အမေရိကန်ပြည်ထောင်စုရဲ့နာမည်ကျော်မရိန်းတပ်ဖွဲ့၊အထူးလေကြောင်းချီတပ်ဖွဲ့နဲ့ရေတပ်တွေဟာထိပ်တန်းမ္ဘာကျော်တိုက်ခိုက်ရေးစစ်သည်တော်တွေအဖြစ်ထင်ရှားပါတယ်။ အဓိက ကတော့နောက်ဆုံးပေါ်နည်းပညာမြင့်စစ်ရေးကိရိယာတွေကိုတပ်ဆင်အသုံးပြုထားခြင်းက အမေရိကန်စစ်သည်တွေကို အခြားသော ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေကအထူးတပ်ဖွဲ့တွေထက် ခေါင်းတလုံးပိုသာစေတာလည်းဖြစ်ပါတယ်။
နည်းပညာပိုင်းအရဘယ်လောက်မြင့်မားနေပါစေ ယနေ့ကာလနာမည်ကျော်တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ လူသားတွေရဲ့ မူလတိုက်ခိုက်ရေးကိရိယာဓားလက်နက်ကိုတော့ စွန့်ပစ်လို့မရသေးပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာကျော်အထူးတပ်ဖွဲ့တွေကိုင်ဆောင်အသုံးပြုနေတဲ့ဓား (၁၀)မျိုးရဲ့ အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။
(၁) Ontario MK3 Navy Knife
ဒီဓားကတော့ အမေရိကန် အထူးတပ်ဖွဲ့ဖြစ်တဲ့ Navy SEALs အဖွဲ့ဝင်တွေ ကိုင်ဆိုင်တဲ့ဓားဖြစ်ပါတယ်။ နယူးယောက်အခြေစိုက် နာမည်ကျော် Ontario ဓားကုမ္ပဏီက ထုတ်လုပ်တဲ့ဓားဖြစ်ပါတယ်။ အသွား (၆)လက်မအရှည်ရှိတဲ့သံမဏိဓါး ဖြစ်ပြီး အထူးတလည်အကျိုးသက်ရောက်မှုရှိတဲ့လက်နက်ကိရိယာတခုအဖြစ်ရှိနေပါတယ်။ အမေရိကန်ရေတပ်သားတွေအနေနဲ့ ကိုယ်ပိုင်အသုံးပြုဖို့ နှစ်သက်တဲ့ဓားတွေကို ရွေးချယ်ခွင့်ရှိတယ်ဆိုပေမဲ့ သူတို့အားလုံးတူညီစွာရွေးချယ်ခဲ့ကြတာကတော့ အမေရိကန်ဒေါ်လာ (၇၇.၉၀)နဲ့ညီမျှတဲ့ Ontario MK3 Navy Knife သာဖြစ်ပါတယ်။
(၂) Fairbairn-Sykes
ဗြိတိန်လေတပ်မတော်ရဲ့ SAS လို့လူသိများတဲ့ Special Air Service တပ်ဖွဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကိုင်ဆောင်အသုံးပြုခဲ့တဲ့ Fairbairn-Sykes ဟာဆိုရင်လည်း တောက်တောက်ပြောင်ပြောင်အရောင်အသွေးမရှိပေမယ့် သမိုင်းကြောင်းအရတော့ခမ်းနားလှပါတယ်။ Fairbairn-Sykes ကိုတော့ ဒုတိယကမ္ဘာစစ်ကာလကပထမဆုံးဗြိတိန်လေသူရဲတွေကိုထုတ်ပေးခဲ့ပြီး တိုက်ပွဲကာလအတွင်းအထူးအသုံးဝင်တဲ့လက်နက်တခုအဖြစ် ဗြိတိန်တပ်မတော်သားအားလုံးကသဘောတူထောက်ခံခဲ့ကြပါတယ်။
