တရုတ်သိုင်းဇာတ်ကားများတွင် အမြဲလိုလိုပါလေ့ရှိသည့် ရှောင်လင် ဟူသော ဝေါဟာရနှင့်အတူ ရှောင်လင်ကျောင်းတော် ဟူသည့် နာမည်မှာ အားလုံးနှင့် ရင်းနှီးပြီး ဖြစ်မည်ထင်ပါသည်။ ရှောင်လင် ဟူသောဝေါဟာရတွင် ရှောင်မှာ ဆောန်ရှန်း တောင်တန်း ပေါ်ရှိ ရှောင်ရှိတောင် ကိုကိုယ်စားပြု ၍ လင် ၏အဓိပ္ပါယ်မှာ တောအုပ် ဖြစ်သည်။ အတိအကျအားဖြင်.ဆိုသော် ရှောင်လင် ဆိုသည်မှာ ရှောင်ရှိတောင်ရှိတောအုပ်များထဲမှ ကျောင်းတော် ဟု အဓိပ္ပါယ်ရပါသည်။
ရှောင်လင်ကျောင်းတော် (သို့မဟုတ်) ရှောင်လင်ဘုရားကျောင်း သည် ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟန်နန် ပြည်နယ် ဆောန်ရှန်း တောင်တန်း (Song Shan)ပေါ်တွင် တည်ရှိသော ဘုန်းကြီးကျောင်း တစ်ခုဖြစ်သည်။ Zhengzhou မြို့၏အနောက်ဘက် ၅၆မိုင် ခန့်အကွာတွင်တည်ရှိသည်။ ရှောင်လင်ကျောင်းတော် ကျောင်းဝန်း၏ အကျယ်အဝန်းဧရိယာမှာ စတုရန်းပေ ၆၂၀၀၀၀ ခန့်ဖြစ်သည်။ အဓိက ခန်းမ အဆောက်အအုံကြီး ၇ ခုအပြင် များပြားလှစွာသော ခန်းမငယ်များ ၊ တာဝါများ ၊ မြေကွက်လပ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။
ရှောင်လင်ကျောင်းတော်ကို ဧကရာဇ်ရှောင်ဝမ် က အေဒီ ၄၇၇ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးသော ကျောင်းထိုင်ဘုန်းကြီးမှာ ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ ၄၆၄ တွင် တရုတ်ပြည်သို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော် ဘတ်တူ (Batuo) ( ဖော့တူ(Fotuo) သို့မဟုတ် ဘဒ္ဒရာ (Bhadra – the Chinese transposition of Buddha)) ဖြစ်လေသည်။
ဆရာတော်ဗောဓိဓမ္မသည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် ၅ရာစု နှင့် ၆ရာစုကြားတွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သည်။ မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးရှောင်လင် ကိုယ်ခံပညာ နှင့် ချန်ဗုဒ္ဓဘာသာ ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုအချိန်က ဘုန်းတော်ကြီး ဗောဓိဓမ္မသည် ကျောင်းနေကိုရင် ၊ ရဟန်းတို့အား တိုက်ချိချွမ် ၏ အခြေခံဖြစ်သည့်18 Hands of the Lohan ကို စတင်သင်ကြားပေးခဲ့သည် ဟုဆိုသည်။
