Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းကြီးများ – ၂

by Thutamm
October 29, 2020
Reading Time: 3min read
0
ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းကြီးများ – ၂
Share on FacebookShare on Twitter

ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းကြီးများ – ၁ ကို မဖတ်ရသေးရင် ဒီလင့် ကနေ တဆင့်သွားဖတ်နိုင်ပါတယ်။

(၅) Sri Ranganathaswamy

နှစ်စဉ်လာရောက်လည်ပတ်သူနဲ့ ဖူးမြော်သူ သန်းပေါင်းများစွာရှိနေတဲ့ ရှရီရာဂနာသာ ဆွာမိ ကျောင်းတော်ဟာဟာဆိုရင် ဟိန္ဒူနတ်ဘုရား Ranganatha အတွက် ရည်စူးတည်ဆောက်ထားတဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ အိန္ဒိယရဲ့ အကျော်ကြားဆုံး ဟိန္ဒူဘုရားကျောင်း တွေထဲက တခုဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ရှရီရန်ဂမ် မှာတည်ရှိပါတယ်။ ရှရီရာဂနာသာ ဆွာမိဟာဆိုရင် အကြီးဆုံးသောဘုရားကျောင်းတစ်ခုလည်းဖြစ်ပြီး (၁၅၆)ဧကကျယ်ဝန်းတဲ့ သာသနာ့နယ်မြေအတွင်းမှာ တည်ရှိလို့နေပါတယ်။

ပထမဆုံး ဘုရားကျောင်း အဆောက်အအုံကိုတော့ ၉ ရာစုကာလကတည်းက စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၄ ရာစုမှာတော့ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ နောက် ရာစုနှစ်တွေမှာလည်း ရုပ်တုတာဝါတွေကို ဆက်လက်တိုးချဲ့တည်ဆောက်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှ တည်ဆောက်မှုတွေကို အပြီးသတ်လိုက်တာဖြစ်ပါတယ်။ ဒီဘုရားကျောင်းကြီးတခုလုံးမှာဆိုရင် ဝတ်ပြုဆောင်ပေါင်း ၈၁ခု ၊ ရုပ်တုတာဝါပေါင်း ၂၁ ခု နဲ့ ကျောင်းဆောင်အဆောက်အအုံငယ်ပေါင်း ၃၉ ခု တို့ ပါဝင်နေပြီး ပင်မရုပ်တုတာဝါကတော့ အမြင့်ပေ ၂၄၀ ရှိပါတယ်။

(၄) Akshardham Temple

အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီမှာတည်ရှိတဲ့ Akshardham ဘုရားကျောင်းဝန်းဟာ ဆိုရင်(၂၀၀၀)ပြည့်နှစ်ကနေ (၂၀၀၅)ခုနှစ်အကြားကာလတွေက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ချိန်ကတော့ ဆောက်လုပ်ရေးနဲ့ဗိသုကာပညာရှင်(၇၀၀၀)နဲ့ စေတနာ့ဝန်ထမ်းပေါင်း (၃၀၀၀)လောက်ကို အသုံးပြုတည်ဆောက်ခဲ့ပါတယ်။ နှစ်ပေါင်း ထောင်နဲ့ချီတည်တံ့ခဲ့တဲ့ အိန္ဒိယနဲ့ဟိန္ဒူမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်နဲ့ဗိသုကာလက်ရာပညာရပ်ကို ကိုယ်စားပြုတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။

ယောဂီကြီး ဘဂဝမ်ဆာမိနာရာယမ် ကို အထိမ်းအမှတ်အဖြစ် ကိုးကွယ်ပူဇော်ထားတဲ့ အဆောက်အဦဖြစ်ပြီး အမြင့်ဆုံးပိုင်းမှာဆိုရင်(အလယ်ဗဟိုနေရာ) တွေဟာဆိုရင် (၄၃)မီတာအထိမြင့်မားကာ အကျယ်(၉၆)မီတာနဲ့အလျား(၁၁၀)မီတာ အထိကိုရှိနေတာဖြစ်ပါတယ်။ နတ်ဘုရားကျောင်းဆောင်တစ်ခုလုံးကိုတော့ပန်းရောင် Rajasthani သဲကျောက်တွေနဲ့ အီတာလျံ Carrara စကျင်ကျောက်တွေကိုပဲအသုံးပြု တည်ဆောက်ခဲ့ကာ သံမဏိနဲ့ကွန်ကရစ်တွေကိုထည့်သွင်းအသုံးပြုတာမျိုးတော့မရှိခဲ့ပါ ဘူး။ အဆောက်အအုံကြီးအတွင်းမှာတော့ အံမခန်းတဲ့ ရှေးမူအတိုင်းဖန်တီးထားတဲ့ အိန္ဒိယတို့ရဲ့ လက်မှုဗိသုကာ အနုပညာတွေနဲ့ အလှဆင်ထားပါတယ်။ ခေတ်အဆန်ဆုံး၊အကြီးမားဆုံးနဲ့အလှပဆုံးသော ဘုရားကျောင်းတခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

