Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ အဆိုးဝါးဆုံးသော အကြမ်းဖက်မှုကြီး ၁၀ ခု

by Thutamm
November 16, 2019
Reading Time: 1min read
0
ကမ္ဘာ့ အဆိုးဝါးဆုံးသော အကြမ်းဖက်မှုကြီး ၁၀ ခု
Share on FacebookShare on Twitter

လူသားတွေနေထိုင်ရာ ကမ္ဘာမြေကြီးဟာ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ကြောင့် အတော်ကိုအရုပ်ဆိုးခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။ သန်းထောင်နဲ့ချီတဲ့ ကမ္ဘာလူဦးရေအတွင်းမှာ အနည်းငယ်မျှသာရှိတဲ့ အကြမ်းဖက်စစ်သွေးကြွတွေဟာ အပြစ်ကင်းစင်တဲ့ လူဘဝများစွာကို ယနေ့တိုင်ခြိမ်းခြောက်လျက်ရှိနေဆဲပါ။ အမေရိကန်ပြည်ထောင်စု၊ နယူးဟောက်ကလမ်းမကြီးတွေနဲ့ မိုးမျှော်အစောင့်အအုံကြီးတွေ၊ဥရောပက အဓိက မြို့တော်ကြီးတွေ၊ ယခုတိုင်မငြိမ်မသက်ဖြစ်နေတဲ့ အရှေအလယ်ပိုင်းဒေသတွေ၊ အာဖဂန်နစ္စတန် စစ်မြပြင်တွေအထိ အကြမ်းဖက်သမားတွေရဲ့ ကွန်ယက်ဟာဖြန့်ကျက် ခဲ့ပြီးအပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာကို ဒုက္ခပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သီရိလင်္ကာနိုင်ငံ ကက်သလစ်ဘုရားကျောင်းတွင်း ဝတ်ပြုနေချိန် ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၃၂၁ဦး သေဆုံးခဲ့ရပါသေးတယ်။ ဘာသာရေး၊လူမျိုးရေး တွေကိုအဓိကထားပြီး ဖြစ်ရတဲ့ အကြမ်းဖက်မှုများစွာဟာ ကမ္ဘာနဲ့အဝှမ်းကို လက်ရှိအချိန်ထိဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တဲ့အဆိုးဝါးဆုံးသောအကြမ်းဖက်မှု (၁၀)ခုရဲ့အကြောင်း ပဲဖြစ်ပါတယ်။

(၁၀) Air India Flight 182 တိုက်ခိုက်ခံရမှု

Air India Flight 182 လေကြောင်းလိုင်းဟာ ကနေဒါနိုင်ငံ Toronto ကနေအိန္ဒိယနိုင်ငံ Delhi၊ ယင်းကနေ ကနေဒါနိုင်ငံ ကွိဗတ်ပြည်နယ်ထဲက Montreal နဲ့လန်ဒန်မြို့တော် တွေကို ပြေးဆွဲပေးနေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ (၁၉၈၅)ခုနှစ်၊ဇွန်လ(၂၃)ရက် နေ့မှာတော့ Air India Flight 182လေကြောင်းလိုင်းက Boeing 747-237B ဟာ ဝေဟင်အမြင့်ပေ(၃၁၀၀၀)ပေလောက်မှာ ကနေဒါက Sikhအကြမ်းဖက်သမားတွေရဲ့ ဗုံးခွဲတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး Irishလေပိုင်နက်အတွင်းက အတ္တလနိတ်သမုဒ္ဒရာ အတွင်းပျက်ကျခဲ့ပါတယ်။

ဒီလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည် (၃၂၉)ဦးစလုံးအသက်သေဆုံးခဲ့ရပြီး ကနေဒါနိုင်ငံသား ၂၆၈ယောက် ၊ ဗြိတိန်နိုင်ငံသား ၂၇ယောက် နဲ့ အိန္ဒိယနိုင်ငံသား ၂၄ယောက်တို့ ဖြစ်ကြ ပါတယ်။ အဲဒီလေယာဉ်ပျက်ကျမှုဟာ ကနေဒါလေကြောင်းသမိုင်းမှာ လူအသေအပျောက်အများဆုံး လေယာဉ်ပျက်ကျမှု အဖြစ်မှတ်တမ်းဝင်ခဲ့သလို အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ (၂၀၀၁)ခုနှစ်၊စက်တင်ဘာ(၁၁)ရက်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ အဆိုးဝါးဆုံးသောလေကြောင်းတိုက်ခိုက်ခံရမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(၉) ၂၀၁၄ Gamboru Ngala တိုက်ခိုက်ခံရမှု

