ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံတွေက တရုတ်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတွေ ဆိုတာ အားလုံးသိကြပြီးဖြစ်မှာပါ။ တရုတ်နိုင်ငံရဲ့ လူဦးရေက သန်းပေါင်း ၁၄၀၀ကျော်ဖြစ်ပြီး အိန္ဒိယကတော့ သန်းပေါင်း ၁၃၀၀ ကျော်ဖြစ်ပါတယ်။ ကျန်နိုင်ငံတွေကတော့ ဒီနိုင်ငံတွေနဲ့ ယှဉ်ရင် သန်း ၁ထောင်လောက်ထက် မက လူဦးရေ ပိုနည်းပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လူဦးရေကတော့ ၅၄သန်း ခန့်ရှိပြီး ကမ္ဘာပေါ်မှာဆိုရင်တော့ ၂၆ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေရဲ့ လူဦးရေကတော့ နိုင်ငံအများစုရဲ့ မြို့ငယ်တမြို့စာထက်တောင် ပိုနည်းနေပါသေးတယ်။ ဒီတခါတော့ ကမ္ဘာပေါ်က လူဦးရေ အနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံကို ဝေမျှသွားပါမယ်။
၁၀ ။ ဒိုမီနီကာ
ဒိုမီနီကာ နိုင်ငံကတော့ ကာရစ်ဘီယံဒေသအတွင်းမှာ ရှိတဲ့ ကျွန်စုနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ တရားဝင်အမည်က ဒိုမီနီကာ ဓနသဟာယနိုင်ငံဖြစ်ပြီး မြို့တော်ကတော့ ရိုဇို ဖြစ်ပါတယ်။ နိုင်ငံရဲ့ စုစုပေါင်း ဧရိယာက ၂၉၀ စတုရန်းမိုင်ဖြစ်ပြီး နေထိုင်သူအများစုကတော့ အာဖရိကန် လူမည်းတွေဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားက အင်္ဂလိပ်ဖြစ်ပြီး ပြင်သစ်ဘာသာစကားပေါ်မှာ အခြေခံထားတဲ့ ဒိုမီနီကန်ခရီအို နဲ့လည်း ပြောဆိုသုံးစွဲကြပါတယ်။ နေထိုင်သူ စုစုပေါင်းရဲ့ ၉၄% ကျော်က ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး ဒီနိုင်ငံရဲ့ စုစုပေါင်း လူဦးရေကတော့ ၇၁၆၂၅ ဦး ဖြစ်ပါတယ်။
၉။ မာရှယ်ကျွန်းစု
မာရှယ်ကျွန်းစုရဲ့ တရားဝင်အမည်က မာရှယ်ကျွန်းစု သမ္မတနိုင်ငံဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံတခုဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင် ၇၀ ခန့်သာ ကျယ်ဝန်းပြီး နေထိုင်သူစုစုပေါင်းရဲ့ ၉၂% ကျော်ဟာမာရှယ်ကျွန်းသားစစ်စစ်တွေဖြစ်ပါတယ်။ ကျွန်းကြီး ၅ ခု ကျွန်းငယ် ၂၉ ခုတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြို့တော်က မာဂျူရို ဖြစ်ပါတယ်။ လူဦးရေရဲ့ ၉၇% က ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး အင်္ဂလိပ်စာ နဲ့ မာရှယ်ကျွန်းစုဘာသာစကားတွေကို ရုံးသုံးဘာသာတွေအဖြစ် ပြဌာန်းထားပါတယ်။ ဒီနိုင်ငံရဲ့ လူဦးရေကတော့ ၅၈၄၁၃ ဦး ဖြစ်ပါတယ်။
