Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံးရေဘဝဲအမျိုးအစား Giant Pacific

by Thutamm
January 15, 2020
Reading Time: 1min read
0
ကမ္ဘာ့အကြီးဆုံးရေဘဝဲအမျိုးအစား Giant Pacific
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ ရေဘဝဲအမျိုးအစားပေါင်း ၃၀၀ ခန့်ရှိတဲ့ အထဲက အကြီးဆုံး ရေဘဝဲအမျိုးအစားအဖြစ် သတ်မှတ်ထားခံရတာကတော့ Giant Pacific ရေဘဝဲ အမျိုးအစားပဲ ဖြစ်ပါတယ်။ သူ့ကို မြောက်ပိုင်းပစိဖိတ်အကြီးစားရေဘဝဲ လို့လည်း ခေါ်ကြပါသေးတယ်။ ကင်းမွန်တို့နဲ့ မျိုးနွယ်တူဖြစ်တဲ့ cephalopod မျိုးစိတ်ဖြစ်ပြီး သူ့ရဲ့သိပ္ပံနာမည်ကတော့ Enteroctopus dofleini ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှာ အများဆုံးတွေ့ရတတ်တဲ့အတွက် ဒီနာမည်တွင်ရခြင်း ဖြစ်ပါတယ်။

မြောက်ပစိဖိတ်ကမ်းရိုးတန်းတလျှောက် အမေရိကန် ကယ်လီဖိုးနီးယား ၊ အော်ရီဂွန် ၊ ဝါရှင်တန် ၊ အလက်စကားပြည်နယ်တွေ ၊ ကနေဒါ ဗြိတိန်ကိုလံဘီယာပြည်နယ် ၊ ရုရှားနိုင်ငံ ၊ ဂျပန် နဲ့ ကိုရီးယားကျွန်းဆွယ်တဝိုက်မှာ အများဆုံး တွေ့ရလေ့ရှိတဲ့ ရေဘဝဲအမျိုးအစား ဖြစ်ပါတယ်။ ဒီရေဘဝဲတွေဟာ ပင်လယ်ရေမျက်နှာပြင်ကနေ ရေအောက်အနက်ပေ ၆၀၀၀ အတွင်းမှာ ကျက်စားလေ့ရှိပါတယ်။

သွေးအေးသတ္တဝါအမျိုးအစားဖြစ်တဲ့ ဒီရေဘဝဲတွေဟာ အခြားရေဘဝဲအမျိုးအစားတွေလိုပဲ ဦးခေါင်း တစ်ခု လက်ရှစ်ဖက် ပါရှိပါတယ်။ ဒါ့အပြင် နှလုံးက ၃ခုရှိကာ သူတို့ရဲ့သွေးကတော့ အပြာရောင်ဖြစ်ပါတယ်။ ဒီရေဘဝဲရဲ့အရောင်ကတော့ နီညိုရောင်ဖြစ်ပေမယ့် ကိုယ်ခန္ဓာမှာ ပါဝင်တဲ့ အထူးအရောင်ခြယ်ပစ္စည်းတွေကြောင့် ကျောက်ဆောင်တွေ အပင်တွေ နဲ့ သန္တာကျောက်တန်းတွေကြားမှာ ပုန်းကွယ် ကိုယ်ရောင်ဖျောက်နိုင်တဲ့ အစွမ်းရှိပါတယ်။

အရွယ်ရောက်ပြီး ပစိဖိတ်အကြီးစားရေဘဝဲ တစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်ဟာ ၃၃ပေါင်ခန့်ရှိပြီး လက်တံနှစ်ဘက်ကြားအကျယ်ကတော့ ၁၄ပေ ခန့်ဖြစ်ပါတယ်။ ပိုကြီးတဲ့အကောင်တွေကတော့ အလေးချိန် ၁၁၀ပေါင်ခန့်နဲ့ လက်တံနှစ်ဘက်အကျယ် ပေ ၂၀ခန့် အထိ ရှိတတ်ပါတယ်။ ဒီရေဘဝဲတွေဟာ အလေးချိန် ပေါင် ၆၀၀ နဲ့ လက်တံနှစ်ဘက်အကျယ် ပေ ၃၀ ကျော်အထိကြီးထွားနိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် ဂင်းနစ်စံချိန်တင်ထားတဲ့ အကြီးဆုံးအရွယ်ကတော့ အလေးချိန် ၃၀၀ပေါင် နဲ့ လက်နှစ်ဘက်အကျယ် ၃၂ပေ ရှိတဲ့ အကောင်ဖြစ်ပါတယ်။ အကောင်ဘယ်လောက်ကြီးကြီး သူတို့ရဲ့နှုတ်သီး(beak)သာသာလောက်ကြီးတဲ့ အပေါက်တွေကို ဝင်နိုင်တဲ့အထိ သူတို့ရဲ့ ခန္ဓာကိုယ်ကို ချုံ့နိုင်စွမ်းရှိတဲ့ တိရစ္ဆာန်အမျိုးအစားလည်း ဖြစ်ပါတယ်။

