Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံး လေယာဉ်ကုမ္ပဏီကြီး အကြောင်း

by Thutamm
July 22, 2020
Reading Time: 3min read
0
ကမ္ဘာ့အကြီးဆုံး လေယာဉ်ကုမ္ပဏီကြီး အကြောင်း
Share on FacebookShare on Twitter

အမေရိကန်ပြည်ထောင်စုအခြေစိုက် Boeing ဟာဆိုရင် ကမ္ဘာ့အကြီးဆုံး လေကြောင်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးဂျက်လေယာဉ်၊လေကြာင်းကာကွယ်ရေးဆိုင်ရာပစ္စည်း၊ အာကာသနည်းပညာနဲ့ လုံခြုံရေးဆိုင်ရာပစ္စည်းများ စီးပွားဖြစ်ထုတ်လုပ်ရောင်းချကာ ကမ္ဘာ့ဈေးကွက်ကိုဦးဆောင်နေတဲ့နည်းပညာကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။

ဒါအပြင် အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးသော ပြည်ပပို့ကုန်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာအရပ်ရပ်ကနိုင်ငံပေါင်း(၁၅၀)ထက်မနည်းကို လည်းလေကြောင်းခရီးကနေဆက်သွယ်နိုင်အောင်ပံ့ပိုးကူညီထားပါတယ်။

Boeing ရဲ့ထုတ်ကုန်တွေ၊ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာဆိုရင် စစ်ဘက်ဆိုင်ရာသုံးတိုက်လေယာဉ်၊ ဂြိုလ်တု၊စစ်လက်နက်ပစ္စည်း၊လျှပ်စစ်နဲ့ကာကွယ်ရေးနည်းပညာဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုနည်းပညာ၊ သတင်းအချက်အလက်နှင့်နည်းပညာရပ်ဆိုင်ရာစနစ်၊ ထောက်ပံ့ပို့ဆောင်ရေး၊ လေ့ကျင့်ရေးဆိုင်ရာနည်းစနစ်နဲ့သင်ထောက်ကူပစ္စည်းတွေအထိ ပါဝင်နေပါတယ်။

Boeing ကုမ္ပဏီဟာ ကမ္ဘာသိပ္ပံနှင့်နည်းပညာလောကကို ကာလကြာဦးဆောင်နေခဲ့တာဆိုရင်ယနေ့အထိလို့ဆိုရပါမယ်။ ကမ္ဘာအရပ်ရပ်ကမှာယူသူတွေအတွက် နည်းပညာဆိုင်ရာ မြှင့်တင်မှုတွေအစဉ်ပြုလုပ်လျက်ရှိတာကိုတွေ့ရမှာဖြစ်ပြီး အထူးသဖြင့် လေကြောင်းနည်းပညာရပ်ဆိုင်ရာယာဉ်တွေ၊ကာကွယ်ရေးနည်းပညာရပ်ဆိုင်ရာစနစ်တွေမှာဆိုရင်ကာလ အပိုင်းအခြားအလိုက် တည်ဆောက်မှုပုံစံသစ်၊နည်းပညာသစ်တွေနဲ့ ကမ္ဘာအရပ်ရပ်ကဝယ်ယူသုံးစွဲသူတွေစိတ်တိုင်းကျပုံဖော်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

ဘိုးရင်းကုမ္ပဏီကို လွန်ခဲ့သောနှစ်ပေါင်း ၁၀၄နှစ်ခန့်(၁၉၁၆) ခုနှစ်က အမေရိကန် လေကြောင်းစီးပွားရေးရှေ့ဆောင်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ William E. Boeing က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ “B&W” အမည်နဲ့ ရေယာဉ်ပျံတွေကို ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ ဘိုးရင်းလေယာဉ်ကုမ္ပဏီဆိုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှာတော့ အဲဒီအချိန်က အကြီးဆုံး ရဟတ်ယာဉ်ကုမ္ပဏီတခုဖြစ်တဲ့ Vertol ကို ဝယ်ယူခဲ့ပြီး ဘိုးရင်းဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ၁၉၇၀ ဝန်းကျင်မှာတော့ ဘိုးရင်းဟာ လေယာဉ်ထုတ်လုပ်ရေးမှာသာမကပဲ အာကာသ ၊ ရေကြောင်း ၊ စိုက်ပျိုးရေး ၊ စွမ်းအင်ထုတ်လုပ်ရေး စတဲ့နယ်ပယ်တွေအထိ တိုးချဲ့လုပ်ကိုင်လာခဲ့ပါတယ်။