၈။ စိန့်ကစ်နှင့် နီးဗစ်နိုင်ငံ
Saint Kitts and Nevis လို့အများစုခေါ်လေ့ရှိပေမယ့် ဒီနိုင်ငံရဲ့ တရားဝင်အမည်က စိန့်ခရစ္စတိုဖာ နဲ့ နီးဗစ်ဖက်ဒရေးရှင်း နိုင်ငံ ဖြစ်ပါတယ်။ ကာရစ်ဘီယံပင်လယ် နဲ့ အတ္တလန္တိတ်သမုဒ္ဒရာတို့ကြား အနောက်အင်ဒီးစ်ဒေသမှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့အမည်အတိုင်း စိန့်ကစ် နဲ့ နီးဗစ် ဆိုတဲ့ ကျွန်းကြီး ၂ ခု နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အကျယ်အဝန်းအနေနဲ့ ၁၀၁ စတုရန်းမိုင်ခန့် ကျယ်ဝန်းကာ နေထိုင်သူ ၉၂% က အာဖရိကန်တွေဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားက အင်္ဂလိပ်ဖြစ်ပြီး စိန့်ကစ်ခရီအို ကိုလည်း ပြောဆို သုံးစွဲကြပါတယ်။ လူဦးရေရဲ့ ၉၅% ခန့်က ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး မြို့တော်ကတော့ စိန့်ကစ်ကျွန်းမှာရှိတဲ့ ဘတ်စတဲရီ မြို့ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ လူဦးရေကတော့ ၅၂၄၄၁ ဦး ဖြစ်ပါတယ်။
၇။ မိုနာကို
မိုနာကို နိုင်ငံရဲ့ တရားဝင်အမည်က မိုနာကို ပဒေသရာဇ်နိုင်ငံ ဖြစ်ပြီး ဥရောပအနောက်ပိုင်းဒေသမှာ တည်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့ဘက် ၊ အနောက်ဘက် ၊ မြောက်ဘက်တို့ကို ပြင်သစ်နိုင်ငံကဝန်းရံထားပြီး တောင်ဘက်မှာတော့ မြေထဲပင်လယ် ဖြစ်ပါတယ်။ နိုင်ငံရဲ့ အကျယ်အဝန်းက ဝ.၈၁ စတုရန်းမိုင်သာ ကျယ်ဝန်းတာကြောင့် ဧရိယာနဲ့တွက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဒုတိယအသေးငယ်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ပြင်သစ်ဘာသာစကားက ရုံးသုံးဘာသာ စကားဖြစ်ပြီး ရိုမန်ကတ်သလစ်ဘာသာဝင် အများဆုံးနေထိုင်ပါတယ်။ နိုင်ငံသေးပေမယ့် ဝင်ငွေနဲ့တွက်ရင် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ(၂၀၁၈) ဖြစ်ပြီး မိုနာကိုနိုင်ငံသားတဦးရဲ့ ပျမ်းမျှနှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀၀ ဝန်းကျင်မှာ ရှိပါတယ်။ မိုနာကိုနိုင်ငံရဲ့ လူဦးရေကတော့ ၃၈၉၆၄ သာ ရှိပါတယ်။
၆။ လက်ချင်းစတိန်း