ဒီတိုက်ခိုက်မှုကတော့ (၂၀၁၄)ခုနှစ်၊မေ(၅)ရက် နဲ့ (၆)ရက်နေ့အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဖြစ်ပွားရာနေရာကတော့ အာဖရိကတိုက်က၊ နိုင်ဂျီးရီးယားနိုင်ငံ Borno ပြည်နယ် ထဲက Gamboruနဲ့ Ngalaမြို့တွေမှာဖြစ်ပါတယ်။ ယင်းတိုက်ခိုက်မှုကိုဦးဆောင်ခဲ့တာ ကတော့ ဘိုကိုဟာရမ်စစ်သွေးကြွတွေဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လူပေါင်း (၃၃၆)ဦးအထိသေဆုံးခဲ့ရပါတယ်။ တိုက်ခိုက်ချိန်ဟာ(၁၂)နာရီအထိကြာမြင့်ခဲ့ရပြီး မြို့(၂)မြို့စလုံးဆိုးဆိုးရွားရွား ဖျက်ဆီးခံခဲ့ရသလို ရာပေါင်းများစွာသော စစ်ဘေးဒုက္ခ သည်တွေဟာ အိမ်နီးချင်းကင်မရွန်းနိုင်ငံအတွင်းကိုထွက်ပြေးခဲ့ရပါတယ်။

အကြမ်းဖက် သမားတွေဟာ အခင်းမဖြစ်ခင်လပေါင်းများစွာထဲက နိုင်ဂျီးရီးယားစစ်တပ်ကနေ ခိုးယူ ထားခဲ့တဲ့ AK 47 သေနတ်တွေ RPGs တွေကိုအသုံးပြုတိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာသွားချိန် မှာကျောင်းသူ(၈) ဦးအထိ Chibok ဒေသအတွင်းခေါ်ဆောင်ပြန်ပေးဆွဲခဲ့ပါသေးတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အစိုးရရဲ့မြို့ စောင့်တပ်တွေ ဆုတ်ခွာခဲ့ရသလို Gamboruနဲ့ Ngalaမြို့နှစ်မြို့ လုံးဟာ မီးလောင်တိုက်သွင်းခြင်းခံခဲ့ရပါတယ်။

(၈) ၂၀၁၆ Karrada ဗုံးပေါက်ကွဲမှု

(၂၀၁၆)ခုနှစ်၊ ဇူလိုင်(၃)ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင်းက Karrada ဗုံးပေါက်ကွဲမှု ကြောင့် အပြစ်မဲ့ပြည်သူ(၃၄၁)ဦးသေဆုံးခဲ့ရသလို လူရာနဲ့ချီပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဂျူလိုင်လ(၂)ရက်နေ့ သန်းခေါင်ယံအချိန်မှာပဲ Ramadan ပွဲတော်ကိုဆင်နွှဲနေတဲ့ Karrada ဒေသက Shia မူဆလင်တွေကိုအဓိကထားပြီးပြုလုပ် ခဲ့တဲ့ အသေခံ ကားဗုံးဖောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ယင်းနောက်ဆင်ခြေဖုံးဒေသတစ်ခု ဖြစ်တဲ့ Sha’ab မှာလမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် လူ(၅)ဦးထက်မနည်းသေဆုံးခဲ့ရ ပြီးအနီးဝန်းကျင်အဆောက်အအုံတွေကို မီးလောင်ကျွမ်းရာကနေ ကြီးမားတဲ့ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုကိုစီမံခဲ့သူကတော့ ISLL တွေဖြစ်ပြီး ဦးဆောင်လုပ်ကိုင်ခဲ့သူအသေခံဗုံးခွဲသမားက တော့ Abu Maha al-iraqi ဆိုသူဖြစ်ပါတယ်။အီရတ်နိုင်ငံအတွင်းမှာတော့ Karrada ဗုံးပေါက်ကွဲမှုဟာ Yazidi လူမျိုးစုတွေဗုံးခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပြီးတဲ့နောက် ဒုတိယမြောက် အဆိုးဝါးဆုံး အသေခံဗုံးဖောက်ကွဲမှု အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

