Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဆိပ်အပြင်းဆုံး ခူကောင် အကြောင်း

by Thutamm
September 8, 2020
Reading Time: 1min read
0
အဆိပ်အပြင်းဆုံး ခူကောင် အကြောင်း
Share on FacebookShare on Twitter

ပုံမှန်အားဖြင့်တော့ ခူကောင် (သို့) ပေါက်ဖတ် တွေဟာ ဆိုးရွားတဲ့အနံ့ရှိတာကလွဲလို့ ထိတွေ့မိတဲ့လူတွေအတွက် အန္တရာယ်မရှိတတ်ပါဘူး။ ဒါပေမယ့် အနည်းငယ်သော ခူကောင်မျိုးစိတ်တွေကတော့ လူသားတို့အတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး ဒီအထဲမှာ နာမည်ကြီးတဲ့ ခူကောင် တမျိုးကတော့ လိုနိုမီးယား အိုဘလီကွာ ဖြစ်ပါတယ်။ giant silkworm ပိုးဖလံဖြစ်ပေမယ့် ပိုးလောင်းအဆင့် ပုံသဏ္ဍာန်မှာ လူသိပိုများတာဖြစ်ပါတယ်။

တောင်အမေရိက ပိုးဖလံမျိုးစိတ်ဖြစ်ပြီး သူ့ရဲ့အကြောင်းကို ပထမဆုံးအနေနဲ့ ၁၈၅၅ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး အင်းဆက်လေ့လာရေးပညာရှင် ဖရန်စစ်ဝေါ်ကာ က ဖော်ထုတ်ပြသခဲ့တာဖြစ်ပါတယ်။ ဒီခူကောင် နာမည်ကြီးရတဲ့အကြောင်းကတော့ သူ့ခန္ဓာကိုယ်က ဆူးတောင်တွေမှာ ပါရှိတဲ့ အဆိပ်ကြောင့် ဖြစ်ပြီး ဒီအဆိပ်ဟာ လူကို အသက်အန္တရာယ် ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ အထိ ပြင်းထန်လှပါတယ်။

ဒီခူကောင်တွေဟာ အရွယ်အစားအားဖြင့် ၂လက်မ ဝန်းကျင်ခန့်ရှိတတ်ပြီး ပုံသဏ္ဍာန်က ဆူးချွန်တွေပတ်လည်ပေါက်နေတဲ့ သစ်ပင်တပင် နဲ့ ပိုတူပါတယ်။ ခန္ဓာကိုယ်က အညိုရောင်ရှိပြီး အရွယ်အစားမျိုးစုံနဲ့ ဆူးချွန်တွေက အစိမ်းရောင်ရှိပြီး သူတို့သစ်ပင်မှာ တွယ်ကပ်နေတဲ့အခါမျိုးမှာ ပုံမှန်အားဖြင့် မြင်တွေ့ရဖို့ အလွန်ခက်ပါတယ်။ ဒီအကောင်တွေကို တကောင်တလေထိ မိရင် ဘာမှ မဖြစ်ပေမယ့် ဆိုးတာကတော့ သူတို့ဟာ ပုံမှန်အားဖြင့် အုပ်စုလိုက် နေတတ်လေ့ရှိတာပါ။

သူတို့ကို တောင်အမေရိကတိုက်က ဘရာဇီး ၊ ဥရုဂွေး ၊ ပါရာဂွေး နဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ တွေ့ရလေ့ရှိပြီး အများဆုံးတွေ့ရတတ်တာကတော့ ဘရာဇီးနိုင်ငံ ဆော်ပေါ်လို ၊ ရီယိုဒီဂျနေရိုး နဲ့ မီနစ်ဂျရိုက် ပြည်နယ်တွေမှာ ရှိတဲ့ မိုးသစ်တောတွေထဲမှာ ဖြစ်ပါတယ်။ ဒီအကောင်တွေနဲ့ ထိတွေ့မှုကြောင့် စတင်သတိထားမိချိန်ကစလို့ တောင်အမေရိကမှာ လူပေါင်း ၅၀၀ ထက်မနည်း အသက်ဆုံးခဲ့ပြီးပြီလို့ သိရပါတယ်။ နည်းနည်းပါးပါး ထိမိတာ ကိစ္စမရှိပေမယ့် ၁မိနစ်အတွင်း သူတို့ရဲ့ အဆိပ်ဆူးပေါင်း ၂၀ ကနေ ၁၀၀ အတွင်း ထိုးခဲ့မိရင်တော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

အဆိပ်တွေပြည့်နေတဲ့ ဆူးချွန်တွေကနေ အဆိပ်တွေရောက်ရှိသွားခဲ့ရင်တော့ အဲဒီလူဟာ ဖူးယောင် နာကျင်တာ ၊ ခေါင်းကိုက်တာ ဖျားတာ ၊ အော့အန်တာတွေ ဖြစ်လေ့ရှိပါတယ်။ အချိန်မီဆေးကုသမှု မခံယူခဲ့ရင်တော့ အဆိပ်တွေဟာ လူ့ကိုယ်တွင်းက သွေးကြောတွေထဲ ဝင်ရောက်သွားပြီးနောက် ၂၄နာရီနောက်ပိုင်းမှာ သွေးယိုစိမ့်ကာ သွေးခဲတာ၊ အသားပုပ်တာတွေအပြင် အဆုပ် ၊ ကျောက်ကပ်တွေကို ထိခိုက်စေနိုင်တာတွေပါ ဖြစ်လာစေပါတယ်။

ဒီမတော်တဆမှုတွေဟာ ဘရာဇီးဒေသတွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ဖြစ်တဲ့လူတွေထဲမှာ ၆၃% က အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီအကောင်တွေရဲ့ အဆိပ်မိရင် ကုသဖို့ တိတိကျကျဆေးဝါး မရှိပေမယ့် ဘရာဇီးမှာတော့ antifibrinolytics ၊ antiserum စတာတွေနဲ့ ကုသပြီး ပြန်လည်ကျန်းမာလာစေတယ်လို့ သိရပါတယ်။ လိုနိုမီးယား အိုဘလီကွာ ခူကောင်တွေရဲ့ အဆိပ်ကို ပိုမိုတိကျစွာကုသနိုင်စေမယ့် ဖြေဆေးတွေကိုတော့ စမ်းသပ်လေ့လာလျက် ရှိနေဆဲဖြစ်ပါတယ်။

—— ——- ——-
(Zawgyi)

အဆိပ္အျပင္းဆုံး ခူေကာင္ အေၾကာင္း

ပုံမွန္အားျဖင့္ေတာ့ ခူေကာင္ (သို႔) ေပါက္ဖတ္ ေတြဟာ ဆုိးရြားတဲ့အနံ႔ရွိတာကလြဲလုိ႔ ထိေတြ႔မိတဲ့လူေတြအတြက္ အႏၱရာယ္မရွိတတ္ပါဘူး။ ဒါေပမယ့္ အနည္းငယ္ေသာ ခူေကာင္မ်ဳိးစိတ္ေတြကေတာ့ လူသားတုိ႔အတြက္ အႏၱရာယ္ျဖစ္ေစႏုိင္ၿပီး ဒီအထဲမွာ နာမည္ႀကီးတဲ့ ခူေကာင္ တမ်ဳိးကေတာ့ လုိႏုိမီးယား အုိဘလီကြာ  ျဖစ္ပါတယ္။ giant silkworm ပုိးဖလံျဖစ္ေပမယ့္ ပိုးေလာင္းအဆင့္ ပုံသ႑ာန္မွာ လူသိပိုမ်ားတာျဖစ္ပါတယ္။

ေတာင္အေမရိက ပုိးဖလံမ်ဳိးစိတ္ျဖစ္ၿပီး သူ႔ရဲ႕အေၾကာင္းကို ပထမဆုံးအေနနဲ႔ ၁၈၅၅ ခုႏွစ္မွာ အဂၤလိပ္လူမ်ဳိး အင္းဆက္ေလ့လာေရးပညာရွင္ ဖရန္စစ္ေ၀ၚကာ က ေဖာ္ထုတ္ျပသခဲ့တာျဖစ္ပါတယ္။ ဒီခူေကာင္ နာမည္ႀကီးရတဲ့အေၾကာင္းကေတာ့ သူ႔ခႏၶာကိုယ္က ဆူးေတာင္ေတြမွာ ပါရွိတဲ့ အဆိပ္ေၾကာင့္ ျဖစ္ၿပီး ဒီအဆိပ္ဟာ လူကို အသက္အႏၱရာယ္ ဆုိးဆုိးရြားရြား ထိခုိက္ေစတဲ့ အထိ ျပင္းထန္လွပါတယ္။

