Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံးရေအိုင် (သို့) ကက်စပီယံ ပင်လယ် အကြောင်း သိကောင်းစရာ

by Thutamm
August 11, 2019
Reading Time: 1min read
0
ကမ္ဘာ့အကြီးဆုံးရေအိုင် (သို့) ကက်စပီယံ ပင်လယ် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေးသားသူ – Academy

ကမ္ဘာပေါ်တွင် အကြီးဆုံးအိုင်မှာ ဥရောပ အရှေ့တောင်ပိုင်း နှင့် အာရှ အနောက်တောင်ဖက်ဒေသတွင် တည်ရှိသည့် ကက်စပီယံ ပင်လယ် ဖြစ်သည်။ ရေအိုင်ဖြစ်သော်လည်း အလွန်ကြီးမားကျယ်ဝန်းလှသဖြင့် ပင်လယ်ဟုခေါ်ကြခြင်းဖြစ်သည်။ အကျယ်အဝန်းအားဖြင့် တောင်မှမြောက်သို့ မိုင် ၆၄၀မိုင် ရှိပြီး အရှေ့မှ အနောက်သို့ မိုင် ( ၁၃၀ မှ ၂၇၁ ) အထိ ရှိကာ ဧရိယာ စတုရန်းမိုင်၁၄၃,၂၀၀ စတုရန်းမိုင် (၃၇၁,၀၀၀ စတုရန်းကီလိုမီတာ) မျှ ရှိပြီး ရေထုထည်အားဖြင့် ၁၈,၈၀၀ ကုဗမိုင် (၇၈,၂၀၀ ကုဗ ကီလိုမီတာ) မျှ ရှိသည်။

ပင်လယ်ရေမျက်နှာပြင် အောက် ၉၂ပေ တွင်တည်ရှိနေပြီး ဆားငံရေအိုင်ဖြစ်သည်။ ဆားပျော်ဝင်မှုမှာ ၁.၂%(၁လီတာတွင် ၁၂ဂရမ်) ရှိသည်။ ၎င်းသည် ပြင်ပသို့ စီးထွက်ခြင်း မရှိသော ပင်လယ် ဖြစ်ပြီး မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ တောင်ဘက်တွင် အီရန်နိုင်ငံ၊ အနောက်ဘက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ အရှေ့ဘက်တွင် ကာဇက်စတန်နိုင်ငံ နှင့် တပ်မင်နစ္စတန်နိုင်ငံ တို့က ဝန်းရံ ထားကြသည်။

ရှေးခေတ်အခါက ကက်စပီယံ ပင်လယ်၏ အနီးအနားတွင် နေထိုင်ကြသူများသည် ကက်စပီယံ ပင်လယ်အား သမုဒ္ဒရာဟု ထင်မှတ်မှားခဲ့ကြသည်။ အကြောင်းမှာ ရေငန်များ ရှိခြင်းကြောင့်နှင့် အဆုံးအစမရှိဟု ထင်မှတ် စရာ ရှိသောကြောင့်ပင် ဖြစ်သည်။ ဆားငန်ရေပါဝင်မှုသည် ၁.၂ ရာခိုင်နှုန်း မျှသာ ရှိပြီး ပင်လယ်အများစု ဆားပါဝင်မှု၏ ၃ ပုံ ၁ပုံမျှ သာ ရှိသည်။ ကက်စပီယံပင်လယ်ကို ရှေးခေတ် မြေပုံများတွင် ဂီလန် ဟု ခေါ်ဆိုလေ့ ရှိကြသည်။ အီရန်နိုင်ငံတွင်မူ “မဇန်ဒရန်၏ ပင်လယ်” ဟု အဓိပ္ပာယ်ရသော ပါရှန်းဘာသာစကားဖြင့် ခေါ်ဆိုလေ့ ရှိကြသည်။ ကတ်စပီယံ ဟူသောစကားလုံးသည် ရှေးယခင်က ပင်လယ်ကြီး၏ အနောက်တောင်ဘက်တွင် နေထိုင်ခဲ့သည့် ကတ်စပီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်သည်။

၁၉၆၀-၇၀ ခုနှစ်အချိန်က မြစ်သွယ် ၊ မြစ်လက်တက်များမှ ရေဝင်ရောက်မှု နည်းပါးသဖြင့် ပင်လယ်ကြီး၏ ရေမျက်နှာပြင် ကျဆင်းခဲ့ဖူးသည် ။ ထို့ကြောင့် ၁၉၈၀ – ခုနှစ်အချိန်က အရှေ့ဖက်ရှိ တာကက်မန် နစ္စတန် ဒေသ တွင်
တူးမြောင်းများ ၊ ရေကာတာများထိန်းသိမ်းခဲ့ကြ သဖြင့် ပင်လယ်ကြီးသည်ရေမျက်နှာပြင် ပြန်လည်မြင့်တက်လာခဲ့သည် ။ ပင်လယ်ထဲသို့ဝင်ရောက်စီးဆင်းသည့် မြစ်သွယ် ၊ မြစ်လက်တက် နှင့် ချောင်းငယ်များစွာရှိသည် ။မြစ်ကြီးပေါင်းပင် ၁၃၀ ခန့်ရှိပြီး ဗော်ဂါမြစ်မှာ အကြီးဆုံးဖြစ်သည်။ ပင်လယ်ကြီးတွင် ထွက်ပေါက်မရှိသော်လည်း ကုန်းတွင်းပိုင်းဒေသများကို ဖြတ်စီးဆင်းနေသည့် မြစ်များသည် ဘော်လ်တစ်ပင်လယ် ၊ ပင်လယ်ဖြူ ၊ ပင်လယ်နက် များအထိစီးဆင်းလျှက်ရှိသည် ။ ပင်လယ်ကြီး၏ ပျမ်းမျှရေအနက်မှာ ၆၉၀ပေဖြစ်ပြီး အနက်ဆုံးနေရာတွင် ၃၃၆၀ပေ အထိ နက်ရှိုင်းသည်။