Boeing ကုမ္ပဏီအခြေစိုက်တည်ရှိရာနေရာကတော့ အမေရိကန်ပြည်ထောင်စု ချီတာဂိုပြည်နယ်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့အခြားသောပြည်နယ်တွေမှာသာမက နိုင်ငံပေါင်း (၆၅)နိုင်ငံလောက်မှာ ရုံးခွဲများတည်ဆောက်ပြီး အလုပ်သမားအင်အား (၁၆၁၁၃၃ဦး ) ခန့်ထားပြီးကုမ္ပဏီရဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။ ဒါအပြင် Boeing နဲ့ဆက်စပ်တည်ရှိနေတဲ့စီးပွားရေးလုပ်ငန်းတွေကနေ အမေရိကန်ပြည်သား (၁)သန်းကျော်လောက်ဟာအလုပ်အကိုင်အခွင့်အလမ်းတွေပိုင်ဆိုင်နေတာကိုလည်းလေ့လာမှုတွေအရ သိရပါတယ်။

Boeingရဲ့အဓိကထုတ်လုပ်မှုလုပ်ငန်း(၃)ခုကတော့ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ အာကာသနည်းပညာနဲ့ လုံခြုံရေးနဲ့ Boeing Global Services စတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေပဲဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ဆယ်စုနှစ်တာကာလတွေကတည်းက Boeing ကုမ္ပဏီဟာဂျက်လေယာဉ်တွေကိုထုတ်လုပ်ရောင်းချလာခဲ့ရာယနေ့ကာလမှာတော့ Boeing 737၊ 747။ 767၊ 777 နဲ့ 787 မျိုးဆက်လေယာဉ်တွေအထိထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါအပြင် Boeing 787-10 Dreamliner ၊ the 737 mAX နဲ့ 777X စတဲ့နောက်ဆုံးပေါ်လေယာဉ်တွေကိုလည်း ကမ္ဘာ ဈေးကွက်အတွင်းထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ ယနေ့ကာလအထိကမ္ဘာအနှံ့ကလေကြောင်းဆက်သွယ်ရေးကဏ္ဍတွေမှာ Boeing ကနေထုတ်လုပ်တဲ့ လေယာဉ်စီးရေ (၁၀၀၀၀)လောက်ဟာ ပြေးဆွဲလျက်ရှိပါတယ်။ ယင်းပမာဏဟာဆိုရင်ကမ္ဘာပေါ်မှာလက်ရှိပျံသန်းလျက်ရှိတဲ့လေယာဉ်အားလုံးရဲ့တစ်ဝက်နီးပါးဖြစ်ပါတယ်။ဒါအပြင် Boeing ကုမ္ပဏီအနေနဲ့ ကုန်တင်လေယာဉ်တွေကိုလည်း ထုတ်လုပ်လျက်ရှိပြီး လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာရှိနေတဲ့ ကုန်တင်လေယာဉ်အားလုံးရဲ့ (၉၀)ရာခိုင်နှုန်းဟာ ဘိုးရင်းလေယာဉ်တွေဖြစ်ပါတယ်။