အဲပ်တောင်တန်း နဲ့ အလယ်ဥရောပတောင်ပိုင်း ဒေသကြားမှာ တည်ရှိတဲ့ ဒီနိုင်ငံရဲ့ တရာဝင်အမည်က လက်ချင်းစတိန်း ပဒေသရာဇ်နိုင်ငံဖြစ်ပါတယ်။ အနောက်ဘက် နဲ့ တောင်ဘက်မှာ ဆွစ်ဇာလန်နိုင်ငံ ၊ အရှေ့ဘက် နဲ့ မြောက်ဘက်တို့မှာ သြစတြီးယားနိုင်ငံတို့ နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေပါတယ်။ နိုင်ငံရဲ့ အကျယ်အဝန်းက ၆၂ စတုရန်းမိုင်သာ ရှိပြီး မြို့တော်က ဗဒူးဇ် ဖြစ်ပါတယ်။ ဂျာမန်ဘာသာစကားက ရုံးသုံးဘာသာစကားဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ၈၃% ခန့် နေထိုင်ပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ မိုနာကိုရဲ့ နောက် ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ကာ နိုင်ငံသားတဦးရဲ့နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၇၃၃၅၆ ဖြစ်ပါတယ်။ လက်ချင်းစတိန်းနိုင်ငံရဲ့ လူဦးရေကတော့ ၃၈၀၁၉ ဦး ဖြစ်ပါတယ်။
၅။ ဆန်မာရီနို
အီတလီနိုင်ငံအတွင်းမှာ တည်ရှိတဲ့ နိုင်ငံ ၂ ခုအနက်က တခုဖြစ်ပြီး နိုင်ငံရဲ့ တရားဝင်အမည်က ဆန်မာရီနို သမ္မတနိုင်ငံဖြစ်ပါတယ်။ အဲပ်ပီးနီး တောင်တန်းရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး နိုင်ငံရဲ့ အကျယ်အဝန်းက ၂၃.၆ စတုရန်းမိုင်သာ ရှိပါတယ်။ အီတလီဘာသာစကားကိုသုံးစွဲပြီး မြို့တော်က ဆန်မာရီနို ဖြစ်ပါတယ်။ နေထိုင်သူ စုစုပေါင်းရဲ့ ၉၇% က ရိုမန်ကတ်သလစ်ဘာသာဝင်တွေဖြစ်ပါတယ်။ ဒီနိုင်ငံကို အေဒီ ၃၀၁ ကတည်းက စတင်တည်ထောင်ခဲ့တာကြောင့် ရှေးအကျဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဆန်မာရီနိုရဲ့ လူဦးရေကတော့ ၃၃၈၆၀ ဦး ဖြစ်ပါတယ်။
၄။ ပလာအူ
ပလာအူ ရဲ့ တရားဝင်အမည်ကတော့ ပလာအူသမ္မတနိုင်ငံဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ ကျွန်းပေါင်း ၃၄၀ ခန့်နဲ့ ဖွဲ့စည်းထားပြီး အများစုက လူသူနေထိုင်ခြင်းမရှိတဲ့ ကျွန်းတွေဖြစ်ကာ နိုင်ငံအကျယ်အဝန်းကတော့ ၁၇၇ စတုရန်းမိုင်ဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားကတော့ ပလာအူစကား နဲ့ အင်္ဂလိပ်ဘာသာစကားတွေဖြစ်ပါတယ်။ နေထိုင်သူ စုစုပေါင်းရဲ့ ၇၃% က ပလာအူကျွန်းသားတွေဖြစ်ပြီး ၂၂% ခန့်ကတော့ အာရှတိုက်သားတွေဖြစ်ပါတယ်။ မြို့တော်က နာရူမက်ဒ် ဖြစ်ပြီး ၉၀% က ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပါတယ်။ ပလာအူနိုင်ငံရဲ့ လူဦးရေကတော့ ၁၈၀၀၈ ဦး ဖြစ်ပါတယ်။