ရန်သူနဲ့အနီးကပ်စစ်ဆင်ရေးတွေမှာအထူးအသုံးဝင်တယ်ဆိုတဲ့စစ်သည်တွေရဲ့ထောက်ခံမှုနဲ့အတူနောက်ပိုင်းမှာဆိုရင် အမေရိကန်ပြည်ထောင်စုကနေတောင် ကိုယ်ပိုင်စတိုင်နဲ့ Fairbairn-Sykes ဓားတွေကိုထုတ်လုပ်ခဲ့ကာ နောင် CIA ဖြစ်လာမယ့် OSS အဖွဲ့ဝင်တွေအတွက်လက်နက်အဖြစ်တပ်ဆင်ပေးခဲ့ပါတယ်။Fairbairn-Sykes တလက်ရဲ့တန်ကြေးကတော့ အမေရိကန်ဒေါ်လာ (၈၁.၆၇)ဖြစ်ပါတယ်။
(၃) Glauca B1
ပြင်သစ်စစ်တပ်ရဲ့ GIGN တပ်ဖွဲ့ဝင်တွေကိုင်ဆောင်အသုံးပြုတဲ့ Glauca B1 ကိုတော့တန်ပြန်အကြမ်းဖက်တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာအသုံးပြုလေ့ရှိပါတယ်။ တိုက်ခိုက်ရေးစစ်သည်တော်တွေရဲ့အထူးလက်နက်အဖြစ် Glauca B1 ကိုအသုံးပြုကြတာဖြစ်ပြီး အခြေနေနဲ့အချိန်ခါကိုလိုက်ပြီး မြို့တွင်းလို၊လူနေထူထပ်တဲ့နေရာတွေမှာဖြစ်လာနိုင်တဲ့စစ်ဆင် ရေးလုပ်ငန်းတွေအတွက်လည်းရည်ရွယ်ပါတယ်။ ကိုယ်ပိုင်ဒီဇိုင်း Glauca B1 မှာတော့ပလက်စတစ်နဲ့ ပြတင်းတွေကိုလှီးဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်နေပြီး စွယ်စုံရ ဓားတလက်လို့ပဲ သတ်မှတ်ရပါမယ်။ Glauca B1 တချောင်းရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာ (၃၈၈.၅၀)ဖြစ်ပါတယ်။
(၄) WING-Tactic
ပြင်သစ်အထူးကွန်မန်ဒိုတပ်ဖွဲ့ဖြစ်တဲ့ GIGN အဖွဲ့ဝင်တွေဟာ အထက်မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ Glauca B1အပြင် WING-Tactic ဓားကိုလည်း ကိုင်ဆောင်ကြပါသေးတယ်။ WING-Tactic တွေဟာဆိုရင် Wildsteer Intervention Group ကနေထုတ်လုပ်တာဖြစ်ပြီး စုစုပေါင်းဓားအရှည် (၁၁)လက်မခန့်အထိရှိကာ တိုက်ခိုက်ရေးသုံး သီးသန့် ဓားတလက်ဖြစ်ပါတယ်။ ကျွမ်းကျင်စစ်သည်တော်တယောက်ရဲ့လက်ထဲကိုရောက်ရှိချိန်မှာဆိုရင်တော့ WING-Tactic ဟာ ကြောက်စရာအကောင်းဆုံးလက်နက်တခု အဖြစ်အသွင်ပြောင်းသွားမှာဖြစ်ပြီး တန်ဖိုးကတော့အမေရိကန်ဒေါ်လာ (၃၂၆.၅၈)ကျသင့်မှာဖြစ်ပါတယ်။
(၅) Karambit
