Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်မှာ ရှိတဲ့စုစုပေါင်းနိုင်ငံ 193? 195? 201? 204?

by Thutamm
December 30, 2019
Reading Time: 1min read
0
ကမ္ဘာပေါ်မှာ ရှိတဲ့စုစုပေါင်းနိုင်ငံ 193? 195? 201? 204?
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ စုစုပေါင်း ဘယ်နှနိုင်ငံရှိသလဲလို့ မေးရင် ယေဘုယျအားဖြင့် အများစု ဖြေလေ့ရှိတဲ့ အဖြေက ၁၉၅ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ ၁၉၃ ၊ ၂၀၁ ၊ ၂၀၄ စသည်ဖြင့် ဖြေထားတဲ့ အဖြေတွေကိုလည်း တွေ့ရလေ့ရှိပါတယ်။ ဒီအဖြေတွေကရော မှန်ပါသလား ၊ ဘာကြောင့် ဒီလို အဖြေတွေ မတူရတာလဲ …ဒီတစ်ခါတော့ အဲဒီအကြောင်းကို မျှဝေပေးသွားပါမယ်။

အပေါ်က အဖြေတွေထဲက ဘယ်ဟာက မှန်သလဲ ဆိုရင် အားလုံးမှန်တယ်လို့ပဲ ဆိုရမှာပါ။ ဒီလိုအဖြေတွေမတူရတဲ့ အကြောင်းရင်းကလည်း သတ်မှတ်ပုံတွေ ၊ လက်ခံ လက်မခံ တဲ့နိုင်ငံတွေကွဲပြားမှု စတဲ့အကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။ စုစုပေါင်း ၁၉၃ နဲ့ ၁၉၅ ဆိုတဲ့ အဖြေကတော့ UN လို့ခေါ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပတ်သတ်ပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ အဖွဲ့ဝင်ဖြစ်ထားတဲ့ စုစုပေါင်းနိုင်ငံကတော့ ၁၉၃ နိုင်ငံ ဖြစ်ပါတယ်။ အဖွဲ့ဝင်မဖြစ်ပဲ စောင့်ကြည့် Observer အဖြစ်သတ်မှတ်ထားတဲ့ နိုင်ငံကတော့ ၂ နိုင်ငံ ရှိပါတယ်။ ဒီ ၂နိုင်ငံကတော့ Holy See လို့ခေါ်တဲ့ ဗာတီကန် နဲ့ ပါလက်စတိုင်း တို့ဖြစ်ပါတယ်။ ဒါကြောင့်ပါတဲ့ နိုင်ငံတွေ နဲ့ မပါတဲ့နိုင်ငံ ၂နိုင်ငံကိုပေါင်းရင် ၁၉၅ နိုင်ငံ ဆိုတဲ့အဖြေထွက်ပါတယ်။

၂၀၁ ဆိုတဲ့ အဖြေကတော့ မူရင်းနိုင်ငံကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံတွေ အဖြစ် ရပ်တည်နေတဲ့နိုင်ငံတွေကို ထည့်သွင်းရေတွက်လို့ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကို နိုင်ငံအဖြစ် အများစုက သဘောတူကြပေမယ့် မူရင်းနိုင်ငံကတော့ မိမိရဲ့လက်အောက်ခံ ဒေသအဖြစ်ပဲ သတ်မှတ်ကြေငြာထားကာ နိုင်ငံတစ်ခုအဖြစ် လက်ခံခြင်း မရှိပါဘူး။ ဒီလို နိုင်ငံတွေကတော့ ၆ နိုင်ငံရှိပါတယ်။


အဲဒီ ၆ နိုင်ငံကတော့ ကိုဆိုဗို ၊  Saharawi အာရပ်ဒီမိုကရက်တစ် ၊ ထိုင်ဝမ်(တရုတ်သမ္မတနိုင်ငံ) ၊ South Ossetia ၊ Abkhazia နဲ့ Northern Cyprus တို့ ဖြစ်ပါတယ်။  ကိုဆိုဗိုကို နိုင်ငံအဖြစ် အများစုက လက်ခံသတ်မှတ်ထားပေမယ့် သူ့ရဲ့မူရင်းနိုင်ငံဖြစ်တဲ့ ဆာဘီးယားကတော့ ဒါကိုအသိအမှတ်မပြုပဲ ဆာဘီးယားရဲ့နယ်မြေအဖြစ်သာ သတ်မှတ်ထားပါတယ်။

