Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ ဒုတိယအကြီးဆုံး ပင်လယ်ကူး ဇိမ်ခံသင်္ဘောကြီးအကြောင်း

by Thutamm
July 31, 2019
Reading Time: 2min read
0
ကမ္ဘာ့ ဒုတိယအကြီးဆုံး ပင်လယ်ကူး ဇိမ်ခံသင်္ဘောကြီးအကြောင်း
Share on FacebookShare on Twitter

ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်လယ်ကူးခရီးသွား သင်္ဘောကတော့ နာမည်ကြီးသဘောၤခရီးသွားကုမ္ပဏိဖြစ်တဲ့ Royal Caribbean ကတည်ဆောက်ခဲ့တဲ့ Harmony of the Seas အမည်ရတဲ့ သင်္ဘောကြီးပဲ ဖြစ်ပါတယ်။ အရှည် ၁၁၈၈ပေ ၊ အကျယ် ၂၁၅.၅ပေ ၊ အမြင့် ၂၁၀ပေ ရှိပြီး ၂၀၁၃ ခုနှစ်တွင် စိန့်နာဇိုင်ရီမြို့ရှိ ပြင်သစ်သင်္ဘောကျင်း STX မှာ စတင်တည်ဆောက်ခဲ့ပါတယ်။

Harmony သင်္ဘောဟာ တိုက်တန်းနစ်သင်္ဘောကြီးထက် ပေ ၃၃၀ နီးပါး ပိုမိုရှည်လျားကြောင်း သိရပါတယ်။ ဒီသင်္ဘောကြီးကို ၂၀၁၅ မှာတော့ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၁.၃၅ဘီလျံ ကုန်ကျခဲ့ပါတယ်။ အလေးချိန်အားဖြင့်တော့ တန်ချိန်ပေါင်း ၁၂၀၀၀၀ ရှိပါတယ်။ အမြန်နှုန်းကတော့ ၁နာရီကို ၂၉မိုင် သွားနိုင်ပါတယ်။

သင်္ဘောကြီးကို သင်္ဘောကျင်းကနေ ရေချရာမှာ ဆွဲသင်္ဘောခြောက်စင်း၏ အကူအညီဖြင့်ချခဲ့ရပြီး ဒီရေချမှုကို လူပေါင်း ၇သောင်းကျော် လာရောက်ကြည့်ရှု့ခဲ့ပါတယ်။ ပထမဆုံး စမ်းသပ်ခရီးစဉ်အနေနဲ့ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန်မြို့ကိုပြေးဆွဲခဲ့ပြီး အဲဒီနောက်တော့ စပိန်နိုင်ငံ ဘာစီလိုနာဆိပ်ကမ်းမှာ ရပ်နားခဲ့ပါတယ်။ ဘာစီလိုနာပြီးတဲ့အခါမှာတော့ ၇ညအိပ်ခရီးစဉ်တွေဖြစ်တဲ့ အီတလီ နဲ့ အမေရိကန်တို့ကိုပြေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။

သင်္ဘောကြီးပေါ်မှာ အပင်ငယ် ၁၀၀၀၀ ကျော်နဲ့ အပင်ကြီး ၅၇ ပင် စိုက်ပျိုးထားတဲ့ဥယျာဉ်ပါဝင်ပါတယ်။ အထပ်ပေါင်း ၁၈ထပ် ရှိပြီး စားသောက်ဆိုင် ၁၆ ဆိုင် ၊ ကော်ဖီဆိုင်နဲ့ ဈေးဝယ်စင်တာများ ၊ အားကစားခန်းမများ ၊ ရုပ်ရှင်ရုံများလည်း ပါဝင်ပါသတဲ့။ ဒါ့အပြင် သင်္ဘောကြီးထဲမှာ လှိုင်းစီးနိုင်ရန် လှိုင်းအတုများ ဖန်တီးပေးသည့် နေရာနှစ်ခု၊ ကျောက်တောင်တက်ရန် နံရံတစ်ခုနှင့် ရေခဲစကိတ်ကွင်း အစရှိသည်တို့လည်းပါဝင်ပါသေးတယ်။

ခရီးသည်ပေါင်း ၅၄၇၉ဦး နဲ့ သင်္ဘောဝန်ထမ်း ၂၃၀၀ဦးလိုက်ပါ စီးနင်းနိုင်ပါတယ်။ အတန်းအစားအမျိုးမျိုးရှိတဲ့ အခန်းပေါင်း ၂၇၄၇ခန်း ပါဝင်ပါတယ်။ ကာစီနိုရုံ ၊ အနုပညာခန်းမ ၊ ရေသတ္တဝါပြတိုက် ၊ ဘတ်စကတ်ဘောကွင်း ၊ ဂေါက်ကွင်းအသေးစားတစ်ခု စသည်ဖြင့် စီးနင်းသူတွေအတွက် အပန်းဖြေစရာနေရာများစွာလည်း တစ်ပါတည်းပါရှိပါတယ်။ ဒါ့အပြင် မြန်နှုန်းမြင့်အင်တာနက်ကိုလည်း သုံးနိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ ၇ ည အိပ်ခရီးစဉ်အတွက် ဒေါ်လာ ၁၀၀၀ ကျော်က စလို့ အဆင့်ဆင့်ကျသင့်မှာဖြစ်ပါတယ်။

Tags: amazingworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!