ကနေဒါ အထူးတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ဓားဖြစ်ပြီး ဆားဘီးယားစစ်ပွဲကာလက ရန်သူစနိုက်ဘာတပ်ဖွဲ့ဝင်တွေကို လုပ်ကြံရာမှာ Karambit ကိုတွင်တွင်ကျယ် ကျယ်အသုံးပြုခဲ့ကြပါတယ်။ (၂၀၀၄)ခုနှစ်ကဆိုရင်အမေရိကန်အစိုးရဟာ စစ်သည်တွေကို Karambit ဓားတွေတပ်ဆင်ပေးခဲ့ပြီး ပင်လယ်ရေကြောင်းကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်စေခဲ့ဖူးပါတယ်။ ဒါပေမဲ့လူသိများခြင်းတော့မရှိပဲ ကနေဒါစစ်သည်တွေရဲ့အကြမ်းဖက်တန်ပြန်တိုက်ခိုက်ရေးစစ်ဆင်ရေးတွေအတွင်းမှာမှ လူသိများလာတာပါ။
ကနေဒါစစ်တပ်က Joint Task Force 2 ရဲ့တိုက်ပွဲကာလတွေအတွင်းမှာလည်း Karambit တွေကို တလက်(သို့) နှစ်လက် ကိုင်ဆောင်အသုံးပြုခဲ့ကြတယ် လို့လည်း ဆိုကြပါတယ်။ Karambit ဓားဟာဆိုရင်မိမိကိုယ်ကိုကာကွယ်နိုင်ဖို့အတွက်အထူးကိုအသုံးဝင်ပြီး အခြားတယောက်ဝင်လုတာမျိုးပြုလုပ်ဖို့ခက်ခဲ အောင်ဒီဇိုင်းဆင်ထားပါတယ်။ Karambit ဓားတလက်ရဲ့တန်ကြေးကတော့ အမေရိကန်ဒေါ်လာ (၂၄၈.၉၉)ဖြစ်ပါတယ်။
(၆) Kukri
အာရှတိုက်က နီပေါနိုင်ငံသမိုင်းကြောင်းမှ ာရာစုနှစ်လောက်အထိထင်ရှားခဲ့တဲ့ Kukri ကွက်ကရီးဓားကောက်ဟာ ယနေ့အထိလည်းနီပေါစစ်တပ်ရဲ့အဓိကလက်နက်အဖြစ်ရှိနေဆဲပါ။ အထူးသဖြင့် နာမည်ကျော် ဂါရခါးတပ်ဖွဲ့တွေနဲ့ တသားတည်းရှိခဲ့တဲ့လက်နက်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် အသုံးပြုခဲ့ကြတာကိုတွေ့ရပြီး ပေါ့ပါးမှု၊မာကျောမှုနဲ့နှစ်လိုဖွယ်ဒီဇိုင်းလက်ရာတွေ ကြောင့် သုံးစွဲသူစိတ်ကြိုက်ဓားတစင်းဖြစ်ပါတယ်။ ဗြိတိန်စစ်တပ်မှာပါဝင်တဲ့ Brigade of Gurkhas တပ်ဖွဲ့ဟာဆိုရင် နီပေါနိုင်ငံစစ်သားတွေနဲ့ဖွဲ့စည်းထားပြီး နှစ်စဉ် လာရောက်လျှောက်ထားသူ (၂၅၀၀၀)လောက်ကနေ လူ(၂၀၀)လောက်ကိုရွေးချယ်လေ့ရှိပါတယ်။ ကွတ်ကရီးဓားရဲ့တန်ဖိုးကတော့ ၄၉ ဒေါ်လာ ဖြစ်ပါတယ်။
(၇) Strider SMF
အမေရိကန်ပြည်ထောင်စု၊မရိန်းတပ်ဖွဲ့ရဲ့ Detachment One ကတော့ (၂၀၀၃)ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီးရည်ရွယ်ချက်ကတော့ တန်ပြန်အကြမ်းဖက်စစ်ဆင်ရေးတွေကိုလုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ယင်းအဖွဲ့တွေရဲ့အသုံးအဆောင်ပစ္စည်းတွေမှာဆိုရင် Strider SMF ဓားဟာအတော်ကို လူသိများပါတယ်။ တိုက်တေနီယမ်ဖရိန်ကိုအသုံးပြုတည်ဆောက်ထားပြီး ကိုင်ဆောင်သူအတွက်ဘက်ပေါင်းစုံကနေအဆင်ပြေတဲ့ဓားလက်ကိုင်တွေကြောင့် Strider SMF ဟာစမ်းသပ်ကာလတွေမှာအတော်ကိုနာမည်ရခဲ့ပါတယ်။ Strider SMF တလက်ရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၇၀ ဖြစ်ပါတယ်။