(၇) Beslan School Hostage Crisis

ရုရှားနိုင်ငံအတွင်းက Beslan ကျောင်း တိုက်ခိုက်မှုဖြစ်စဉ်ဟာလည်း အလွန်ဆိုးရွားတဲ့ အကြမ်းဖက်ဖြစ်စဉ်ဖြစ်တာကြောင့် ဒီစာရင်းမှာပါဝင်လာခဲ့ပါတယ်။ (၂၀၀၄)ခုနှစ် စက်တင်ဘာ(၁)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီလူမဆန်တဲ့အကြမ်းဖက်ဖြစ်စဉ်ဟာ (၃)ရက် နီးပါးကြာမြင့်ခဲ့ပြီး အကြမ်းဖက်သမားတွေဟာ ရုရှားကလေးငယ်(၇၇၇)ဦးအပါအဝင် ဓါးစာခံအဖြစ်လူပေါင်း(၁၁၀၀)လောက်ကို ထိန်းသိမ်းပြီးကျောင်းဝန်းအတွင်း အထိုင်ချ တိုက်ခိုက်ခဲ့ကြပါတယ်။ အကြမ်းဖက်သမားတွေကတော့ Chechen နဲ့ Ingush အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တွေဖြစ်ပြီး Chechnya ဒေသကိုရုရှားကနေခွဲထွက် ခွင့်ပေးဖို့နဲ့ ရုရှားတပ်တွေ ချက်ချင်းဆုတ်ခွာသွားဖို့ အကျပ်ကိုင်တောင်းဆိုခဲ့ကြပါတယ်။

ရုရှားတာဝန်ရှိသူတွေဘက်က သန်းပေါင်းများစွာသောငွေကြေးအပါအဝင် တတ်နိုင်သလောက်စေ့စပ်ညိုနှိုင်းမှုတွေပြုလုပ်ခဲ့ပေမဲ့ အကြမ်းဖက်သမားတွေက လက်မခံခဲ့ပါဘူး။ (၃)ရက်မြောက်နေ့မှာ တော့ရုရှားတပ်ဖွဲ့ဝင်တွေက တင့်ကားတွေကိုအသုံးပြုပြီး အဆောက်အအုံအတွင်းအထိ ဝင်ရောက်ပြီး ဓါးစာခံတွေ ကိုကယ်တင်ခြင်းအပါအဝင် အကြမ်းဖက်သမားအားလုံးကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီအကြမ်းဖက်ဖြစ်စဉ်အတွင်းမှာ တော့ အကြမ်းဖက်သမားတွေလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ကလေးငယ်(၁၈၆) အပါအဝင် စုစုပေါင်း(၃၃၄)ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

(၆) (၂၀၁၃)ခုနှစ်၊အတွင်းက အီရတ်နိုင်ငံတွင်းကအကြမ်းဖက်ဖြစ်စဉ်တွေ

(၂၀၁၃)ခုနှစ် ဇူလိုင်လ ပထမရက်သတ္တပတ်(၂)ပတ်အတွင်း အီရတ်နိုင်ငံရဲ့အဓိက မြို့တော်ကြီးတွေမှာတော့ အစီစဉ်တကျဖန်တီးခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် အပြစ်မဲ့ပြည်သူ(၃၈၉)ဦးသေဆုံးခဲ့ရသလို လူ(၈၀၀) ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ယင်းကာလမတိုင်ခင် အီရတ်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ လျော့နည်းနေရာကနေ (၂၀၁၃) ဧပြီလမှာ အီရတ်အစိုးရ စစ်သည်တွေက အကြမ်းဖက်သမားတွေရဲ့ Hawija စခန်းကိုဝင်ရောက်စီးနင်းမှုဖြစ်စဉ် အပြီးမှာတော့ အကြမ်းဖက်ဖြစ်စဉ်တွေဟာ ရုတ်ချည်းများပြားလာခဲ့ပြန်ပါတယ်။

