Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီးများ အကြောင်း

by Thutamm
July 29, 2019
Reading Time: 1min read
0
ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီးများ အကြောင်း
Share on FacebookShare on Twitter

ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများကို ဗဟုသုတအနေနဲ့ ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီးတွေအကြောင်းကိုဖော်ပြသွားပါမယ်။

၅။ Brutus

သူဟာ အလွန်ကြီးမားတဲ့ ရေငန်မိကျောင်းအမျိုးအစားဖြစ်ပြီး သြစတြေးလျနိုင်ငံမြောက်ပိုင်းက Adelaide မြစ်ထဲမှာရှိတာပါ။ ဒီမိကျောင်းကြီးမှာ ခြေလက် ၃ချောင်းပဲ ပါပါတယ်။ ဒီလိုဖြစ်ရခြင်းကတော့ ငါးမန်းတွေနဲ့ တိုက်ပွဲမှာ ငါးမန်းအကိုက်ခံရတာကြောင့်လို့ ဆိုကြပါတယ်။ ဒီမိကျောင်းကြီးရဲ့ အသက်ဟာ ၈၀ကျော်ပါပြီ။

ပြီးခဲ့တဲ့ ၃-၄နှစ်ကတည်းက ငါးမန်းတစ်ကောင်ကို ကိုက်ချီနေတဲ့ပုံရိပ်တွေကြောင့် အင်တာနက်ပေါ်မှာ လူသိများခဲ့တဲ့မိကျောင်းကြီးလည်းဖြစ်ပါတယ်။ ဒီမိကျောင်းကြီးရဲ့ အရှည်ကတော့ ၁၈ပေ ၄လက်မ ရှိပါတယ်။ မိကျောင်းကြီးကိုတွေ့ချင်တဲ့ ခရီးသွားတွေဟာ Adelaide မြစ်ထဲကို သွားပြီး အစာကျွေးလေ့ရှိကြပါတယ်။

၄။ Bujang Senang

သူကတော့ မလေးရှားနိုင်ငံ ဘိုနီယိုကျွန်းစုအနီးမှာ ရှိခဲ့တဲ့ရေငန်မိကျောင်းကြီးတစ်ကောင်ဖြစ်ပါတယ်။ အခုတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ် သုံးလေးဆယ်လောက်ကတည်းက လူတွေကို စားသောက်ခြင်း အန္တရာယ်ပြုခြင်းတွေကို လုပ်ခဲ့တဲ့ အတွက် လူသားစားမိကျောင်းကြီး အဖြစ်နာမည်ကြီးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မိကျောင်းဖမ်းသမားတွေဟာ ဒီမိကျောင်းကြီးကို မိသွားပြီး သတ်ဖြတ်ပြစ်ခဲ့ပါတယ်။ မိကျောင်းကြီးကို သတ်ခဲ့တဲ့နေ့ကတော့ ၁၉၉၂ခုနှစ် မေလ ၂၀ရက်နေ့ဖြစ်ပါတယ်။ အရွယ်အစားကို တိုင်းတာကြည့်တဲ့အခါမှာတော့ အရှည် ၁၉ပေ ၃လက်မရှိပြီး အလေးချိန် ၁တန်ကျော်လေးပါတယ်။ ဒီမိကျောင်းကြီးရဲ့ ဦးခေါင်းခွံကို မလေးရှားနိုင်ငံ Sarawak ပြတိုက်မှာ ပြသထားပါတယ်။

၃။ Gustave

ဒီမိကျောင်းကြီးက ကမ္ဘာမှာအကြီးမားဆုံး မဟုတ်ပေမယ့် ကြောက်စရာအကောင်းဆုံး မိကျောင်းကြီးဖြစ်ခဲ့ပါတယ်။ အာဖရိက ဘရွန်ဒီနိုင်ငံမှာသောင်းကြမ်းခဲ့တဲ့ နိုင်းမြစ်မိကျောင်းကြီးတစ်ကောင်ဖြစ်ပါတယ်။ ဘယ်လောက်ရက်စက်ကြမ်းကြုတ်ခဲ့သလဲ ဆိုရင် ဒီမိကျောင်းကြီးဟာ Ruzizi မြစ် နဲ့ Tangaayika ကမ်းခြေတွေမှာ လှည့်လည်ကျက်စားရင်း လူပေါင်း ၃၀၀ ထက်မနည်းကို သတ်ဖြတ်ပစ်ခဲ့လို့ ဖြစ်ပါတယ်။