(၈) Ari B’Lilah
အစ္စရေးရဲ့တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ YAMAM တွေကိုင်ဆောင်အသုံးပြုတဲ့ Ari B’Lilah ဓားဟာဆိုရင်တိုက်ပွဲတွေအတွင်းက စစ်သည်တွေရဲ့အတွေ့အကြုံ တွေကိုရယူပြီးဒီဇိုင်းဖော်ဖန်တီးထားပါတယ်။ Ari B’Lilah ကိုတော့ YAMAM အဖွဲ့အပြင် SWAT လိုအစ္စရေးလျို့ဝှက်အကြမ်းဖက်တိုက်ခိုက်ရေးဖိုက်တာတော်တော်များများကသူတို့ရဲ့ ကျွမ်းကျင်မှုနယ်ပယ်အလိုက်အသုံးပြုကြပါတယ်။ တရှိန်ထိုးများပြားလာတဲ့အရှေအလယ်ပိုင်းဒေသရဲ့မတည်ငြိမ်မှုဖြစ်စဉ်တွေကြောင့် Ari B’Lilah ရဲ့အသုံးဝင်မှုဟာအစ္စရေးတိုက်ခိုက်ရေးစစ်သည်တွေအကြားခေတ်စားနေအုန်းမှာလည်းဖြစ်ပါတယ်။ Ari B’Lilah ရဲ့ တန်ဖိုးကိုတော့ သိရခြင်းမရှိပါဘူး။
(၉) Ballistic Knife
Ballistic Knifeရဲ့ဓားသွားဟာလေထဲမှာကျည်ဆန်တခုလိုရွေလျားနိုင်ပါတယ်။ ရုရှားရဲ့နာမည်ကျော် Spetsnaz တပ်ဖွဲ့ဝင်တွေကိုင်ဆောင်အသုံးပြုတဲ့ဓားလက်နက်ဖြစ်ပြီးများစွာသော နိုင်ငံတွေမှာတော့ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကလွဲလို့ Ballistic Knife ကိုအသုံးပြုခွင့်ပိတ်ပင်ထားပါတယ်။ တိုက်ပွဲဝင်ဓားလက်နက်ကောင်းတခုအဖြစ်ရပ်တည်နေပြီး စတင်အသုံး ပြုခဲ့ကြသူတွေကလည်း ရုရှားရဲ့ Spetsnaz တွေပဲဖြစ်ပြီးရန်သူကိုအနီးကပ်တိုက်ခိုက်တဲ့ လျို့ဝှက်စစ်ဆင်ရေးတွေမှာ မှတ်တမ်းကောင်းတွေချန်နိုင်ခဲ့တဲ့အထိ Ballistic Knife တွေရဲ့ မှတ်တမ်းကတောက်ပြောင်ခဲ့ပါတယ်။
(၁၀) Ka-Bar
အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်လိုြ့ဖစ်နေတဲ့ဓားဖြစ်ပြီး Ka-Bar ဟာဒုတိယကမ္ဘာစစ်ကာလက အမေရိကန်စစ်သည်တော်တွေကြုံတွေ့ရတဲ့စစ်မြေပြင် အတွေ့အကြုံတွေကနေ နည်းယူပြီးဒီဇိုင်းဆွဲဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ စစ်မြေပြင်သုံးဓားအဖြစ်သီးသန့်တည်ရှိနေတဲ့ Ka-Bar တွေကိုတိုက်ခိုက်ရေးလက်နက်တခုအဖြစ်သာမက အခြားသောစစ်ဘက်ရေးရာပူးတွဲတာဝန်တွေကိုဆောင်ရွက်ရာတွေမှာလည်းအမြဲလိုလိုသုံးကြလေ့ရှိပါတယ်။ ဥပမာ- ဝိုင်ယာဖြတ်တောက်တဲ့လုပ်ငန်းတွေ၊ ကုန် သေတ္တာဖွင့်တဲ့လုပ်ငန်းတွေအပြင်အခြားသောစစ်ဘက်ဆိုင်ရာလုပ်ငန်းတွေမှာဖြစ်ပါတယ်။ Ka-Bar တလက်ရဲ့တန်ကြေးကတော့ အမေရိကန်ဒေါ်လာ (၅၉.၉၅)ဖြစ်ပါတယ်။
