(Unicode)
တိုက်လေယာဉ်များ အဓိကရှိပြီး အများဆုံး သုံးစွဲသည့်အဖွဲ့အစည်းမှာ နိုင်ငံတကာရှိ စစ်တပ်များဖြစ်ပြီး အမေရိကန်သည် လေယာဉ်အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်သည်။ နိုင်ငံအဖွဲ့အစည်း (သို့) စစ်တပ် မဟုတ်သော်လည်း ဝါသနာအရ တကိုယ်ရည်တကာယ တိုက်လေယာဉ် စုဆောင်းနေသူများလည်း ရှိသည်။ ထိုအထဲတိုက် တိုက်လေယာဉ်အများဆုံး စုဆောင်းနိုင်သူ အဖြစ် စံချိန်တင်ထားသူမှာ ပြင်သစ် ဝိုင်လုပ်ငန်းရှင်သူဌေး မိုက်ကယ်ပွန့် ဖြစ်သည်။
ပြင်သစ်နိုင်ငံ အရှေ့အလယ်ပိုင်း Burgundy ဒေသ၏ တောင်စောင်းတစ်ခုအနီးတွင် Savigny-lès-Beaune ဟုခေါ်သည့် ရဲတိုက်တစ်ခု ရှိသည်။ ထိုရဲတိုက်ကို ၁၃၄၀ ခုနှစ်က Burgundy မြို့စားကြီးအတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၄၀၀ ပြည့်နှစ်ခန့်တွင် ဖြိုချက်ခံလိုက်ရပြီး ၁၇ ရာစုရောက်မှ ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုရဲတိုက်သည် မိုက်ကယ်ပွန့်၏ ပြတိုက်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ထိုရဲတိုက်အနီးတွင် မိုက်ကယ်ပွန့်က သူစုဆောင်းထားသော တိုက်လေယာဉ် အစီးပေါင်း ၁၁၀ ကို ခင်းကျင်းပြသထားသည်။ ရဲတိုက်ကို ၁၉၈၀ခန့်တွင် အမွေဆက်ခံလိုက်ပြီးနောက် သူ၏ ဝါသနာဖြစ်သော လေယာဉ်စုဆောင်းခြင်းကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၃၀ကျော် စုဆောင်းခဲ့ပြီးနောက် လေယာဉ်ပေါင်း အစီး ၁၁၀ စုဆောင်းနိုင်ခဲ့ပြီး ကမ္ဘာပေါ်က တိုက်လေယာဉ်အများဆုံး စုဆောင်းနိုင်သူ အဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့သည်။ ပွန့်သည် ငယ်စဉ်က ပြင်သစ်ကားပြိုင်ပွဲတွင် ပြိုင်ကားမောင်းတစ်ဦးဖြစ်ခဲ့ပြီး ၈နှစ်ကာလအတွင်း ဆုတံဆိပ်ပေါင်း ၁၆၈ခု ရရှိခဲ့သူလည်း ဖြစ်သည်။
မိုက်ကယ်ပွန့်သည် တချိန်က ပြင်သစ်စစ်တပ်၏ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး Dijon မြို့လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုအချိန်ကတည်းက တချိန်တွင် လေယာဉ်များကို လိုက်လံစုဆောင်းရန် စိတ်ကူးခဲ့ခြင်းဖြစ်သည်။ သူ စုဆောင်းသည့် လေယာဉ်များမှာ အသစ်များမဟုတ်ပဲ အသုံးမပြုတော့သည့် လေယာဉ်အဟောင်းများသာ ဖြစ်သည်။ အသုံးမပြုတော့သည့် လေယာဉ်များအား ဖျက်ဆီးခြင်းမှ ရပ်တန့်နိုင်ရန်အတွက် ယခုကဲ့သို့ လိုက်လံစုဆောင်းနေခြင်း ဖြစ်သည်ဟု သူကဆိုသည်။
လက်ရှအချိန်တွင် သူ၏ စုဆောင်းမှုယာဉ်များအား ရဲတိုက်အတွင်းမှာပင် ယာဉ်တစ်မျိုးချင်းစီအတွက် ပြတိုက် ၉ ခုခွဲကာ ပြသထားသည်။ ထိုပြတိုက်များတွင် လေယာဉ်များသာမက ဆိုဗီယက်ခေတ်ဟယ်ရီကော်ပတာတစ်စီး ၊ ၁၉၇၀ ခုနှစ် ကုန်းရေ နှစ်မျိုးစလုံးသွားနိုင်သည့်ယာဉ် hovercraft ၊ ရှေးဟောင်း မီးသတ်ကားများ ၊ ရှေးဟောင်းမော်တော်ဆိုင်ကယ်စီးရေ ၂၀၀ကျော်အပြင် ပြိုင်ကားပေါင်း ၃၆စီးကိုလည်း ပြသထားသည်။
ပွန့်သည် လေယာဉ်အဟောင်းရှိသည်ဟု ကြားသည့်နေရာမှန်သမျှ ကမ္ဘာပတ်၍ ခရီးထွက်သည်။ သူနှင့်အတူ စက်သမားအဖွဲ့ကို နေရာအနှံခေါ်သွားသည်။ တွေ့သည့် လေယာဉ်ကို တစ်စီစီဖြုတ်ကာ သယ်ဆောင်လာပြီး ရဲတိုက်ဆီရောက်တော့မှ ပြန်လည်တပ်ဆင်ခြင်း ဖြစ်သည်။ သူ၏ လေယာဉ်အများစုကို ရုရှား ၊ ပိုလန် ၊ ဘယ်လ်ဂျီယံ ၊ ဆွီဒင် ၊ ပြင်သစ် နှင့် အာဖရိကတိုက် နိုင်ငံများမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သောလေယာဉ်များဖြစ်သည်။
ငွေကုန်ကြေးကျများစွာခံ၍ လေယာဉ်အဟောင်းများကို စုဆောင်းရခြင်းအပေါ် မိုက်ကယ်ပွန့်က” တိုက်လေယာဉ်တွေကို ကျွန်တော်အရမ်းသဘောကျပါတယ်။ ဒီလိုလေယာဉ်တွေစုခြင်းက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။ ဒီထက်ပိုဝမ်းသာဖို့ကောင်းတာက တခြားသူတွေ မြင်ဖို့မလွယ်တဲ့အရာကို တစုတစည်းထဲ မြင်အောင်ပြသထားနိုင်တာပါ။ စစ်တပ်တွေမှာ ဒီလိုတိုက်လေယာဉ်တွေကို အများပြည်သူကြည့်ဖို့ မလွယ်ကူပါဘူး။ ကမ္ဘာပေါ်မှာ ဒီလိုနေရာ ဒီတစ်နေရာပဲ ရှိပါတယ်။ ဒီလိုစုဆောင်းရခြင်းအတွက် ကျွန်တော်အချိန်ဖြုန်းတာမဟုတ်ဘူးဆိုတာ ကိုယ့်ဘာသာ နားလည်ထားပါတယ်” ဟု ပြန်ဖြေခဲ့သည်။
သူနောက်ဆုံးဝယ်ထားသည့် တိုက်လေယာဉ်မှာ အမေရိကန်ထုတ် Sabre ဂျက်လေယာဉ်ဖြစ်ပြီး ဆွီဒင်နိုင်ငံမှ ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် ပုံမှန်လေယာဉ်တစ်စင်းကဲ့သို့ တပ်ဆင်မွမ်းမံနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် အသက် ၈၇နှစ်ရှိပြီဖြစ်သော မိုက်ကယ်ပွန့်သည် သူ၏ ရဲတိုက် နှင့်အတူ ၆၆ဧက ကျယ်ဝန်းသောမြေပေါ်တွင် လေယာဉ်အစီးပေါင်း ရာချီကို စုဆောင်းပြသရင်း နေထိုင်နေသည်။ သူ၏ ပြတိုက်ကို နှစ်စဉ် လာရောက်လည်ပတ်သူ ဦးရေသည် ၃သောင်းမှ ၄သောင်းအကြား ရှိသည်။