Gustave ဟာ လူတွေကိုသာမက ကျွဲရိုင်း ၊ တောင်ဆိတ် နဲ့ မြင်းကျားတွေကိုပါတိုက်ခိုက် သတ်ဖြတ်လေ့ရှိပါတယ်။ သူ့ရဲ့ပါးစပ်ထဲမှာ သွားအနည်းငယ်သာ ကျန်တော့တာကိုကြည့်ပြီး ပညာရှင်တွေကတော့ ဒီမိကျောင်းကြီးရဲ့ အသက်ကို နှစ် ၁၀၀ ဝန်းကျင်လို့ ခန့်မှန်းကြပါတယ်။

လူသားတွေကရဲ့ အမဲလိုက် တိုက်ခိုက်မှုကြောင့် တစ်ကိုယ်လုံးမှာလည်း ထိုးရာ ခုတ်ရာ ကျည်ဆန်ရာ ဒါဏ်ရာ ဒါဏ်ချက်တွေပြည့်နှက်နေခဲ့ပေမယ့် ဒီမိကျောင်းကြီးကို ဖမ်းဆီးသတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပါ။ အရှည် ၁၉ပေ ၆လက်မ ရှိတဲ့ ဒီမိကျောင်းကြီးကို မတွေ့ရတော့ကြာပြီဖြစ်ပေမယ့် သေသွားပြီလား ရှင်နေဆဲလားဆိုတာကိုတော့ အတိအကျမသိကြပါဘူး။

၂။ Dominator

ဒီမိကျောင်းကြီးကတော့ အပေါ်မှာဖော်ပြခဲ့တဲ့ Brutus မိကျောင်းကြီးနဲ့ နေထိုင်ကျက်စားရာဒေသတူပြီး သူလည်း သြစတြေးလျှနိုင်ငံ Adelaide မြစ်ထဲမှာ ရှိပါတယ်။ Brutus ထက် နည်းနည်းပိုကြီးပြီး အရှည် ၂၀ပေ နဲ့ အလေးချိန် ၁တန်ကျော် ရှိပါတယ်။

မိကျောင်းကြီးရှိတဲ့နေရာကို မိကျောင်းကျွမ်းကျင်သူတွေက ရှာဖွေပေးပြီး အဲဒီနေရာမှာ ခရီးသွားတွေဟာ မိကျောင်းကြီးကို အစာကျွေးလေ့ရှိပါတယ်။ ချက်ချင်းကျွေးလို့မရပဲ အချိန် ၁၀မိနစ်ခန့် စောင့်ရတယ်လို့ သိရပါတယ်။ အစာကိုလေထဲမှာ မြှောက်ထားချိန်မှာ မိကျောင်းကြီးဟာ ရေထဲကနေ လှေတစ်မြင့်နီးပါးခုန်တက်ပြီး အစာကို စားသောက်လေ့ရှိပါတယ်။

၁။ Lolong

လောင်းလောင်းဆိုတဲ့ ဒီမိကျောင်းကြီးကိုတော့ အင်တာနက်ပေါ်မှာ မကြာခဏမြင်ရလေ့ရှိတာကြောင့် သိတဲ့သူများမယ် ထင်ပါတယ်။ မှတ်တမ်းတင်နိုင်ခဲ့သမျှ မိကျောင်းတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ၂၀ပေ နဲ့ ၃လက်မ ရှိကာ အလေးချိန် ၁.၂တန် ရှိပါတယ်။ ရေငန်မိကျောင်းတစ်ကောင်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မှာကျက်စားခဲ့ပါတယ်။

ဒီမိကျောင်းကြီးကို ဖိလစ်ပိုင်နိုင်ငံ Agusan del Sur ဒေသက Bunawan ချောင်းထဲမှာ ၂၀၁၁ခုနှစ် စက်တင်ဘာလမှာ ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။ အဲဒီအချိန်က သူ့ရဲ့အသက်ဟာ ၅၀နှစ်ခန့် ရှိပါပြီ။ တံငါသည်တစ်ယောက်နဲ့ ၁၂နှစ်အရွယ်မိန်းကလေးတစ်ယောက်တို့ကို သတ်ဖြတ်စားသောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်ပိုင်းမှာ Palawan မိကျောင်းနဲ့ တောရိုင်းထိန်းသိမ်းရေးဌာနက မိကျောင်းဖမ်းသမားတွေက လိုက်လံဖမ်းဆီးခဲ့ကြတာပဲဖြစ်ပါတယ်။

ဖမ်းဆီးပြီးတဲ့နောက်မှာ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာက အမျိုးသားသမိုင်းပြတိုက်မှာ ထိမ်းသိမ်းပြသထားခဲ့ပါတယ်။ မိကျောင်းကြီးဟာ ဖမ်းဆီးခံခဲ့ရပြီး ၁နှစ်ခွဲအကြာ ဖေဖော်ဝါရီ ၂၀၁၃ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!