——– ——- ——-
(Zawgyi)
ကမာၻေက်ာ္ အထူးတပ္ဖြဲ႔ေတြကုိင္ေဆာင္တဲ့ ဓား ၁၀ မ်ဳိး
အေမရိကန္ျပည္ေထာင္စုရဲ့နာမည္ေက်ာ္မရိန္းတပ္ဖြဲ႔၊အထူးေလေၾကာင္းခ်ီတပ္ဖြဲ႔နဲ႔ေရတပ္ေတြဟာထိပ္တန္းမာၻေက်ာ္တိုက္ခိုက္ေရးစစ္သည္ေတာ္ေတြအျဖစ္ထင္ရွားပါတယ္။ အဓိက ကေတာ့ေနာက္ဆံုးေပၚနည္းပညာျမင့္စစ္ေရးကိရိယာေတြကိုတပ္ဆင္အသံုးျပဳထားျခင္းက အေမရိကန္စစ္သည္ေတြကို အျခားေသာ ကမာၻ႔ထိပ္တန္းနိုင္ငံေတြကအထူးတပ္ဖြဲ႔ေတြထက္ ေခါင္းတလံုးပိုသာေစတာလည္းျဖစ္ပါတယ္။
နည္းပညာပိုင္းအရဘယ္ေလာက္ျမင့္မားေနပါေစ ယေန႔ကာလနာမည္ေက်ာ္တိုက္ခိုက္ေရးတပ္ဖြဲ႔ေတြဟာ လူသားေတြရဲ့ မူလတိုက္ခိုက္ေရးကိရိယာဓားလက္နက္ကိုေတာ့ စြန္႔ပစ္လို႔မရေသးပါဘူး။ ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ ကမာၻေက်ာ္အထူးတပ္ဖြဲ႔ေတြကိုင္ေဆာင္အသံုးျပဳေနတဲ့ဓား (၁၀)မ်ိဳးရဲ့ အေၾကာင္းအရာအခ်ိဳ႔ပဲျဖစ္ပါတယ္။
(၁) Ontario MK3 Navy Knife
ဒီဓားကေတာ့ အေမရိကန္ အထူးတပ္ဖြဲ႔ျဖစ္တဲ့ Navy SEALs အဖြဲ႔၀င္ေတြ ကုိင္ဆုိင္တဲ့ဓားျဖစ္ပါတယ္။ နယူးေယာက္အေျခစုိက္ နာမည္ေက်ာ္ Ontario ဓားကုမၸဏီက ထုတ္လုပ္တဲ့ဓားျဖစ္ပါတယ္။ အသြား (၆)လက္မအရွည္ရွိတဲ့သံမဏိဓါး ျဖစ္ျပီး အထူးတလည္အက်ိဳးသက္ေရာက္မႈရွိတဲ့လက္နက္ကိရိယာတခုအျဖစ္ရွိေနပါတယ္။ အေမရိကန္ေရတပ္သားေတြအေနနဲ႔ ကိုယ္ပိုင္အသံုးျပဳဖို႔ ႏွစ္သက္တဲ့ဓားေတြကို ေရြးခ်ယ္ခြင့္ရွိတယ္ဆိုေပမဲ့ သူတို႔အားလံုးတူညီစြာေရြးခ်ယ္ခဲ့ၾကတာကေတာ့ အေမရိကန္ေဒၚလာ (၇၇.၉၀)နဲ႔ညီမ်ွတဲ့ Ontario MK3 Navy Knife သာျဖစ္ပါတယ္။
(၂) Fairbairn-Sykes
ၿဗိတိန္ေလတပ္မေတာ္ရဲ့ SAS လို႔လူသိမ်ားတဲ့ Special Air Service တပ္ဖြဲ႔ ဆယ္စုနွစ္ေပါင္းမ်ားစြာ ကိုင္ေဆာင္အသံုးျပဳခဲ့တဲ့ Fairbairn-Sykes ဟာဆိုရင္လည္း ေတာက္ေတာက္ေျပာင္ေျပာင္အေရာင္အေသြးမရွိေပမယ့္ သမိုင္းေၾကာင္းအရေတာ့ခမ္းနားလွပါတယ္။ Fairbairn-Sykes ကိုေတာ့ ဒုတိယကမာၻစစ္ကာလကပထမဆံုးျဗိတိန္ေလသူရဲေတြကိုထုတ္ေပးခဲ့ျပီး တိုက္ပြဲကာလအတြင္းအထူးအသံုးဝင္တဲ့လက္နက္တခုအျဖစ္ ျဗိတိန္တပ္မေတာ္သားအားလံုးကသေဘာတူေထာက္ခံခဲ့ၾကပါတယ္။
