Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံးသစ်တော (သို့) Taiga

by Thutamm
August 17, 2019
Reading Time: 1min read
0
ကမ္ဘာ့အကြီးဆုံးသစ်တော (သို့) Taiga
Share on FacebookShare on Twitter

အကြီးဆုံးသစ်တောလို့ ဆိုလိုက်တာနဲ့ အများစုသိထားကြတာက အမေဇုန်သစ်တောကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အမေဇုန် ဟာ မိုးသစ်တောထဲမှာသာ အကြီးဆုံးဖြစ်ပြီး သစ်တောတွေထဲမှာတော့ အကြီးဆုံးမဟုတ်ပဲ ဒုတိယအကြီးဆုံး သစ်တောသာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးသစ်တောကတော့ Taiga (သို့) Boreal သစ်တောဖြစ်ပြီး နှင်းသစ်တောလို့လည်းခေါ်ကြပါတယ်။

ဒီတစ်ခါတော့ အဲဒီ Boreal သစ်တောကြီးရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အဖြစ် မျှဝေလိုက်ပါတယ်။ Boreal ဆိုတဲ့နာမည်ကတော့ ဂရိဒဏ္ဍာရီထဲက မြောက်ပိုင်းလေနတ်ဘုရား Boreas ကနေဆင့်ပွားယူထားတာဖြစ်ပြီး Taiga ကတော့ ကိုနီဖာပင်များပေါက်ရောက်တဲ့သစ်တောလို့ အဓိပ္ပါယ်ရပါတယ်။

Boreal သစ်တောလို့ခေါ်လေ့ရှိကြပေမယ့် သူဟာ အမေဇုန်မိုးသစ်တောလို တစ်ဆက်တည်းပေါက်ရောက်နေတဲ့ သစ်တောမဟုတ်ပဲ Biome သာဖြစ်ပါတယ်။ Biome ကတော့ နေရာတစ်ခုနဲ့ တစ်ခု ပေါက်ရောက်တဲ့အပင်မျိုးစိတ်တွေ ၊ နေထိုင်ကျက်စားတဲ့ တိရစ္ဆာန်တွေ ၊ သဘာဝပတ်ဝန်းကျင် အခြေအနေတွေ ယေဘုယျအားဖြင့် တူညီတဲ့ ဇီဝစနစ်ကို ဆိုလိုတာပါ။ အဲဒါကြောင့် ဒီလိုပေါက်ရောက်နေတဲ့ အာရှ ၊ ဥရောပ နဲ့ မြောက်အမေရိက သစ်တောတွေကို စုပေါင်းပြီး Boreal သစ်တောလို့ ခေါ်ခြင်းဖြစ်ပါတယ်။

Boreal သစ်တောဟာ ကမ္ဘာ့သဘာဝဆိုင်ရာ အံ့ဖွယ်တွေထဲမှာပါဝင်ပါတယ်။ ၎င်းသစ်တောဟာ မြောက်ကမ္ဘာခြမ်းမှာ တည်ရှိနေပြီး ကန်တော့ပုံစံအပင်များ ၊ ရှားပါးလှတဲ့အပင်များ ၊ တိရစ္ဆာန်မျိုးစိတ်များ ၊ ငှက်မျိုးစိတ်များနှင့် ကန်နှင့်ရွံ့မြေ များစွာရှိတဲ့သစ်တာကြီးဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့်တော့ စတုရန်းမိုင်ပေါင်း ၄.၅သန်းခန့် ရှိပါတယ်။ အမေဇုန်မိုးသစ်တောကြီးရဲ့ အကျယ်ကတော့ စတုရန်းမိုင် ၂.၁သန်းပါ။ နှစ်ပိုင်းကွဲနေတဲ့ Boreal သစ်တောကို ပဲ ကနေဒါ Boreal သစ်တော နဲ့ ရုရှား Boreal သစ်တောလို့ နှစ်မျိုးခွဲခြားခေါ်ကြပါသေးတယ်။

Boreal သစ်တောဟာ  နှင်းများဖုံးလွမ်းနေတဲ့ သစ်တောတွေဖြစ်ပြီး ကနေဒါ ၊ အလက်စကား ၊ အမေရိကန်မြောက်ပိုင်းဒေသအနည်းငယ် ၊ ဆွီဒင် ၊ ဖင်လန် ၊ နော်ဝေး ၊ အိုက်စလန် ၊ ရုရှား ၊ ကာဇက်စတန် ၊ ဂျပန်မြောက်ပိုင်း နှင့် မွန်ဂိုလီးယားမြောက်ပိုင်းဒေသတွေမှာ တည်ရှိပါတယ်။

ကမ္ဘာ့သစ်တောတွေရဲ့ ၃၀% နီးပါးဟာ ၎င်းသစ်တောဖြစ်ပြီး ကနေဒါနဲ့ ရုရှားဒေသတွေမှာ အများဆုံးပေါက်ရောက်ကြပါတယ်။ Boreal သစ်တောတွေမှာ ကန်တော့ချွန်ပုံစံ အပင်မျိုစိတ်များစွာအပြင် ထင်းရူးပင် မျိုးစိတ်ပေါင်းများစွာ ပေါက်ရောက်လျှက်ရှိပါတယ်။

