ရေးသားသူ – စတီဗင် (ဉာဏ်အလင်း အွန်လိုင်း မဂ္ဂဇင်း)
ရော့သ်စ်ချိုင်းလ် (Rothschild) ဆိုတဲ့နာမည်ကြား လိုက်တာနဲ့ ကျိကျိတက်ချမ်းသာကြွယ်ဝမှုနဲ့ တိုက်ရိုက် ဆက်စပ် မိပြီးသား ဖြစ်သွားလေ့ရှိတယ်။ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးနဲ့ အချမ်းသာဆုံး မိသားစုအဖြစ် Rothschild မိသားစု ရပ်တည်နေတာ နှစ်ပေါင်း ၂၀၀ ကျော်ပါပါပြီ။ သူ့တို့ချမ်းသာ ကြွယ်ဝရတဲ့အဓိကအကြောင်းအရင်းက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ သူတို့ပိုင် ဘဏ်လုပ်ငန်းတွေကြောင့်ပါ။ ဒါ့အပြင် အိမ်ခြံမြေ၊ ရေနံ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားပါသေးတယ်။
မိသားစုကို ဦးဆောင်တဲ့ ဖခင်ကြီး မေယာ အမ်ရှဲလ် ရော့သ်စ်ချိုင်းလ် (Mayor Amschel Rothschild) ကနေ Rothschild မိသားစုစတင်ခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ ၁၈ ရာစုကာလက ဂျာမနီမှာနေတဲ့ ဂျူးတစ်ယောက်ပါ။ သူဟာ ရောမ အင်ပါယာထဲက ပြည်နယ်တစ်ခုဖြစ်တဲ့ Hesse-Kassel က ဂျာမန်တော်ဝင်မိသားစုဝင်တွေရယ်၊ အုပ်ချုပ်ရေးမှူးတွေရယ် အတွက် ဘဏ်မနေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၇၆၀ပြည့်နှစ်မှာတော့ ဖရန့်ဖွတ်မြို့မှာ ဘဏ်တစ်ဘဏ် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကာလတစ်လျှောက်လုံး ဂျာမန် တော်ဝင်မိသားစုတွေကို ဝန်ဆောင်မှုပေးခဲ့ပြီး အကျိုးအမြတ် အမြောက်အမြား ရှာဖွေစုဆောင်းနိုင်ခဲ့ပါတယ်။
အမ်ရှဲလ်မှာ သားငါးယောက် ရှိပါတယ်။ သူပိုင်ငွေကြေးတွေကို သားငါးယောက်အတွက် အမွေခွဲပေးခဲ့တယ်။ သူတို့တွေကတော့ နသန် မေရာ-ရော့သ်စ်ချိုင်းလ် (Nathan Mayer-Rothschild)၊ ဆော်လမွန် မေယာ ဗွန် ရော့သ်စ်ချိုင်းလ် (Salomon-Mayer von Rothschild)၊ ဂျိမ်းစ်-မေယာ ဒီ ရော့သ်စ်ချိုင်းလ် (James-Mayer de Rothschild)၊ ကားလ်မေယာ ဗွန် ရော့သ်စ်ချိုင်းလ် (Carl-Mayer von Rothschild) နဲ့ အမ်ရှဲလ် မေယာရော့သ်စ်ချိုင်းလ် (Amschel Mayer Rothschild) တို့ဖြစ်ပါတယ်။ အဲဒီသားတွေဟာ ဥရောပ တစ်လွှားက မြို့ကြီးတွေဖြစ်တဲ့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၊ ယူကေနိုင်ငံ လန်ဒန်မြို့၊ အီတလီနိုင်ငံ နေပယ်မြို့၊ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့နဲ့ ပြင်သစ်နိုင်ငံပါရီမြို့တို့ကို အသီးသီးထွက်ခွာခဲ့ပြီး ဘဏ်တွေထူထောင်ခဲ့ကြပါတယ်။ သူတို့ဘဏ်တွေအချင်းချင်း ကွန်ရက်သဖွယ် ဆက်သွယ်ပြီး ဥရောပတစ်လွှားမှာ ဘဏ်လုပ် ငန်းကို အကြီးအကျယ် လုပ်ကိုင်ပါတော့တယ်။