ရန္သူနဲ႔အနီးကပ္စစ္ဆင္ေရးေတြမွာအထူးအသံုးဝင္တယ္ဆိုတဲ့စစ္သည္ေတြရဲ့ေထာက္ခံမႈနဲ႔အတူေနာက္ပိုင္းမွာဆိုရင္ အေမရိကန္ျပည္ေထာင္စုကေနေတာင္ ကုိယ္ပုိင္စတုိင္နဲ႔ Fairbairn-Sykes ဓားေတြကိုထုတ္လုပ္ခဲ့ကာ ေနာင္ CIA ျဖစ္လာမယ့္ OSS အဖြဲ႔၀င္ေတြအတြက္လက္နက္အျဖစ္တပ္ဆင္ေပးခဲ့ပါတယ္။Fairbairn-Sykes တလက္ရဲ့တန္ေၾကးကေတာ့ အေမရိကန္ေဒၚလာ (၈၁.၆၇)ျဖစ္ပါတယ္။
(၃) Glauca B1
ျပင္သစ္စစ္တပ္ရဲ့ GIGN တပ္ဖြဲ႔ဝင္ေတြကိုင္ေဆာင္အသံုးျပဳတဲ့ Glauca B1 ကိုေတာ့တန္ျပန္အၾကမ္းဖက္တိုက္ခိုက္ေရးစစ္ဆင္ေရးေတြမွာအသံုးျပဳေလ့ရွိပါတယ္။ တိုက္ခိုက္ေရးစစ္သည္ေတာ္ေတြရဲ့အထူးလက္နက္အျဖစ္ Glauca B1 ကိုအသံုးျပဳၾကတာျဖစ္ျပီး အေျခေနနဲ႔အခ်ိန္ခါကိုလိုက္ျပီး ျမိဳ႕တြင္းလို၊လူေနထူထပ္တဲ့ေနရာေတြမွာျဖစ္လာနိုင္တဲ့စစ္ဆင္ ေရးလုပ္ငန္းေတြအတြက္လည္းရည္ရြယ္ပါတယ္။ ကုိယ္ပုိင္ဒီဇုိင္း Glauca B1 မွာေတာ့ပလက္စတစ္နဲ႔ ျပတင္းေတြကိုလွီးျဖတ္နိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြပါဝင္ေနျပီး စြယ္စုံရ ဓားတလက္လို႔ပဲ သတ္မွတ္ရပါမယ္။ Glauca B1 တေခ်ာင္းရဲ့တန္ဖိုးကေတာ့အေမရိကန္ေဒၚလာ (၃၈၈.၅၀)ျဖစ္ပါတယ္။
(၄) WING-Tactic
ျပင္သစ္အထူးကြန္မန္ဒိုတပ္ဖြဲ႔ျဖစ္တဲ့ GIGN အဖြဲ႔၀င္ေတြဟာ အထက္မွာေဖာ္ျပခဲ့ျပီးျဖစ္တဲ့ Glauca B1အျပင္ WING-Tactic ဓားကိုလည္း ကုိင္ေဆာင္ၾကပါေသးတယ္။ WING-Tactic ေတြဟာဆိုရင္ Wildsteer Intervention Group ကေနထုတ္လုပ္တာျဖစ္ျပီး စုစုေပါင္းဓားအရွည္ (၁၁)လက္မခန္႔အထိရွိကာ တိုက္ခိုက္ေရးသံုး သီးသန္႔ ဓားတလက္ျဖစ္ပါတယ္။ ကြ်မ္းက်င္စစ္သည္ေတာ္တေယာက္ရဲ့လက္ထဲကိုေရာက္ရွိခ်ိန္မွာဆိုရင္ေတာ့ WING-Tactic ဟာ ေၾကာက္စရာအေကာင္းဆံုးလက္နက္တခု အျဖစ္အသြင္ေျပာင္းသြားမွာျဖစ္ျပီး တန္ဖိုးကေတာ့အေမရိကန္ေဒၚလာ (၃၂၆.၅၈)က်သင့္မွာျဖစ္ပါတယ္။
(၅) Karambit
