Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

Toyota အကြောင်း သိကောင်းစရာ

by Thutamm
December 31, 2020
Reading Time: 2min read
0
Toyota အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

Toyota လို့ဆိုလိုက်တာနဲ့ ဂျပန်နိုင်ငံရဲ့နာမည်ကျော် ကားထုတ်လုပ်တဲ့ကုမ္ပဏီလို့လူသိများပြီး ကမ္ဘာ့ကားဈေးကွက်ကိုလွှမ်းမိုးထားတဲ့ကားကုမ္ပဏီကြီးတွေအနက်က တစ်ခုဆို ရင်လည်းမမှားပါဘူး။ Toyota ထုတ်ယာဉ်အားလုံးဟာ အရည်အသွေးနဲ့စွမ်းဆောင် ရည် မြင့်ထုတ်ကုန်တွေသာဖြစ်ပြီး အထက်တန်းကျတဲ့ဈေးကွက်တစ်ခုကိုလည်းပိုင်ဆိုင်ထား ပါတယ်။ Toyota Motor Corporation ရဲ့ဌာနချုပ်ကတော့ ဂျပန်နိုင်ငံ Aichi စီရင်စုနယ်ထဲက Toyota မြို့မှာ တည်ရှိနေတာဖြစ်ပါတယ်။

(၁၉၃၃) ခုနှစ်ဝန်းကျင် ကာလကနေစတင်ပြီး ဂျပန်နိုင်ငံထုတ်ကားတွေဟာ ကမ္ဘာ့ကားဈေးကွက်မှာစတင်နေရာရလာကြပါတယ်။ ဒါဟာ Toyota  ရဲ့ထိုးဖောက်မှုကြောင့်ဖြစ်ပြီး ဒီကုမ္ပဏီဟာ ကားမထုတ်ခင်ကတော့ အပ်ချုပ်စက် ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Toyota ဆိုတဲ့စကားဟာ Toyoda Automatic Loom Works, Ltd ကိုစတင်တည်ထောင်တဲ့ Toyoda မိသားစုရဲ့အမည်ကိုပေးထားခြင်း ဖြစ်ပြီးနောက်ပိုင်းရောက်ချိန်မှသာ တည်ရှိရာမြို့နာမည်လည်းပါ၊ခေါ်ရတာလည်းပိုလွယ် တဲ့ Toyota ဆိုတဲ့အမည်ကိုပြောင်းသွားခဲ့တာဖြစ်ပါတယ်။

Toyota ကားကုမ္ပဏီကို ဂျပန်လူမျိုး Kiichiro Toyoda က လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၂နှစ်အကြာ ၁၈၃၇ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မူလကုမ္ပဏီဖြစ်တဲ့ Toyoda Automatic Loom Works, Ltd ကုမ္ပဏီကလည်း Toyota Industries Corporation အဖြစ် အမည်ပြောင်းပြီး ယနေ့ထိတိုင် ချည်မျှင်နဲ့ အထည်ချုပ် ဆိုင်ရာစက်များ ၊ အီလက်ထရောနစ်ပစ္စည်းများ နဲ့ Material handling equipment (ကရိန်း၊forklift စသည်ဖြင့်) တွေကို ထုတ်လုပ်လျှက်ရှိပြီး forklift ထရပ်ကား ဖြန့်ဝေတဲ့ ကုမ္ပဏီတွေထဲမှာ ကမ္ဘာ့အကြီးဆုံးဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

Toyota ရဲ့လက်ကိုင်ဆောင်ပုဒ်ကတော့ Always a better way ဆိုတာဖြစ်ပြီးစကားအဖြစ်နဲ့ပြောမယ်ဆိုရင်တော့ စကားလုံးသုံးလုံးသာရှိပါတယ်။ Toyota Corolla အမျိုးအစားမော်တော်ကားဆိုရင် ကမ္ဘာပေါ်မှာရောင်းအားအကောင်းဆုံးသောကားအဖြစ် တည်ရှိနေပြီးယနေ့အချိန်ထိ စုစုပေါင်းစီးရေသန်း(၄၄)ကျော်လောက်ရောင်းချနိုင်ခဲ့ကာ မျိုးဆက်ပေါင်း (၁၂)ဆက် အထိထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

Toyota ဟာ (၁၉၃၅)ခုနှစ်ကနေစတင်ပြီး ခရီးသည်တင်ကားတွေစတင်ထုတ်လုပ်လာခဲ့ကာ ပထမဆုံးထွက်ရှိတဲ့ ကားမော်ဒယ်ကတော့ A1 ဖြစပြီး မကြာခင်မှာတော့ AA model ကားတွေအဖြစ်ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ ဒါအပြင်မကြာခင်မှာပဲ G1 လို့အမည်ရ တဲ့ ပထမဆုံးသော ကုန်တင်ကားတွေကိုထုတ်လုပ်လာနိင်ခဲ့ပြီး (၁၉၃၆)ခုနှစ်မှာတော့ G1 Model ကုန်တင်ကားတွေကို ဂျပန်ရဲ့ပထမဆုံးပြည်ပဈေးကွက်အဖြစ် တရုတ်ပြည်ကိုတင် ပို့ခဲ့ပါတယ်။

