(Unicode)
ကမ္ဘာပေါ်မှာ နွေရာသီ မရှိတဲ့ နှစ်တစ်နှစ်ရှိခဲ့ဖူးတယ်လို့ ပြောရင် အများစုက ယုံချင်မှယုံကြပါလိမ့်မယ်။ နွေ မိုး ဆောင်း ဥတုတွေဟာ နှစ်စဉ်နှစ်တိုင်း ပုံမှန်လည်ပတ်နေတာဖြစ်ပေမယ့် နွေရာသီမရှိတဲ့ နှစ်တစ်နှစ် ရှိခဲ့ဖူးပါတယ်။ မယုံကြည်သူများ Year Without a Summer လို့ အင်တာနက်မှာ ရိုက်ပြီး ရှာကြည့်ရင် ဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီတခါတော့ နွေရာသီမရှိတဲ့နှစ်လို့ နာမည်ကြီးခဲ့တဲ့ ဒီအကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ဝေမျှလိုက်ပါတယ်။
ယခုဖြစ်စဉ်ဟာလွန်ခဲ့တဲ့ရာစုနှစ် (၂)ခုကျော်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် ယခုချိန်ထိတော့ သက်ဆိုင်ရာဒေသအတွက် သာမက ကမ္ဘာကြီးအတွက် အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်စေခဲ့တာကိုတွေ့ရပါတယ် ။ သမိုင်းပညာရှင်တွေက (၁၈၁၆)ခုနှစ်ရဲ့နွေကာလမရှိတဲ့နှစ်အဖြစ် သတ်မှတ်ရလောက်အောင် သတင်းဆိုးနဲ့ကျော်ကြားတဲ့ ယင်းမီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်ဟာဆိုရင် ကမ္ဘာသမိုင်းဖြစ်စဉ်တွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်တော့ စက်ဘီးကိုစတင်တီထွင်ခဲ့ချိန်နဲ့ Frankenstein အမည်ရဂန ္တဝင်ဝတ္ထုတွေစတင်ရေးသားချိန်နဲ့သွားရောက်တူညီနေခဲ့တာကို တွေ့ရ မှာဖြစ်ပါတယ်။
(၁၈၁၅)ခုနှစ်၊ ဧပြီလမှာတော့ အာရှတိုက်အင်ဒိုနီးရှားနိုင်ငံ၊ Sumbawa ကျွန်းပေါ်က Tambora မီးတောင် ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် လူသောင်းနဲ့ချီသေဆုံးခဲ့ရပါတယ်။ ဒါကလည်း အဲဒီခေတ်အခါက ဒီနေ့ခေတ်လောက်လူဦးရေမများသလို လူနေထူထပ်မှုကလည်း မရှိသလောက်နည်းပါးတာကြောင့် ဒီအရေအတွက်လောက်ပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။ ယနေ့ခေတ်လို လူဦးရေများပြားတဲ့အချိန်မှာ ဖြစ်ခဲ့မယ်ဆိုရင်တော့ မတွေးဝံ့စရာပါပဲ။ ယင်းမီးတောင်ပေါက်ကွဲမှုရဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု အဖြစ် ဥရောပနဲ့မြောက်အမေရိကတစ်လွှားမှာ ဆိုရင် နွေကာလပျောက်ကွယ်ပြီး ပုံမှန်မဟုတ်တဲ့ အေးခဲတဲ့ ရာသီကာလမျိုးကိုကြုံတွေ့ခဲ့ရပါတယ်။