ကေနဒါ အထူးတပ္ဖြဲ႔ဝင္ေတြကိုင္ေဆာင္တဲ့ဓားျဖစ္ျပီး ဆားဘီးယားစစ္ပြဲကာလက ရန္သူစနိုက္ဘာတပ္ဖြဲ႔ဝင္ေတြကို လုပ္ၾကံရာမွာ Karambit ကိုတြင္တြင္က်ယ္ က်ယ္အသံုးျပဳခဲ့ၾကပါတယ္။ (၂၀၀၄)ခုနွစ္ကဆိုရင္အေမရိကန္အစိုးရဟာ စစ္သည္ေတြကို Karambit ဓားေတြတပ္ဆင္ေပးခဲ့ျပီး ပင္လယ္ေရေၾကာင္းကာကြယ္ေရးတာဝန္ေတြကိုထမ္းေဆာင္ေစခဲ့ဖူးပါတယ္။ ဒါေပမဲ့လူသိမ်ားျခင္းေတာ့မရွိပဲ ကေနဒါစစ္သည္ေတြရဲ့အၾကမ္းဖက္တန္ျပန္တိုက္ခိုက္ေရးစစ္ဆင္ေရးေတြအတြင္းမွာမွ လူသိမ်ားလာတာပါ။
ကေနဒါစစ္တပ္က Joint Task Force 2 ရဲ့တိုက္ပြဲကာလေတြအတြင္းမွာလည္း Karambit ေတြကို တလက္(သုိ႔) ႏွစ္လက္ ကုိင္ေဆာင္အသံုးျပဳခဲ့ၾကတယ္ လုိ႔လည္း ဆုိၾကပါတယ္။ Karambit ဓားဟာဆိုရင္မိမိကုိယ္ကိုကာကြယ္နိုင္ဖို႔အတြက္အထူးကိုအသံုးဝင္ျပီး အျခားတေယာက္ဝင္လုတာမ်ိဳးျပဳလုပ္ဖို႔ခက္ခဲ ေအာင္ဒီဇိုင္းဆင္ထားပါတယ္။ Karambit ဓားတလက္ရဲ့တန္ေၾကးကေတာ့ အေမရိကန္ေဒၚလာ (၂၄၈.၉၉)ျဖစ္ပါတယ္။
(၆) Kukri
အာရွတိုက္က နီေပါနိုင္ငံသမိုင္းေၾကာင္းမွ ာရာစုနွစ္ေလာက္အထိထင္ရွားခဲ့တဲ့ Kukri ကြက္ကရီးဓားေကာက္ဟာ ယေန႔အထိလည္းနီေပါစစ္တပ္ရဲ့အဓိကလက္နက္အျဖစ္ရွိေနဆဲပါ။ အထူးသျဖင့္ နာမည္ေက်ာ္ ဂါရခါးတပ္ဖြဲ႔ေတြနဲ႔ တသားတည္းရွိခဲ့တဲ့လက္နက္အျဖစ္ ဆယ္စုနွစ္ေပါင္းမ်ားစြာတုိင္ေအာင္ အသံုးျပဳခဲ့ၾကတာကိုေတြ႔ရျပီး ေပါ့ပါးမႈ၊မာေက်ာမႈနဲ႔နွစ္လိုဖြယ္ဒီဇိုင္းလက္ရာေတြ ေၾကာင့္ သံုးစြဲသူစိတ္ၾကိဳက္ဓားတစင္းျဖစ္ပါတယ္။ ျဗိတိန္စစ္တပ္မွာပါ၀င္တဲ့ Brigade of Gurkhas တပ္ဖြဲ႔ဟာဆိုရင္ နီေပါနိုင္ငံစစ္သားေတြနဲ႔ဖြဲ႔စည္းထားၿပီး နွစ္စဥ္ လာေရာက္ေလ်ွာက္ထားသူ (၂၅၀၀၀)ေလာက္ကေန လူ(၂၀၀)ေလာက္ကိုေရြးခ်ယ္ေလ့ရွိပါတယ္။ ကြတ္ကရီးဓားရဲ႕တန္ဖုိးကေတာ့ ၄၉ ေဒၚလာ ျဖစ္ပါတယ္။
(၇) Strider SMF
အေမရိကန္ျပည္ေထာင္စု၊မရိန္းတပ္ဖြဲ႔ရဲ့ Detachment One ကေတာ့ (၂၀၀၃)ခုနွစ္ကစတင္ဖြဲ႔စည္းခဲ့ျပီးရည္ရြယ္ခ်က္ကေတာ့ တန္ျပန္အၾကမ္းဖက္စစ္ဆင္ေရးေတြကိုလုပ္ေဆာင္ဖို႔ျဖစ္ပါတယ္။ ယင္းအဖြဲ႔ေတြရဲ့အသံုးအေဆာင္ပစၥည္းေတြမွာဆိုရင္ Strider SMF ဓားဟာအေတာ္ကို လူသိမ်ားပါတယ္။ တုိက္ေတနီယမ္ဖရိန္ကိုအသံုးျပဳတည္ေဆာက္ထားျပီး ကိုင္ေဆာင္သူအတြက္ဘက္ေပါင္းစံုကေနအဆင္ေျပတဲ့ဓားလက္ကိုင္ေတြေၾကာင့္ Strider SMF ဟာစမ္းသပ္ကာလေတြမွာအေတာ္ကိုနာမည္ရခဲ့ပါတယ္။ Strider SMF တလက္ရဲ့ တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၅၇၀ ျဖစ္ပါတယ္။