ဇိမ်ခံကားထုတ်လုပ်ရာမှာ ကမ္ဘာ့ဈေးကွက်အထိစိုးမိုးဖို့ရည်ရွယ်လာတဲ့ Toyota ရဲ့နောက်ထပ်ဇိမ်ခံကားတံဆိပ်အမည်ကတော့ Lexus ဖြစ်ပြီး (၁၉၈၃)ခုနှစ်မှာစတင် လာခဲ့ပါတယ်။ အစကတော့ Toyota ဟာ Lexus အမျိုးအစားကားတွေကို အမေရိကန် ဈေးကွက်မှာသာ ရောင်းချဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အလွန်အောင်မြင်လာခဲ့ တာကြောင့် ကမ္ဘာအနှံ့ကိုတင်ပို့ရောင်းချရတဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ Toyota Coporation ဟာ ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး(Volkswagen ရဲ့နောက်) နဲ့ ဂျပန်မှာဆိုရင်အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီအဖြစ်ရပ်တည်နေပါတယ်။ ဒါပြင် Toyota ဟာ တစ်နှစ်ကို ကားစီးရေ (၁၀)သန်းကျော်လောက်ထုတ်လုပ်နေရတာဖြစ်ဖြစ်ပြီး အခြားသော ကားကုမ္ပဏီတွေနဲ့ အကျိုးတူစာချုပ်တွေချုပ်ဆိုကာ ဂျပန်နိုင်ငံရဲ့ပြင်ပ အခြားနိုင်ငံပေါင်းများစွာမှာလည်း ကားထုတ်လုပ်မှုစက်မှုဇုံတွေတည်ရှိနေပါတယ်။ (၂၀၀၂)ခုနှစ်မှာဆိုရင် Toyota ဟာ နာမည်ကျော် Formula-1 ကားမောင်းပြိုင်ပွဲတွေမှာ ပါဝင်လာခဲ့ပါတယ်။

ယနေ့ကာလ Toyota ရဲ့ဌာနခွဲ နာမည်ကျော်ကားအမျိုးအစားတွေကတော့ Lexus၊ Scion ၊ Daihatsu ၊ Hino Motors ၊ Subaru( FHI 8.9%) ၊ Isuzu (5.9%) တို့ဖြစ်ကြပါတယ်။ (၁၉၉၉)ခုနှစ်မှာတော့ Toyota ဟာ သူတို့ရဲ့ကားထုတ်လုပ်မှုစီးရေဟာ သန်း (၁၀၀)ပြည့်ခဲ့ပြီလို့ကြေငြာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ သန်း ၂၀၀ ပြည့်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

Toyota တံဆိပ်ကိုတော့ (၁၉၈၉)ခုနှစ်၊အောက်တိုဘာလက စတင်ဖန်တီးခဲ့တာဖြစ်ပြီး ဘဲဥပုံစက်ဝန်း(၃)ခုကိုအခြေခံတည်ဆောက်ထားပါတယ်။ ဘဲဥပုံစက်ဝန်းကြီးတစ်ခုအတွင်းမှာ တစ်ခုနဲ့တစ်ခုထောင့်မှန်ကျကျဆက်နွယ်နေတဲ့ခိုင်မာ တဲ့တည်ရှိပုံရှိနေတဲ့ စက်ဝန်းပိုင်း(၂)ခုကိုတွေ့ရမှာဖြစ်ပြီး အဓိပ္ပါယ်ကတော့ Toyota ထုတ်ကုန်အသုံးပြုသူတွေနဲ့ ကုမ္ပဏီအကြားခိုင်မာတဲ့ဆက်ဆံရေးကိုဖော်ကျူးပါတယ်။ ဘဲဥပုံစက်ဝိုင်း ၃ခုဟာ customerတွေရဲ့နှလုံးသား၊ထုတ်ကုန်တွေရဲ့နှလုံးသားနဲ့ နည်းပညာတွေရဲ့နှလုံးသား ဆိုတဲ့ နှလုံးသား၃ခုကို ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