ရှောင်လင်ကျောင်းတော်သည် တရုတ်နိုင်ငံသမိုင်းတွင် ထင်ရှားခဲ့သည်။ အေဒီ ၆၂၇ ခန့်တွင် စုန်မင်းဆက် ဘုရင် Taizong ကို ယခင် စွေမင်းဆက်၏ စစ်သူကြီးတယောက်ဖြစ်သူ Wang Shi-chong က ဖမ်းဆီးသွားရာ ရှောင်လင်ဘုန်းတော်ကြီး ၁၃ပါးက လိုက်လံကယ်တင်ခဲ့ကြသည့်အပြင် Qianglingkou တိုက်ပွဲတွင် ရန်သူစစ်သည်များအား ဆုတ်ခွာသွားစေရန် တိုက်ထုတ်နိုင်ခဲ့ကြသည်။ ဘုရင် Taizong က ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုပွဲကျင်းပခဲ့ပေးခဲ့ပြီး သူ့အားကယ်တင်ခဲ့သည့် ရှောင်လင်ဘုန်းကြီးများ၏ နာမည်ကို ကျောက်ပြားတွင် ရေးထွင်းစေခဲ့သည်။ ရှောင်လင်ကျောင်းအတွက် ဧက ၁၀၀ နီးပါးကျယ်ဝန်းသော မြေကိုလှူဒါန်းခဲ့ပြီး ထိုအချိန်မှ စ၍ ရှောင်လင်ကျောင်းတော်သည် တိုက်ခိုက်ရေးဘုန်းတော်ကြီး အပါး ၅၀၀ ခန့်ကို လေ့ကျင့်ပေးရာနေရာ တခုဖြစ်လာခဲ့သည်။
ခေတ်အဆက်ဆက်တွင် ရှောင်လင်ကျောင်းသည် ထင်ရှားခဲ့ပြီး မင်မင်းဆက်ကာလ အေဒီ ၁၄ရာစုအကုန်ခန့်တွင်မူ စစ်သည်ပေါင်း ၂၅၀၀ ကို သိုင်းပညာလေ့ကျင့်ပေးသည့် နေရာအဖြစ် ကြီးထွားစည်ပင်လာခဲ့သည်။ ခေတ်အဆက်ဆက် ပညာရှင်များက ပိုမိုကောင်းမွန်သော တိုက်ခိုက်ရေးပညာရပ်များကို တီထွင်စပ်ပေါင်း လေ့ကျင့်စေခဲ့ပြီး မူလက လက်ချည်းသက်သက် လက်နက်မဲ့ လေ့ကျင့်ခဲ့ရာမှ လက်နက်ဖြင့် တိုက်ခိုက်သည့် ပညာရပ်များကိုပါ သင်ကြားစေခဲ့ကြသည်။
၁၇ ရာစု အလယ်ပိုင်းတွင် စတင်ခဲ့သည့် Qing မင်းဆက်ကာလတွင်မူ ရှောင်လင်ကျောင်းတော်သည် မှေးမှိန်ခဲ့ရသည်။ အစိုးရသည် ဘုန်းကြီးများအား သိုင်းပညာလေ့ကျင့်မှုကို တားမြစ်ခဲ့သည့်အပြင် များပြားလှစွာသော ဘုန်းကြီးများကို ကျောင်းမှ ထွက်ခွာစေခဲ့သည်။ ထိုဘုန်းတော်ကြီးများထဲမှ Ng Mui, Jee Shin Shim Shee, Fung Doe Duk အစရှိသော ဘုန်းကြီးများသည် လှည့်လည်သွားရင်း တရုတ်ပြည်တလွှားသို့ ရှောင်လင်ကွန်ဖူးပညာရပ်များကို မျှဝေခဲ့ကြသည်။