(၈) Ari B’Lilah
အစၥေရးရဲ့တန္ျပန္အၾကမ္းဖက္တိုက္ဖ်က္ေရးအဖြဲ႔ျဖစ္တဲ့ YAMAM ေတြကိုင္ေဆာင္အသံုးျပဳတဲ့ Ari B’Lilah ဓားဟာဆိုရင္တိုက္ပြဲေတြအတြင္းက စစ္သည္ေတြရဲဲ့အေတြ႔အၾကံဳ ေတြကိုရယူျပီးဒီဇိုင္းေဖာ္ဖန္တီးထားပါတယ္။ Ari B’Lilah ကိုေတာ့ YAMAM အဖြဲ႔အျပင္ SWAT လိုအစၥေရးလ်ိဳ႕ဝွက္အၾကမ္းဖက္တိုက္ခိုက္ေရးဖိုက္တာေတာ္ေတာ္မ်ားမ်ားကသူတို႔ရဲ့ ကြ်မ္းက်င္မႈနယ္ပယ္အလိုက္အသံုးျပဳၾကပါတယ္။ တရွိန္ထိုးမ်ားျပားလာတဲ့အေရွအလယ္ပိုင္းေဒသရဲ့မတည္ျငိမ္မႈျဖစ္စဥ္ေတြေၾကာင့္ Ari B’Lilah ရဲ့အသံုးဝင္မႈဟာအစၥေရးတိုက္ခိုက္ေရးစစ္သည္ေတြအၾကားေခတ္စားေနအုန္းမွာလည္းျဖစ္ပါတယ္။ Ari B’Lilah ရဲ႕ တန္ဖုိးကိုေတာ့ သိရျခင္းမရွိပါဘူး။
(၉) Ballistic Knife
Ballistic Knifeရဲ့ဓားသြားဟာေလထဲမွာက်ည္ဆန္တခုလိုေရြလ်ားနိုင္ပါတယ္။ ရုရွားရဲ့နာမည္ေက်ာ္ Spetsnaz တပ္ဖြဲ႕ဝင္ေတြကိုင္ေဆာင္အသံုးျပဳတဲ့ဓားလက္နက္ျဖစ္ျပီးမ်ားစြာေသာ နိုင္ငံေတြမွာေတာ့ စစ္ဘက္ဆိုင္ရာတပ္ဖြဲ႔ေတြကလြဲလို႔ Ballistic Knife ကိုအသံုးျပဳခြင့္ပိတ္ပင္ထားပါတယ္။ တိုက္ပြဲဝင္ဓားလက္နက္ေကာင္းတခုအျဖစ္ရပ္တည္ေနျပီး စတင္အသံုး ျပဳခဲ့ၾကသူေတြကလည္း ရုရွားရဲ့ Spetsnaz ေတြပဲျဖစ္ျပီးရန္သူကိုအနီးကပ္တိုက္ခိုက္တဲ့ လ်ိဳ႕ဝွက္စစ္ဆင္ေရးေတြမွာ မွတ္တမ္းေကာင္းေတြခ်န္နိုင္ခဲ့တဲ့အထိ Ballistic Knife ေတြရဲ့ မွတ္တမ္းကေတာက္ေျပာင္ခဲ့ပါတယ္။
(၁၀) Ka-Bar
အေမရိကန္ မရိန္းတပ္ဖြဲ႔ရဲ့ကို္ယ္ပိုင္အမွတ္တံဆိပ္လိုျ့ဖစ္ေနတဲ့ဓားျဖစ္ျပီး Ka-Bar ဟာဒုတိယကမာၻစစ္ကာလက အေမရိကန္စစ္သည္ေတာ္ေတြၾကံဳေတြ႔ရတဲ့စစ္ေျမျပင္ အေတြ႔အၾကံဳေတြကေန နည္းယူျပီးဒီဇိုင္းဆြဲဖန္တီးခဲ့တာလည္းျဖစ္ပါတယ္။ စစ္ေျမျပင္သံုးဓားအျဖစ္သီးသန္႔တည္ရွိေနတဲ့ Ka-Bar ေတြကိုတိုက္ခိုက္ေရးလက္နက္တခုအျဖစ္သာမက အျခားေသာစစ္ဘက္ေရးရာပူးတြဲတာဝန္ေတြကိုေဆာင္ရြက္ရာေတြမွာလည္းအျမဲလိုလိုသံုးၾကေလ့ရွိပါတယ္။ ဥပမာ- ဝိုင္ယာျဖတ္ေတာက္တဲ့လုပ္ငန္းေတြ၊ ကုန္ ေသတၱာဖြင့္တဲ့လုပ္ငန္းေတြအျပင္အျခားေသာစစ္ဘက္ဆိုင္ရာလုပ္ငန္းေတြမွာျဖစ္ပါတယ္။ Ka-Bar တလက္ရဲ့တန္ေၾကးကေတာ့ အေမရိကန္ေဒၚလာ (၅၉.၉၅)ျဖစ္ပါတယ္။