ရာသီဥတုဆိုင်ရာသုတေသန ပညာရှင်တွေက အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ဟာ အကြောင်းအရာ(၂)မျိုးနဲ့ဆက်စပ်လျက်ရှိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လေ့လာမှုအသစ်မှာဆိုရင် (၁၈၁၆)ခုနှစ်က ဥရောပနဲ့ မြောက်အမေရိက တိုက်တစ်လွှားမှာ ထူးထူးကဲကဲဖြစ်ခဲ့တဲ့ အအေးလှိုင်း ဖြစ်စဉ်တွေဟာဆိုရင်မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း အဖြေထွက်ခဲ့တာဖြစ်တယ်လို့ အင်္ဂါနေ့ တိုင်းထုတ်ဝေတဲ့ Environmental Research Letters ကနေတဆင့်လူထုကိုချပြခဲ့ပါတယ်။
ကြီးမားတဲ့ မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြီးကြောင့် ဆူနာမီလိုဖြစ်စဉ်တွေကိုဖြစ်ပေါ်စေခဲ့ပြီး အိမ်ခြေ၊အဆောက်အအုံများစွာနဲ့ လူပေါင်း (၁၀၀၀၀) လောက်ကိုအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါအပြင်ယင်းမီးတောင်ပေါက်ကွဲမှုရဲ့နောက်ထပ်အကျိုးဆက်အဖြစ်ရောဂါဘယတွေ၊ ဂေဟစနစ်ပျက်စီးမှုတွေကြောင့် နောက်ထပ်လူပေါင်း (၈၀၀၀၀) လောက် ထပ်ပြီးသေဆုံးခဲ့ရဖွယ်ရှိတယ်လို့ပညာရှင်တွေက ဆိုပါတယ်။
မီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာ Tambora မီးတောင်ဝဟာ (၇)မိုင်ကျော်လောက် ကျယ်ဝန်းပြီး အနက်ကတော့ မိုင်ဝက်လောက်အထိကိုရှိနေခဲ့ပါတယ်။(၁၈၁၅) ခုနှစ်၊ဧပြီလမှာမှာ ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုဟာဆိုရင် ယင်းဒေသအတွင်းလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်စုနှစ်ကာလတးလျှောက်မှာတော့ အကြီးမားအပြင်းထန်ဆုံးသောပေါက်ကွဲမှုကြီးဖြစ်တယ်လို့ Edinburgh တက္ကသိုလ်က ပထဝီ သိပ္ပံပညာရှင် Andrew Schurer ရဲ့အဆိုအရသိခဲ့ရပြီး သူကပဲ ယင်းမီးတောင်ပေါက်ကွဲမှုဟာ Sumbawa ကျွန်းဒေသတစ်ခုလုံးကို အကျိုးသက်ရောက်မှုကြီးစွာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ယင်းမီးတောင်ကနေထုတ်လွှတ်လိုက်တဲ့ အလွန်အားကောင်းတဲ့အဆိပ်ဓာက်တွေ၊မီးခိုးတွေပြာတွေဟာဆိုရင် ကမ္ဘာ့မိုးလေဝသရာသီဥတုကိုတောင် အကျိုးသက်ရောက်မှုဖြစ်စေခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်ပမာဏများစွာဟာဆိုရင် လေထုရဲ့အထက်အလွှာတွေအထိကိုရောက်ရှိသွားခဲ့ပြီး ကမ္ဘာနေရာအနှံ့ကိုအလျှင်အမြန်ပဲ ရောက်ရှိသွားခဲ့ကြပါတယ်လို့ Schurer ရဲ့ပြောကြားချက်အရသိခဲ့ရပါတယ်။ သူကပဲ မီးတောင်ကထွက်ရှိတဲ့ မီးခိုးမှုန်တွေဟာဆိုရင်အထက်ကောင်းကင်ကအေးခဲနေတဲ့ရေငွေ့တွေကို လေထုအတွင်းပျံ့နှံ့မှုကိုဖြစ်စေနိုင်တဲ့ Shortwave radiation တွေကို လျော့ကျစေပြီးမိုးရွာသွန်းမှုနှုန်းကို လျော့နည်းသွားစေတယ်။ ခြောက်သွေ့တဲ့နယ်မြေအတော်များများကိုတော့မိုးရွာသွန်းမှုတွေဖြစ်ပေါ်စေနိုင်ပြီး သမုဒ္ဒရာရေပြင် ကျယ်ကြီးတွေနဲ့လေထုအကြား ပြောင်းလဲမှုဖြစ်စဉ်များစွာကို ဖြစ်လာစေနိုင်တယ် လို့ဆက်ပြောထားပါသေးတယ်။