ဘဏ်အုတ်မြစ်တွေချခဲ့ရုံမက လူအများယုံကြည် အား ထားမှု ရရှိဖို့ရာအတွက် နှုတ်လုံခြင်း၊ ဘဏ်မှာအပ်နှံသူတွေရဲ့ အချက်အလက်မပေါက်ကြားခြင်း၊ ငွေကြေးအမြောက်အမြားအပ်နှံခွင့်ပြုခြင်း၊ လူတစ်ဦးထဲကို အမည်အမျိုးမျိုးဖြင့် ငွေအပ်နှံခွင့်ပြုခြင်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ မြန်ဆန်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေကိုပါ ပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဘဏ်ရှိတဲ့ နိုင်ငံတိုင်းက အုပ်ချုပ်သူအာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကားလ်ရော့သ်စ်ချိုင်းလ် ဟာ အီတလီတော်ဝင်မိသားစု ဒီမဒီချီနဲ့ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကာလတွေမှာ ရော့သ်စ်ချိုင်းလ်မိသားစုဟာ အမြတ်အစွန်း မြောက်မြားစွာ ရရှိခဲ့ပြီး မိသားစုပိုင်ဆိုင် တဲ့ ငွေကြေးပမာဏ အနိမ့်ဆုံးခန့်မှန်းချက်ဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရော့သ်စ်ချိုင်းလ်မိသားစုဟာ မိသားစုကိုယ်ပိုင် အမှတ် အသား တံဆိပ်ကိုလည်း တီထွင်အသုံးပြုခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါတင်မကသေး၊ ဆာ အဲဗယ်လင်း ဒီ ရော့သ်စ်ချိုင်းလ်ဟာ အင်္ဂလန်ဘုရင်မကြီးရဲ့ ငွေကြေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ တချို့ကတော့ အဲဒီရာထူးကို မသမာတဲ့နည်းနဲ့ ရယူခဲ့တယ်လို့လည်း စွပ်စွဲပြောကြားကြပါ တယ်။
ရော့သ်စ်ချိုင်းလ်မိသားစုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကိုဆက်လက်လေ့လာကြည့်ဦးစို့။ ရော့သ်စ်ချိုင်းလ်မိသားစုဟာ မှန်းဆလို့မရလောက်အောင် ကြွယ်ဝချမ်းသာလွန်းပြီး အင်မတန်လျှို့ဝှက်သိုသိပ်စွာ နေထိုင်ကြတာကြောင့် သူတို့နဲ့ ပတ်သက်တဲ့ လူမသိသူမသိ အကြောင်းအရာတွေ မနည်းမနော ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
စစ်ပွဲက ထွက်တဲ့အမြတ်
ရော့သ်စ်ချိုင်းလ်မိသားစုဟာ ၁၈၀၃ – ၁၈၁၅ ခုနှစ် နပိုလီယံခေတ်စစ်ပွဲတွေကစလို့စစ်ပွဲတစ်ပွဲမှာ နိုင်တဲ့ဘက်ကိုရော ရှုံးတဲ့ဘက်ကိုပါငွေကြေးထောက်ပံ့ခဲ့တယ်လို့ လူသိများခဲ့ပါတယ်။ နှစ်ဖက်လုံးကို ငွေကြေးထောက်ပံ့တာကြောင့် ဘယ်ဘက်ကပဲနိုင်နိုင် သူတို့ကတော့ အမြတ်ထွက်ပြီးသားပါပဲ။ ၁၈၁၅ ခုနှစ် မှာ ပြင်သစ်စစ်ဘုရင် နပိုလီယံ ဘိုနာပတ်က ဗြိတိသျှကို သိမ်းပိုက်ဖို့ ကြံစည်တယ်။ အခွင့်အရေးကို မြင်တာနဲ့ ရော့သ်စ်ချိုင်းလ်မိသားစုဟာ ချက်ချင်း အစည်းအဝေးခေါ်ပြီး အစီအစဉ်တစ်ခုဆွဲတယ်။ ယေကော့ဗ် ရော့သ်စ်ချိုင်းလ် (Jacob Rothschild) ကို ပြင်သစ်နိုင်ငံ၊ ပါရီမှာ အခြေချနေခိုင်းတယ်။ ပြီးတော့ ဗြိတိသျှကို သိမ်းယူမယ်ဆိုတဲ့ နပိုလီယံရဲ့ စစ်ရေး အားထုတ်မှုကို ငွေကြေးထောက်ပံ့ဖို့ သူ့ကို တာဝန်ပေးခဲ့ တယ်။