၃။ တူဗာလူး
တူဗာလူးနိုင်ငံကတော့ ပစိဖိတ်သမုဒ္ဒရာအတွင်း ပိုလီနီးရှားဒေသက ကျွန်းစုနိုင်ငံတနိုင်ငံဖြစ်ပြီး ဟာဝိုင်ယီကျွန်းစု နဲ့ သြစတြေးလျတို့ကြားမှာ တည်ရှိပါတယ်။ ကျွန်း ၉ ခု နဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပြီး ဧရိယာကတော့ ၁၀ စတုရန်းမိုင်သာ ကျယ်ဝန်းပါတယ်။ ရုံးသုံးဘာသာစကား အနေနဲ့ အင်္ဂလိပ် နဲ့ တူဗာလူးဘာသာစကားတွေကို ပြောဆို သုံးစွဲကြပြီး မြို့တော်က လူဦးရေ ၆ထောင်ကျော်သာနေထိုင်တဲ့ Funafuti ဖြစ်ပါတယ်။ နေထိုင်သူ အများစုက ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ဒီကျွန်းနိုင်ငံရဲ့ လူဦးရေကတော့ ၁၁၆၄၆ ဦး ဖြစ်ပါတယ်။
၂။ နာအူရူး
ဒီနိုင်ငံရဲ့ တရားဝင်အမည်က နာအူရူးသမ္မတနိုင်ငံဖြစ်ပြီး ပစိဖိတ်အလယ်ပိုင်း မိုက်ခရိုနီးရှားဒေသထဲမှာ ပါဝင်တဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ ဧရိယာ အနေနဲ့ ၈.၁ စတုရန်းမိုင်သာ ကျယ်ဝန်းတာကြောင့် ကမ္ဘာပေါ်မှာ တတိယ ဧရိယာအငယ်ဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ နာအူရူးနိုင်ငံကို ရပ်ကွက် ၁၄ ခု နဲ့ ပိုင်းခြားထားပြီး မြို့တော်ဆိုတာ မရှိပါဘူး။ အကြီးဆုံးရပ်ကွက်က ဒန်နီဂိုမိုဒူ ဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားက အင်္ဂလိပ် နဲ့ နာအူရူးရန်းဘာသာစကားတွေဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုအနေနဲ့ ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကြပြီး ဒီနိုင်ငံရဲ့ လူဦးရေက ၁၀၇၅၆ ဦး ဖြစ်ပါတယ်။
၁။ ဗာတီကန်စီးတီး
ကမ္ဘာပေါ်မှာ လူဦးရေ အနည်းဆုံးနိုင်ငံကတော့ ဥရောပတိုက် အီတလီနိုင်ငံအတွင်းမှာရှိပြီး ပုပ်ရဟန်းမင်း ဗာတီကန်စီးတီး ဖြစ်ပါတယ်။ ဧရိယာအနေနဲ့ ဝ.၁၉ စတုရန်းမိုင်သာ ကျယ်ဝန်းတာကြောင့် ကမ္ဘာပေါ်မှာ ဧရိယာအငယ်ဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံဆိုပေမယ့် အိမ်ယာစီမံကိန်း တခုလောက်သာကျယ်ဝန်းတဲ့ ဒီနေရာမှာ ကက်သလစ် ခရစ်ယာန်ဘာသာဝင် တွေရဲ့ အလေးထားဖွယ် စာကြည့်တိုက် ၊ အဆောက်အဦးတွေနဲ့ ရှေးဟောင်းပြတိုက်တွေကို