အမေရိကန်ပြည်ထောင်စု၊ Kentucky ပြည်နယ်အလယ်ပိုင်းမှာတည်ရှိတဲ့ ယင်းလိုဏ်ဂူကြီးဟာဆိုရင် (၂၀၁၇)ခုနှစ်၊ ဇူလိုင်(၁)ရက်နေ့ကတည်းက အစိုးရရဲ့ အမျိုးသားဥယျာဉ်ဧရိယာအဖြစ် သတ်မှတ်ခဲ့တာ(၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ Mammoth Cave အတွင်းမှာ တည်ရှိတဲ့ဆန်းပြားတဲ့ လိုဏ်ဂူဖွဲ့စည်းမှုတွေ၊ ဝန်းကျင်ကဖုံးလွှမ်းလျက်ရှိတဲ့သစ်တောတွေနဲ့ သမိုင်းမှတ်တိုင်တွေအရ ယင်းဂူ ကြီးဟာ အမေရိကန်ပြည်ထောင်စုအတွက်ခမ်းနားတဲ့ သဘာဝကပေးတဲ့လက် ဆောင်အဖြစ်ရှိလို့နေပြန်ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ အမေရိကန်နိုင်ငံရဲ့ သမိုင်းအမွေအနှစ်လည်းဖြစ် ၊လက်ရှိကမ္ဘာအရှည်လျားဆုံးလိုဏ်ဂူ ကြီးအဖြစ်လည်း သတ်မှတ်ထားခြင်းခံထားရတဲ့ Mammoth Cave ရဲ့ အကြောင်း အရာအချို့ပဲဖြစ်ပါတယ်။
ကမ္ဘာအရှည်လျားဆုံးသောလိုဏ်ခေါင်းဖွဲ့စည်းပုံကိုပိုင်ဆိုင်ထားတဲ့ Mammoth Caveဟာ ထုံးကျောက်ဝင်္ကပါအမျိုးအစားလိုဏ်ဂူဖြစ်ပြီး လက်ရှိအချိန်ထိ မိုင် (၄၀၀)အကွာအဝေးလောက်ကိုသာ လူသားတွေ သွားရောက်နိုင်သေးပါတယ်။ ဘူမိ ဗေဒပညာရှင်တွေဘက်ကတော့ Mammoth Cave ဟာနောက်ထပ်မိုင်(၆၀၀) လောက်အရှေ့မှာဆက်လက်တည်ရှိနေနိုင်သေးပါတယ်လို့ ခန့်မှန်းထားကြပါ တယ်။ Mammoth Cave System အတွင်းမှာပဲ လိုဏ်ခေါင်းအရေအတွက် (၂၀၀)ထက်မနည်း တည်ရှိနေတာဖြစ်ပြီး အများစုကတော့တစ်ခုနဲ့ တစ်ခု မဆက်စပ်ပဲ သီးခြားပုံစံအတိုင်းသာတည်ရှိနေတာဖြစ်ပါတယ်။
စွန့်စားသွားလာသူတွေအဖို့တော့ Mammoth Cave ဟာအထူးသင့်လျော်တဲ့နေရာဖြစ်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ(၂)သန်း ေ ကျာ် လောက်ကိုရှိ နေတယ်လို့သိရ ပါတယ်။ ယင်းအနက်လူ (၅)သိန်းလောက်ဟာဆိုရင် လိုဏ်ဂူတွေအတွင်းစွန့်စားခန်းဖွင့်ကြသူတွေဖြစ်ကြပြီး ကျန်သူတွေကတော့ အဲဒီလိုဏ် ဂူကြီးတွေအတွင်းမှာရှိတဲ့ ဆန်းပြားတဲ့ကျောက်သားပုံဖွဲ့စည်းမှုတွေကိုလာရောက် လေ့လာကြတာဖြစ်ပါတယ်။ စွန့်စားသူအချို့ဆိုရင် လုံခြုံရေးအရအာမခံချက်မရှိ သေးတဲ့ လိုဏ်ခေါင်းတွေအတွင်းကိုဝင်ရောက်စူးစမ်းကြပြီး ကျောက်သားနံရံကျဉ်းကျဉ်းလေးတွေအတွင်းကိုတောင် တွားသွားပြီးလေ့လာမှု တွေကိုပြုလုပ်ကြပါတယ်။