UN ရဲ့ ထုတ်ပြန်ချက်တွေအရဆိုင် ဧပြီလတစ်ခုအတွင်းမှာပဲ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် လူပေါင်း(၇၁၂)ဦးသေဆုံးခဲ့ရတယ်လို့ ဖော်ပြပြီး ဒီနှုန်းဟာအီရတ်နိုင်ငံရဲ့ နောက်ဆုံး (၅)နှစ်အတွင်းမှာအများဆုံး လူသေဆုံးမှုဖြစ်ရတဲ့လအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မေလအတွင်းမှာတော့ အကြမ်းဖက်မှုတွေဟာပိုမိုများပြားလာခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁၀၄၅)ဦးသေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူ(၂၀၀၀)အထိ စံချိန်တင်မြင့်တက်လာခဲ့ပါ တယ်။

(၅) Massacre of Trujillo

ကိုလံဘီယာနိုင်ငံ Trujillo မြို့မှာဖြစ်ပွားခဲ့တဲ့ ဒီလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု တွေဟာ (၁၉၈၈)ကနေ(၁၉၉၄) ကာလအတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး လက်သည်တရား ခံကတော့ Cali cartel မူးယစ်ဖောက်ကားသူတွေ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအထိပါဝင်ခဲ့တယ်လို့သိရပါတယ်။ နိုင်ငံရေးပရိပက္ခကိုအခြေခံဖြစ်ပွားတဲ့ ဒီလူသတ်ပွဲတွေမှာကိုလံဘီယာ Guerrilla (ပြောက်ကျား) တွေကိုထောက်ခံသူလို့ သံသယရှိသူနဲ့ ကိုလံဘီယာအလုပ်သမား သမဂ္ဂအဖွဲ့ဝင် (၄၀၀)နီးပါးကို သတ်ဖြတ်ခဲ့ ပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ စစ်ကြောရေးစခန်းတွေမှာ ပြင်းထန်စွာနှိပ်စက်ညှင်း ပန်းခြင်းခံခဲ့ရပြီး နောက်ဆုံးမှာတော့ အစဖျောက်ခံခဲ့ရတာဖြစ်ပြီး ကျူးလွန်သူတွေရဲ့ ရည်ရွယ်ချက်ကတော့ Guerrilla (ပြောက်ကျား)အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့နိုင်ငံရေးပြိုင် ဘက်တွေကို ပြည်သူတွေအနေနဲ့ ထောက်ခံအားပေးမှုမရှိစေရန် ဖြစ်ပါတယ်။

(၄)Cinema Rex Fire

(၁၉၇၈)ခုနှစ်၊ သြဂုတ်လ(၁၉)ရက်ရက်နေ့ကအီရန်နိုင်ငံ Abadan က Cinema Rex မီးလောင်ကျွမ်းမှုကြောင့် ပြည်သူ(၄၂၂)ဦးအထိ သေဆုံးခဲ့ပါတယ်။ ယင်းမီးလောင်ကျွမ်းနေချိန်မှာတော့ အီရန်ရုပ်ရှင်ကြည့် ပရိတ်သတ် ရာပေါင်းများစွာဟာ The Deer အမည်ရတဲ့ရုပ်ရုင်ကို ကြည့်ရှုနေ တဲ့အချိန်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ရုံအတွင်း မီးဟုန်းဟုန်းတောက်မလောင်ကျွမ်းခင် ကတည်းက ထွက်ပေါက်တံခါးအားလုံးကို လူလေး(၄)ယောက်ကလာရောက်ပိတ်ထား ခဲ့ပါတယ်။ ဒါကြောင့်ရုပ်ရှင်ရုံအတွင်းက လူအားလုံးဟာအရှင်လတ်လတ် မီးလောင် တိုက်သွင်းသလို ဆိုးဆိုးရွားရွားသေဆုံးခဲ့ရပါတယ်။