ရှောင်လင်ကျောင်းတော်သည် အကြိမ်ကြိမ်ဖျက်စီးခံခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည်တည်ဆောက်ခဲ့ရသည်။ ၇ရာစု ၊ ၁၄ရာစု ၊ ၁၇ ရာစု ၊ ၁၈ ရာစုများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖျက်စီးခံခဲ့ရပြီး ပြန်လည်တည်ဆောက်ခဲ့ကြရသည်။ ရှောင်လင်ကွန်ဖူးသည် ၁၈ရာစုတွင် ဂျပန်နိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် ရှောင်လင်သိုင်းပညာကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် စစ်ခေါင်းဆောင် Shi Yousan သည် ရှောင်လင်ကျောင်းတော် အဆောက်အဦးများနှင့် မှတ်တမ်းမှတ်ရာ အားလုံး၏ ၉၀% ခန့်ကို ဖျက်ဆီးပစ်ခဲ့သည်။ စာကြည့်တိုက်လည်း ပါဝင်ခဲ့ပြီး ရက် ၄၀ ကြာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ၁၉၆၆ ခုနှစ်မှ စတင်သော ယဉ်ကျေးမှုတော်လှန်ရေးကာလတွင်လည်း အစောင့်တပ်များအား ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးအများအပြား အကျဉ်းချခံခဲ့ရသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။
၁၉၈၂ ခုနှစ်တွင် ရိုက်ကူးခဲ့သော မင်းသားဂျက်လီ၏ ရှောင်လင်ကျောင်းတော်ရုပ်ရှင်သည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၆သန်းအထိ ရရှိအောင်မြင်ခဲ့ပြီးသည့်နောက် ရှောင်လင်ကျောင်းတော်ကို ကမ္ဘာကသတိပြုမိခဲ့ကြသည်။ နောက်နောင်တရုတ်ရိုးရာ ဇာတ်လမ်းများတွင် အမြဲလိုလို ထည့်သွင်းရိုက်ကူးခဲ့ပြီးသည့်နောက် ရှောင်လင်ကျောင်းတော်သည် ကမ္ဘာကျော်ခဲ့လေတော့သသည်။ တရုတ်ကိုယ်ခံပညာနှင့် အထူးသဖြင့် ရှောင်လင်ကွန်ဖူးနှင့် တွဲဖက်၍ နှစ်ရှည်လများ ထင်ရှားခဲ့သည်။ အနောက်ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခုဟုပင်ဆိုနိုင်သည်။ ရှောင်လင်ကျောင်းတော်နှင့် ၎င်း၏ Pagoda Forest သည် ၂၀၁၀ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာတခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
တရုတ်ပြည် ဂျပန်ပြည် ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ-ဆရာတော် ဗောဓိဓမ္မ
Myanmar Wikipedia
—– —— ———