BDS လို့သိကြတဲ့ Boeingရဲ့ထိန်းချုပ်မှုအောက်က ကာကွယ်ရေး ၊ အာကာသ နှင့် လုံခြုံရေး အဖွဲ့ဟာဆိုရင်လည်းကမ္ဘာလုံးဆိုင်ရာစစ်ဘက်ဆိုင်ရာလေကြောင်းသွားယာဉ် ၊ဂြိုလ်တု၊ လူလိုက်ပါနိုင်တဲ့ အာကာသယာဉ်နဲ့ အလိုအလျောက်တုံ့ပြန်ရေးနည်းစနစ်စတဲ့ လုပ်ငန်းတွေအတွက် ပစ္စည်းပုံစံဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်း၊ နည်းပညာဆိုင်ရာအဆင့်မြင့်တင်ခြင်း၊ပြုပြင်ထိန်းသိမ်း ရေးစတဲ့ဝန်ဆောင်မှုတွေကိုပြုလုပ်ပေးပါတယ်။ ယင်းပစ္စည်းတွေအနက်မှာဆိုရင် Boeing 767 ကိုအခြေခံထားတဲ့ KC-46 လိုဝေဟင်ထက်မှာပဲလေယာဉ်ဆီဖြည့်ပေးနိုင်တဲ့လေယာဉ် တွေ၊ AH-64 Apache ရဟတ်ယာဉ်တွေ၊ 702 ဂြိုလ်တုမျိုးနွယ်ဝင်တွြေုဖစ်တဲ့ CST-100 Starliner အာကာသယာဉ်တွေနဲ့ autonomous Echo Voyager လိုပစ္စည်းတွေအထိကို ပါ ဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။

Boeingရဲ့ရည်ရွယ်ချက်ကတော့ အာကာသဆိုင်ရာဆန်းသစ်တီထွင်မှုတွေကနေ ကမ္ဘာ့ဆက်သွယ်ရေးစနစ်၊ကာကွယ်ရေးစနစ်၊သတင်း အချက်အလက်နဲ့နည်းပညာထုတ်ပြန်မှုနည်း စနစ်ပိုမိုကောင်းမွန်လာစေရန်ဖြစ်ပါတယ်။ ယင်းအတွက်လည်းလိုအပ်တဲ့လေ့လာရှာဖွေစူးစမ်းမှုနယ်ပယ်အတွက်Boeing ကနေပဲ ဆက်လက်ပြီးငွေကြေးပိုင်းရင်းနှီးမြှပ်နှံမှုတွေပြုလုပ်ကာ အာကာသနည်းပညာရပ်နယ်ပယ်ကို ဆက်လက်မြှင့်တင်ဖို့ရည်ရွယ်ချက်လည်းထားရှိပါတယ်။

ဘိုးရင်းဟာ ၂၀၁၉ တနှစ်တည်းမှာတင် သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါင်း ၃၈၀ စီး ၊ စစ်ဘက်ဆိုင်ရာလေယာဉ်ပေါင်း ၂၂၉စီး နဲ့ ဂြိုဟ်တု ၂ ခုတို့ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ ဘိုးရင်းကုမ္ပဏီရဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၇၆.၅၆ဘီလျံ ဖြစ်ပြီး လက်ရှိအချိန်ထိ ကမ္ဘာ့အကြီးဆုံး လေယာဉ်ထုတ်လုပ်မှုကုမ္ပဏီအဖြစ် ဦးဆောင်နေဆဲပါ။ ကိုဗစ်ရောဂါကပ်ဟာ ဘိုးရင်းကုမ္ပဏီကိုလည်း ထိခိုက်ခဲ့ပြီး ၂၀၂၀ ခုနှစ်စာရင်းအရ အလုပ်ပေါင်း ၁၂၀၀၀ လောက်ကို ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

——— —— ———-

(Zawgyi)

ကမာၻ႔အႀကီးဆုံး ေလယာဥ္ကုမၸဏီႀကီး အေၾကာင္း

အေမရိကန္ျပည္ေထာင္စုအေျခစိုက္ Boeing ဟာဆိုရင္ ကမာၻ႔အၾကီးဆံုး ေလေၾကာင္းနည္းပညာကုမၸဏီၾကီးတစ္ခုျဖစ္ျပီးဂ်က္ေလယာဥ္၊ေလၾကာင္းကာကြယ္ေရးဆိုင္ရာပစၥည္း၊ အာကာသနည္းပညာနဲ႔ လံုျခံဳေရးဆိုင္ရာပစၥည္းမ်ား စီးပြားျဖစ္ထုတ္လုပ္ေရာင္းခ်ကာ ကမာၻ႔ေစ်းကြက္ကိုဦးေဆာင္ေနတဲ့နည္းပညာကုမၸဏီၾကီးတစ္ခုလည္းျဖစ္ပါတယ္။

