Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အန္တရာယ်အရှိဆုံး လူဆိုးများကိုထားရှိရာ ကမ္ဘာ့အလုံခြုံဆုံး အကျဉ်းထောင်

by Thutamm
July 24, 2019
Reading Time: 1min read
0
အန္တရာယ်အရှိဆုံး လူဆိုးများကိုထားရှိရာ ကမ္ဘာ့အလုံခြုံဆုံး အကျဉ်းထောင်
Share on FacebookShare on Twitter

ဒီအကျဉ်းထောင်ကတော့ အမေရိကန် ကေ်ာလိုရာဒိုပြည်နယ် ဖလော့ရင့်မြို့မှာရှိတဲ့ ADX Florence အကျဉ်းထောင်ပဲ ဖြစ်ပါတယ်။ အရှည်ကောက်ကတော့ Administrative Maximum Facility ဖြစ်ပါတယ်။ ကမ္ဘာ့အန္တရာယ်အရှိဆုံး လူဆိုးများကို ထားရှိရာ အကျဉ်းထောင်ဖြစ်ပြီး လုံခြုံလွန်းတာကြောင့် Supermax လို့လည်း ခေါ်ကြပါတယ်။

၁၉၉၄ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ၃၇ဧက မြေပေါ်မှာ ဒေါ်လာသန်း ၆၀ အကုန်အကျခံကာ တည်ဆောက်ထားကာ အကျဉ်းသားပေါင်း ၅၀၀ ခန့်ကို ထားနိုင်ပါတယ်။ ပြစ်ဒါဏ်အကြီးဆုံးသူများကို ဒီထောင်မှာပဲ ထားလေ့ရှိပါတယ်။

ဒီအထဲမှာ ဖိနပ်ဗုံးထောင်သူ ၊ အလယ်လ်ကိုင်ဒါ လေယာဉ်ပြန်ပေးဆွဲသမား ၊ အိုလံပစ်ပန်းခြံ ဗုံးခွဲသူ နဲ့ ဝေါထရိတ်စင်တာကို တိုက်ခိုက်မှုတွင် အဓိကကြိုးကိုင်ခဲ့သူ စတဲ့ရာဇဝင် လူဆိုးများ ပါဝင်ပါတယ်။ အကျဉ်းသား ၄၀၈ယောက်သာ ရှိပေမယ့် လုံခြုံရေးဝန်ထမ်းကတော့ ၅၂၀ တောင်ရှိပါတယ်။

အကျဉ်းသားရဲ့ အခန်းဟာ ၇ပေ x ၁၂ပေ ကျယ်ပါတယ်။ အခန်းထဲမှာတော့ တီဗီတစ်လုံး(အချို့အခန်းတွေသာ) ၊ စားပွဲခုံတစ်လုံး ၊ ဖင်ထိုင်ခုံတစ်လုံး ၊ ကွန်ကရစ် ကုတင်တစ်လုံးသာ ထားရှိပါတယ်။ အိမ်သာကလည်း အလုံပိတ်ဖြစ်ပြီး ၊ ရေချိုးခန်းကိုလည်း အချိန်နဲ့သာ ဖွင့်ပေးပါတယ်။ ပြတင်းပေါက်ပါပေမယ့်  အကျယ် ၄လက်မပဲရှိတဲ့ ပြတင်းပေါက်ပါ။ တရားခံတွေဟာ အချိန်တိုင်းကို တစ်ကိုယ်တည်း ဖြတ်သန်းရပါတယ်။

မည်သူနဲ့မျှ တွေ့ဆုံခွင့်လည်း မရပါဘူး။ အခန်းထဲကနေ ၁နာရီထွက်ခွင့်ပြုပေမယ့် အပြင်ဘက်ရှု့ခင်းတွေကို ကြည့်ရခြင်းမဟုတ်ပဲ အခြားအခန်းတစ်ခုကို ပြောင်းထည့်ပေးခြင်းသာ ဖြစ်ပါတယ်။ ဒီလိုတစ်ကိုယ်တည်း အထီးကျန်စွာ ဖြတ်သန်းရတာကြောင့် ဒီအထဲကို ရောက်ပြီးတဲ့သူများဟာ အချိန်ကြာလာတာနဲ့အမျှ မှတ်ဉာဏ်ကျဆင်းတာ ၊ ဦးနှောက်မမှန်တော့တာတွေ ဖြစ်လာတယ် လို့ဆိုပါတယ်။

အပြင်ကလူတွေကိုလည်း ဝင်ရောက်ခွင့် တင်းကျပ်ထားပြီး ကင်မရာတောင် ရိုက်ခွင့်မရှိတဲ့ နေရာဖြစ်ပါတယ်။ လုံခြုံရေးအတွက် နေရာတိုင်းမှာ စစ်ဆေးရေးစက်တွေ ၊ ကင်မရာတွေကို တပ်ဆင်ထားတဲ့အပြင် လေဆာရောင်ခြည်နဲ့ ခွေးအစောင့်တွေလည်း ထားရှိပါတယ်။

ဒီထောင်ကို ဖွင့်လှစ်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်အတွင်းမှာ လွတ်မြောက်သူတစ်ဦးတစ်လေတောင် မရှိခဲ့ပဲ အကျဉ်းသား ၇ဦးကတော့ ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြပါတယ်။

VIDEO

Tags: amazingworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!