မီးအိမ်တွေ၊လက်နှိပ်ဓာက်မီးတွေအကူအညီနဲ့ ရက် အတန်ကြာအောင် Mammoth Cave ရဲ့သမိုင်းစဉ်ကိုလေ့လာသူပညာရှင်အဖွဲ့ များစွာကိုလည်းတွေ့ရမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းရေးပ ပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း တစ်ဦးချင်းမှသည်အစုအဖွဲ့လိုက် ယငိး ကမ္ဘာအရှည်ဆုံးလို ဏ်ဂူကြီးအတွင်းမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ရည်ရွယ်ချက် မျိုးစုံနဲ့ Mammoth Cave အတွင်းကိုဝင်ရောက်ကြသူတွေအများကြီးအတွက် မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေကတော့ နှာခေါင်းစည်းနဲ့ လိုဏ်ဂူအတွင်းမှာရှိနေတဲ့ လင်းနို့တွေရဲ့ရန်ကိုကာကွယ်တဲ့ လိုအပ်တဲ့ကိရိယာတွေဖြစ်ပါတယ်။
Mammoth Cave အနီးမှာနေထိုင်တဲ့ဒေသခံတွေရဲ့တောင်းဆိုချက်အရ ယင်းဂူကြီးဟာ အစိုးရရဲ့အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေဖြစ်ခဲ့ပြီး ဖြစ်တာကြောင့် ယင်းဂူကြီးတည်ရှိရာနေရာကို Mammoth Cave National Park လို့ခေါ်ဝေါ်သတ်မှတ်ခဲ့ပါတယ်။ Mammoth Cave အတွက်ပြုပြင်ထိန်းသိမ်းရေးအပါအဝင် ဂူအတွင်းပိုင်းစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Southern Appalachian National Park Commission ကိုလည်း (၁၉၂၅)ခုနှစ်လောက်ကတည်းကဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ယင်းကော်မရှင်ရဲ့ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Stephen Mather လက်ထပ်မှာတော့ Mammoth Cave အတွင်းလမ်းတွေ၊ရေချိုးခန်းတွေ၊ဖြတ်လမ်း တွေနဲ့ အလှပင်းမန်တွေစိုက်ပျိုးပြီး ဥယျာဉ်တစ်ခုသဖွယ်ဖန်တီးခဲ့ကာ (၁၉၄၁) ဂျူလိုင်လ(၁)ရက်နေ့မှာ အများပြည်သူလာရောက်လည်ပတ်နိုင်တဲ့ Mammoth Cave National Park အဖြစ်စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Mammoth Cave ရဲ့ပထမဆုံးသော လမ်းပြအဖြစ်ဆောင်ရွက်ခဲ့သူတွေကတော့ အာဖရိကန်အမေရိကန်တွေဖြစ်ကြပြီး လူမည်းကျွန်တစ်ယောက်ဖြစ်တဲ့ Stephen Bishop ဟာ လိုဏ်ဂူကြီးရဲ့ ပထမဆုံးလမ်းပြအဖြစ် (၁၈၃၈)ခုနှစ်ကနေ (၁၈၅၆) ခုနှစ်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာယင်းကာလက Mammoth Cave ရဲ့ထိတ်လန့်စရာအကောင်းဆုံးအပိုင်းဖြစ်တဲ့ Bottomless Pit ကိုဖြတ်ကူးပြီးယနေ့လူသိများ ထင်ရှားနေတဲ့ Mammoth Cave ရဲ့နေရာအပိုင်းတော်တော်များများကို လူသွားလမ်းကြောင်းရှာဖွေပေးခဲ့သူဖြစ်ပါတယ်။ သူရဲ့စွန့်စားမှုတွေဟာ ယင်းကာလက အသိအမှတ်ပြုမခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ Bishop ကို Mammoth Cave ရဲ့ စွန့်ဦးတွေ့ရှိသူ ဂန္ထဝင်တစ်ယောက်အဖြစ် အားလုံးကအသိအမှတ်ပြုခဲ့ကြပါတယ်။