အံ့သြစရာကောင်းတာက အစပိုင်းမှာတော့ ဒီအကြမ်းဖက်မှုကို လုပ်ဆောင်တဲ့နောက်ကွယ်ကအဖွဲ့အစည်းကို ဖော်ပြခြင်းခြင်းမရှိခဲ့ပဲ နောက်ပိုင်းမှာ ဒီဖြစ်ရပ်ကိုအီရန်တာဝန်ရှိသူတွေက ရည်ရွယ်ချက်ရှိရှိ သမိုင်းကနေ ကွယ်ဝှက်ထားနေသလိုတောင်ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ (၁၉၇၈)ခုနှစ်မှာပဲဖြစ်ပွားခဲ့တဲ့ အီရန်တော်လှန်ရေးအတွက် မီးစဖြစ်ခဲ့ပြီး တော်လှန်ရေးသမားတွေအဆိုအရတော့ ဒီမီးလောင်ကျွမ်းမှု မှာအဓိကတာဝန်ရှိသူကတော့ အီရန်အစိုးရရဲ့အထူးစုံစမ်းရေးရဲတပ်ဖွဲ့ဖြစ်တဲ့ SAVAK တွေရဲ့မဆင်ခြင်တဲ့လုပ်ရပ်ကြောင့်ဖြစ်တယ်လို့သိရပါတယ်။

SAVAK ရဲ့အထူးအေဂျင့် တွေအနေနဲ့ အီရန်တော်လှန်ရေးကိုလှုံဆော်သူတွေကို လိုက်လံဖမ်းဆီးတဲ့ ဖြစ်စဉ်မှာ အခင်းဖြစ်ပွားရာရုပ်ရှင်ရုံအတွင်းမှာ တော်လှန်ရေးသမားတွေရော အထူးအေဂျင့်တွေပါရောက်ရှိနေခဲ့ပါတယ်။ ဒီအချိန်မှာ အပြင်ဘက်မှာကျန်ရှိနေတဲ့ SAVAK အေဂျင့်တွေက ရုပ်ရှင်ရုံရဲ့ထွက်ပေါက်အားလုံးကို ပိတ်ပြီးဖမ်းဆီးနိုင်မယ်လို့ ယူဆပြီး ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့်ရုပ်ရှင်ရုံအတွင်း မထင်မှတ်ပဲလောင်ကျွမ်းမှုဖြစ်ခဲ့ချိန်မှာ တော့ အပြစ်မဲ့ပြည်သူအားလုံးဟာထွက်ပေါက်ပိတ်ပြီး ဆိုးဆိုးရွားရွားသေဆုံးခဲ့ရပါ တယ်။ မကြာခင်မှာပဲ အီရန်အစိုးဟာ SAVAK ရဲ့အကြီးအကဲ Captain Monir Taheri ကိုဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်အပြစ်ပေးခဲ့ပါတယ်။

(၃) (၂၀၁၃)ခုနှစ်အတွင်း အီရတ်နိုင်ငံတွင်းအကြမ်းဖက်တိုက်ခိုက်မှုတွေ

(၂၀၁၃)ခုနှစ် မေလ(၁၅)ရက်နေ (၂၁)ရက်နေ့အတွင်း အီရတ်နိုင်ငံတွင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ(၅၀၀)လောက်သေဆုံးခဲ့ရပါတယ်။ ဗုံးဖောက်ခွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုတွေပါဝင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ အီရတ် နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဘဂ္ဂဒတ်မြို့အတွင်း ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် မေလ(၁၅) ရက်နေ့ တစ်ရက်တည်းနဲ့တင် လူ(၂၃)ဦးသေဆုံး ခဲ့ပြီး (၁၀၈)ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ Shia မူဆလင် တွေကိုအဓိက ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး Sadr City, Kadhimiya , New Baghdad မြို့ကားဂိတ်တွေအနီးမှာဖြစ်ပွားခဲ့ပါတယ်။ Kirkuck မြို့ကအစိုးရရုံးတွေကို ပစ်မှတ်ထားဖောက်ခွဲတဲ့ဗုံးပေါက်ကွဲမှု(၂)ခုကြောင့် လူ(၁၀)ဦးသေဆုံးခဲ့သလို (၁၃) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ Mosul မြို့မှာလည်းလမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် ဥပေဒေရုံးဝန်ထမ်း(၂)ဦး၊ Tarmiyah မှာဖြစ်ပွားခဲ့တဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် ဥပေဒေဝန်ထမ်း(၂)ဦးသေဆုံးခဲ့ရသလို လူ(၈)ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။