အသားစားတိရစ္ဆာန်ဖြစ်တဲ့ ဒီရေဘဝဲတွေရဲ့ အဓိကသားကောင်အဖြစ် စားသုံးခံရတဲ့ တိရစ္ဆာန်တွေကတော့ ပုဇွန်ဆိတ် ၊ ပုဇွန်ထုပ် ၊ ကဏန်း ၊ ပင်လယ်ခရု ၊ ငါး ၊ ငါးမန်း(mud shark) နဲ့ အခြားရေဘဝဲတွေ ဖြစ်ပါတယ်။ သားကောင်ကို စုပ်ခွက်ပေါင်းများစွာပါပြီး သန်မာလွန်းတဲ့ လက်တံတွေနဲ့ ဖမ်းဆီးကာ နှုတ်သီးနဲ့ ကိုက်ပြီး စားသောက်တတ်လေ့ရှိပါတယ်။

ပင်လယ်ဖျံ ၊ စပန်းဝေလငါး နဲ့ ပစိဖိတ် sleeper ငါးမန်းတွေကတော့ သူတို့ရဲ့ ရန်သူတွေဖြစ်ပါတယ်။ သူတို့အတွက် အကြီးမားဆုံး ရန်သူကတော့ လူသားတွေဖြစ်ပြီး တစ်နှစ်ကို ရေဘဝဲတန်ချိန်ပေါင်း ၃.၃သန်း(တန်ဖိုး ဒေါ်လာ ၆ဘီလျံ) ခန့်ကို ကမ္ဘာအနှံ့က လူသားတွေဟာ စားသောက်နေကြတဲ့အတွက် ရေဘဝဲကောင်ရေပေါင်းများစွာဟာ အချိန်မလပ် ဖမ်းဆီးသတ်ဖြတ်ခံနေရပါတယ်။ လူတွေကတော့ မှိန်းနဲ့ထိုးတာ ၊ ပိုက်ကွန်နဲ့ဖမ်းတာ ၊ ထောင်ခြောက်နဲ့ဖမ်းတာ စတဲ့နည်းပေါင်းစုံကို သုံးကာ ဒီရေဘဝဲတွေကို ဖမ်းဆီးလေ့ရှိပါတယ်။

ရေဘဝဲတွေဟာ ကျောရိုးမဲ့တိရစ္ဆာန်တွေထဲမှာတော့ ဉာဏ်အကောင်းဆုံး တိရစ္ဆာန်ဖြစ်ပါတယ်။ စမ်းသပ်ချက်တွေအရ သူတို့တွေဟာ အရုပ်တွေနဲ့ဆော့နိုင်ခြင်း ၊ ပုလင်းအဖုံးဖွင့်နိုင်ခြင်း ၊ လူတွေသင်ပြတာကိုနားလည်ခြင်း ၊ ပစ္စည်းတွေကို အသုံးပြုတတ်ခြင်း နဲ့ ဉာဏ်စမ်းပြသနာအချို့ကို အဖြေရှာနိုင်ခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်တဲ့ တိရစ္ဆာန်အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒီရေဘဝဲတွေရဲ့ ဦးနှောက်မှာ အာရုံကြောဆဲလ်ပေါင်း သန်း ၃၀၀ ခန့် ပါရှိတယ်လို့ သိရပါတယ်။

ရေဘဝဲအမ တစ်ကောင်ဟာ တစ်ခါဥဥရင် ဥပေါင်း ၁၂၀၀၀၀ ခန့်ကနေ ၄၀၀၀၀၀ခန့် အထိ ဥလေ့ရှိပါတယ်။ ရေဘဝဲအမဟာ ဒီလောက်များပြားတဲ့ ဥပေါင်းများစွာကို ရေထဲကို အဆက်မပြတ်ထွက်စေခြင်း နဲ့ ဥပါတယ်။ ဥတွေကို စောင့်ရှောက်နေစဉ်အတွင်းမှာ ရေဘဝဲအမဟာ အစားစားလေ့မရှိပဲနေထိုင်တတ်ကြပြီး နောက် သေဆုံးသွားကြပါတယ်။ ဥတွေကတော့ ၆လ အကြာမှ အကောင်ပေါက်ပြီး အကောင်အရေအတွက်အနည်းငယ်သာ အရွယ်ရောက်တဲ့ အထိ ရှင်သန်နိုင်ကြပါတယ်။ ဥမှပေါက်ပေါက်ချင်း အကောက်ပေါက်အရွယ်အစားဟာ စပါးစေ့ခန့်သာ ရှိပေမယ့် တစ်နေ့ကို အဆမတန်အမြန်နှုန်းနဲ့ ကြီးထွားလာပြီး လအနည်းငယ်အတွင်း အရွယ်ရောက်သွားကြပါတယ်။

ရေဘဝဲတွေဟာ ပုံမှန်အားဖြင့် လူတွေကို ရှောင်ရှားလေ့ရှိပေမယ့် တခါတရံမှာတော့ အမှတ်မထင်တိုက်ခိုက်တတ်တာမျိုး ရှိပါတယ်။ ရုပ်ရှင်တွေထဲကလိုတော့ ဆိုးဆိုးရွားတိုက်ခိုက်သတ်ဖြတ်တာတော့ မဟုတ်ပါဘူး။ ရေဘဝဲအများစုမှာ အဆိပ်အနည်းငယ်စီရှိနိုင်ပေမယ့် အပြင်းထန်ဆုံးအဆိပ်ကိုပိုင်ထားတာကတော့ ရေဘဝဲငယ်တစ်မျိုးဖြစ်တဲ့ blue-ringed ရေဘဝဲ ပဲဖြစ်ပါတယ်။ Giant Pacific ရေဘဝဲတွေရဲ့ သက်တမ်းကတော့ ၃နှစ်ကနေ ၅နှစ် အထိ ဖြစ်ပါတယ်။

VIDEO

Giant Pacific Octopus

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!