(Zawgyi)
ကမာၻေက်ာ္ ေရွာင္လင္ေက်ာင္းေတာ္
တ႐ုတ္သိုင္းဇာတ္ကားမ်ားတြင္ အၿမဲလိုလိုပါေလ့ရွိသည့္ ေရွာင္လင္ ဟူေသာ ေဝါဟာရႏွင့္အတူ ေရွာင္လင္ေက်ာင္းေတာ္ ဟူသည့္ နာမည္မွာ အားလုံးႏွင့္ ရင္းႏွီးၿပီး ျဖစ္မည္ထင္ပါသည္။ ေရွာင္လင္ ဟူေသာေဝါဟာရတြင္ ေရွာင္မွာ ေဆာန္ရွန္း ေတာင္တန္း ေပၚရွိ ေရွာင္ရွိေတာင္ ကိုကိုယ္စားျပဳ ၍ လင္ ၏အဓိပၸါယ္မွာ ေတာအုပ္ ျဖစ္သည္။ အတိအက်အားျဖင္.ဆိုေသာ္ ေရွာင္လင္ ဆိုသည္မွာ ေရွာင္ရွိေတာင္ရွိေတာအုပ္မ်ားထဲမွ ေက်ာင္းေတာ္ ဟု အဓိပၸါယ္ရပါသည္။
ေရွာင္လင္ေက်ာင္းေတာ္ (သို႔မဟုတ္) ေရွာင္လင္ဘုရားေက်ာင္း သည္ ယခု တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ ဟန္နန္ ျပည္နယ္ ေဆာန္ရွန္း ေတာင္တန္း (Song Shan)ေပၚတြင္ တည္ရွိေသာ ဘုန္းႀကီးေက်ာင္း တစ္ခုျဖစ္သည္။ Zhengzhou ၿမိဳ႕၏အေနာက္ဘက္ ၅၆မိုင္ ခန႔္အကြာတြင္တည္ရွိသည္။ ေရွာင္လင္ေက်ာင္းေတာ္ ေက်ာင္းဝန္း၏ အက်ယ္အဝန္းဧရိယာမွာ စတုရန္းေပ ၆၂၀၀၀၀ ခန႔္ျဖစ္သည္။ အဓိက ခန္းမ အေဆာက္အအုံႀကီး ၇ ခုအျပင္ မ်ားျပားလွစြာေသာ ခန္းမငယ္မ်ား ၊ တာဝါမ်ား ၊ ေျမကြက္လပ္မ်ားျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားသည္။
ေရွာင္လင္ေက်ာင္းေတာ္ကို ဧကရာဇ္ေရွာင္ဝမ္ က ေအဒီ ၄၇၇ တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ပထမဦးဆုံးေသာ ေက်ာင္းထိုင္ဘုန္းႀကီးမွာ ဗုဒၶသာသနာေတာ္ ပ်ံ႕ပြားေရးအတြက္ ေအဒီ ၄၆၄ တြင္ တ႐ုတ္ျပည္သို႔ ေရာက္ရွိခဲ့ေသာ အိႏၵိယလူမ်ိဳး တရားျပဆရာေတာ္ ဘတ္တူ (Batuo) ( ေဖာ့တူ(Fotuo) သို႔မဟုတ္ ဘဒၵရာ (Bhadra – the Chinese transposition of Buddha)) ျဖစ္ေလသည္။
ဆရာေတာ္ေဗာဓိဓမၼသည္ ဗုဒၶသာသနာေတာ္ ပ်ံ႕ပြားေရးအတြက္ ၅ရာစု ႏွင့္ ၆ရာစုၾကားတြင္ တ႐ုတ္ျပည္ေရွာင္လင္ဘုရားေက်ာင္းသို႔ ေရာက္ရွိခဲ့သည္။ မဟာယာန ဇင္ဗုဒၶဘာသာ တြင္ ကမာၻတြင္ နာမည္ေက်ာ္ၾကား လူသိအမ်ားဆုံးဆရာေတာ္ ျဖစ္သည္။ တ႐ုတ္ျပည္ေရွာင္လင္ဘုရားေက်ာင္းသို႔ ေရာက္ရွိခဲ့ၿပီးေရွာင္လင္ ကိုယ္ခံပညာ ႏွင့္ ခ်န္ဗုဒၶဘာသာ ကို စံနစ္တက် သင္ၾကားေလ့က်င့္ေပးခဲ့သည္။ ကိုယ္ခံပညာ သမိုင္းတြင္ ဩဇာအႀကီးမားဆုံးေသာ သူမ်ားထဲတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။ ထိုအခ်ိန္က ဘုန္းေတာ္ႀကီး ေဗာဓိဓမၼသည္ ေက်ာင္းေနကိုရင္ ၊ ရဟန္းတို႔အား တိုက္ခ်ိခြၽမ္ ၏ အေျခခံျဖစ္သည့္18 Hands of the Lohan ကို စတင္သင္ၾကားေပးခဲ့သည္ ဟုဆိုသည္။
ေရွာင္လင္ေက်ာင္းေတာ္သည္ တ႐ုတ္ႏိုင္ငံသမိုင္းတြင္ ထင္ရွားခဲ့သည္။ ေအဒီ ၆၂၇ ခန႔္တြင္ စုန္မင္းဆက္ ဘုရင္ Taizong ကို ယခင္ ေစြမင္းဆက္၏ စစ္သူႀကီးတေယာက္ျဖစ္သူ Wang Shi-chong က ဖမ္းဆီးသြားရာ ေရွာင္လင္ဘုန္းေတာ္ႀကီး ၁၃ပါးက လိုက္လံကယ္တင္ခဲ့ၾကသည့္အျပင္ Qianglingkou တိုက္ပြဲတြင္ ရန္သူစစ္သည္မ်ားအား ဆုတ္ခြာသြားေစရန္ တိုက္ထုတ္ႏိုင္ခဲ့ၾကသည္။ ဘုရင္ Taizong က ႀကီးက်ယ္ခမ္းနားေသာ ဂုဏ္ျပဳပြဲက်င္းပခဲ့ေပးခဲ့ၿပီး သူ႔အားကယ္တင္ခဲ့သည့္ ေရွာင္လင္ဘုန္းႀကီးမ်ား၏ နာမည္ကို ေက်ာက္ျပားတြင္ ေရးထြင္းေစခဲ့သည္။ ေရွာင္လင္ေက်ာင္းအတြက္ ဧက ၁၀၀ နီးပါးက်ယ္ဝန္းေသာ ေျမကိုလႉဒါန္းခဲ့ၿပီး ထိုအခ်ိန္မွ စ၍ ေရွာင္လင္ေက်ာင္းေတာ္သည္ တိုက္ခိုက္ေရးဘုန္းေတာ္ႀကီး အပါး ၅၀၀ ခန႔္ကို ေလ့က်င့္ေပးရာေနရာ တခုျဖစ္လာခဲ့သည္။
ေခတ္အဆက္ဆက္တြင္ ေရွာင္လင္ေက်ာင္းသည္ ထင္ရွားခဲ့ၿပီး မင္မင္းဆက္ကာလ ေအဒီ ၁၄ရာစုအကုန္ခန႔္တြင္မူ စစ္သည္ေပါင္း ၂၅၀၀ ကို သိုင္းပညာေလ့က်င့္ေပးသည့္ ေနရာအျဖစ္ ႀကီးထြားစည္ပင္လာခဲ့သည္။ ေခတ္အဆက္ဆက္ ပညာရွင္မ်ားက ပိုမိုေကာင္းမြန္ေသာ တိုက္ခိုက္ေရးပညာရပ္မ်ားကို တီထြင္စပ္ေပါင္း ေလ့က်င့္ေစခဲ့ၿပီး မူလက လက္ခ်ည္းသက္သက္ လက္နက္မဲ့ ေလ့က်င့္ခဲ့ရာမွ လက္နက္ျဖင့္ တိုက္ခိုက္သည့္ ပညာရပ္မ်ားကိုပါ သင္ၾကားေစခဲ့ၾကသည္။
၁၇ ရာစု အလယ္ပိုင္းတြင္ စတင္ခဲ့သည့္ Qing မင္းဆက္ကာလတြင္မူ ေရွာင္လင္ေက်ာင္းေတာ္သည္ ေမွးမွိန္ခဲ့ရသည္။ အစိုးရသည္ ဘုန္းႀကီးမ်ားအား သိုင္းပညာေလ့က်င့္မႈကို တားျမစ္ခဲ့သည့္အျပင္ မ်ားျပားလွစြာေသာ ဘုန္းႀကီးမ်ားကို ေက်ာင္းမွ ထြက္ခြာေစခဲ့သည္။ ထိုဘုန္းေတာ္ႀကီးမ်ားထဲမွ Ng Mui, Jee Shin Shim Shee, Fung Doe Duk အစရွိေသာ ဘုန္းႀကီးမ်ားသည္ လွည့္လည္သြားရင္း တ႐ုတ္ျပည္တလႊားသို႔ ေရွာင္လင္ကြန္ဖူးပညာရပ္မ်ားကို မွ်ေဝခဲ့ၾကသည္။