ဒါအျပင္ အေမရိကန္ျပည္ေထာင္စုရဲ့ အၾကီးဆံုးေသာ ျပည္ပပို႔ကုန္ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီတစ္ခုလည္းျဖစ္ျပီး အေမရိကန္ျပည္ေထာင္စုနဲ႔ ကမာၻအရပ္ရပ္ကနိုင္ငံေပါင္း(၁၅၀)ထက္မနည္းကို လည္းေလေၾကာင္းခရီးကေနဆက္သြယ္နိုင္ေအာင္ပ့ံပိုးကူညီထားပါတယ္။

Boeing ရဲ့ထုတ္ကုန္ေတြ၊ဝန္ေဆာင္မႈေပးတဲ့လုပ္ငန္းေတြမွာဆိုရင္ စစ္ဘက္ဆိုင္ရာသံုးတိုက္ေလယာဥ္၊ ျဂိဳလ္တု၊စစ္လက္နက္ပစၥည္း၊လ်ွပ္စစ္နဲ႔ကာကြယ္ေရးနည္းပညာဆိုင္ရာဖြဲ႔စည္းတည္ေဆာက္မႈနည္းပညာ၊ သတင္းအခ်က္အလက္နွင့္နည္းပညာရပ္ဆိုင္ရာစနစ္၊ ေထာက္ပ့ံပို႔ေဆာင္ေရး၊ ေလ့က်င့္ေရးဆိုင္ရာနည္းစနစ္နဲ ႔သင္ေထာက္ကူပစၥည္းေတြအထိ ပါဝင္ေနပါတယ္။

Boeing ကုမၸဏီဟာ ကမာၻသိပၸံနွင့္နည္းပညာေလာကကို ကာလၾကာဦးေဆာင္ေနခဲ့တာဆိုရင္ယေန႔အထိလို႔ဆိုရပါမယ္။ ကမာၻအရပ္ရပ္ကမွာယူသူေတြအတြက္ နည္းပညာဆိုင္ရာ ျမွင့္တင္မႈေတြအစဥ္ျပဳလုပ္လ်က္ရွိတာကိုေတြ႔ရမွာျဖစ္ျပီး အထူးသျဖင့္ ေလေၾကာင္းနည္းပညာရပ္ဆိုင္ရာယာဥ္ေတြ၊ကာကြယ္ေရးနည္းပညာရပ္ဆိုင္ရာစနစ္ေတြမွာဆိုရင္ကာလ အပိုင္းအျခားအလိုက္ တည္ေဆာက္မႈပံုစံသစ္၊နည္းပညာသစ္ေတြနဲ႔ ကမာၻအရပ္ရပ္ကဝယ္ယူသံုးစြဲသူေတြစိတ္တိုင္းက်ပံုေဖာ္ေဆာင္ရြက္ေပးလ်က္ရွိေနပါတယ္။

ဘုိးရင္းကုမၸဏီကုိ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၀၄ႏွစ္ခန္႔(၁၉၁၆) ခုႏွစ္က အေမရိကန္ ေလေၾကာင္းစီးပြားေရးေရွ႕ေဆာင္လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ William E. Boeing က တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ အဲဒီတုန္းကေတာ့ “B&W” အမည္နဲ႔ ေရယာဥ္ပ်ံေတြကို ဖန္တီးထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္ႏွစ္အၾကာမွာေတာ့ ဘုိးရင္းေလယာဥ္ကုမၸဏီဆုိၿပီး အမည္ေျပာင္းလဲခဲ့ပါတယ္။ ၁၉၆၀ ခုႏွစ္မွာေတာ့ အဲဒီအခ်ိန္က အႀကီးဆုံး ရဟတ္ယာဥ္ကုမၸဏီတခုျဖစ္တဲ့ Vertol ကို ၀ယ္ယူခဲ့ၿပီး ဘုိးရင္းဟာ ပုိမုိႀကီးထြားလာခဲ့ပါတယ္။ ၁၉၇၀ ၀န္းက်င္မွာေတာ့ ဘုိးရင္းဟာ ေလယာဥ္ထုတ္လုပ္ေရးမွာသာမကပဲ အာကာသ ၊ ေရေၾကာင္း ၊ စုိက္ပ်ဳိးေရး ၊ စြမ္းအင္ထုတ္လုပ္ေရး စတဲ့နယ္ပယ္ေတြအထိ တုိးခ်ဲ႕လုပ္ကုိင္လာခဲ့ပါတယ္။