ထိုင်ဝမ် ဆိုရင်လည်း နိုင်ငံတစ်ခုအဖြစ် သီးခြားရပ်တည်နေပေမယ့် တရုတ်ပြည်မကြီး(တရုတ်ပြည်သူ့သမ္မတနိုင်ငံ) ကတော့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်း မရှိပါဘူး။ အခြားကျန်တဲ့ ၄နိုင်ငံလည်း ဒီအတိုင်းပါပဲ။ Saharawi အာရပ်ဒီမိုကရက်တစ် ဆိုရင် မော်ရိုကိုနိုင်ငံ ၊ South Ossetia ဆိုရင် ဂျော်ဂျီယာ ၊ Abkhazia ဆိုရင် ဂျော်ဂျီယာ ၊ Northern Cyprus ဆိုရင် ဆိုက်ပရပ် စတဲ့မူရင်းနိုင်ငံတွေကတော့ အသိအမှတ်မပြုကြပါဘူး။ အခု ၆ နိုင်ငံကို အပေါ်က ၁၉၅ နိုင်ငံ နဲ့ ပေါင်းလိုက်တဲ့အခါ ၂၀၁ နိုင်ငံ ဆိုတဲ့ အဖြေထွက်လာပါတယ်။

ဒါဆိုရင် ၂၀၄ နိုင်ငံကရော… ။ အပေါ်က ၆နိုင်ငံလိုပါပဲ ၊ ကန့်သတ်ထားတဲ့ သဘောတူညီမှုတွေနဲ့ နောက်ထပ် ၃နိုင်ငံ ရှိပါသေးတယ်။ ဒါတွေကတော့  Nagorno-Karabakh ၊ Transnistria နဲ့ Somaliland တို့ ဖြစ်ပါတယ်။ Nagorno-Karabakh ဆိုရင် မူရင်းနိုင်ငံက အဇာဘိုင်ဂျန် ၊ Transnistria ဆိုရင် မူရင်းနိုင်ငံက မော်ဒိုဗာ ၊  Somaliland ဆိုရင် မူရင်းနိုင်ငံက ဆိုမာလီယာနိုင်ငံ..သူတို့ဟာလည်း ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ နိုင်ငံတွေ အဖြစ်ရပ်တည်နေပါတယ်။ ဒီ ၃နိုင်ငံကို အပေါ်က ၂၀၁ နဲ့ ပေါင်းလိုက်တဲ့အခါ ၂၀၄ နိုင်ငံ ဆိုပြီးဖြစ်လာပါတယ်။


နိုင်ငံကြီးတွေရဲ့ လက်အောက်ခံနယ်မြေတွေ အဖြစ်သတ်မှတ်ထားခြင်းခံရပေမယ့် ကိုယ်ပိုင်နိုင်ငံတွေသဖွယ် သီးခြားရပ်တည်နေတဲ့ နေရာတွေလည်း ရှိနေပါတယ်။ ဒါတွေကတော့ သြစတြေးလျမှာဆိုရင် Christmas Island, Cocos / Keeling Islands, Norfolk စတဲ့ကျွန်းတွေ ၊ တရုတ်မှာဆိုရင် ဟောင်ကောင် နဲ့ မကာအို ၊ ဒိန်းမတ်မှာ ဆိုရင် ဖာရိုးကျွန်းစုနဲ့ ဂရင်းလန် ၊ နယ်သာလန်ဆိုရင် Aruba, Curacao နဲ့ Sint Maarten စသည်တို့အပြင် အခြားနယ်မြေတွေလည်း အများကြီးရှိနေပါသေးတယ်။


ဒီလောက်ဆိုရင် ဘာကြောင့် အဖြေတွေ အမျိုးမျိုးဖြစ်နေရသလဲ ဆိုတာကို ယေဘုယျ နားလည်လောက်ပြီ ထင်ပါတယ်။ သိချင်တဲ့ သုတဇုန်မိတ်ဆွေတွေအတွက် ဗဟုသုတအဖြစ် ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်။

Ref :
Quora : total number of countries in the world?

 

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!