Mammoth Cave အတွင်းမှာတွေ့ရှိခဲ့တဲ့ဖြစ်စဉ်တွေအနက်ထူးဆန်းတာ ကတော့ ယင်းဂူအတွင်းမှာ သားရဲတိရိစ္ဆာန်မျိုးစိတ် (၁၃၀)ကျော်လောက်ရှင်သန် နေထိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ troglobites(ဂူအောင်းတိရစ္ဆာန်) နဲ့ troglophiles (ဂူတွင်းရော ဂူပြင်ပမှာပါ ကျက်စားတဲ့ တိရစ္ဆာန်) အမျိုး အစားသားရဲတိရိစ္ဆာန်မျိုးစိတ်(၁၄)မျိုး အထိ Mammoth Cave အတွင်းတည်ရှိ နေတာဖြစ်ပြီး ယင်းနေရာတဝိုက်မှာ လူသိများတဲ့ တိရစ္ဆာန်ကတော့ Eyeless Cave fish ဆိုတဲ့ ငါးမျိုးတွေဖြစ်ပါတယ်။
Mammoth Cave တည်ရှိရာနေရာက သစ်တောကြီးဟာလည်း အမေရိကန် နိုင်ငံရဲ့ ဇီဝမျိုးကွဲများစွာပေါက်ဖွားရှင်သန်မှုအများဆုံးသော တောကြီးဖြစ်ပါတယ်။ Bald သိန်းငှက်၊ wood warblers နဲ့ thrushes လိုရှားပါးငှက်မျိုးစိတ်တွေအပြင် ပန်းမန်မျိုးစိတ်ပေါင်း (၁၃၀၀)ကျော်လောက်ဟာ ယင်းသစ်တောတွေအတွင်း တည်ရှိနေပါတယ်။ ယင်းတောအတွင်းက ခြေလျင်ခရီးသွားတွေအတွက်ဖန်တီး ထားတဲ့ မိုင်(၆၀)လောက်ရှိတဲ့လမ်းကြောင်းမှာဆိုရင် လှပတဲ့ပန်းတွေကိုအစဉ် လိုက်တည်ရှိနေကြပြီး မြင်းစီးခရီးစဉ်တွေအတွက်လည်းအဆင်ပြေပါတယ်။
Mammoth Cave ဝန်းကျင်ကိုပန်းဥယျာဉ်တစ်ခုပမာဖန်တီးထားတဲ့ယင်းစီမံချက် အတွင်းမှာပဲ မိုင်(၃၀)လောက်ရှိတဲ့ ပမာဏဟာ သစ်တောတွေနဲ့ ဒေသခံ Nolin မြစ်ဧရိယာတွေဖြစ်ကြပါတယ်။ ယင်းဧရိယာအတွင်းမှာပဲ ကနူးလှေ၊ကယပ်လှေ စီးနင်းခြင်းနဲ့ ငါးဖမ်းခြင်းစတဲ့ အပန်းဖြေခြင်းတွေကိုလာရောက်လည်ပတ်သူ တွေအနေနဲ့ ပြုလုပ်နိုင်ပါတယ်။ Mammoth Cave ဟာအမေရိကန်ပြည်ထောင်စုရဲ့ထိပ်တန်းသဘာဝနယ်မြေ (၁၃)ခုအနက်ကတစ်ခုဖြစ်သလို သူရဲ့သာမန်ထက်ပိုတဲ့ဝန်းကျင်တည်ဆောက်ပုံ တွေအရရော သိပ္ပံနည်းကျအရေးပါတဲ့မျိုးစိတ်ဝင်တွေတည်ရှိနေပုံတွေကြောင့် လည်းကမ္ဘာအမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။
ပညာရှင်တွေကတော့ Mammoth Cave ရဲ့မြေမျက်နှာသွင်ပြင်တွေဟာ ထုံးကျောက်တောင်တွေပေါက်ကွဲမှုဖြစ်စဉ်တွေကပဲဖြစ်ပေါ်လာတာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါအပြင်မိုးရေ၊မြစ်ရေကဲ့သို့သောရေတိုက်စားမှုတွေကပဲ လိုဏ်ဂူကြီးရဲ့လမ်းကြောင်းတွေ ကျောက်သားကျောက်စိုင်တွေကိုဖန်တီးတာလို့ ဆိုပါတယ်။ ယနေ့အချိန်ထိ Mammoth Cave ရဲ့အောက်ပိုင်းမှာမြေအောက်မြစ် များစွာစီးဆင်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်နောက်ထပ်စိတ်ဝင်စားစရာ တစ်ခုကတော့ Mammoth Cave အောက်ခြေကမြေအောက်ရေတွေဟာ သောက်ရေအဖြစ်အသုံးပြုနိုင်ပြီး တွက်ချက်မှုတွေအရ အမေရိကန်ပြည်ထောင် စုလူဦးရေရဲ့ (၄၀)ရာခိုင်နှုန်းအတွက်သောက်ရေအလုံအလောက်ပေးနိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။