Boeing ကုမၸဏီအေျခစိုက္တည္ရွိရာေနရာကေတာ့ အေမရိကန္ျပည္ေထာင္စု ခ်ီတာဂိုျပည္နယ္မွာျဖစ္ျပီး အေမရိကန္ျပည္ေထာင္စုရဲ့အျခားေသာျပည္နယ္ေတြမွာသာမက နိုင္ငံေပါင္း (၆၅)နိုင္ငံေလာက္မွာ ရံုးခြဲမ်ားတည္ေဆာက္ျပီး အလုပ္သမားအင္အား (၁၆၁၁၃၃ဦး ) ခန္႔ထားျပီးကုမၸဏီရဲ့ ကုန္ပစၥည္းထုတ္လုပ္ေရးလုပ္ငန္းေတြကိုအေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိေနပါတယ္။ ဒါအျပင္ Boeing နဲ႔ဆက္စပ္တည္ရွိေနတဲ့စီးပြားေရးလုပ္ငန္းေတြကေန အေမရိကန္ျပည္သား (၁)သန္းေက်ာ္ေလာက္ဟာအလုပ္အကိုင္အခြင့္အလမ္းေတြပိုင္ဆိုင္ေနတာကိုလည္းေလ့လာမႈေတြအရ သိရပါတယ္။

Boeingရဲ့အဓိကထုတ္လုပ္မႈလုပ္ငန္း(၃)ခုကေတာ့ ေလယာဥ္ထုတ္လုပ္ေရးလုပ္ငန္း၊ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးလုပ္ငန္း၊ အာကာသနည္းပညာနဲ႔ လံုျခံဳေရးနဲ႔ Boeing Global Services စတဲ့ဝန္ေဆာင္မႈလုပ္ငန္းေတြပဲျဖစ္ပါတယ္။ က်န္ခဲ့တဲ့ဆယ္စုနွစ္တာကာလေတြကတည္းက Boeing ကုမၸဏီဟာဂ်က္ေလယာဥ္ေတြကိုထုတ္လုပ္ေရာင္းခ်လာခဲ့ရာယေန႔ကာလမွာေတာ့ Boeing 737၊ 747။ 767၊ 777 နဲ႔ 787 မ်ိဳးဆက္ေလယာဥ္ေတြအထိထုတ္လုပ္လာနိုင္ခဲ့ျပီျဖစ္ပါတယ္။

ဒါအျပင္ Boeing 787-10 Dreamliner ၊ the 737 mAX နဲ႔ 777X စတဲ့ေနာက္ဆံုးေပၚေလယာဥ္ေတြကိုလည္း ကမာၻ ေစ်းကြက္အတြင္းထုတ္လုပ္ေရာင္းခ်နိုင္ဖို႔ ၾကိဳးပမ္းလ်က္ရွိေနပါတယ္။ ယေန႔ကာလအထိကမာၻအနွံ႕ကေလေၾကာင္းဆက္သြယ္ေရးက႑ေတြမွာ Boeing ကေနထုတ္လုပ္တဲ့ ေလယာဥ္စီးေရ (၁၀၀၀၀)ေလာက္ဟာ ေျပးဆြဲလ်က္ရွိပါတယ္။ ယင္းပမာဏဟာဆိုရင္ကမာၻေပၚမွာလက္ရွိပ်ံသန္းလ်က္ရွိတဲ့ေလယာဥ္အားလံုးရဲ့တစ္ဝက္နီးပါးျဖစ္ပါတယ္။ဒါအျပင္ Boeing ကုမၸဏီအေနနဲ႔ ကုန္တင္ေလယာဥ္ေတြကိုလည္း ထုတ္လုပ္လ်က္ရွိၿပီး လက္ရွိအခ်ိန္ထိ ကမာၻေပၚမွာရွိေနတဲ့ ကုန္တင္ေလယာဥ္အားလုံးရဲ႕ (၉၀)ရာခိုင္နႈန္းဟာ ဘုိးရင္းေလယာဥ္ေတြျဖစ္ပါတယ္။

