေတ် Assyrian အင်ပါယာ၊ သမိုင်းသစ် Assyrian အင်ပါယာခေတ်ကာလဆိုပြီး (၄)ပိုင်းခွဲခြားနိုင်ပါတယ်။ Assyrian အင်ပါယာရဲ့ ပထမဆုံးသောမြို့တော်ကတော့ Assur လို့အမည်တွင်ပြီး ဘီစီ(၂၆၀၀)ကာလကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Assur ဆိုတာကတော့ ကိုးကွယ်တဲ့နတ်ဘုရားကိုအစွဲပြုခေါ်ဆိုတာဖြစ်ပါတယ်။ ယင်းအချိန်က Assyrian အင်ပါယာဟာ Akkadian အင်ပါယာရဲ့လက်အောက်မှာရှိနေချိန်လည်းဖြစ်ပါတယ်။

Akkadian အင်ပါယာပြိုကွဲသွားချိန်ရောက်ချိန်မှသာ Assyrian တွေဟာ မြို့ပြဘုရင်နိုင်ငံတစ်ခုအဖြစ်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ Assyrian အင်ပါယာအင်အားကြီးမားချိန်ကဆိုရင် Four Corners of the World ဆိုပြီးနယ်မြေတွေကို အုပ်ချုပ်ခဲ့ကြတယ်လို့ ရှေးမက်ဆိုပိုတေးမီးယားဒေသကိုးကွယ်ယုံကြည်မှုဆိုင်ရာစာပေတွေမှာပြဆိုထားပါတယ်။ သဘောကတော့ Assyrian တွေရဲ့အင်ပါယာနယ်မြေဟာ မြောက်ဘက်မှာဆိုရင် ကော့စေးကပ်တောင်တန်းတွေ၊ အရှေဘက်မှာဆိုရင် Zargos တောင်တန်းတွေ၊ အနောက်ဘက်မှာဆိုရင် မြေထဲပင်လယ်တွင်းက Cyrpus နဲ့ တောင်ဘက်မှာဆိုရင် Arabian သဲကန ္တာရတို့တည်ရှိနေတာကြောင့်ဖြစ်ပါတယ်။ အဆီးရီးယန်းအင်ပါယာဟာ ဘီစီ ၂၀၂၅ ကနေ ဘီစီ ၆၀၅ အထိ နှစ်ပေါင်း ၁၄၂၀ ကြာ တည်တံ့ခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။

(၁) Akkadian Empire

မျက်မှောက်ခေတ်ကာလ အီရတ်နိုင်ငံဝန်းကျင်ဒေသအတွင်းတည်ရှိခဲ့ဖူးတဲ့ Akkadian Empire ဟာဆိုရင် မက်ဆိုပိုတေးမီးယားဒေသရဲ့ပထမဆုံးသောအင်ပါယာနိုင်ငံအဖြစ် သာမက ကမ္ဘာသမိုင်းမှာဆိုရင်လည်း အစောဆုံးပေါ်ပေါက်လာခဲ့တဲ့ အင်ပါယာအဖြစ် ထင်ရှားပါတယ်။ Akkadian Empire ကာလအတွင်းမှာပဲ Akkadian နဲ့ Sumerian မျိုးနွယ်တွေဟာပေါင်းစည်းခဲ့ကြပြီး မျိုးနွယ်စု(၂)ခုလုံးရဲ့ဘာသာစကားကိုအင်ပါယာနယ်မြေအတွင်းအသုံးပြုခဲ့ကြပါတယ်။ Akkadian Empire ကာလအတွင်း Sargon၊ Rimush ၊ Manishtushu ၊ Naram Sin၊ Shar-Kali-Sharri ၊ Interregnum ၊ Dudu နဲ့ Shu-turul ဆိုတဲ့ဘုရင် (၈)ပါးကနှစ်ပေါင်း (၁၈၀) လောက်ကြာအောင်အုပ်စိုးသွားခဲ့ကြပါတယ်။

ခေတ်အဆက်ဆက်သမိုင်းပညာရှင်တွေကတော့ Akkadian Empire အကြောင်းနဲ့ ပတ်သက်ပြီးမှတ်တမ်းပေါင်း (၇၀၀၀) ကျော်လောက်ရေးသားခဲ့ပေမဲ့ မြို့တော် Akkad ရဲ့ တည်ရှိရာနေရာကိုတော့ ဖော်ပြခဲ့ခြင်းမရှိခဲ့ပါဘူး။ မျက်မှောက်ခေတ်ပညာရှင်တွေကတော့ Akkadian Empire တည်ရှိခဲ့ရာနေရာဟာ မျက်မှောက်ခေတ်ဆီးရီးယားနိုင်ငံ အရှေမြောက်ဘက်စွန်းပိုင်းဖြစ်ဖွယ်ရှိတယ်လို့ယုံကြည်ကြပြီး မြို့တော် Akkad ဟာ Assyria တွေရဲ့သိမ်းပိုက်မှုကိုခံခဲ့ရပြီး မြေလှန်ဖျက်ဆီးခံခဲ့ရဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အကာဒီးယန်းအင်ပါယာဟာ ဘီစီ ၂၃၃၄ ကနေ ဘီစီ ၂၁၅၄ အထိ တည်ရှိခဲ့ပါတယ်။

Tags: militaryworld history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!