(Zawgyi)
ကမာၻေပၚက တုိက္ေလယာဥ္အမ်ားဆုံး ပုိင္ဆုိင္သူ
တုိက္ေလယာဥ္မ်ား အဓိကရွိၿပီး အမ်ားဆုံး သုံးစြဲသည့္အဖြဲ႔အစည္းမွာ ႏုိင္ငံတကာရွိ စစ္တပ္မ်ားျဖစ္ၿပီး အေမရိကန္သည္ ေလယာဥ္အမ်ားဆုံး ပုိင္ဆုိင္သည့္ ႏုိင္ငံလည္းျဖစ္သည္။ ႏုိင္ငံအဖြဲ႔အစည္း (သုိ႔) စစ္တပ္ မဟုတ္ေသာ္လည္း ၀ါသနာအရ တကုိယ္ရည္တကာယ တုိက္ေလယာဥ္ စုေဆာင္းေနသူမ်ားလည္း ရွိသည္။ ထုိအထဲတုိက္ တုိက္ေလယာဥ္အမ်ားဆုံး စုေဆာင္းႏုိင္သူ အျဖစ္ စံခ်ိန္တင္ထားသူမွာ ျပင္သစ္ ၀ုိင္လုပ္ငန္းရွင္သူေဌး မုိက္ကယ္ပြန္႔ ျဖစ္သည္။
ျပင္သစ္ႏုိင္ငံ အေရွ႕အလယ္ပုိင္း Burgundy ေဒသ၏ ေတာင္ေစာင္းတစ္ခုအနီးတြင္ Savigny-lès-Beaune ဟုေခၚသည့္ ရဲတုိက္တစ္ခု ရွိသည္။ ထုိရဲတုိက္ကို ၁၃၄၀ ခုႏွစ္က Burgundy ၿမဳိ႕စားႀကီးအတြက္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ၁၄၀၀ ျပည့္ႏွစ္ခန္႔တြင္ ၿဖဳိခ်က္ခံလုိက္ရၿပီး ၁၇ ရာစုေရာက္မွ ျပန္လည္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ လက္ရွိအခ်ိန္တြင္ ထုိရဲတုိက္သည္ မုိက္ကယ္ပြန္႔၏ ျပတုိက္တစ္ခု ျဖစ္ေနၿပီ ျဖစ္သည္။
ထုိရဲတုိက္အနီးတြင္ မုိက္ကယ္ပြန္႔က သူစုေဆာင္းထားေသာ တုိက္ေလယာဥ္ အစီးေပါင္း ၁၁၀ ကို ခင္းက်င္းျပသထားသည္။ ရဲတုိက္ကုိ ၁၉၈၀ခန္႔တြင္ အေမြဆက္ခံလုိက္ၿပီးေနာက္ သူ၏ ၀ါသနာျဖစ္ေသာ ေလယာဥ္စုေဆာင္းျခင္းကုိ စတင္လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။ ႏွစ္ေပါင္း ၃၀ေက်ာ္ စုေဆာင္းခဲ့ၿပီးေနာက္ ေလယာဥ္ေပါင္း အစီး ၁၁၀ စုေဆာင္းႏုိင္ခဲ့ၿပီး ကမာၻေပၚက တုိက္ေလယာဥ္အမ်ားဆုံး စုေဆာင္းႏုိင္သူ အျဖစ္ ဂင္းနစ္မွတ္တမ္း၀င္သြားခဲ့သည္။ ပြန္႔သည္ ငယ္စဥ္က ျပင္သစ္ကားၿပဳိင္ပြဲတြင္ ၿပဳိင္ကားေမာင္းတစ္ဦးျဖစ္ခဲ့ၿပီး ၈ႏွစ္ကာလအတြင္း ဆုတံဆိပ္ေပါင္း ၁၆၈ခု ရရွိခဲ့သူလည္း ျဖစ္သည္။
မုိက္ကယ္ပြန္႔သည္ တခ်ိန္က ျပင္သစ္စစ္တပ္၏ ေလယာဥ္မွဴးတစ္ဦးျဖစ္ၿပီး Dijon ၿမိဳ႕ေလတပ္တြင္ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္သည္။ ထုိအခ်ိန္ကတည္းက တခ်ိန္တြင္ ေလယာဥ္မ်ားကို လုိက္လံစုေဆာင္းရန္ စိတ္ကူးခဲ့ျခင္းျဖစ္သည္။ သူ စုေဆာင္းသည့္ ေလယာဥ္မ်ားမွာ အသစ္မ်ားမဟုတ္ပဲ အသုံးမျပဳေတာ့သည့္ ေလယာဥ္အေဟာင္းမ်ားသာ ျဖစ္သည္။ အသုံးမျပဳေတာ့သည့္ ေလယာဥ္မ်ားအား ဖ်က္ဆီးျခင္းမွ ရပ္တန္႔ႏုိင္ရန္အတြက္ ယခုကဲ့သုိ႔ လုိက္လံစုေဆာင္းေနျခင္း ျဖစ္သည္ဟု သူကဆုိသည္။