ယင်း ဘဲဥပုံစက်ဝန်းတွေဟာ Toyota ရဲ့အရှေဆုံးအင်္ဂလိပ်အက္ခရာ T ကို ရည်ညွှန်းတာလည်းဖြစ်ပြီး ယင်းဖွဲ့စည်းပုံအတွင်းက နေရာလွတ်တွေကတော့ အဆုံးအစမရှိ ကျယ်ပြန့်သွားဖို့ရှိနေတဲ့ Toyota ရဲ့နည်းပညာစွမ်းရည်ကိုရည်ညွှန်းတာဖြစ်ပါတယ်။ (၂၀၁၄)ခုနှစ်ကဆိုရင်လည်း ရုရှားနိုင်ငံတွင်းမှာရှိတဲ့ Krasnoyarsk မြို့မှာ ဆိုရင် ကား စီးရေ (၁၄၁၆)စီးကိုအသုံးပြုပြီး Toyota ရဲ့လိုဂိုကိုပုံဖော်ခဲ့ရာမှာတော့ ကားတွေကို အသုံး ပြုပုံဖော်တဲ့ကမ္ဘာအကြီးဆုံးတံဆိပ်ဖန်တီးမှုအဖြစ် Guinness မှတ်တမ်းဝင်သွားခဲ့ ပါတယ်။

(၁၉၅၁)ခုနှစ်စတင်ထုတ်လုပ်တဲ့ Toyota ရဲ့ Land Cruiser အမျိုးအစားဇိမ်ခံကားဟာ ဆိုရင်လည်း ကမ္ဘာအရောင်းရဆုံးစာရင်းမှာပါဝင်နေပြီး Toyota ရဲ့ကာလကြာထုတ်ဝေမှုအများဆုံးမော်ဒယ်စီးရီးလည်းဖြစ်ပါတယ်။ (၁၉၆၅)ခုနှစ်ရောက်ချိန်မှာဆိုရင် Toyota ဟာ Land Crusier ကားအမျိုးအစားစီးရေ (၅)သောင်းလောက်အထိထုတ်လုပ်လာနိုင်ခဲ့ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ အရောင်းရဆုံးကားအမျိုးအစားဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာအနှံ့ကို Land Cruiser စီးရေ ၁၀ သန်းကျော် ရောင်းချခဲ့ပြီးပါပြီ။

နိုင်ငံတကာကား အင်ဂျင်စွမ်းဆောင်ရည်မှုပိုင်းမှာလည်း BMW နဲ့ Volkswagen ပြီးရင် Toyota ဟာတတိယမြောက် ဂုဏ်ပြုဆုအများဆုံးရတဲ့ ကားကုမ္ပဏီအဖြစ်လည်းရပ်တည်နေတာ ကိုတွေ့ရပါတယ်။ Toyota ကတည်ဆောက်ခဲ့တဲ့ SUV ကားတွေမှာဆိုရင်အကြီးဆုံး ဟာ Land Cruiser လား၊ ဒါမှမဟုတ် Sequoia လားလို့ကားချစ်သူတွေအကြားမှာ အငြင်းပွားမှုလေးတွေရှိပါတယ်။ အမှန်တော့ Toyota ကတည်ဆောက်ခဲ့တဲ့ SUV ကားတွေမှာ အကြီးဆုံးကတော့ (၁၉၉၅)ခုနှစ်က စစ်ဘက်ဆိုင်ရာလိုအပ်ချက်အရတည်ဆောက် ပေးခဲ့ပြီး နောက်ပိုင်းမှာ Civilian version ကိုကူးပြောင်းလာခဲ့တဲ့ Mega Cruiser ကသာ အကြီးဆုံးဖြစ်ပါတယ်။

(၂၀၁၂)ခုနှစ်မှာဆိုရင် အမေရိကန်မှာ ထုတ်လုပ်ခဲ့တဲ့ Toyota ရဲ့ Toyota Tundra မော်တော်ကားကို (၆၈)တန်အလေးချိန်ရှိတဲ့ အာကာသလွန်းပြန်ယာဉ်တွေအတွက် towing vehicle တွေအဖြစ်အသုံးပြုခဲ့ကြပါတယ်။ Toyota Tundra ဟာ အမိုးမဲ့ကုန်တင် ကားငယ် (pick up truck) တွေဖြစ်တာကြောင့် အာကာသယာဉ်ရဲ့မူလဦးတည်ရာ အရပ်ကိုအောင်မြင်စွာသယ်ဆောင်သွားနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု Los Angles ရဲ့ Scientific Center အနီးမှာဆိုရင် Toyota Tundra ရပ်နားခဲ့တဲ့နေရာကိုအမှတ်တရ နေရာအဖြစ်ထားရှိပါတယ်။