မေလ(၁၆)ရက်နေ့မှာလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး လူ(၄၀)သေဆုံးခဲ့ပြီး (၁၇)ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ မေလ(၁၇)ရက်နေ့မှာတော့ Sunnis တွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူ(၄၃) ဦးအထိ သေဆုံးခဲ့ရသလို (၈၀)ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။ မေ(၁၈)ရက်နဲ့ (၁၉) ရက်နေ့မှာတော့ အသေးစားအကြမ်းဖက်ဖြစ်စဉ်တွေသာ ဖြစ်ပွားခဲ့ပြီး မေလ(၂၀)ရက် နေ့မှာတော့ ကြီးမားပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ အီရတ်နိင်ငံတစ်ဝှမ်း ဖြစ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁၃၃)ဦး အထိသေဆုံးခဲ့ရသလို လူ(၂၈၃)ဦးဒဏ်ရာရရှိခဲ့ပါတယ်။

(၂) ၂၀၀၇ ခုနှစ် Yazidia မျိုးနွယ်စုတွေကို ဗုံးခွဲတိုက်ခိုက်ခြင်း

အီရတ်နိုင်ငံတွင်းမှာ(၂၀၀၇)ခုနှစ်၊သြဂုတ်လ(၁၄)ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ဒီအကြမ်းဖက် ဖြစ်စဉ် တွေအတွင်းစုစုပေါင်းအရပ်သား (၂၉၉၆)ဦးအထိသေဆုံးခဲ့ရတာကြောင့် ကမ္ဘာ သမိုင်းမှာတောင် စံချိန်တင်ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ အီရတ်နိုင်ငံတွင်းက Yazidia မျိုးနွယ်စုတွေအဓိကနေထိုင်တဲ့ Kahtaniya နဲ့ Jazeera မြို့တွေမှာ အကြမ်းဖက်သမားတွေဟာ အသေခံ ဗုန်းဖောက်ကွဲမှု(၄)ကြိမ်ပြုလုပ်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

ဗုံးပေါက်ကွဲပြီးရက်သတ္တပတ်(၁)ပတ်ကြာချိန်မှာတော့ အီရတ် အစိုးရက အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် အရပ်သား(၅၀၀)လောက်သေဆုံးပြီး ဒဏ်ရာ ရရှိသူ(၁၅၀၀)ဦးရှိတယ်လို့ ကနဦးသတင်းဖော်ပြခဲ့ကြပါတယ်။ အကြမ်းဖက်သမားတွေ ဘက်က ဒီဗုံးဖောက်ခွဲမှုဖြစ်စဉ်တွေအတွင်းမှာ ကား(၃)စီးနဲ့ဓာက်ဆီတင်ယာဉ်(၁)စီးကို အသုံးပြုတိုက်ခိုက်ခဲ့ကြပြီး ပေါက်ကွဲမှုတွေကြောင့် လူနေအဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ရပြီး အဆောက်အအုံအတွင်းမှာရှိတဲ့ လူများစွာပိတ်မိခဲ့ပါတယ်။

ယင်းအချိန်ကအစိုးရရဲ့အချိန်မီကယ်ဆယ်ရေးလုပ်ငန်းတွေဟာလည်း တူးဖော်ရေးစက် မလုံလောက်ခြင်းအပါအဝင် အားနည်းမှုတွေရှိခဲ့တာကြောင် အပျက်အ ဆီးနဲ့ မြေသားစိုင်တွေအောက်မှာ ပိတ်မိနေတဲ့ ရာပေါင်းများစွာသော ဒုက္ခသည်တွေဟာ အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီးသေဆုံးခဲ့ရပါတယ်။ တာဝန်ကျဆေးပေးခန်းတွေ ဆီကိုအချိန်မီရောက်တဲ့ ဗုံးဒဏ်သင့်ပြည်သူတွေအနေနဲ့ အသက်ချမ်းသာခွင့်ရခဲ့ပေမဲ့ ပိတ်မိနေတဲ့ ပြည်သူအများစုကသေဆုံးခဲ့ရတာကြောင့် မူလထုတ်ပြန်ထားတဲ့သေဆုံး စာရင်းရဲ့ (၆)ဆအထိ မြင့်တက်သွားခဲ့ပါတယ်။