ပင်လယ်ကြီးသည်ကုန်းတွင်းပိုင်း ဖြစ်သော်လည်း ပြင်းထန်သည့် လေပြင်းမုန်တိုင်းများ ကျရောက် တတ်သဖြင့် ရေလမ်းခရီးမှာ အလွန်ကြမ်းတမ်းလေ့ရှိတတ်သည် ။ ဆောင်းရာသီအချိန်တွင် ပင်လယ်ကြီး၏ မြောက်ဖက်ဒေသသည် ရေခဲများဖြင့် ဖုံးလွှမ်းနေလေ့ ရှိတတ်သည် ။ ပင်လယ်ကြီးရှိ အဓိက ဆိပ်ကမ်းမြို့များမှာ တာကက်မန် နစ္စတန် နိင်ငံမှ Krasnovodsk ၊ အဇာဘိုင်ဂျန် နိင်ငံ Baku ၊ ရုရှားနိင်ငံမှ Makhachkala တို့ဖြစ်ကြသည် ။

ဤပင်လယ်ဒေသ သည် အရှေ့အလယ်ပိုင်း ၊ ရုရှားဒေသပြီးလျှင် တတိယ ရေနံ နှင့် သဘာဝဓါတ်ငွေ့သိုက်များစွာရှိသည့်ဒေသဖြစ်သည် ။ သို့သော်လည်း ပင်လယ်ထဲရှိ ရေနံ နှင့်  သဘာဝဓါတ်ငွေ့တူးဖေါ်မှု မှာ နယ်နမိတ်ထိစပ်နေသည့် နိင်ငံများ အကြား အဓိက အငြင်းပွားလေ့ရှိသည့် ပြသနာတခု ဖြစ်သည် ။ ၂၀၀၃ – ခုနှစ်မေလ အချိန်က အဇာဘိုင်ဂျန် နိင်ငံ ၊ ကာဇက်စတန် နှင့် ရုရှားနိင်ငံ များသည် ပင်လယ်ကြီး၏ နယ်နမိတ် အား သဘောတူညီမှုရယူကာခွဲေ၀ သတ်မှတ်နိင်ခဲ့ကြသည် ။ သို့သော်လည်း အီရန် နှင့် တာကက်မန် နစ္စတန် နိင်ငံများသည်ခွဲဝေမှုကိုသဘောမတူကြပေ ။

အဇာဘိုင်ဂျန် နိင်ငံ၏မြို့တော် Baku မြို့သည် ဤဒေသ၏ အဓိက ကမ်းလွန်ရေနံ ထုတ်လုပ်ရာမြို့ ဖြစ်ပြီး ထိုဆိပ်ကမ်းမှ မြေထဲပင်လယ်ဒေသရှိ တူရကီနိင်ငံ သို့၎င်း ၊ Black Sea ဒေသ သို့၎င်း ရေနံ ပိုက်လိုင်းသွယ်တန်းကာ ရေနံများတင်ပို ့ရောင်းချလျှက်ရှိသည် ။ ကက်စပီယံ ပင်လယ် ဒေသတွင်ရေနံများ တူးဖေါ်ထုတ်လုပ်လာမှု နှင့်အတူ ရေနံယိုဖိတ်မှုပြသနာများ ကြောင့် Volga မြစ် အပါအဝင်မြစ်သွယ်မြစ်လက်တက် များ၌ ရေထုညစ်ညမ်းမှုများကြုံတွေ့ခဲ့ပြီး ရေနေသတ္တဝါများကို များစွာခြိမ်းခြောက်ခဲ့သည် ။

ထို့ကြောင့် ၂၀၀၃ – ခုနှစ်နိုဝင်ဘာလ အချိန်က ပင်လယ်ကြီးပါတ်ဝန်းကျင်ဒေသမှ နိင်ငံများသည် ပင်လယ်ကြီး ၏ သဘာဝပါတ်ဝန်းကျင်ကို ပူးပေါင်းထိန်းသိမ်းရန် သဘောတူညီခဲ့ကြသည် ။ သို့သော်လည်း ထိုဒေသ၏ သဘာဝပါတ်ဝန်းကျင်အားထိန်းသိမ်းမှု နည်းဥပဒေများမှာ အားနည်းနေဆဲဟု ဆိုသည် ။ ပင်လယ်ကြီးထဲတွင်နေထိုင်သည့် ရေသတ္တဝါမျိုးစိတ်ပေါင်း ၈၅၀ခန့် ရှိပြီး အပင်မျိုးစိတ်ပေါင်း ၅၀၀ ခန့် ရှိသည်။

Tags: knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!