ေရွာင္လင္ေက်ာင္းေတာ္သည္ အႀကိမ္ႀကိမ္ဖ်က္စီးခံခဲ့ရၿပီး အႀကိမ္ႀကိမ္ျပန္လည္တည္ေဆာက္ခဲ့ရသည္။ ၇ရာစု ၊ ၁၄ရာစု ၊ ၁၇ ရာစု ၊ ၁၈ ရာစုမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖ်က္စီးခံခဲ့ရၿပီး ျပန္လည္တည္ေဆာက္ခဲ့ၾကရသည္။ ေရွာင္လင္ကြန္ဖူးသည္ ၁၈ရာစုတြင္ ဂ်ပန္ႏိုင္ငံသို႔ စတင္ေရာက္ရွိခဲ့ၿပီး ဂ်ပန္ႏိုင္ငံတြင္ ေရွာင္လင္သိုင္းပညာေက်ာင္းမ်ား ေပၚေပါက္လာခဲ့သည္။ ၁၉၂၈ ခုႏွစ္တြင္ စစ္ေခါင္းေဆာင္ Shi Yousan သည္ ေရွာင္လင္ေက်ာင္းေတာ္ အေဆာက္အဦးမ်ားႏွင့္ မွတ္တမ္းမွတ္ရာ အားလုံး၏ ၉၀% ခန႔္ကို ဖ်က္ဆီးပစ္ခဲ့သည္။ စာၾကည့္တိုက္လည္း ပါဝင္ခဲ့ၿပီး ရက္ ၄၀ ၾကာ မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။ ၁၉၆၆ ခုႏွစ္မွ စတင္ေသာ ယဥ္ေက်းမႈေတာ္လွန္ေရးကာလတြင္လည္း အေစာင့္တပ္မ်ားအား ျပန္လည္တိုက္ခိုက္ခဲ့မႈေၾကာင့္ ဘုန္းႀကီးအမ်ားအျပား အက်ဥ္းခ်ခံခဲ့ရသည့္ ျဖစ္ရပ္မ်ားလည္း ရွိခဲ့သည္။
၁၉၈၂ ခုႏွစ္တြင္ ႐ိုက္ကူးခဲ့ေသာ မင္းသားဂ်က္လီ၏ ေရွာင္လင္ေက်ာင္းေတာ္႐ုပ္ရွင္သည္ ဝင္ေငြ အေမရိကန္ေဒၚလာ ၁၀၆သန္းအထိ ရရွိေအာင္ျမင္ခဲ့ၿပီးသည့္ေနာက္ ေရွာင္လင္ေက်ာင္းေတာ္ကို ကမာၻကသတိျပဳမိခဲ့ၾကသည္။ ေနာက္ေနာင္တ႐ုတ္႐ိုးရာ ဇာတ္လမ္းမ်ားတြင္ အၿမဲလိုလို ထည့္သြင္း႐ိုက္ကူးခဲ့ၿပီးသည့္ေနာက္ ေရွာင္လင္ေက်ာင္းေတာ္သည္ ကမာၻေက်ာ္ခဲ့ေလေတာ့သသည္။ တ႐ုတ္ကိုယ္ခံပညာႏွင့္ အထူးသျဖင့္ ေရွာင္လင္ကြန္ဖူးႏွင့္ တြဲဖက္၍ ႏွစ္ရွည္လမ်ား ထင္ရွားခဲ့သည္။ အေနာက္ကမာၻတြင္ နာမည္ေက်ာ္ၾကား လူသိအမ်ားဆုံး မဟာယာနဗုဒၶဘာသာ ေက်ာင္းေတာ္တစ္ခုဟုပင္ဆိုႏိုင္သည္။ ေရွာင္လင္ေက်ာင္းေတာ္ႏွင့္ ၎၏ Pagoda Forest သည္ ၂၀၁၀ ခုႏွစ္တြင္ ယူနက္စကို၏ ကမာၻ႔အေမြအႏွစ္ ေနရာတခုအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသည္။
တ႐ုတ္ျပည္ ဂ်ပန္ျပည္ ကိုယ္ခံပညာ ႏွင့္ ဇင္ဗုဒၶဘာသာအစ-ဆရာေတာ္ ေဗာဓိဓမၼ
Myanmar Wikipedia