နောက်တစ်ဖက်မှာတော့ နေသန် ရော့သ်စ်ချိုင်းလ် (Nathan Rothschild) ကို လန်ဒန်မှာ အခြေချခိုင်းပြီး နပိုလီယံနဲ့ ရင်ဆိုင်မယ့် ဗြိတိသျှဗိုလ်ချုပ် ဝယ်လင်တန်ကို ငွေကြေးထောက်ပံ့စေတယ်။ ရော့သ်စ်ချိုင်းလ်သားတော်မောင်နှစ်ယောက်လည်း အသီးသီးငွေကြေး ထောက်ပံ့လိုက်ရော၊ စစ်ပွဲကြီး စပါလေရော။ စစ်ပွဲစပြီးသိပ်မကြာခင်မှာ ဗြိတိန်သာအနိုင်ရခဲ့မယ် ဆိုရင် မိသားစုအတွက် အမြတ်အစွန်းပိုများနိုင်မှာဖြစ်သလို ဗြိတိသျှတော်ဝင်မိသားစုအနေနဲ့လည်း ရော့သ်စ်ချိုင်းလ်မိသားစုအပေါ် တစ်သက်သာ ကျေးဇူးကြွေး တင်ရှိသွားမှာဖြစ်ကြောင်း သဘောတူညီပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဆုံးဖြတ်ချက်ချအပြီး မှာတော့ ယေကော့ဗ်ဟာ နပိုလီယံစစ်တပ်ကို ထောက်ပံ့ပေးနေ တဲ့ ငွေကြေးတွေကို ကန့်သတ်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဗိုလ်ချုပ် ဝယ်လင်တန်ဘက်က အသာစီးစရပါတော့တယ်။
နေသန်ဟာ ဗြိတိသျှ စတော့ဈေးကွက်မှာ ပါဝင် ပတ်သက်ခဲ့တယ်။ သူ့ရဲ့ လိမ္မာပါးနပ်လွန်းမှုကြောင့် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်မယ့် အကွက်ကို မြင်တယ်။ စစ်ပွဲမှာ ဗြိတိန် နိုင်ဖို့သေချာသလောက်ဖြစ်တာကိုလည်း မြင်ရော၊ သူပိုင်တဲ့ ဗြိတိသျှငွေချေးစာချုပ် (Bond) တွေကို တစ်လုံးတစ်ခဲတည်း ငွေချေစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ သူ့လုပ်ရပ်ကို မြင်တဲ့ တခြားကုန်သည်တွေက ပြင်သစ်နိုင်ပြီး ဗြိတိန်ရှုံးတော့မယ် လို့ ကောက်ယူလိုက်ကြပြီး သူတို့ပိုင် ဗြိတိသျှငွေချေးစာချုပ်ကို အကုန်ထုတ်ရောင်းပါတော့တယ်။ အရောင်းများပြီး အဝယ် မရှိတော့ချိန်မှာ ငွေချေးစာချုပ်တန်ဖိုးအဆမတန် ထိုးဆင်းသွားပါတော့တယ်။ အဲဒီဖြစ်ရပ်ကြောင့် ဗြိတိန်စီးပွားရေး ပြိုလဲသွား ပါတယ်။ တခြားကုန်သည်တွေက သူတို့ပိုင်ငွေချေးစာချုပ် အားလုံးကို ထုတ်ရောင်းပြီးတာနဲ့ တပြိုင်နက် အဆမတန် တန်ဖိုးကျနေတဲ့ ငွေချေးစာချုပ်တွေကို မယုံနိုင်လောက်အောင် ချိုသာတဲ့ဈေးနှုန်းနဲ့ ပြန်လည်ကာ သိမ်းကြုံးဝယ်ယူပါတော့ တယ်။
နေသန်ဟာ ကမ္ဘာအချမ်းသာဆုံးမိသားစုက လူဖြစ်တာကြောင့် လွယ်လွယ်ကူကူနဲ့ပဲ ရှိရှိသမျှ ငွေချေးစာချုပ် အားလုံးကို တစ်ဦးထဲ ဝယ်ယူနိုင်တဲ့အနေအထားရှိပါတယ်။ အဲဒီနှစ်အတွင်း အင်္ဂလန်ဘဏ်က ထုတ်ပေးထား တဲ့ ငွေချေးစာချုပ်အားလုံးကို သူတစ်ယောက်ထဲ တလုံးတဝထဲ အမှန်တကယ် ဝယ်လိုက်နိုင်တယ်။ ဗြိတိန်က စစ်ပွဲမှာ အနိုင်ရရှိ သွားပြီဆိုတဲ့ သတင်း သာမန်ပြည်သူတွေဆီ ရောက်ရော၊ ငွေချေးစာချုပ်တန်ဖိုးဟာလည်း အဆမတန် ပြန်မြောက်သွားပါ လေရော။ နေသန်ဟာ သူဝယ်ယူထားသမျှ ငွေးချေး စာချုပ် တွေကနေ ၂၀ ရာခိုင်နှုန်း အမြတ်အစွန်းပိုရလိုက်ပါတယ်။ အဲဒါထက် ပိုပြီးမြတ်သွားတဲ့အချက်က ရော့သ်စ်ချိုင်းလ်မိသားစု ဗြိတိန်တစ်နိုင်ငံလုံးရဲ့ ငွေချေးစာချုပ်တွေကို တစ်ဦးတည်း လက်ဝယ်ပိုင်ဆိုင်သွားခဲ့ပြီလေ။ ဒါဟာ ဗြိတိသျှစီးပွားရေးနