Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား မြို့လယ်ခေါင်များမှ ဒေါင်လိုက်သစ်တော ၉ ခု

by Thutamm
June 24, 2020
Reading Time: 3min read
0
ကမ္ဘာတလွှား မြို့လယ်ခေါင်များမှ ဒေါင်လိုက်သစ်တော ၉ ခု
Share on FacebookShare on Twitter

(Unicode)

ကမ္ဘာ့မြို့တော်ကြီးအချို့ရဲ့မိုးမြင့်တိုက်တွေမှာ အဝေးကနေကြည့်မယ်ဆိုရင် ဒေါင်လိုက်သစ်တောတခုပမာ ဖြစ်နေစေမယ့် စီမံကိန်းတွေကို ဖော်ဆောင်နေလျက်ရှိပါတယ်။ မြို့ပြရဲ့ပုံရိပ်တွေဖြစ်တဲ့ လေထုညစ်ညမ်းမှုကို တဖက်တလမ်းကနေ လျော့ချပေးနိုင်သလို အဆောက်အအုံကိုလည်း အပူအအေး မျှတအောင်ပြုလုပ်ပေးပြီး မြို့ပြအထပ်မြင့်အဆောက်အအုံတွေရဲ့ အပူ၊ အအေး ပေးစက်တွေအသုံးပြုမှုကိုလျော့ကျလာစေနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒါအပြင် လတ်ဆက်တဲ့ဟင်းသီး၊ဟင်းရွက်တွေကို မြို့တော်တွင်းစိုက်ခင်းတွေကနေပဲ အလွယ်တကူရရှိနိုင်ပြီး လူသားတွေအတွက်လန်းဆန်းတဲ့ ဝန်းကျင်ကိုဖန်တီးပေးနိုင်တာဖြစ်လို့ ယင်းဒေါင်လိုက်သစ်တော ဖန်တီးမှုတွေဟာဆိုရင် လူသားတွေ(အထူးသဖြင့် မြို့တော်နေ) သူတွေအတွက်အလွန်ကိုအကျိုးရှိစေမှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာတဝှမ်းကမြို့တော်ကြီးတွေမှာ တည်ရှိနေပြီး အကောင်အထည်ဖော်နေကြတဲ့ ဒေါင်လိုက်သစ်တောကြီးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။

(၁) Nanjing မြို့မှ ဒေါင်လိုက်သစ်တောများ

တရုတ်နိုင်ငံ Ninjingမှာ တည်ရှိနေတဲ့ ဒေါင်လိုက်သစ်တောကြီးဟာဆိုရင် အထပ်မြင့်အဆောက်အအုံ(၂)ခုရဲ့အပြင်ဘက်နံရံတွေမှာ လွှမ်းခြုံတည်ရှိနေတာဖြစ်ပါတယ်။ Living Towers လို့လူသိများပြီး အီတလီဗိသုကာပညာရှင် Stefano Boeri ရဲ့လက်ရာဖြစ်ပါတယ်။ ယင်းသစ်တောကြီးတွေဟာ မြို့ပြညစ်ညမ်းမှုတနေ့တခြားများပြားလာတဲ့ တရုတ်နိုင်ငံအတွက် နောက်ထပ်မြို့ပြသစ်တောတွေကိုတည်ဆောင်နိုင်ဖို့အတွက် ကနဦး စမ်းသပ်အားထုတ်မှုလည်းဖြစ်ပါတယ်။

သစ်ပင်ကြီးပေါင်း ၆၀၀ ၊ သစ်ပင်ငယ်ပေါင်း ၂၀၀ နဲ့ အပင်ငယ်ပေါင်း ၂၅၀၀ ခန့်ကို စတုရန်းမီတာ ၄၅၀၀ ခန့်ကျယ်ဝန်းတဲ့ ဧရိယာပေါ်မှာ စိုက်ပျိုးထားပါတယ်။ ဒီအဆောက်အအုံဟာ တနှစ်ကို မြို့ပြရဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ၁၈ တန်လောက်ကို လျှော့ချပေးပြီး အောက်ဆီဂျင် ၁၆တန်ခန့်ကို ထုတ်လုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

(၂) မက္ကဆီကို Cancun မြို့က Smart Forest City

Stefano Boeri Architetti ဗိသုကာကုမ္ပဏီမှ မြောက်အမေရိကတိုက်၊မက္ကဆီကိုနိုင်ငံက Cancun မြို့က (၅၅၇)ဟတ်တာရှိတဲ့ မြေပေါ်မှာ တည်ဆောက်ဖို့ ရည်မှန်းထားတဲ့ ပရောဂျက်ဖြစ်ပြီး Smart Forest City လို့ အမည်ပေးထားပါတယ်။ လူပေါင်း (၁၃၀၀၀၀) လောက်အခြေချနေထိုင်နိုင်မှာဖြစ်ပြီး မြို့ရဲ့နေရာလွတ်အတော်များများကို သစ်တောတွေနဲ့ စိမ်းလန်းအောင်စီမံဖန်တီးသွားမှာ ဖြစ်ပါတယ်။ အဆောက်အဦးအမိုးတွေ၊ နံရံတွေအထိသစ်ပင်တွေ စိုက်ပျိုးမှာဖြစ်ပြီး နေထိုင်သူတွေအနေနဲ့ သဘာဝတောနက်ထဲမှာနေထိုင်ရသလို ခံစားရမှာဖြစ်ပါတယ်။

(၃) အာဖရိကရဲ့ ပထမဆုံးဒေါင်လိုက်သစ်တော

အာဖရိကတိုက်ရဲ့ပထမဆုံးသော မြို့ပြဒေါင်လိုက်သစ်တောကြီးကို ဖန်တီးဖို့ကြိုးစားနေတဲ့နိုင်ငံကတော့ အီဂျစ်နိုင်ငံဖြစ်ပါတယ်။ အီဂျစ်လူမျိုးပညာရှင် Shimaa Shalash ၊ အီတလီလူမျိုးမြို့ပြဖော်ဆောင်ရေးဗိသုကာပညာရှင် Laura Gatti တို့ဟာ နာမည် ကျော် မြို့ပြသစ်တောဖော်ဆောင်ရေး အီတလီအခြေစိုက်ကုမ္ပဏီတခုဖြစ်တဲ့ Stefano Boeri Architetti နဲ့ပူးပေါင်းပြီး အီဂျစ်ရဲ့ကိုယ်ပိုင်မြို့ပြသစ်တောစီမံကိန်းကိုဖော်ဆောင်နေကြတာဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုရဲ့အရှေ့ဘက်ပိုင်းမှာတည်ရှိတဲ့ အထပ်မြင့်အဆောက်အအုံ(၃)ခုနေရာမှာ စီမံကိန်းချမှတ်အကောင်အထည်ဖော်တည်ဆောက်နေတာဖြစ်ပြီး မတူညီတဲ့ အပင်မျိုးစိတ်(၁၀၀)ထက်မနည်းပါဝင်ကာ အပင်ပေါင်း (၃၅၀) ချုံနွယ်တောအုပ်ပေါင်း (၁၄၀၀၀) လောက်ကိုပါဝင်နေပါတယ်။ ယင်းမြို့ပြသစ်တော အဆောက်အအုံ(၃)ခုအနက်ကတခုကိုတော့ ဟိုတယ်အဖြစ်အသုံးပြုမှာဖြစ်ပြီး ကျန် ၂ ခုကို လူနေတိုက်ခန်းတွေအဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ World Economic Forum အရ သိရပါတယ်။

(၄) မီလန်မြို့က ဒေါင်လိုက်သစ်တော

အီတလီနိုင်ငံက ဖက်ရှင်မြို့တော်လို့လူသိများတဲ့ မီလန်ဟာဆိုရင် ဒေါင်လိုက်သစ်တောအဆောက်အအုံဖန်တီးမှုတွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ် ကတည်းကပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ယင်းညီနောင် ဒေါင်လိုက်သစ်တောကြီး(၂)ခုကိုတော့ Bosco Verticale လို့ခေါ်ပါတယ်။ (၂၀၁၄) ခုနှစ်ကတည်းက ဆောက်လုပ်ပြီးစီးခဲ့တဲ့ ယင်းသစ်တောကြီးတွေအတွင်းမှာတော့ အပင်ပေါင်း (၂၀၀၀၀) လောက်ကိုရှိနေတာဖြစ်ပါတယ်။

ယင်းအပင်တွေကပဲ လေထု အတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကိုလျော့ချပေးပြီး အောက်ဆီဂျင်ကိုထုတ် လုပ်ပေးနေပါတယ်။ဒါအပြင် ဆူညံသံတွေကိုလည်းလျော့ကျစေနိုင်ပြီး အဆောက်အအုံရဲ့အပူချိန်ပြောင်းလဲမှုကိုလည်း ထိန်းသိမ်းပေးတာကြောင့် နေထိုင်သူ တွေအတွက် အလွန်ကိုအဆင်ပြေစေမှာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဗိသုကာဆိုင်ရာ ဆုပေါင်းများစွာ ရရှိထားတဲ့ အဆောက်အအုံတွေလည်း ဖြစ်ပါတယ်။

(၅) နယ်သာလန်နိုင်ငံ Utrecht မြို့မှာ တည်ဆောက်နေတဲ့ ဒေါင်လိုက်သစ်တော

ဥရောပတိုက် နယ်သာလန်နိုင်ငံ၊ Utrecht မြို့ဟာဆိုရင်လည်း မြို့ပြသစ်တောဥယျာဉ်စီမံကိန်းရဲ့ ဒေါင်လိုက်သစ်တောအဆောက်အအုံတွေကိုဖန်တီးဖို့ စီမံကိန်းရေးဆွဲလျက်ရှိနေပါတယ်။ ဒီအထဲမှာ ဒေါင်လိုက်သစ်တောအတွက် မီတာ ၉၀ခန့်မြင့်တဲ့ အထပ်မြင့်အဆောက်အအုံ ၂ခုကို တည်ဆောက်နေခဲ့ပါပြီ။ ဒီအဆောက်အအုံတွေမှာ အပင်ပေါင်း(၁၀၀၀၀) ကျော်လောက်စိုက်ပျိုးဖို့ရည်မှန်းထားပါတယ်။ဒီဒေါင်လိုက်သစ်တောတွေဟာ ၁နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုဒ် ၅တန်ခန့်စီ လျှော့ချပေးနိုင်မှာဖြစ်ပြီး တည်ဆောက်မှုကတော့ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

(၆) မက်ဒရစ်မြို့က ဒေါင်လိုက်သစ်တော

စပိန်နိုင်ငံမက်ဒရစ်မြို့တော်က Caixa Forum ပြတိုက် အပြင်ဘက်မျက်နှာစာမှာ တည်ရှိနေတဲ့ ဒေါင်လိုက်သစ်တောကြီးဟာဆိုရင်လည်း တဖြောင့်တည်းမြင့်မားစွာရှိနေတာဖြစ်ပြီး မြင်သူတိုင်းအာရုံစိုက်ကြည့်ရတဲ့နေရာတခုဖြစ်ပါတယ်။ (၄)ထပ်အဆောက်အအုံဖြစ်ပြီး တဖက်မျက်နှာစာက စိမ်းလန်းစွာတည်ရှိနေတဲ့ မျက်နှာပြင်ဘက်အခြမ်းမှာတော့ အပင်ပေါင်း (၁၅၀၀၀) ကျော်လောက်တည်ရှိနေပြီး မျိုးစိတ်ကွဲပေါင်း အနေနဲ့တော့ (၂၅၀) ကျော်လောက်ကို ရှိနေတာဖြစ်ပါတယ်။ ဒီဇိုင်းကိုတော့ ပြင်သစ်ရုက္ခဒေဗပညာရှင် Patrick Blanc က ရေးဆွဲပေးထားပါတယ်။

(၇) စင်ကာပူက Oasia ဟိုတယ်

အရှေ့တောင်အာရှရဲ့နာမည်ကျော်စီးပွားရေးမြို့တော် စင်ကာပူမှာလည်း ဆန်းပြားတဲ့ ဒေါင်လိုက်သစ်တောကြီးတခုရှိနေပါတယ်။ စင်ကာပူရဲ့စီးပွားရေးဆိုင်ရာအဓိကနေရာမှာ တည်ရှိတဲ့ Oasia Downtown Hotel ရဲ့အပြင်ဘက်မျက်နှာစာမှာတခုလုံးမှာတော့ စိမ်းစိုနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အထပ် ၂၇ထပ်မြင့်တဲ့ ဒီအဆောက်အဦးကြီးကို စင်ကာပူအခြေစိုက် WOHA ကုမ္ပဏီကနေတည်ဆောက်ပေးထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အထပ်မြင့် အဆောက်အဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

(၈) ကွာလာလမ်ပူက ဒေါင်လိုက်သစ်တော

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရဲ့ အလယ်ခါင်မှာဆိုရင် အထပ်မြင့်တွေမှာ တည်ဆောက်ထားတဲ့ Le Nouvel Towers လို့အမည်ရတဲ့ ဒေါင်လိုက်သစ်တောတွေကို တွေ့နိုင်ပါတယ်။ ဗိသုကာပညာရှင် Jean Nouvel ရဲ့လက်ရာဖြစ်ပြီး (၂၀၁၆)ခုနှစ်လောက်ကတည်ဆော က်ပြီးစီးခဲ့တာဖြစ်ပါတယ်။

(၉) Cebu မြို့က ဒေါင်လိုက်သစ်တော

အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ Cebu မြို့တော်မှာလည်း အထပ်မြင့်အဆောက်အအုံတွေမှာ ဒေါင်လိုက်သစ်တောတွေဖန်တီးဖို့စီစဉ်ထားရှိပါတယ်။ ယင်းဒေါင်လိုက်သစ်တောအဆောက်အအုံကိုတော့ The Rainbow Tree ( သက်တန့် သစ်ပင်)လို့ နာမည်ပေးထားပြီး သဘာဝနည်းစဉ်တွေသာမက ဖိလစ်ပိုင်ရိုးရာဓလေ့နည်း လမ်းတွေနဲ့ပါ ပေါင်းစပ်ဖန်တီးတည်ဆောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ ၃၂ထပ် မြင့်တဲ့ ဒီအထပ်မြင့်အဆောက်အအုံမှာ အပင်ပေါင်း ၃၀၀၀၀ ခန့်အထိ စိုက်ပျိုးထားရှိမယ်လို့ သိရပါတယ်။

——— —— ———

(Zawgyi)

ကမာၻတလႊား ၿမဳိ႕လယ္ေခါင္မ်ားမွ ေဒါင္လုိက္သစ္ေတာ ၉ ခု

ကမာၻ႔ၿမိဳ႕ေတာ္ၾကီးအခ်ိဳ႕ရဲ့မိုးျမင့္တိုက္ေတြမွာ အေဝးကေနၾကည့္မယ္ဆိုရင္ ေဒါင္လုိက္သစ္ေတာတခုပမာ ျဖစ္ေနေစမယ့္ စီမံကိန္းေတြကို ေဖာ္ေဆာင္ေနလ်က္ရွိပါတယ္။ ျမိဳ႕ျပရဲ့ပံုရိပ္ေတြျဖစ္တဲ့ ေလထုညစ္ညမ္းမႈကို တဖက္တလမ္းကေန ေလ်ာ့ခ်ေပးနိုင္သလုိ အေဆာက္အအံုကိုလည္း အပူအေအး မ်ွတေအာင္ျပဳလုပ္ေပးျပီး ျမိဳ႕ျပအထပ္ျမင့္အေဆာက္အအံုေတြရဲ့ အပူ၊ အေအး ေပးစက္ေတြအသံုးျပဳမႈကိုေလ်ာ့က်လာေစနိုင္ဖို႔ ရည္ရြယ္ပါတယ္။

ဒါအျပင္ လတ္ဆက္တဲ့ဟင္းသီး၊ဟင္းရြက္ေတြကို ၿမိဳ႕ေတာ္တြင္းစိုက္ခင္းေတြကေနပဲ အလြယ္တကူရရွိႏုိင္ၿပီး လူသားေတြအတြက္လန္းဆန္းတဲ့ ဝန္းက်င္ကိုဖန္တီးေပးႏုိင္တာျဖစ္လုိ႔ ယင္းေဒါင္လုိက္သစ္ေတာ ဖန္တီးမႈေတြဟာဆိုရင္ လူသားေတြ(အထူးသျဖင့္ ျမိဳ႕ေတာ္ေန) သူေတြအတြက္အလြန္ကိုအက်ိဳးရွိေစမွာလည္း ျဖစ္ပါတယ္။ ဒီေနရာမွာ မ်ွေဝေပးခ်င္တာကေတာ့ ကမာၻတဝွမ္းကျမိဳ႕ေတာ္ၾကီးေတြမွာ တည္ရွိေနၿပီး အေကာင္အထည္ေဖာ္ေနၾကတဲ့ ေဒါင္လိုက္သစ္ေတာၾကီးေတြရဲ့အေၾကာင္းပဲျဖစ္ပါတယ္။

(၁) Nanjing ၿမဳိ႕မွ ေဒါင္လုိက္သစ္ေတာမ်ား

တရုတ္နိုင္ငံ Ninjingမွာ တည္ရွိေနတဲ့ ေဒါင္လိုက္သစ္ေတာၾကီးဟာဆိုရင္ အထပ္ျမင့္အေဆာက္အအံု(၂)ခုရဲ့အျပင္ဘက္နံရံေတြမွာ လႊမ္းျခံဳတည္ရွိေနတာျဖစ္ပါတယ္။ Living Towers လို႔လူသိမ်ားျပီး အီတလီဗိသုကာပညာရွင္ Stefano Boeri ရဲ့လက္ရာျဖစ္ပါတယ္။ ယင္းသစ္ေတာၾကီးေတြဟာ ျမိဳ႕ျပညစ္ညမ္းမႈတေန႔တျခားမ်ားျပားလာတဲ့ တရုတ္နိုင္ငံအတြက္ ေနာက္ထပ္ျမိဳ႕ျပသစ္ေတာေတြကိုတည္ေဆာင္နိုင္ဖို႕အတြက္ ကနဦး စမ္းသပ္အားထုတ္မႈလည္းျဖစ္ပါတယ္။

သစ္ပင္ႀကီးေပါင္း ၆၀၀ ၊ သစ္ပင္ငယ္ေပါင္း ၂၀၀ နဲ႔ အပင္ငယ္ေပါင္း ၂၅၀၀ ခန္႔ကို စတုရန္းမီတာ ၄၅၀၀ ခန္႔က်ယ္၀န္းတဲ့ ဧရိယာေပၚမွာ စုိက္ပ်ဳိးထားပါတယ္။ ဒီအေဆာက္အအုံဟာ တႏွစ္ကို ၿမဳိ႕ျပရဲ႕ ကာဘြန္ဒုိင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ ၁၈ တန္ေလာက္ကို ေလွ်ာ့ခ်ေပးၿပီး ေအာက္ဆီဂ်င္ ၁၆တန္ခန္႔ကို ထုတ္လုပ္ေပးလ်က္ရွိတယ္လုိ႔ သိရပါတယ္။

(၂) မကၠဆီကို Cancun ၿမဳိ႕က Smart Forest City

Stefano Boeri Architetti ဗိသုကာကုမၸဏီမွ ေျမာက္အေမရိကတိုက္၊မကၠဆီကိုနိုင္ငံက Cancun ၿမဳိ႕က (၅၅၇)ဟတ္တာရွိတဲ့ ေျမေပၚမွာ တည္ေဆာက္ဖုိ႔ ရည္မွန္းထားတဲ့ ပေရာဂ်က္ျဖစ္ၿပီး Smart Forest City လုိ႔ အမည္ေပးထားပါတယ္။ လူေပါင္း (၁၃၀၀၀၀) ေလာက္အေျခခ်ေနထိုင္နိုင္မွာျဖစ္ျပီး ျမိဳ႕ရဲ့ေနရာလြတ္အေတာ္မ်ားမ်ားကို သစ္ေတာေတြနဲ႔ စိမ္းလန္းေအာင္စီမံဖန္တီးသြားမွာ ျဖစ္ပါတယ္။ အေဆာက္အဦးအမိုးေတြ၊ နံရံေတြအထိသစ္ပင္ေတြ စိုက္ပ်ိဳးမွာျဖစ္ျပီး ေနထိုင္သူေတြအေနနဲ႔ သဘာ၀ေတာနက္ထဲမွာေနထိုင္ရသလို ခံစားရမွာျဖစ္ပါတယ္။

(၃) အာဖရိကရဲ႕ ပထမဆုံးေဒါင္လုိက္သစ္ေတာ

အာဖရိကတိုက္ရဲ့ပထမဆံုးေသာ ျမိဳ႕ျပေဒါင္လိုက္သစ္ေတာၾကီးကို ဖန္တီးဖို႔ၾကိဳးစားေနတဲ့ႏုိင္ငံကေတာ့ အီဂ်စ္နိုင္ငံျဖစ္ပါတယ္။ အီဂ်စ္လူမ်ိဳးပညာရွင္ Shimaa Shalash ၊ အီတလီလူမ်ဳိးျမိဳ႕ျပေဖာ္ေဆာင္ေရးဗိသုကာပညာရွင္ Laura Gatti တို႕ဟာ နာမည္ ေက်ာ္ ျမိဳ႕ျပသစ္ေတာေဖာ္ေဆာင္ေရး အီတလီအေျခစိုက္ကုမၸဏီတခုျဖစ္တဲ့ Stefano Boeri Architetti နဲ႔ပူးေပါင္းျပီး အီဂ်စ္ရဲ့ကို္ယ္ပိုင္ျမိဳ႕ျပသစ္ေတာစီမံကိန္းကိုေဖာ္ေဆာင္ေနၾကတာျဖစ္ပါတယ္။

အီဂ်စ္နုိင္ငံျမိဳ႕ေတာ္ကိုင္ရိုရဲ့အေရွ႕ဘက္ပိုင္းမွာတည္ရွိတဲ့ အထပ္ျမင့္အေဆာက္အအံု(၃)ခုေနရာမွာ စီမံကိန္းခ်မွတ္အေကာင္အထည္ေဖာ္တည္ေဆာက္ေနတာျဖစ္ျပီး မတူညီတဲ့ အပင္မ်ိဳးစိတ္(၁၀၀)ထက္မနည္းပါဝင္ကာ အပင္ေပါင္း (၃၅၀) ခ်ံဳႏြယ္ေတာအုပ္ေပါင္း (၁၄၀၀၀) ေလာက္ကိုပါဝင္ေနပါတယ္။ ယင္းျမိဳ႕ျပသစ္ေတာ အေဆာက္အအံု(၃)ခုအနက္ကတခုကိုေတာ့ ဟိုတယ္အျဖစ္အသံုးျပဳမွာျဖစ္ျပီး က်န္ ၂ ခုကို လူေနတုိက္ခန္းေတြအျဖစ္ အသုံးျပဳသြားမွာျဖစ္တယ္လုိ႔ World Economic Forum အရ သိရပါတယ္။

(၄) မီလန္ၿမဳိ႕က ေဒါင္လုိက္သစ္ေတာ

အီတလီနိုင္ငံက ဖက္ရွင္ျမိဳ႕ေတာ္လို႔လူသိမ်ားတဲ့ မီလန္ဟာဆိုရင္ ေဒါင္လိုက္သစ္ေတာအေဆာက္အအံုဖန္တီးမႈေတြကို လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ ကတည္းကပိုင္ဆိုင္ခဲ့တာျဖစ္ျပီး ယင္းညီေနာင္ ေဒါင္လုိက္သစ္ေတာၾကီး(၂)ခုကိုေတာ့ Bosco Verticale လို႔ေခၚပါတယ္။ (၂၀၁၄) ခုနွစ္ကတည္းက ေဆာက္လုပ္ျပီးစီးခဲ့တဲ့ ယင္းသစ္ေတာၾကီးေတြအတြင္းမွာေတာ့ အပင္ေပါင္း (၂၀၀၀၀) ေလာက္ကိုရွိေနတာျဖစ္ပါတယ္။

ယင္းအပင္ေတြကပဲ ေလထု အတြင္းက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ပမာဏကိုေလ်ာ့ခ်ေပးျပီး ေအာက္ဆီဂ်င္ကိုထုတ္ လုပ္ေပးေနပါတယ္။ဒါအျပင္ ဆူညံသံေတြကိုလည္းေလ်ာ့က်ေစနိုင္ျပီး အေဆာက္အအံုရဲ့အပူခ်ိန္ေျပာင္းလဲမႈကိုလည္း ထိန္းသိမ္းေပးတာေၾကာင့္ ေနထိုင္သူ ေတြအတြက္ အလြန္ကိုအဆင္ေျပေစမွာပဲျဖစ္ပါတယ္။ ကမာၻ႔ဗိသုကာဆုိင္ရာ ဆုေပါင္းမ်ားစြာ ရရွိထားတဲ့ အေဆာက္အအုံေတြလည္း ျဖစ္ပါတယ္။

(၅) နယ္သာလန္ႏုိင္ငံ Utrecht ၿမဳိ႕မွာ တည္ေဆာက္ေနတဲ့ ေဒါင္လုိက္သစ္ေတာ

ဥေရာပတိုက္ နယ္သာလန္နိုင္ငံ၊ Utrecht ျမိဳ႕ဟာဆိုရင္လည္း ျမိဳ႕ျပသစ္ေတာဥယ်ာဥ္စီမံကိန္းရဲ့ ေဒါင္လိုက္သစ္ေတာအေဆာက္အအံုေတြကိုဖန္တီးဖို႔ စီမံကိန္းေရးဆြဲလ်က္ရွိေနပါတယ္။ ဒီအထဲမွာ ေဒါင္လုိက္သစ္ေတာအတြက္ မီတာ ၉၀ခန္႔ျမင့္တဲ့ အထပ္ျမင့္အေဆာက္အအံု ၂ခုကို တည္ေဆာက္ေနခဲ့ပါၿပီ။ ဒီအေဆာက္အအုံေတြမွာ အပင္ေပါင္း(၁၀၀၀၀) ေက်ာ္ေလာက္စိုက္ပ်ိဳးဖို႔ရည္မွန္းထားပါတယ္။ဒီေဒါင္လုိက္သစ္ေတာေတြဟာ ၁ႏွစ္ကို ကာဘြန္ဒိုင္ေအာက္ဆုိဒ္ ၅တန္ခန္႔စီ ေလွ်ာ့ခ်ေပးႏုိင္မွာျဖစ္ၿပီး တည္ေဆာက္မႈကေတာ့ ၂၀၁၉ ခုႏွစ္မွာ စတင္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္မွာ ၿပီးဆုံးမွာျဖစ္ပါတယ္။

(၆) မက္ဒရစ္ၿမဳိ႕က ေဒါင္လုိက္သစ္ေတာ

စပိန္နိုင္ငံမက္ဒရစ္ျမိဳ႕ေတာ္က Caixa Forum ျပတိုက္ အျပင္ဘက္မ်က္နွာစာမွာ တည္ရွိေနတဲ့ ေဒါင္လိုက္သစ္ေတာၾကီးဟာဆိုရင္လည္း တေျဖာင့္တည္းျမင့္မားစြာရွိေနတာျဖစ္ျပီး ျမင္သူတိုင္းအာရံုစိုက္ၾကည့္ရတဲ့ေနရာတခုျဖစ္ပါတယ္။ (၄)ထပ္အေဆာက္အအံုျဖစ္ျပီး တဖက္မ်က္နွာစာက စိမ္းလန္းစြာတည္ရွိေနတဲ့ မ်က္နွာျပင္ဘက္အျခမ္းမွာေတာ့ အပင္ေပါင္း (၁၅၀၀၀) ေက်ာ္ေလာက္တည္ရွိေနျပီး
မ်ိဳးစိတ္ကြဲေပါင္း အေနနဲ႔ေတာ့ (၂၅၀) ေက်ာ္ေလာက္ကို ရွိေနတာျဖစ္ပါတယ္။ ဒီဇိုင္းကိုေတာ့ ျပင္သစ္ရုကၡေဒဗပညာရွင္ Patrick Blanc က ေရးဆြဲေပးထားပါတယ္။

(၇) စင္ကာပူက Oasia ဟုိတယ္

အေရွ႕ေတာင္အာရွရဲ့နာမည္ေက်ာ္စီးပြားေရးျမိဳ႕ေတာ္ စင္ကာပူမွာလည္း ဆန္းျပားတဲ့ ေဒါင္လိုက္သစ္ေတာၾကီးတခုရွိေနပါတယ္။ စင္ကာပူရဲ့စီးပြားေရးဆိုင္ရာအဓိကေနရာမွာ တည္ရွိတဲ့ Oasia Downtown Hotel ရဲ့အျပင္ဘက္မ်က္နွာစာမွာတခုလုံးမွာေတာ့ စိမ္းစိုေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။ အထပ္ ၂၇ထပ္ျမင့္တဲ့ ဒီအေဆာက္အဦးႀကီးကို စင္ကာပူအေျခစုိက္ WOHA ကုမၸဏီကေနတည္ေဆာက္ေပးထားတာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံး အထပ္ျမင့္ အေဆာက္အဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။

(၈) ကြာလာလမ္ပူက ေဒါင္လုိက္သစ္ေတာ

မေလးရွားနိုင္ငံ ကြာလာလမ္ပူျမိဳ႕ေတာ္ရဲ့ အလယ္ခါင္မွာဆိုရင္ အထပ္ျမင့္ေတြမွာ တည္ေဆာက္ထားတဲ့ Le Nouvel Towers လို႔အမည္ရတဲ့ ေဒါင္လိုက္သစ္ေတာေတြကို ေတြ႔နိုင္ပါတယ္။ ဗိသုကာပညာရွင္ Jean Nouvel ရဲ့လက္ရာျဖစ္ျပီး (၂၀၁၆)ခုနွစ္ေလာက္ကတည္ေဆာ က္ျပီးစီးခဲ့တာျဖစ္ပါတယ္။

(၉) Cebu ျမိဳ႕က ေဒါင္လုိက္သစ္ေတာ

အေရွေတာင္အာရွနိုင္ငံတခုျဖစ္တဲ့ ဖိလစ္ပိုင္နိုင္ငံ Cebu ျမိဳ႕ေတာ္မွာလည္း အထပ္ျမင့္အေဆာက္အအံုေတြမွာ ေဒါင္လိုက္သစ္ေတာေတြဖန္တီးဖို႔စီစဥ္ထားရွိပါတယ္။ ယင္းေဒါင္လိုက္သစ္ေတာအေဆာက္အအံုကိုေတာ့ The Rainbow Tree ( သက္တန္႔ သစ္ပင္)လို႔ နာမည္ေပးထားျပီး သဘာဝနည္းစဥ္ေတြသာမက ဖိလစ္ပိုင္ရိုးရာဓေလ့နည္း လမ္းေတြနဲ႔ပါ ေပါင္းစပ္ဖန္တီးတည္ေဆာက္မွာျဖစ္တယ္လို႔လည္းသိရပါတယ္။ ၃၂ထပ္ ျမင့္တဲ့ ဒီအထပ္ျမင့္အေဆာက္အအုံမွာ အပင္ေပါင္း ၃၀၀၀၀ ခန္႔အထိ စုိက္ပ်ဳိးထားရွိမယ္လုိ႔ သိရပါတယ္။

Tags: architectureworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!