(၁၈၀၀)ပြည့်နှစ်လောက်ကတော့ Mammoth Cave ကိုသွားဖို့အကောင်းဆုံး လမ်းကြောင်းဟာ မီးရထားလမ်းသာဖြစ်ပြီး ဒီအတွက်ပထမဆုံးမီးရထားလိုင်းကို တော့ (၁၈၅၉)ခုနှစ်ကတည်းကစတင်ဖွင့်လှစ်ခဲ့ပြီး (၁၈၈၆)မှာတော့ Mammoth Cave အထိတိုက်ရိုက်ရောက်ရှိတဲ့အထိ မီးရထားလမ်းတွေကိုဆက်လက်တိုးချဲ့ နိုင်ခဲ့ပါတယ်။ ယင်းရထားလိုင်းတွေကပဲနှစ်စဉ် ခရီးသည်ထောင်၊သောင်းနဲ့ချီပြီး Mammoth Cave ကိုပို့ဆောင်ပေးလျက်ရှိပါတယ်။
မူလပြေးဆွဲတဲ့လိုင်းတွေက တော့မီးရထားစက်ခေါင်းနံပါတ်(၂)နဲ့(၄)တို့ဖြစ်ပြီး ရထားဘူတာဆုံးတဲ့လမ်း ကြောင်းဟာ Mammoth Cave ဖြစ်တယ်လို့သိရပါတယ်။ ယနေ့ချိန်မှာဆိုရင် ယင်းသမိုင်းဝင်မီးရထားလမ်းတွေတင်မက ယင်းရထားလမ်းတွေကိုဖြတ်သန်း ဖောက်လုပ်ထားတဲ့ စက်ဘီးဆိုင်ကယ်လမ်းတွေ ခြေလျင်ခရီးလမ်းကြောင်း တွေလည်းပေါ်ထွက်ကာ ခရီးသည်တွေအတွက် အပျော်ခရီးတစ်ခုပမာဖန်တီး နိုင်ကာ နည်းမျိုးစုံနဲ့ Mammoth Cave ကိုခြေဆန့်နိုင်ပြီလည်းဖြစ်ပါတယ်။
Mammoth Cave အတွင်းမှာလွန်ခဲ့တဲ့ နှစ်(၅၀၀၀)ကာလက နေထိုင်တဲ့ လူသား မျိုးနွယ်တွေရှိခဲ့ကြောင်းတူးဖော်တွေ့ချက်တွေအရသိရှိရပါတယ်။ အမေရိကန် ပြည်ထောင်စုက သမိုင်းသုတေသီတွေ ဘူမိဗေဒပညာရှင်တွေကတော့ (၁၈၀၀) ပြည့်နှစ်လောက်ကတည်းက လေ့လာမှုတွေကို ယင်းဂူကြီးအတွင်းပြုလုပ်နေခဲ့ တာဖြစ်ပြီး အစောဆုံးမှတ်တမ်းတင်နိုင်ခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်(၅၀၀၀)က ယင်းအရပ်မှာနေထိုင်ခဲ့တဲ့ အမေရိကန်မူရင်းဒေသခံ အင်ဒီယန်းတွေအကြောင်း ဖြစ်ပါတယ်။ ယင်းမျိုးနွယ်တွေဟာ Mammoth Cave အတွင်း(၂)ရာစုလောက် နေထိုင်ပြီးချိန်မှာတော့ ဂူရဲ့အပေါ်ပိုင်းအဆင့်(၃)ဆင့်လောက်ကို ဖြိုချခဲ့ကြတယ် လို့ဆိုပါတယ်။
Mammoth Cave အတွင်းမှာတော့ ရှေးဟောင်းအနုပညာနယ် မြေ(၁၀၀၀)ကျော်လောက်ရှိတယ်လို့သိရပြီး ယခုချိန်အထိလည်းထပ်မံဖော် ထုတ်နေကြဆဲဖြစ်ပါတယ်။ အမေရိကန်အစိုးရဘက်ကတော့ ယင်းအတွက် ဟန့် တားတာမျိုးမရှိပဲ ပညာရှင်တွေနဲ့ ဆက်လက်ပူးပေါင်းနေတာကြောင့် မကြာခင် မှာပဲ သမိုင်းနောက်ခံတွေ့ရှိမှု အသစ်သစ်တွေကို မှတ်တမ်းတင်နိုင်ဖို့ရှိပြီး Mammoth Cave ရဲ့အရှည်ကိုဆက်လက်တိုးချဲ့ဖို့ရှိနေပါတယ်။
VIDEO