အများဆုံးတွေ့ရမှာဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင်တယ်လီဖုန်းလိုင်းများ ၊ ရုပ်မြင်သံကြားဌာနများရှိပြီး ဗာတီကန်ဥယျာဉ်ထဲမှာ ရှိတဲ့ ဗာတီကန်ရေဒီယိုဌာနကနေ ဘာသာစကား ၂၀ နဲ့ ကမ္ဘာကိုထုတ်လွှင့်လျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ် စာရင်းအရ ဗာတီကန်စီးတီး ရဲ့ လူဦးရေဟာ ၈၂၅ ဦး ဖြစ်ပါတယ်။
——- — ——
(Zawgyi)
ကမာၻေပၚက လူဦးေရ အနည္းဆုံး ႏိုင္ငံ ၁၀ ႏိုင္ငံ
ကမာၻေပၚမွာ လူဦးေရ အမ်ားဆုံး ႏိုင္ငံေတြက တ႐ုတ္ႏိုင္ငံ နဲ႔ အိႏၵိယႏိုင္ငံေတြ ဆိုတာ အားလုံးသိၾကၿပီးျဖစ္မွာပါ။ တ႐ုတ္ႏိုင္ငံရဲ႕ လူဦးေရက သန္းေပါင္း ၁၄၀၀ေက်ာ္ျဖစ္ၿပီး အိႏၵိယကေတာ့ သန္းေပါင္း ၁၃၀၀ ေက်ာ္ျဖစ္ပါတယ္။ က်န္ႏိုင္ငံေတြကေတာ့ ဒီႏိုင္ငံေတြနဲ႔ ယွဥ္ရင္ သန္း ၁ေထာင္ေလာက္ထက္ မက လူဦးေရ ပိုနည္းပါတယ္။ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံရဲ႕ လူဦးေရကေတာ့ ၅၄သန္း ခန႔္ရွိၿပီး ကမာၻေပၚမွာဆိုရင္ေတာ့ ၂၆ ခုေျမာက္ လူဦးေရ အမ်ားဆုံးႏိုင္ငံျဖစ္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ႏိုင္ငံေတြရဲ႕ လူဦးေရကေတာ့ ႏိုင္ငံအမ်ားစုရဲ႕ ၿမိဳ႕ငယ္တၿမိဳ႕စာထက္ေတာင္ ပိုနည္းေနပါေသးတယ္။ ဒီတခါေတာ့ ကမာၻေပၚက လူဦးေရ အနည္းဆုံး ႏိုင္ငံ ၁၀ ႏိုင္ငံကို ေဝမွ်သြားပါမယ္။
၁၀ ။ ဒိုမီနီကာ
ဒိုမီနီကာ ႏိုင္ငံကေတာ့ ကာရစ္ဘီယံေဒသအတြင္းမွာ ရွိတဲ့ ကြၽန္စုႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ တရားဝင္အမည္က ဒိုမီနီကာ ဓနသဟာယႏိုင္ငံျဖစ္ၿပီး ၿမိဳ႕ေတာ္ကေတာ့ ရုိဇုိ ျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ စုစုေပါင္း ဧရိယာက ၂၉၀ စတုရန္းမိုင္ျဖစ္ၿပီး ေနထိုင္သူအမ်ားစုကေတာ့ အာဖရိကန္ လူမည္းေတြျဖစ္ပါတယ္။ ႐ုံးသုံးဘာသာစကားက အဂၤလိပ္ျဖစ္ၿပီး ျပင္သစ္ဘာသာစကားေပၚမွာ အေျခခံထားတဲ့ ဒုိမီနီကန္ခရီအုိ နဲ႔လည္း ေျပာဆိုသုံးစြဲၾကပါတယ္။ ေနထိုင္သူ စုစုေပါင္းရဲ႕ ၉၄% ေက်ာ္က ခရစ္ယာန္ဘာသာဝင္မ်ားျဖစ္ၿပီး ဒီႏိုင္ငံရဲ႕ စုစုေပါင္း လူဦးေရကေတာ့ ၇၁၆၂၅ ဦး ျဖစ္ပါတယ္။
၉။ မာရွယ္ကြၽန္းစု