Toyota ရဲ့နာမည်ကျော်ထုတ်ကုန်ဖြစ်တဲ့ Toyota Celica ကိုတော့ (၁၉၇၀)ပြည့်နှစ်ကစတင်ထုတ်လုပ်ခဲ့ပြီး Toyota ကထုတ်လုပ်တဲ့ ပထမဆုံး သောပြိုင်ကားဖြစ်ပြီး World rally Championship ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင် ပြီးအကြိမ်များစွာအနိုင်ရခဲ့ပါတယ်။ Toyota ဟာ Celica ပြိုင်ကားတွေကိုမျိုးဆက် (၇) ခုလောက်အထိထုတ်လုပ်ခဲ့ပြီး (၂၀၀၆)ခုနှစ်မှာတော့ ထုတ်လုပ်မှုကိုရပ်နားခဲ့ပါတယ်။

(၁၉၉၇)ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တဲ့ Toyota Prius ဆိုရင် hybrid ကားဖြစ်ပြီးပုံစံအဆန်းကြီး မဟုတ်ပေမဲ့ ကမ္ဘာ automobile market မှာဆိုရင်အတော်လေးကျော်ကြားတဲ့ကား တစ်စီးဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘာပေါ်မှာအရောင်းရဆုံးသော hybrid ကားတွေထဲကတခုအဖြစ် မှတ်တမ်းဝင်ထားပြီး စီးရေ(၄)သန်းလောက်ထုတ်လုပ်ရောင်းချခဲ့ရပါတယ်။ (၂၀၁၅) ခုနှစ်က အမေရိကန်ပြည်ထောင်စု လက်ဗီးဂက်ကကားပြပွဲတစ်ခုမှာတော့ Toyota Prius ရဲ့ (၄)ဆက်မြောက်မျိုးဆက် hybrid ကားကိုစတင်မိတ်ဆက်ခဲ့ပါတယ်။

ကမ္ဘာပြိုင်ကားလောကမှာတော့ Toyota ဟာ ဂျာမနီနိုင်ငံ ၊ Cologne မှာအခြေစိုက်တဲ့ Toyota Motorsport GmbH (TMG) ဆိုတဲ့အမည်နဲ့ထင်ရှားတယ်။ (၂၀၁၂)ခုနှစ်မှာတော့ Toyota ဟာကမ္ဘာပြိုင်ကားခရေဇီတွေအတွက် Lexus LS (TS-650) အမည်ရပြိုင်ကားကိုဈေး ကွက်အတွင်း တင်သွင်းလာခဲ့ပါတယ်။

ရောင်းအားအကောင်းဆုံးဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီညွတ် တဲ့စွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပါတယ်။ (၅)မီတာလောက်သာအရှည်ရှိပြီး (၂၀၅၀)ကီလိုဂရမ်အလေးချိန်ရှိတဲ့ Lexus LS TS-650 ဟာ  သုညအမှတ်ကနေ (၁၀၀)ကီလိုမီတာကို (၃.၉)စက္ကန့်အတွင်းအရှိန်မြှင့်တင်နိုင်ကာ တစ်နာရီကို (၃၂၀)ကီလိုမီတာအထိကို မောင်းနှင်နိုင်ပါတယ်။ ဒါဟာယင်းကာလက ဇိမ်ခံကားတွေအနက်မှာတော့ အမြန်ဆုံးသော ကားတစင်းအဖြစ်TS-650 ကိုသတ် မှတ်ခြင်းခံခဲ့ရပါတယ်။

Toyota ကားကုမ္ပဏီဟာ ကမ္ဘာ့ဝင်ငွေအများဆုံး ကုမ္ပဏီကြီးများစာရင်းမှာတော့ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ကုမ္ပဏီခွဲပေါင်း ၆၀၆ ခု ဝန်ထမ်းပေါင်း ၄သိန်းနီးပါးနဲ့ လည်ပတ်လျှက်ရှိတဲ့ Toyota ကုမ္ပဏီရဲ့ ၂၀၁၈ ခုနှစ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၇၂.၆ဘီလျံ ဖြစ်ပါတယ်။

ယနေ့အချိန်မှာဆိုရင် Toyota ရဲ့စက်ရုံတွေကနေ (၅)စက္ကန့်တိုင်းမှာ ကားတစ်စီး ထုတ်လုပ်လာနိုင်တဲ့အထိ စွမ်းဆောင်ရည်မြင့်လာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ သိပ္ပံခေတ်လွန်ဇာက်ကားတွေမှာပါဝင်နေတဲ့ စွမ်းဆောင်ရည်မျိုးတွေဖြစ်ပြီး အနာဂက်ကာလ မှာလည်း Toyota ဟာ ကမ္ဘာ့မော်တော်ကားနည်းပညာလောကမှာ ထိပ်တန်းကနေ ပါဝင်နေဦးမယ်ဆိုတာကလည်း ယုံမှားဖွယ်ရာမရှိသေးပါဘူး။

Tags: world companiesworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!