ကမ္ဘာအပူချိန်ဟာဆိုရင်လည်း (၁)ဒီဂရီကနေ(၃)ဒီဂရီ ဆဲစီးယပ်စ်လာက်အထိကိုကျဆင်းသွားနိုင်ပြီး ဒါဟာလွန်ခဲ့တဲ့နှစ်(၂၅၀)အတွင်းမှာတော့ ကမ္ဘာကြီးရဲ့အအေးဆုံးအခြေအနေထိကိုရောက်ရှိသွားနိုင် တာဖြစ်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ ဥရောပတိုက်မှာတော့ရာသီတိုင်းဟာအပူချိန်ကွဲပြားမှုများစွာရှိနေတယ်ဆိုပေမယ့် (၁၈၁၆)ခုနှစ်နွေရာသီကာလကတော့ အပြောင်းလဲအကြီးဆုံးဖြစ်ခဲ့ပြီး (၁၇၆၆)ကနေ (၂၀၀၀) ပြည့်နှစ်အကြားနွေရာသီတွေမှာတော့ အပူချိန်အလျော့ကျဆုံး အအေးဆုံးသောရာသီအဖြစ်မှတ်တမ်းဝင်သွားခဲ့စေပါတယ်။
ယင်းနှစ်နွေရာသီကာလချိန်မှာပဲ ဥရောပတိုက်အလယ်ပိုင်း၊အနောက်ပိုင်းနဲ့ မြောက်အမေရိကတိုက်တွေမှာဆိုရင် နွေနဲ့မတူတဲ့ အေးခဲစိုစွတ်တဲ့ရာသီဥတုအခြေအနေကြောင့် သီးနှံပင်များပျက်စီးခြင်း၊ မွေးမြူရေးလုပ်ငန်းတွေဆိုးရွားစွာအကျိုးသက်ရောက်မှုဖြစ်စေခဲ့တာကြောင့် အစာရေစာရှားပါးခြင်းလိုဖြစ်စဉ်မျိုးတွေအထိ ဖြစ်ခဲ့ရပါတယ်။ ဒါအပြင် နှင်းတွေ၊မြူတွေဟာကောင်းကင်တစ်ခုလုံးကိုဖုံးအုပ်ထားခဲ့ပြီး ယင်းနွေရာသီကာလကိုတော့ အနောက် ကမ္ဘာရဲ့နောက်ဆုံးသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုအကျပ်အတည်းလို့တောင်ခေါ်ဆိုခဲ့ကြပါတယ်။
ဒါအပြင်ယင်းဖြစ်ရပ်နဲ့ဆက်စပ်ပြီးအကျိုးယုတ်ခဲ့သူကတော့စစ်ဘုရင်နပိုလီယံဖြစ်ပြီး ယင်းမီးတောင်ပေါက်ကွဲပြီးနောက်ထပ်(၃)လအကြာမှာ မိုးတိမ်တောင်တွေနဲ့ အဆက်မပြတ်မိုးရွာသွန်းမှုဖြစ်စဉ်တွေကြောင့် ဘယ်ဂျီယံနိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တဲ့ ဝါတာလူးစစ်ပွဲမှာ အင်္ဂလိပ်တပ်တွေကို အရေးနိမ့်ခဲ့ရပါတယ်။
Schurer နဲ့သူလုပ်ဖော်ကိုင်ဖက်တွေဟာဆိုရင် ယင်းမီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကိုလေ့လာနိုင်ဖို့အတွက် အစောပိုင်းနှစ်တွေကရာသီဥတုဆိုင်ရာ အချက်အလက်တွေကိုအသုံးပြုခဲ့ကြပါတယ်။ အဓိကကတော့ ပင်လယ်ရေမျက်နှာပြင်ဖိအားဆိုင်ရာအချက်အလက်တွေကိုဖြစ်ပါတယ်။ အလားတူနှစ်တွေမှာ ပညာရှင်တွေဟာ မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့အပူချိန်လျော့ကျ တဲ့ ဖြစ်စဉ်မျိုးတွေတင်မကပဲ (၁၈၁၆)မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်တွေရဲ့နောက်ဆက်တွဲဖြစ်နိုင်ခြေရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးဖြစ်စဉ်တွေကို ခန့်မှန်းတွတ်ချက်နိုင်ခဲ့ပါတယ်။