အချိန်အများစု နှင်းတွေဖုံးလွှမ်းလျှက်ရှိပေမယ့် အမေဇုန်သစ်တောလို မစွတ်စိုပဲ ခြောက်သွေ့နေလေ့ရှိပါတယ်။ မိုးရွာသွန်းမှုနည်းပါးပြီး ပျမ်းမျှအားဖြင့် နှစ်တစ်နှစ်ရဲ့ ပျမ်းမျှမိုးရေချိန်က ၃၃လက်မခန့်သာ ရှိပါတယ်။ အေးစက်တဲ့ရာသီဥတုကိုပိုင်ဆိုင်ပြီး အအေးဆုံးနေရာကတော့ ရုရှားမြောက်ပိုင်းဖြစ်ကာ အပူချိန် -၆၅ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းတတ်ပါတယ်။

နို့တိုက်သတ္တဝါမျိုစိတ်ပေါင်း ၈၅မျိုးခန့် ၊ ငါးမျိုးစိတ်ပေါင်း ၁၃၀ခန့် ၊ အင်းဆက်ပိုးမွှားမျိုးစိတ်ပေါင်း ၃၂၀၀၀ခန့် နဲ့ ငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ခန့်ဟာ ဒီသစ်တောတွေထဲမှာ ဖြန့်ကျက်နေထိုင်ကြပါတယ်။

ဒီသစ်တောတွေမှာ ငှက်မျိုးကွဲများစွာ မှီတင်းနေထိုင်ကြပြီး တချို့ကတော့ ရာသီဥတုအပေါ်မူတည်ပြီး ပြောင်းရွေ့နေထိုင်ကြလေ့ရှိပါတယ်။ ယင်းတောများတွင် ပိန်ညှင်းငှက်များ ၊ ဇီးကွက်များ ၊ ငှက်ပိတုန်းများ ၊ သိမ်းငှက် ၊ သစ်တောက်ငှက် နဲ့ လင်းတ စတဲ့ငှက်အမျိုးအစားများအပါအဝင် တေးဆိုငှက်များစွာကိုလည်း တွေ့ရှိရပါတယ်။

ယင်းသစ်တောတွေမှာ ကြီးမားလှတဲ့ နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ဝံနက် ၊ ဂရစ်ဇလီဝက်ဝံ ၊ ဝံပုလွေး ၊ ကဲရီဘူးသမင် ၊ အကြီးဆုံးသမင်မျိုးဖြစ်တဲ့ moose ၊ ပိုလာဝက်ဝံ ၊ တောင်ဆိတ်များ ၊ ဆိုက်ဘေးရီးယားကျား ၊ အမေရိကန်ပြောင် ၊ ယုန် ၊ တောယုန်ကြီး ၊ လင်းနို့ ၊ လမ်မင်ကြွက် ရှဉ့် ၊ ရှဉ့်ပျံ ၊ ကိုက်ဖြတ်သတ္တဝါများ ၊ ခွေးတူဝက်တူ ၊ နဲ့ သမင် မျိုးစိတ်များစွာနေထိုင်ကြပါတယ်။

ရေနေနို့တိုက်သတ္တဝါတွေဖြစ်ကြတဲ့ ဖျံမျိုးစိတ်များ ၊ လွှငါးမန်း ၊ humpback ဝေလငါး ၊ killer ဝေလငါး နဲ့ လင်းပိုင်မျိုးစိတ်ပေါင်းများစွာဟာ boreal သစ်တောအနီးတဝိုက်က ပင်လယ်ပြင်ထဲမှာ ကျက်စားလေ့ရှိပါတယ်။

Boreal သစ်တောတွေဟာ မီး ၊ အင်းဆက် နှင့် ပိုးမွှားများ ကူးစက်လွယ်တဲ့အတွက် ကနေဒါနိုင်ငံမှာ တော့ တနှစ်ကို သစ်တောရဲ့ ၁% လောက်ပျက်စီးနေပါတယ်။

Boreal ဒေသရဲ့ သက်ရှိပတ်ဝန်းကျင်အဖွဲ့အစည်းကို ထိန်းသိန်းစောင့်ရှောက်ဖို့အတွက် ရုရှား ၊ စကင်ဒီနေးဗီးယားဒေသနိုင်ငံများ ၊ အမေရိကန် နှင့် ကနေဒါ နိုင်ငံများနှင့် Boreal သစ်တောရှိတဲ့နိုင်ငံတော်တော်များများမှာ အစီအစဉ်များရေးဆွဲလျှက်ရှိပါတယ်။

ယခုအခါ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် Boreal အပါအဝင်သစ်တောအများအပြားဟာ ထိခိုက်ပျက်စီးမှုများစွာ ကြုံတွေ့နေရပါတယ်။ ယခုလိုကမ္ဘာတဝှမ်းအပူချိန် မြင့်တက်လာမှုကြောင့် boreal သစ်တောများနေရာတွင် အပူပိုင်းသစ်တောများ ၊ parkland နှင့် မြက်ခင်းများအစားထိုးပေါက်ရောက်လာကြပါတယ်။

သိပ္ပံပညာရှင်တွေကတော့ Boreal သစ်တောတွေဟာ လာမယ့် နှစ် ၅၀ကျော်လောက်ကြာရင် သစ်တောဧရိယာ တစ်ဝက်လောက်နီးပါးအထိ ဆုံးရှုံးလျော့နည်းကာ အဲဒီနယ်မြေထဲမှာ နေထိုင်တဲ့ သက်ရှိတွေလည်း မျိုးတုံးသွားနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

Protect the Boreal Forest

သုတဇုန်

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!