မာရွယ္ကြၽန္းစုရဲ႕ တရားဝင္အမည္က မာရွယ္ကြၽန္းစု သမၼတႏိုင္ငံျဖစ္ၿပီး ပစိဖိတ္သမုဒၵရာထဲမွာ တည္ရွိတဲ့ ကြၽန္းစုႏိုင္ငံတခုျဖစ္ပါတယ္။ ဧရိယာစတုရန္းမိုင္ ၇၀ ခန႔္သာ က်ယ္ဝန္းၿပီး ေနထိုင္သူစုစုေပါင္းရဲ႕ ၉၂% ေက်ာ္ဟာမာရွယ္ကြၽန္းသားစစ္စစ္ေတြျဖစ္ပါတယ္။ ကြၽန္းႀကီး ၅ ခု ကြၽန္းငယ္ ၂၉ ခုတို႔နဲ႔ ဖြဲ႕စည္းထားတာျဖစ္ၿပီး ၿမိဳ႕ေတာ္က မာဂ်ဴရုိ ျဖစ္ပါတယ္။ လူဦးေရရဲ႕ ၉၇% က ခရစ္ယာန္ဘာသာဝင္ေတြျဖစ္ၿပီး အဂၤလိပ္စာ နဲ႔ မာရွယ္ကြၽန္းစုဘာသာစကားေတြကို ႐ုံးသုံးဘာသာေတြအျဖစ္ ျပဌာန္းထားပါတယ္။ ဒီႏိုင္ငံရဲ႕ လူဦးေရကေတာ့ ၅၈၄၁၃ ဦး ျဖစ္ပါတယ္။
၈။ စိန႔္ကစ္ႏွင့္ နီးဗစ္ႏိုင္ငံ
Saint Kitts and Nevis လို႔အမ်ားစုေခၚေလ့ရွိေပမယ့္ ဒီႏိုင္ငံရဲ႕ တရားဝင္အမည္က စိန႔္ခရစၥတိုဖာ နဲ႔ နီးဗစ္ဖက္ဒေရးရွင္း ႏိုင္ငံ ျဖစ္ပါတယ္။ ကာရစ္ဘီယံပင္လယ္ နဲ႔ အတၱလႏၲိတ္သမုဒၵရာတို႔ၾကား အေနာက္အင္ဒီးစ္ေဒသမွာ တည္ရွိတဲ့ ကြၽန္းစုႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံရဲ႕အမည္အတိုင္း စိန္႔ကစ္ နဲ႔ နီးဗစ္ ဆိုတဲ့ ကြၽန္းႀကီး ၂ ခု နဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ အက်ယ္အဝန္းအေနနဲ႔ ၁၀၁ စတုရန္းမိုင္ခန႔္ က်ယ္ဝန္းကာ ေနထိုင္သူ ၉၂% က အာဖရိကန္ေတြျဖစ္ပါတယ္။ ႐ုံးသုံးဘာသာစကားက အဂၤလိပ္ျဖစ္ၿပီး စိန္႔ကစ္ခရီအုိ ကိုလည္း ေျပာဆို သုံးစြဲၾကပါတယ္။ လူဦးေရရဲ႕ ၉၅% ခန႔္က ခရစ္ယာန္ဘာသာကို ကိုးကြယ္ၾကၿပီး ၿမိဳ႕ေတာ္ကေတာ့ စိန႔္ကစ္ကြၽန္းမွာရွိတဲ့ ဘတ္စတဲရီ ၿမိဳ႕ျဖစ္ပါတယ္။ ဒီႏိုင္ငံရဲ႕ လူဦးေရကေတာ့ ၅၂၄၄၁ ဦး ျဖစ္ပါတယ္။
၇။ မိုနာကို
မိုနာကို ႏိုင္ငံရဲ႕ တရားဝင္အမည္က မိုနာကို ပေဒသရာဇ္ႏိုင္ငံ ျဖစ္ၿပီး ဥေရာပအေနာက္ပိုင္းေဒသမွာ တည္ရွိတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ အေရွ႕ဘက္ ၊ အေနာက္ဘက္ ၊ ေျမာက္ဘက္တို႔ကို ျပင္သစ္ႏိုင္ငံကဝန္းရံထားၿပီး ေတာင္ဘက္မွာေတာ့ ေျမထဲပင္လယ္ ျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ အက်ယ္အဝန္းက ဝ.၈၁ စတုရန္းမိုင္သာ က်ယ္ဝန္းတာေၾကာင့္ ဧရိယာနဲ႔တြက္မယ္ဆိုရင္ ကမာၻေပၚမွာ ဒုတိယအေသးငယ္ဆုံး ႏိုင္ငံလည္း ျဖစ္ပါတယ္။ ျပင္သစ္ဘာသာစကားက ႐ုံးသုံးဘာသာ စကားျဖစ္ၿပီး ႐ိုမန္ကတ္သလစ္ဘာသာဝင္ အမ်ားဆုံးေနထိုင္ပါတယ္။ ႏိုင္ငံေသးေပမယ့္ ဝင္ေငြနဲ႔တြက္ရင္ ကမာၻ႔အခ်မ္းသာဆုံး ႏိုင္ငံ(၂၀၁၈) ျဖစ္ၿပီး မိုနာကိုႏိုင္ငံသားတဦးရဲ႕ ပ်မ္းမွ်ႏွစ္စဥ္ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၁၈၀၀၀၀ ဝန္းက်င္မွာ ရွိပါတယ္။ မိုနာကိုႏိုင္ငံရဲ႕ လူဦးေရကေတာ့ ၃၈၉၆၄ သာ ရွိပါတယ္။