Schurer ကပဲမီးတောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကပဲ အလွန်အေးတဲ့ရာသီအဖြစ်ကိုရောက်ရှိစေနိုင်ပြီး မူလကထက်အဆ(၁၀၀) လောက်အထိပိုမိုအေးခဲတဲ့အခြေအနေထိရောက်သွားနိုင်တယ်။ ဒါအပြင်အင်ဒိုနီးရှားရဲ့မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကပဲ အလယ် ဥရောပဒေသရဲ့ နွေကာလကို အဆ(၁.၅)ကနေ (၃)ဆအထိပိုမိုစိုစွတ်လာစေနိုင်တယ်လို့သိရပြီး ယင်း ကဲ့သိုသော ဖြစ်ရပ်မရှိရင်တော့ ယင်းဒေသရဲ့နွေကာလဟာ ပုံမှန်အခြေအနေကနေပြောင်းလဲဖို့ မရှိနိုင်ဘူးလို့လေ့လာမှုတွေအရသိရပါတယ်လို့ ဆိုခဲ့ပါတယ်။
ဥရောပနဲ့မြောက်အမေရိကမှာကြုံတွေ့ခဲ့ရတဲ့ (၁၈၁၆)လိုကာလတွေမှာ သီးနှံစိုက်ခင်းတွေပျက်စီးခဲ့တာကြောင့် စားသောက်ကုန်ဈေးတွေအလွန်အမင်းတက်သွားခဲ့ပါတယ်။ ဒါအပြင်ယင်းကာလက ရိက္ခာသယ်ယူရေးလုပ်ငန်းတွေအတွက် အလွန် အရေးပါတဲ့ မြင်းသတ္တဝါတွေရဲ့ဈေးနှုန်းဟာ မကြုံစဖူးမြင့်တက်သွားတာကြောင့် သယ်ယူပို့ဆောင်ရေး အတွက်လူသားတွေရဲ့ဖန်တီးမှုများစွာပြုလုပ်ခဲ့ရာကနေ (၁၈၁၇)နှစ်ကာလမှာ Karl Drais ဆိုသူက စက်ဘီးတွေကိုစတင်ဖန်တီးခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။
ဒါအပြင် ကမ္ဘာ့စာပေချစ်ပရိသတ်တွေအတွက်လည်း တစ္ဆေဝတ္ထုတွေဟာဆိုရင်လည်း အမြဲတစေ ထိတ်လန့်ဖွယ်ရာမှောင်မိုက်နေတဲ့ကောင်းကင်အောက်မှာရှိနေခဲ့ရတဲ့ ယင်းကာလမှာပဲပေါ်ပေါက်လာခဲ့ပါတယ်။ (၁၈၁၆) ခုနှစ်ရဲ့အမြဲအုံဆိုင်းနေတဲ့အချိန်ကာလကပဲ အနောက်တိုင်းစာပေပညာရှင်တွေဖြစ်တဲ့ Lord Byron ၊ Clairmont၊ Dr. John William Polidori ၊ Percy Shelley နဲ့ Mary Godwin ( ဇနီးသည် Shelley နဲ့ လက်မထပ်ရသေး) တို့ဟာ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ ဂျီနီဗာရေကန်ကိုအပေါ်စီးကနေမြင်တွေ့ရတဲ့နေရာ villa မှာရှိနေတုန်း အခြေအနေနဲ့ကိုက်ညီတဲ့တစ္ဆေဝတ္ထုတွေရေးဖို့ဖြစ်လာရာကနေ ရက်သတ္တပတ်အနည်းငယ်မှာပဲ Godwin ရဲ့ Frankenstein အမည်ရနာမည်ကျော်စာကောင်းပေမွန်တွေ Byron ရဲ့ Darkness ကဗျာ နဲ့ Polidori ရဲ့ The Vampyre အမည်ရနာမည်ကျော်ဝတ္ထုတိုတွေဟာ ကမ္ဘာစာဖတ်ပရိတ်သတ်တွေ လက်ထဲအရောက်လာနိုင်ခဲ့တာကိုတွေ့ရပါတယ်။
၁၈၁၆ ခုနှစ်ဟာ မြန်မာနိုင်ငံမှာတော့ ဘိုးတော်ဘုရားနန်းတက်တဲ့အချိန်ဖြစ်ပြီး နောင်ဘကြီးတော်မင်းဖြစ်လာမယ့် စစ်ကိုင်းမင်းသားလေးက မင်းကွန်းမြသိန်းတန်စေတီကို တည်ခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။
———- ——– ———
(Zawgyi)
ကမာၻေပၚက ေႏြရာသီမရွိခဲ့ေသာ ႏွစ္တစ္ႏွစ္
ကမာၻေပၚမွာ ေႏြရာသီ မရွိတဲ့ ႏွစ္တစ္ႏွစ္ရွိခဲ့ဖူးတယ္လို႔ ေျပာရင္ အမ်ားစုက ယုံခ်င္မွယုံၾကပါလိမ့္မယ္။ ေႏြ မိုး ေဆာင္း ဥတုေတြဟာ ႏွစ္စဥ္ႏွစ္တိုင္း ပုံမွန္လည္ပတ္ေနတာျဖစ္ေပမယ့္ ေႏြရာသီမရွိတဲ့ ႏွစ္တစ္ႏွစ္ ရွိခဲ့ဖူးပါတယ္။ မယုံၾကည္သူမ်ား Year Without a Summer လို႔ အင္တာနက္မွာ ႐ိုက္ၿပီး ရွာၾကည့္ရင္ ဒီျဖစ္ရပ္ဟာ တကယ္ျဖစ္ခဲ့တယ္ဆိုတာ ေတြ႕ရပါလိမ့္မယ္။ ဒီတခါေတာ့ ေႏြရာသီမရွိတဲ့ႏွစ္လို႔ နာမည္ႀကီးခဲ့တဲ့ ဒီအေၾကာင္းကို သုတဇုန္မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ေဝမွ်လိုက္ပါတယ္။
ယခုျဖစ္စဥ္ဟာလြန္ခဲ့တဲ့ရာစုႏွစ္ (၂)ခုေက်ာ္ေလာက္က ျဖစ္ပြားခဲ့တာျဖစ္ေပမယ့္ ယခုခ်ိန္ထိေတာ့ သက္ဆိုင္ရာေဒသအတြက္ သာမက ကမာၻႀကီးအတြက္ အလြန္ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈျဖစ္ေစခဲ့တာကိုေတြ႕ရပါတယ္ ။ သမိုင္းပညာရွင္ေတြက (၁၈၁၆)ခုႏွစ္ရဲ႕ေႏြကာလမရွိတဲ့ႏွစ္အျဖစ္ သတ္မွတ္ရေလာက္ေအာင္ သတင္းဆိုးနဲ႔ေက်ာ္ၾကားတဲ့ ယင္းမီးေတာင္ေပါက္ကြဲမႈ ျဖစ္စဥ္ဟာဆိုရင္ ကမာၻသမိုင္းျဖစ္စဥ္ေတြနဲ႔ခ်ိန္ထိုးၾကည့္မယ္ဆိုရင္ေတာ့ စက္ဘီးကိုစတင္တီထြင္ခဲ့ခ်ိန္နဲ႔ Frankenstein အမည္ရဂန ၱဝင္ဝတၳဳေတြစတင္ေရးသားခ်ိန္နဲ႔သြားေရာက္တူညီေနခဲ့တာကို ေတြ႕ရ မွာျဖစ္ပါတယ္။
(၁၈၁၅)ခုႏွစ္၊ ဧၿပီလမွာေတာ့ အာရွတိုက္အင္ဒိုနီးရွားႏိုင္ငံ၊ Sumbawa ကြၽန္းေပၚက Tambora မီးေတာင္ ေပါက္ကြဲမႈျဖစ္စဥ္ေတြေၾကာင့္ လူေသာင္းနဲ႔ခ်ီေသဆုံးခဲ့ရပါတယ္။ ဒါကလည္း အဲဒီေခတ္အခါက ဒီေန႔ေခတ္ေလာက္လူဦးေရမမ်ားသလို လူေနထူထပ္မႈကလည္း မရွိသေလာက္နည္းပါးတာေၾကာင့္ ဒီအေရအတြက္ေလာက္ပဲ ေသဆုံးခဲ့တာျဖစ္ပါတယ္။ ယေန႔ေခတ္လို လူဦးေရမ်ားျပားတဲ့အခ်ိန္မွာ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ မေတြးဝံ့စရာပါပဲ။ ယင္းမီးေတာင္ေပါက္ကြဲမႈရဲ႕သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အက်ိဳးသက္ေရာက္မႈ အျဖစ္ ဥေရာပနဲ႔ေျမာက္အေမရိကတစ္လႊားမွာ ဆိုရင္ ေႏြကာလေပ်ာက္ကြယ္ၿပီး ပုံမွန္မဟုတ္တဲ့ ေအးခဲတဲ့ ရာသီကာလမ်ိဳးကိုႀကဳံေတြ႕ခဲ့ရပါတယ္။
ရာသီဥတုဆိုင္ရာသုေတသန ပညာရွင္ေတြက အင္ဒိုနီးရွားမီးေတာင္ေပါက္ကြဲမႈျဖစ္စဥ္ဟာ အေၾကာင္းအရာ(၂)မ်ိဳးနဲ႔ဆက္စပ္လ်က္ရွိတယ္လို႔ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ေလ့လာမႈအသစ္မွာဆိုရင္ (၁၈၁၆)ခုႏွစ္က ဥေရာပနဲ႔ ေျမာက္အေမရိက တိုက္တစ္လႊားမွာ ထူးထူးကဲကဲျဖစ္ခဲ့တဲ့ အေအးလႈိင္း ျဖစ္စဥ္ေတြဟာဆိုရင္မီးေတာင္ေပါက္ကြဲမႈေၾကာင့္ျဖစ္ေၾကာင္း အေျဖထြက္ခဲ့တာျဖစ္တယ္လို႔ အဂၤါေန႔ တိုင္းထုတ္ေဝတဲ့ Environmental Research Letters ကေနတဆင့္လူထုကိုခ်ျပခဲ့ပါတယ္။
ႀကီးမားတဲ့ မီးေတာင္ေပါက္ကြဲမႈျဖစ္စဥ္ႀကီးေၾကာင့္ ဆူနာမီလိုျဖစ္စဥ္ေတြကိုျဖစ္ေပၚေစခဲ့ၿပီး အိမ္ေျခ၊အေဆာက္အအုံမ်ားစြာနဲ႔ လူေပါင္း (၁၀၀၀၀) ေလာက္ကိုအသက္ဆုံးရႈံးမႈေတြျဖစ္ေပၚေစခဲ့ပါတယ္။ ဒါအျပင္ယင္းမီးေတာင္ေပါက္ကြဲမႈရဲ႕ေနာက္ထပ္အက်ိဳးဆက္အျဖစ္ေရာဂါဘယေတြ၊ ေဂဟစနစ္ပ်က္စီးမႈေတြေၾကာင့္ ေနာက္ထပ္လူေပါင္း (၈၀၀၀၀) ေလာက္ ထပ္ၿပီးေသဆုံးခဲ့ရဖြယ္ရွိတယ္လို႔ပညာရွင္ေတြက ဆိုပါတယ္။
မီးေတာင္ေပါက္ကြဲမႈျဖစ္ပြားရာ Tambora မီးေတာင္ဝဟာ (၇)မိုင္ေက်ာ္ေလာက္ က်ယ္ဝန္းၿပီး အနက္ကေတာ့ မိုင္ဝက္ေလာက္အထိကိုရွိေနခဲ့ပါတယ္။(၁၈၁၅) ခုႏွစ္၊ဧၿပီလမွာမွာ ျဖစ္ပြားခဲ့တဲ့ မီးေတာင္ေပါက္ကြဲမႈဟာဆိုရင္ ယင္းေဒသအတြင္းလြန္ခဲ့တဲ့ ႏွစ္ေပါင္းေထာင္စုႏွစ္ကာလတးေလွ်ာက္မွာေတာ့ အႀကီးမားအျပင္းထန္ဆုံးေသာေပါက္ကြဲမႈႀကီးျဖစ္တယ္လို႔ Edinburgh တကၠသိုလ္က ပထဝီ သိပၸံပညာရွင္ Andrew Schurer ရဲ႕အဆိုအရသိခဲ့ရၿပီး သူကပဲ ယင္းမီးေတာင္ေပါက္ကြဲမႈဟာ Sumbawa ကြၽန္းေဒသတစ္ခုလုံးကို အက်ိဳးသက္ေရာက္မႈႀကီးစြာျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။ ယင္းမီးေတာင္ကေနထုတ္လႊတ္လိုက္တဲ့ အလြန္အားေကာင္းတဲ့အဆိပ္ဓာက္ေတြ၊မီးခိုးေတြျပာေတြဟာဆိုရင္ ကမာၻ႔မိုးေလဝသရာသီဥတုကိုေတာင္ အက်ိဳးသက္ေရာက္မႈျဖစ္ေစခဲ့ပါတယ္။
မီးေတာင္ေပါက္ကြဲမႈေၾကာင့္ထြက္ေပၚလာတဲ့ ဆာလဖာဒိုင္ေအာက္ဆိုဒ္ပမာဏမ်ားစြာဟာဆိုရင္ ေလထုရဲ႕အထက္အလႊာေတြအထိကိုေရာက္ရွိသြားခဲ့ၿပီး ကမာၻေနရာအႏွံ႔ကိုအလွ်င္အျမန္ပဲ ေရာက္ရွိသြားခဲ့ၾကပါတယ္လို႔ Schurer ရဲ႕ေျပာၾကားခ်က္အရသိခဲ့ရပါတယ္။ သူကပဲ မီးေတာင္ကထြက္ရွိတဲ့ မီးခိုးမႈန္ေတြဟာဆိုရင္အထက္ေကာင္းကင္ကေအးခဲေနတဲ့ေရေငြ႕ေတြကို ေလထုအတြင္းပ်ံ႕ႏွံ႔မႈကိုျဖစ္ေစႏိုင္တဲ့ Shortwave radiation ေတြကို ေလ်ာ့က်ေစၿပီးမိုး႐ြာသြန္းမႈႏႈန္းကို ေလ်ာ့နည္းသြားေစတယ္။ ေျခာက္ေသြ႕တဲ့နယ္ေျမအေတာ္မ်ားမ်ားကိုေတာ့မိုး႐ြာသြန္းမႈေတြျဖစ္ေပၚေစႏိုင္ၿပီး သမုဒၵရာေရျပင္ က်ယ္ႀကီးေတြနဲ႔ေလထုအၾကား ေျပာင္းလဲမႈျဖစ္စဥ္မ်ားစြာကို ျဖစ္လာေစႏိုင္တယ္ လို႔ဆက္ေျပာထားပါေသးတယ္။
ကမာၻအပူခ်ိန္ဟာဆိုရင္လည္း (၁)ဒီဂရီကေန(၃)ဒီဂရီ ဆဲစီးယပ္စ္လာက္အထိကိုက်ဆင္းသြားႏိုင္ၿပီး ဒါဟာလြန္ခဲ့တဲ့ႏွစ္(၂၅၀)အတြင္းမွာေတာ့ ကမာၻႀကီးရဲ႕အေအးဆုံးအေျခအေနထိကိုေရာက္ရွိသြားႏိုင္ တာျဖစ္တယ္လို႔ ေလ့လာမႈေတြအရသိရပါတယ္။ ဥေရာပတိုက္မွာေတာ့ရာသီတိုင္းဟာအပူခ်ိန္ကြဲျပားမႈမ်ားစြာရွိေနတယ္ဆိုေပမယ့္ (၁၈၁၆)ခုႏွစ္ေႏြရာသီကာလကေတာ့ အေျပာင္းလဲအႀကီးဆုံးျဖစ္ခဲ့ၿပီး (၁၇၆၆)ကေန (၂၀၀၀) ျပည့္ႏွစ္အၾကားေႏြရာသီေတြမွာေတာ့ အပူခ်ိန္အေလ်ာ့က်ဆုံး အေအးဆုံးေသာရာသီအျဖစ္မွတ္တမ္းဝင္သြားခဲ့ေစပါတယ္။
ယင္းႏွစ္ေႏြရာသီကာလခ်ိန္မွာပဲ ဥေရာပတိုက္အလယ္ပိုင္း၊အေနာက္ပိုင္းနဲ႔ ေျမာက္အေမရိကတိုက္ေတြမွာဆိုရင္ ေႏြနဲ႔မတူတဲ့ ေအးခဲစိုစြတ္တဲ့ရာသီဥတုအေျခအေနေၾကာင့္ သီးႏွံပင္မ်ားပ်က္စီးျခင္း၊ ေမြးျမဴေရးလုပ္ငန္းေတြဆိုး႐ြားစြာအက်ိဳးသက္ေရာက္မႈျဖစ္ေစခဲ့တာေၾကင့္ အစာေရစာရွားပါးျခင္းလိုျဖစ္စဥ္မ်ိဳးေတြအထိ ျဖစ္ခဲ့ရပါတယ္။ ဒါအျပင္ ႏွင္းေတြ၊ျမဴေတြဟာေကာင္းကင္တစ္ခုလုံးကိုဖုံးအုပ္ထားခဲ့ၿပီးယင္းေႏြရာသီကာလကိုေတာ့ အေနာက္ ကမာၻရဲ႕ေနာက္ဆုံးေသာသဘာဝပတ္ဝန္းက်င္ဆိုင္ရာ လူထုအက်ပ္အတည္းလို႔ေတာင္ေခၚဆိုခဲ့ၾကပါတယ္။
ဒါအျပင္ယင္းျဖစ္ရပ္နဲ႔ဆက္စပ္ၿပီးအက်ိဳးယုတ္ခဲ့သူကေတာ့စစ္ဘုရင္နပိုလီယံျဖစ္ၿပီး ယင္းမီးေတာင္ေပါက္ကြဲၿပီးေနာက္ထပ္(၃)လအၾကာမွာ မိုးတိမ္ေတာင္ေတြနဲ႔ အဆက္မျပတ္မိုး႐ြာသြန္းမႈျဖစ္စဥ္ေတြေၾကာင့္ ဘယ္ဂ်ီယံႏိုင္ငံအတြင္းမွာျဖစ္ပြားခဲ့တဲ့ ဝါတာလူးစစ္ပြဲမွာ အဂၤလိပ္တပ္ေတြကို အေရးနိမ့္ခဲ့ရပါတယ္။
Schurer နဲ႔သူလုပ္ေဖာ္ကိုင္ဖက္ေတြဟာဆိုရင္ ယင္းမီးေတာင္ေပါက္ကြဲမႈျဖစ္စဥ္ကိုေလ့လာႏိုင္ဖို႔အတြက္ အေစာပိုင္းႏွစ္ေတြကရာသီဥတုဆိုင္ရာ အခ်က္အလက္ေတြကိုအသုံးျပဳခဲ့ၾကပါတယ္။ အဓိကကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္ဖိအားဆိုင္ရာအခ်က္အလက္ေတြကိုျဖစ္ပါတယ္။ အလားတူႏွစ္ေတြမွာ ပညာရွင္ေတြဟာ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ျဖစ္လာတဲ့အပူခ်ိန္ေလ်ာ့က် တဲ့ ျဖစ္စဥ္မ်ိဳးေတြတင္မကပဲ (၁၈၁၆)မီးေတာင္ေပါက္ကြဲမႈျဖစ္စဥ္ေတြရဲ႕ေနာက္ဆက္တြဲျဖစ္ႏိုင္ေျခရွိတဲ့ သဘာဝပတ္ဝန္းက်င္ဆိုင္ရာဆိုးက်ိဳးျဖစ္စဥ္ေတြကို ခန႔္မွန္းတြတ္ခ်က္ႏိုင္ခဲ့ပါတယ္။
Schurer ကပဲမီးေတာင္ေပါက္ကြဲမႈျဖစ္စဥ္ေတြကပဲ အလြန္ေအးတဲ့ရာသီအျဖစ္ကိုေရာက္ရွိေစႏိုင္ၿပီး မူလကထက္အဆ(၁၀၀) ေလာက္အထိပိုမိုေအးခဲတဲ့အေျခအေနထိေရာက္သြားႏိုင္တယ္။ ဒါအျပင္အင္ဒိုနီးရွားရဲ႕မီးေတာင္ေပါက္ကြဲမႈျဖစ္စဥ္ေတြကပဲ အလယ္ ဥေရာပေဒသရဲ႕ ေႏြကာလကို အဆ(၁.၅)ကေန (၃)ဆအထိပိုမိုစိုစြတ္လာေစႏိုင္တယ္လို႔သိရၿပီး ယင္း ကဲ့သိုေသာ ျဖစ္ရပ္မရွိရင္ေတာ့ ယင္းေဒသရဲ႕ေႏြကာလဟာ ပုံမွန္အေျခအေနကေနေျပာင္းလဲဖို႔ မရွိႏိုင္ဘူးလို႔ေလ့လာမႈေတြအရသိရပါတယ္လို႔ ဆိုခဲ့ပါတယ္။
ဥေရာပနဲ႔ေျမာက္အေမရိကမွာႀကဳံေတြ႕ခဲ့ရတဲ့ (၁၈၁၆)လိုကာလေတြမွာ သီးႏွံစိုက္ခင္းေတြပ်က္စီးခဲ့တာေၾကာင့္ စားေသာက္ကုန္ေဈးေတြအလြန္အမင္းတက္သြားခဲ့ပါတယ္။ ဒါအျပင္ယင္းကာလက ရိကၡာသယ္ယူေရးလုပ္ငန္းေတြအတြက္ အလြန္ အေရးပါတဲ့ ျမင္းသတၱဝါေတြရဲ႕ေဈးႏႈန္းဟာ မႀကဳံစဖူးျမင့္တက္သြားတာေၾကာင့္ သယ္ယူပို႔ေဆာင္ေရး အတြက္လူသားေတြရဲ႕ဖန္တီးမႈမ်ားစြာျပဳလုပ္ခဲ့ရာကေန (၁၈၁၇)ႏွစ္ကာလမွာ Karl Drais ဆိုသူက စက္ဘီးေတြကိုစတင္ဖန္တီးခဲ့တယ္လို႔ မွတ္တမ္းေတြအရသိရပါတယ္။
ဒါအျပင္ ကမာၻ႔စာေပခ်စ္ပရိသတ္ေတြအတြက္လည္း တေစၦဝတၳဳေတြဟာဆိုရင္လည္း အၿမဲတေစ ထိတ္လန႔္ဖြယ္ရာေမွာင္မိုက္ေနတဲ့ေကာင္းကင္ေအာက္မွာရွိေနခဲ့ရတဲ့ ယင္းကာလမွာပဲေပၚေပါက္လာခဲ့ပါတယ္။ (၁၈၁၆) ခုႏွစ္ရဲ႕အၿမဲအုံဆိုင္းေနတဲ့အခ်ိန္ကာလကပဲ အေနာက္တိုင္းစာေပပညာရွင္ေတြျဖစ္တဲ့ Lord Byron ၊ Clairmont၊ Dr. John William Polidori ၊ Percy Shelley နဲ႔ Mary Godwin ( ဇနီးသည္ Shelley နဲ႔ လက္မထပ္ရေသး) တို႔ဟာ ဆြစ္ဇာလန္ႏိုင္ငံမွာရွိတဲ့ ဂ်ီနီဗာေရကန္ကိုအေပၚစီးကေနျမင္ေတြ႕ရတဲ့ေနရာ villa မွာရွိေနတုန္း အေျခအေနနဲ႔ကိုက္ညီတဲ့တေစၦဝတၳဳေတြေရးဖို႔ျဖစ္လာရာကေန ရက္သတၱပတ္အနည္းငယ္မွာပဲ Godwin ရဲ႕ Frankenstein အမည္ရနာမည္ေက်ာ္စာေကာင္းေပမြန္ေတြ Byron ရဲ႕ Darkness ကဗ်ာ နဲ႔ Polidori ရဲ႕ The Vampyre အမည္ရနာမည္ေက်ာ္ဝတၳဳတိုေတြဟာ ကမာၻစာဖတ္ပရိတ္သတ္ေတြ လက္ထဲအေရာက္လာႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။
၁၈၁၆ ခုႏွစ္ဟာ ျမန္မာႏိုင္ငံမွာေတာ့ ဘိုးေတာ္ဘုရားနန္းတက္တဲ့အခ်ိန္ျဖစ္ၿပီး ေနာင္ဘႀကီးေတာ္မင္းျဖစ္လာမယ့္ စစ္ကိုင္းမင္းသားေလးက မင္းကြန္းျမသိန္းတန္ေစတီကို တည္ခဲ့တဲ့အခ်ိန္လည္း ျဖစ္ပါတယ္။