(၁) စက်တင်ဘာ(၁၁)ရက်နေ့တိုက်ခိုက်မှု

ကမ္ဘာကျော်ဒီတိုက်ခိုက်မှုဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူကတော့ အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့အစည်းခေါင်းဆောင် အိုစမာဘင်လာဒင် ဖြစ်ပြီး အစီစဉ်ရေးဆွဲသူကတော့ Al-Qaede ဖြစ်ပါတယ်။ စုစုပေါင်းအကြမ်းဖက်သမား (၁၉)ဦးဟာ အမေရိကန်ခရီးသည်တင်လေယာဉ်(၄)စီးကို ပြန်ပေးဆွဲပြီး ယင်းအနက် (၂) စီးကို WTC လို့သိကြတဲ့ကမ္ဘာကုန်သွယ်ရေးအဆောက်အအုံတာဝါ(၂)ခုကို အသေခံဝင်တိုက်ခဲ့ပြီး လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေသာမက တာဝါ(၂) ခုအတွင်း အလုပ်လုပ်နေသူများပါသေဆုံးခဲ့ရပါတယ်။

အကြမ်းဖက်သမားတွေဟာ တတိယမြောက်လေယာဉ်ကိုတော့ ဗာဂျီးနီးယားပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်ကို ထိုးဆိုက်ချခဲ့ပြီး စတုတ္ထမြောက်လေယာဉ်ကတော့ ခရီးသည်တွေရဲ့ ပြန်လည်ခုခံမှုတွေ ကြောင့် အကြမ်းဖက်သမားတွေရဲ့ပစ်မှတ်ထားရာလို့ ယူဆရတဲ့ အိမ်ဖြူတော်(သို့မဟုတ်) Washinton’DC အဆောက်အအုံကိုမရောက်ပဲ ပင်ဆယ်ဗေးနီးယားပြည်နယ်အတွင်းက စတုန်းခရတ်မြို့အနီး ပျက်ကျခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်သမား(၁၉)ယောက်အပါအအဝင် ပြည်သူ (၃၀၀၀)ကျော်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူကတော့ (၆၀၀၀)ထက် မနည်းရှိခဲ့ပါတယ်။ သေဆုံးရသူတွေထဲမှာ အရေးပေါ်ကယ်ဆယ်ရေးတာဝန် တွေထမ်းဆောင်ခဲ့တဲ့ မီးသတ်သမားနဲ့ရဲတပ်ဖွဲ့ဝင် (၃၄၃)ယောက်နဲ့ ရဲအရာရှိ(၆၀)ဦး အထိပါဝင်ခဲ့ပြီး အခြေခံ အဆောက်အအုံတန်ဖိုးပဲအမေရိကန်ဒေါ်လာ(၁၀)ဘီလျံလောက်ဆုံးရှုံးခဲ့ရပါတယ်။

စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုတွေကတော့ အမေရိကန်ဒေါ်လာ (၃)ထရီလီယန် လောက်အထိကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ အမေရိကန်အစိုး ရရဲ့ ပြည်တွင်းလုံခြုံရေးစနစ်ကိုထိုးနှက်လိုက်တဲ့ ဒီဖြစ်ရပ်အပြီးမှာတော့ အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံကို ကျူးကျော်ပြီး အယ်ကေးဒါးအဖွဲ့ဝင်တွေကိုခိုလှုံခွင့်ပေး ထားတဲ့ တာလီဘန်အစိုးရကိုဖြုတ်ချခဲ့ပါတယ်။

သုတဇုန်

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!