ဒီခူေကာင္ေတြဟာ အရြယ္အစားအားျဖင့္ ၂လက္မ ၀န္းက်င္ခန္႔ရွိတတ္ၿပီး ပုံသ႑ာန္က ဆူးခြ်န္ေတြပတ္လည္ေပါက္ေနတဲ့ သစ္ပင္တပင္ နဲ႔ ပိုတူပါတယ္။ ခႏၶာကုိယ္က အညဳိေရာင္၊ အစိမ္းေရာင္ ရွိၿပီး အရြယ္အစားမ်ဳိးစုံနဲ႔ ဆူးခြ်န္ေတြက အစိမ္းေရာင္ရွိၿပီး သူတုိ႔သစ္ပင္မွာ တြယ္ကပ္ေနတဲ့အခါမ်ဳိးမွာ ပုံမွန္အားျဖင့္ ျမင္ေတြ႔ရဖုိ႔ အလြန္ခက္ပါတယ္။ ဒီအေကာင္ေတြကို တေကာင္တေလထိ မိရင္ ဘာမွ မျဖစ္ေပမယ့္ ဆုိးတာကေတာ့ သူတုိ႔ဟာ ပုံမွန္အားျဖင့္ အုပ္စုလုိက္ ေနတတ္ေလ့ရွိတာပါ။

သူတုိ႔ကို ေတာင္အေမရိကတုိက္က ဘရာဇီး ၊ ဥရုေဂြး ၊ ပါရာေဂြး နဲ႔ အာဂ်င္တီးနားႏုိင္ငံေတြမွာ ေတြ႔ရေလ့ရွိၿပီး အမ်ားဆုံးေတြ႔ရတတ္တာကေတာ့ ဘရာဇီးႏိုင္ငံ ေဆာ္ေပၚလုိ ၊ ရီယုိဒီဂ်ေနရုိး နဲ႔ မီနစ္ဂ်ရုိက္ ျပည္နယ္ေတြမွာ ရွိတဲ့ မုိးသစ္ေတာေတြထဲမွာ ျဖစ္ပါတယ္။ ဒီအေကာင္ေတြနဲ႔ ထိေတြ႔မႈေၾကာင့္ စတင္သတိထားမိခ်ိန္ကစလုိ႔ ေတာင္အေမရိကမွာ လူေပါင္း ၅၀၀ ထက္မနည္း အသက္ဆုံးခဲ့ၿပီးၿပီလုိ႔ သိရပါတယ္။ နည္းနည္းပါးပါး ထိမိတာ ကိစၥမရွိေပမယ့္ ၁မိနစ္အတြင္း သူတုိ႔ရဲ႕ အဆိပ္ဆူးေပါင္း ၂၀ ကေန ၁၀၀ အတြင္း ထုိးခဲ့မိရင္ေတာ့ အသက္အႏၱရာယ္ကို ထိခုိက္ေစႏုိင္ပါတယ္။

အဆိပ္ေတြျပည့္ေနတဲ့ ဆူးခြ်န္ေတြကေန အဆိပ္ေတြေရာက္ရွိသြားခဲ့ရင္ေတာ့ အဲဒီလူဟာ ဖူးေယာင္ နာက်င္တာ ၊ ေခါင္းကိုက္တာ ဖ်ားတာ ၊ ေအာ့အန္တာေတြ ျဖစ္ေလ့ရွိပါတယ္။ အခ်ိန္မီေဆးကုသမႈ မခံယူခဲ့ရင္ေတာ့ အဆိပ္ေတြဟာ လူ႔ကုိယ္တြင္းက ေသြးေၾကာေတြထဲ ၀င္ေရာက္သြားၿပီးေနာက္ ၂၄နာရီေနာက္ပုိင္းမွာ ေသြးယုိစိမ့္ကာ ေသြးခဲတာ၊ အသားပုပ္တာေတြအျပင္ အဆုပ္ ၊ ေက်ာက္ကပ္ေတြကို ထိခုိက္ေစႏုိင္တာေတြပါ ျဖစ္လာေစပါတယ္။

ဒီမေတာ္တဆမႈေတြဟာ ဘရာဇီးေဒသေတြမွာ အမ်ားဆုံးျဖစ္ေလ့ရွိၿပီး ျဖစ္တဲ့လူေတြထဲမွာ ၆၃% က အမ်ုိးသားေတြျဖစ္တယ္လုိ႔ သိရပါတယ္။ ဒီအေကာင္ေတြရဲ႕ အဆိပ္မိရင္ ကုသဖုိ႔ တိတိက်က်ေဆး၀ါး မရွိေပမယ့္ ဘရာဇီးမွာေတာ့ antifibrinolytics ၊ antiserum စတာေတြနဲ႔ ကုသၿပီး ျပန္လည္က်န္းမာလာေစတယ္လုိ႔ သိရပါတယ္။ လုိႏုိမီးယား အုိဘလီကြာ ခူေကာင္ေတြရဲ့ အဆိပ္ကို ပုိမုိတိက်စြာကုသႏုိင္ေစမယ့္ ေျဖေဆးေတြကိုေတာ့ စမ္းသပ္ေလ့လာလ်က္ ရွိေနဆဲျဖစ္ပါတယ္။

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!