လက္ရွအခ်ိန္တြင္ သူ၏ စုေဆာင္းမႈယာဥ္မ်ားအား ရဲတုိက္အတြင္းမွာပင္ ယာဥ္တစ္မ်ဳိးခ်င္းစီအတြက္ ျပတုိက္ ၉ ခုခြဲကာ ျပသထားသည္။ ထုိျပတုိက္မ်ားတြင္ ေလယာဥ္မ်ားသာမက ဆုိဗီယက္ေခတ္ဟယ္ရီေကာ္ပတာတစ္စီး ၊ ၁၉၇၀ ခုႏွစ္ ကုန္းေရ ႏွစ္မ်ဳိးစလုံးသြားႏုိင္သည့္ယာဥ္ hovercraft ၊ ေရွးေဟာင္း မီးသတ္ကားမ်ား ၊ ေရွးေဟာင္းေမာ္ေတာ္ဆုိင္ကယ္စီးေရ ၂၀၀ေက်ာ္အျပင္ ၿပဳိင္ကားေပါင္း ၃၆စီးကိုလည္း ျပသထားသည္။
ပြန္႔သည္ ေလယာဥ္အေဟာင္းရွိသည္ဟု ၾကားသည့္ေနရာမွန္သမွ် ကမာၻပတ္၍ ခရီးထြက္သည္။ သူႏွင့္အတူ စက္သမားအဖြဲ႔ကို ေနရာအႏွံေခၚသြားသည္။ ေတြ႔သည့္ ေလယာဥ္ကုိ တစ္စီစီျဖဳတ္ကာ သယ္ေဆာင္လာၿပီး ရဲတုိက္ဆီေရာက္ေတာ့မွ ျပန္လည္တပ္ဆင္ျခင္း ျဖစ္သည္။ သူ၏ ေလယာဥ္အမ်ားစုကို ရုရွား ၊ ပုိလန္ ၊ ဘယ္လ္ဂ်ီယံ ၊ ဆီြဒင္ ၊ ျပင္သစ္ ႏွင့္ အာဖရိကတုိက္ ႏုိင္ငံမ်ားမွ ရရွိခဲ့ျခင္းျဖစ္ၿပီး ဒုတိယကမာၻစစ္အတြင္းက အသုံးျပဳခဲ့ေသာေလယာဥ္မ်ားျဖစ္သည္။
ေငြကုန္ေၾကးက်မ်ားစြာခံ၍ ေလယာဥ္အေဟာင္းမ်ားကို စုေဆာင္းရျခင္းအေပၚ မုိက္ကယ္ပြန္႔က” တုိက္ေလယာဥ္ေတြကို ကြ်န္ေတာ္အရမ္းသေဘာက်ပါတယ္။ ဒီလုိေလယာဥ္ေတြစုျခင္းက ကြ်န္ေတာ့္ကုိ ေပ်ာ္ရႊင္ေစပါတယ္။ ဒီထက္ပုိ၀မ္းသာဖုိ႔ေကာင္းတာက တျခားသူေတြ ျမင္ဖုိ႔မလြယ္တဲ့အရာကို တစုတစည္းထဲ ျမင္ေအာင္ျပသထားႏုိင္တာပါ။ စစ္တပ္ေတြမွာ ဒီလုိတုိက္ေလယာဥ္ေတြကို အမ်ားျပည္သူၾကည့္ဖုိ႔ မလြယ္ကူပါဘူး။ ကမာၻေပၚမွာ ဒီလုိေနရာ ဒီတစ္ေနရာပဲ ရွိပါတယ္။ ဒီလုိစုေဆာင္းရျခင္းအတြက္ ကြ်န္ေတာ္အခ်ိန္ျဖဳန္းတာမဟုတ္ဘူးဆုိတာ ကိုယ့္ဘာသာ နားလည္ထားပါတယ္” ဟု ျပန္ေျဖခဲ့သည္။
သူေနာက္ဆုံး၀ယ္ထားသည့္ တုိက္ေလယာဥ္မွာ အေမရိကန္ထုတ္ Sabre ဂ်က္ေလယာဥ္ျဖစ္ၿပီး ဆြီဒင္ႏုိင္ငံမွ ျပန္လည္၀ယ္ယူခဲ့ျခင္းျဖစ္ကာ ယခုအခ်ိန္တြင္ ပုံမွန္ေလယာဥ္တစ္စင္းကဲ့သုိ႔ တပ္ဆင္မြမ္းမံႏုိင္ခဲ့ၿပီးျဖစ္သည္။ လက္ရွိအခ်ိန္တြင္ အသက္ ၈၇ႏွစ္ရွိၿပီျဖစ္ေသာ မုိက္ကယ္ပြန္႔သည္ သူ၏ ရဲတုိက္ ႏွင့္အတူ ၆၆ဧက က်ယ္၀န္းေသာေျမေပၚတြင္ ေလယာဥ္အစီးေပါင္း ရာခ်ီကို စုေဆာင္းျပသရင္း ေနထုိင္ေနသည္။ သူ၏ ျပတုိက္ကုိ ႏွစ္စဥ္ လာေရာက္လည္ပတ္သူ ဦးေရသည္ ၃ေသာင္းမွ ၄ေသာင္းအၾကား ရွိသည္။