BDS လို႔သိၾကတဲ့ Boeingရဲ့ထိန္းခ်ဳပ္မႈေအာက္က ကာကြယ္ေရး ၊ အာကာသ နွင့္ လုံၿခဳံေရး အဖြဲ႔ဟာဆိုရင္လည္းကမာၻလံုးဆိုင္ရာစစ္ဘက္ဆိုင္ရာေလေၾကာင္းသြားယာဥ္ ၊ျဂိဳလ္တု၊ လူလိုက္ပါနိုင္တဲ့ အာကာသယာဥ္နဲ႔ အလိုအေလ်ာက္တုံ႕ျပန္ေရးနည္းစနစ္စတဲ့ လုပ္ငန္းေတြအတြက္ ပစၥည္းပံုစံဒီဇိုင္းေရးဆြဲထုတ္လုပ္ျခင္း၊ နည္းပညာဆိုင္ရာအဆင့္ျမင့္တင္ျခင္း၊ျပဳျပင္ထိန္းသိမ္း ေရးစတဲ့ဝန္ေဆာင္မႈေတြကိုျပဳလုပ္ေပးပါတယ္။ ယင္းပစၥည္းေတြအနက္မွာဆိုရင္ Boeing 767 ကိုအေျခခံထားတဲ့ KC-46 လိုေဝဟင္ထက္မွာပဲေလယာဥ္ဆီျဖည့္ေပးနိုင္တဲ့ေလယာဥ္ ေတြ၊ AH-64 Apache ရဟတ္ယာဥ္ေတြ၊ 702 ျဂိဳလ္တုမ်ိဳးႏြယ္ဝင္ေတြျုဖစ္တဲ့ CST-100 Starliner အာကာသယာဥ္ေတြနဲ႔ autonomous Echo Voyager လိုပစၥည္းေတြအထိကို ပါ ဝင္ေနတာကိုေတြ႔ရမွာျဖစ္ပါတယ္။

Boeingရဲ့ရည္ရြယ္ခ်က္ကေတာ့ အာကာသဆိုင္ရာဆန္းသစ္တီထြင္မႈေတြကေန ကမာၻ႔ဆက္သြယ္ေရးစနစ္၊ကာကြယ္ေရးစနစ္၊သတင္း အခ်က္အလက္နဲ ႔နည္းပညာထုတ္ျပန္မႈနည္း စနစ္ပိုမိုေကာင္းမြန္လာေစရန္ျဖစ္ပါတယ္။ ယင္းအတြက္လည္းလိုအပ္တဲ့ေလ့လာရွာေဖြစူးစမ္းမႈနယ္ပယ္အတြက္Boeing ကေနပဲ ဆက္လက္ျပီးေငြေၾကးပိုင္းရင္းနွီးျမွပ္နွံမႈေတြျပဳလုပ္ကာ အာကာသနည္းပညာရပ္နယ္ပယ္ကို ဆက္လက္ျမွင့္တင္ဖို႕ရည္ရြယ္ခ်က္လည္းထားရွိပါတယ္။

ဘုိးရင္းဟာ ၂၀၁၉ တႏွစ္တည္းမွာတင္ သယ္ယူပို႔ေဆာင္ေရးေလယာဥ္ေပါင္း ၃၈၀ စီး ၊ စစ္ဘက္ဆုိင္ရာေလယာဥ္ေပါင္း ၂၂၉စီး နဲ႔ ၿဂဳိဟ္တု ၂ ခုတုိ႔ကို ထုတ္လုပ္ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ ဘုိးရင္းကုမၸဏီရဲ႕ ၂၀၁၉ ခုနွစ္ ၀င္ေငြကေတာ့ အေမရိကန္ေဒၚလာ ၇၆.၅၆ဘီလ်ံ ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ကမာၻ႔အႀကီးဆုံး ေလယာဥ္ထုတ္လုပ္မႈကုမၸဏီအျဖစ္ ဦးေဆာင္ေနဆဲပါ။ ကုိဗစ္ေရာဂါကပ္ဟာ ဘုိးရင္းကုမၸဏီကိုလည္း ထိခုိက္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္စာရင္းအရ အလုပ္ေပါင္း ၁၂၀၀၀ ေလာက္ကို ရပ္ဆုိင္းထားရတယ္လုိ႔ သိရပါတယ္။

Tags: world companies

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!