၆။ လက္ခ်င္းစတိန္း
အဲပ္ေတာင္တန္း နဲ႔ အလယ္ဥေရာပေတာင္ပိုင္း ေဒသၾကားမွာ တည္ရွိတဲ့ ဒီႏိုင္ငံရဲ႕ တရာဝင္အမည္က လက္ခ်င္းစတိန္း ပေဒသရာဇ္ႏိုင္ငံျဖစ္ပါတယ္။ အေနာက္ဘက္ နဲ႔ ေတာင္ဘက္မွာ ဆြစ္ဇာလန္ႏိုင္ငံ ၊ အေရွ႕ဘက္ နဲ႔ ေျမာက္ဘက္တို႔မွာ ၾသစႀတီးယားႏိုင္ငံတို႔ နဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနပါတယ္။ ႏိုင္ငံရဲ႕ အက်ယ္အဝန္းက ၆၂ စတုရန္းမိုင္သာ ရွိၿပီး ၿမိဳ႕ေတာ္က ဗဒူးဇ္ ျဖစ္ပါတယ္။ ဂ်ာမန္ဘာသာစကားက ႐ုံးသုံးဘာသာစကားျဖစ္ၿပီး ခရစ္ယာန္ဘာသာဝင္ ၈၃% ခန႔္ ေနထိုင္ပါတယ္။ ၂၀၁၈ ခုႏွစ္ ကမာၻ႔ဘဏ္စာရင္းအရ မိုနာကိုရဲ႕ ေနာက္ ဒုတိယအခ်မ္းသာဆုံးႏိုင္ငံျဖစ္ကာ ႏိုင္ငံသားတဦးရဲ႕ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၁၇၃၃၅၆ ျဖစ္ပါတယ္။ လက္ခ်င္းစတိန္းႏိုင္ငံရဲ႕ လူဦးေရကေတာ့ ၃၈၀၁၉ ဦး ျဖစ္ပါတယ္။
၅။ ဆန္မာရီႏို
အီတလီႏိုင္ငံအတြင္းမွာ တည္ရွိတဲ့ ႏိုင္ငံ ၂ ခုအနက္က တခုျဖစ္ၿပီး ႏိုင္ငံရဲ႕ တရားဝင္အမည္က ဆန္မာရီႏို သမၼတႏိုင္ငံျဖစ္ပါတယ္။ အဲပ္ပီးနီး ေတာင္တန္းရဲ႕ အေရွ႕ေျမာက္ဘက္မွာ တည္ရွိၿပီး ႏိုင္ငံရဲ႕ အက်ယ္အဝန္းက ၂၃.၆ စတုရန္းမိုင္သာ ရွိပါတယ္။ အီတလီဘာသာစကားကိုသုံးစြဲၿပီး ၿမိဳ႕ေတာ္က ဆန္မာရီႏို ျဖစ္ပါတယ္။ ေနထိုင္သူ စုစုေပါင္းရဲ႕ ၉၇% က ႐ိုမန္ကတ္သလစ္ဘာသာဝင္ေတြျဖစ္ပါတယ္။ ဒီႏိုင္ငံကို ေအဒီ ၃၀၁ ကတည္းက စတင္တည္ေထာင္ခဲ့တာေၾကာင့္ ေရွးအက်ဆုံးႏိုင္ငံေတြထဲမွာ ပါဝင္ပါတယ္။ ဆန္မာရီႏိုရဲ႕ လူဦးေရကေတာ့ ၃၃၈၆၀ ဦး ျဖစ္ပါတယ္။
၄။ ပလာအူ
ပလာအူ ရဲ႕ တရားဝင္အမည္ကေတာ့ ပလာအူသမၼတႏိုင္ငံျဖစ္ပါတယ္။ ပစိဖိတ္သမုဒၵရာ အေနာက္ပိုင္းမွာ တည္ရွိတဲ့ ကြၽန္းစုႏိုင္ငံျဖစ္ပါတယ္။ ကြၽန္းေပါင္း ၃၄၀ ခန႔္နဲ႔ ဖြဲ႕စည္းထားၿပီး အမ်ားစုက လူသူေနထိုင္ျခင္းမရွိတဲ့ ကြၽန္းေတြျဖစ္ကာ ႏိုင္ငံအက်ယ္အဝန္းကေတာ့ ၁၇၇ စတုရန္းမိုင္ျဖစ္ပါတယ္။ ႐ုံးသုံးဘာသာစကားကေတာ့ ပလာအူစကား နဲ႔ အဂၤလိပ္ဘာသာစကားေတြျဖစ္ပါတယ္။ ေနထိုင္သူ စုစုေပါင္းရဲ႕ ၇၃% က ပလာအူကြၽန္းသားေတြျဖစ္ၿပီး ၂၂% ခန႔္ကေတာ့ အာရွတိုက္သားေတြျဖစ္ပါတယ္။ ၿမိဳ႕ေတာ္က နာရူမက္ဒ္ ျဖစ္ၿပီး ၉၀% က ခရစ္ယာန္ဘာသာကို ကိုးကြယ္ၾကပါတယ္။ ပလာအူႏိုင္ငံရဲ႕ လူဦးေရကေတာ့ ၁၈၀၀၈ ဦး ျဖစ္ပါတယ္။
၃။ တူဗာလူး
တူဗာလူးႏိုင္ငံကေတာ့ ပစိဖိတ္သမုဒၵရာအတြင္း ပိုလီနီးရွားေဒသက ကြၽန္းစုႏိုင္ငံတႏိုင္ငံျဖစ္ၿပီး ဟာဝိုင္ယီကြၽန္းစု နဲ႔ ၾသစေၾတးလ်တို႔ၾကားမွာ တည္ရွိပါတယ္။ ကြၽန္း ၉ ခု နဲ႔ ဖြဲ႕စည္းထားတဲ့ႏိုင္ငံျဖစ္ၿပီး ဧရိယာကေတာ့ ၁၀ စတုရန္းမိုင္သာ က်ယ္ဝန္းပါတယ္။ ႐ုံးသုံးဘာသာစကား အေနနဲ႔ အဂၤလိပ္ နဲ႔ တူဗာလူးဘာသာစကားေတြကို ေျပာဆို သုံးစြဲၾကၿပီး ၿမိဳ႕ေတာ္က လူဦးေရ ၆ေထာင္ေက်ာ္သာေနထိုင္တဲ့ Funafuti ျဖစ္ပါတယ္။ ေနထိုင္သူ အမ်ားစုက ခရစ္ယာန္ဘာသာကို ကိုးကြယ္ၾကၿပီး ဒီကြၽန္းႏိုင္ငံရဲ႕ လူဦးေရကေတာ့ ၁၁၆၄၆ ဦး ျဖစ္ပါတယ္။
၂။ နာအူ႐ူး
ဒီႏိုင္ငံရဲ႕ တရားဝင္အမည္က နာအူ႐ူးသမၼတႏိုင္ငံျဖစ္ၿပီး ပစိဖိတ္အလယ္ပိုင္း မိုက္ခ႐ိုနီးရွားေဒသထဲမွာ ပါဝင္တဲ့ ကြၽန္းစုႏိုင္ငံျဖစ္ပါတယ္။ ဧရိယာ အေနနဲ႔ ၈.၁ စတုရန္းမိုင္သာ က်ယ္ဝန္းတာေၾကာင့္ ကမာၻေပၚမွာ တတိယ ဧရိယာအငယ္ဆုံး ႏိုင္ငံလည္းျဖစ္ပါတယ္။ နာအူ႐ူးႏိုင္ငံကို ရပ္ကြက္ ၁၄ ခု နဲ႔ ပိုင္းျခားထားၿပီး ၿမိဳ႕ေတာ္ဆိုတာ မရွိပါဘူး။ အႀကီးဆုံးရပ္ကြက္က ဒန္နီဂုိမုိဒူ ျဖစ္ပါတယ္။ ႐ုံးသုံးဘာသာစကားက အဂၤလိပ္ နဲ႔ နာအူ႐ူးရန္းဘာသာစကားေတြျဖစ္ပါတယ္။ ကိုးကြယ္ယုံၾကည္မႈအေနနဲ႔ ခရစ္ယာန္ဘာသာကို အမ်ားဆုံး ကိုးကြယ္ၾကၿပီး ဒီႏိုင္ငံရဲ႕ လူဦးေရက ၁၀၇၅၆ ဦး ျဖစ္ပါတယ္။
၁။ ဗာတီကန္စီးတီး
ကမာၻေပၚမွာ လူဦးေရ အနည္းဆုံးႏိုင္ငံကေတာ့ ဥေရာပတိုက္ အီတလီႏိုင္ငံအတြင္းမွာရွိၿပီး ပုပ္ရဟန္းမင္း ဗာတီကန္စီးတီး ျဖစ္ပါတယ္။ ဧရိယာအေနနဲ႔ ဝ.၁၉ စတုရန္းမိုင္သာ က်ယ္ဝန္းတာေၾကာင့္ ကမာၻေပၚမွာ ဧရိယာအငယ္ဆုံး ႏိုင္ငံလည္းျဖစ္ပါတယ္။ ႏိုင္ငံဆိုေပမယ့္ အိမ္ယာစီမံကိန္း တခုေလာက္သာက်ယ္ဝန္းတဲ့ ဒီေနရာမွာ ကက္သလစ္ ခရစ္ယာန္ဘာသာဝင္ ေတြရဲ႕ အေလးထားဖြယ္ စာၾကည့္တိုက္ ၊ အေဆာက္အဦးေတြနဲ႔ ေရွးေဟာင္းျပတိုက္ေတြကို အမ်ားဆုံးေတြ႕ရမွာျဖစ္ပါတယ္။ ႐ုံးသုံးဘာသာစကားမွာ အီတလီျဖစ္ၿပီး ကိုယ္ပိုင္တယ္လီဖုန္းလိုင္းမ်ား ၊ ႐ုပ္ျမင္သံၾကားဌာနမ်ားရွိၿပီး ဗာတီကန္ဥယ်ာဥ္ထဲမွာ ရွိတဲ့ ဗာတီကန္ေရဒီယိုဌာနကေန ဘာသာစကား ၂၀ နဲ႔ ကမာၻကိုထုတ္လႊင့္လွ်က္ရွိပါတယ္။ ၂၀၁၉ ခုႏွစ္ စာရင္းအရ ဗာတီကန္စီးတီး ရဲ႕ လူဦးေရဟာ ၈၂၅ ဦး ျဖစ္ပါတယ္။