(၃) Borobudur

အရှေတောင်အာရှက အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားဒေသက Magelang မှာတည်ရှိ နေတဲ့ နာမည်ကျော် ဗောရောဗုဓပုထိုးတော်ကြီးဟာ ဆိုရင် ဗုဒ္ဓဘာသာဝင်တွေရဲ့အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တခုလည်းဖြစ်ပါတယ်။ အေဒီ ၉ရာစုဝန်းကျင် Shailendra မင်းဆက်တွေ လက်ထက်က တည်ဆောက်ခဲ့တယ်လို့ သိရပြီး တချိန်ကတော့ ရဟန်းတော်များစွာ စုပေါင်းနေထိုင်ရာအရပ်ဖြစ်ခဲ့ပြီး ဒီနေရာမှာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပါတယ်။

အထပ်(၆)ဆင့်ပါဝင်တဲ့ ပုထိုးတော်ကြီးဖြစ်ပြီး ဖောင်းကြွပုံလက်ရာ ရုပ်တုကားချပ်ပေါင်း(၂၆၇၂)ခုနဲ့ ဗုဒ္ဓဆင်းတုတော်ပေါင်း (၅၀၄)ခုအထိတည်ရှိလို့နေပါတယ်။ ယင်းအနက်ကဗုဒ္ဓရုပ်ပွားတော်ပေါင်း(၇၂) ဆူလောက်ဟာ ထိုင်တော်မှုရုပ်ပွားတော်တွေဖြစ်ပြီး အလယ်ဗဟိုနေရာကစေတီရှိရာ ကိုမျက်နှာမူထားပါတယ်။ ဗောရောဗုဓကို အနီးရှိ ကျောက်မိုင်းမှ မီးခိုးရင့်ရောင် andesite ကျောက် ၇၂၀၀၀ ကုဗပေ အသုံးပြုကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အင်္ဂတေ မသုံးဘဲ ကျောက်တုံးများကို ညီညာစွာဖြတ်တောက်ကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်တဲ့နည်းနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စတုရန်းပေ ၂၇၀၀၀ ကျယ်ဝန်းပြီး အနားတဖက်စီ အလျား ၄၀၄ပေ ရှိကာ အမြင့်က ၁၁၅ ပေ ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ အဆောက်အဦး အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

(၂) Karnak

Karnak ကိုတော့ Great Hypostyle Hall အဖြစ်လည်းလူသိများထင်ရှားပြီး မဟာပိရမစ် ပြီးရင်တော့ အီဂျစ်နိုင်ငံရဲ့လာရောက်လည်ပတ်သူ အများဆုံးသော သမိုင်းဝင် နေရာတစ်ခုဖြစ်ပါတယ်။ ယခုချိန်မှာဆိုရင်အဆောက်အအုံရဲ့နေရာအတော်များများဟာ ပျက်စီးသွားခဲ့ပြီဖြစ်ပေမဲ့ အီဂျစ်မှာ Karnak ထက် သမိုင်းအနုပညာတန်ဖိုးပိုမိုမြင့်မားတဲ့ နေရာဟာ အနည်းငယ်သာရှိနေသေးတာကို တွေ့ရမှာဖြစ်ပါတယ်။ အီဂျစ်သမိုင်းရဲသမိုင်းဝင် ဘုရားကျောင်း အဆောက်အအုံစာရင်းမှာတော့ အကြီးဆုံးနေရာကနေရပ်တည်နေတာဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ဒုတိယ အကြီးဆုံးဘုရားကျောင်း ဖြစ်ပါတယ်။

အီဂျစ် အလယ်ဘုရင့်နိုင်ငံ ဘီစီ ၂၀၀၀ ဝန်းကျင် ကာလကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တော်လမီမင်းဆက်တွေ လက်ထက်တိုင်အောင် တိုးချဲ့တည်ဆောက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် အခုအချိန်ထိတိုင် အံ့ဖွယ် အဆောက်အအုံ တစ်ခု အဖြစ်တည်ရှိနေဆဲ ဖြစ်ပါတယ်။ Karnak ဘုရားကျောင်းကို ရှေးအီဂျစ်တွေက အဓိက နတ်ဘုရား ၃ ပါး ဖြစ်တဲ့ Amun၊ Mut နဲ့ Khonsu တို့ ကို ရည်စူးပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားကျောင်းဝန်းဟာ ဧက ပေါင်း ၂၀၀ ကျော်ကျယ်ဝန်းပါတယ်။ တိုင်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ Hypostyle ခန်းမကြီး ဆိုရင်လည်း စတုရန်းပေပေါင်း ၅၄၀၀၀ ကျယ်ပါတယ်။

(၁) Angkor Wat

ကမ္ဘာအကြီးဆုံးသောဘုရားကျောင်းတော်ဟာ Angkor Wat ဘုရားကျောင်းကြီးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ အမှတ်အသား အဆောက်အအုံအဖြစ် ထင်ရှားပါတယ်။ ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးနယ်မြေအဖြစ် Angkor Wat ရဲ့ဝန်းကျင်ဧက(၅၀၀)လောက်ကိုသတ်မှတ်ထားပါတယ်။ အေဒီ ၁၂ရာစုကာလ ခမာဘုရင် ဒုတိယမြောက် Suryavarman တည်ဆောက်ခဲ့တာဖြစ်ပြီး အရှေတောင်အာရှရဲ့အကြီးမားဆုံးသော ဘာသာရေးအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

မူလက ဟိန္ဒူဘုရားကျောင်းအဖြစ်ရှိနေရာကနေ နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်းအဆောက်အအုံ ဖြစ်လာခဲ့ပါတယ်။ Angkor Wat ဘုရားကျောင်းဟာဆိုရင် ဗုဒ္ဓဘာသာဝင်တွေအတွက် သာမက ဟိန္ဒူဘာသာဝင်တွေအတွက်အထွတ်အမြတ်ထားရာသာသနိကကျောင်းတော် ကြီးဖြစ်ပြီး အဓိကမျှော်စင်ကတင် (၆၅)မီတာ မြင့်မားကာ အခြားသောမျှော်စင်ငယ်(၄) ခုက ဝန်းရံနေတဲ့ ပုံအတိုင်း တည်ရှိနေပါတယ်။ အလယ်ခန်းမဆောင်အတွင်းမှာဆိုရင် ဗုဒ္ဓရဲ့ပန်းချီရုပ်ပုံတွေအပြင် ရာမာယဏ နဲ့ မဟာဘတရ ဇာက်တော်တွေရဲ့သရုပ်ဖော်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ထူးခြား ချက်ကတော့ အခြားသော ဟိန္ဒူဘာသာ ဘုရားကျောင်းတော်တွေလို အရှေ့ဘက်ကို မလှည့်ပဲ Angkor Wat ဘုရားကျောင်းဟာ အနောက်ဘက်ကို မျက်နှာမူထားတာဖြစ်ပါတယ်။ ဘုရားကျောင်းကြီးရဲ့ဝင်ပေါက်တွေမှာဆိုရင်လည်း ကျောက်ဆစ်ရုပ်တွေ၊ပန်းဆွဲတွေအလှဆင်ထားပြီး ဘုရားကျောင်းတစ်ခုလုံးကိုတော့ သဲကျောက်တွေနဲ့ အသုံးပြုတည်ဆောက်ထားတာဖြစ်ပါတယ်။ အန်ကောဝတ်ဆိုတာကတော့ ပုထိုးများရဲ့မြို့တော်လို့ အဓိပ္ပါယ်ရပြီး ဒီနေရာကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၂သန်းကျော် လာရောက်လေ့ရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

Tags: architectureworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!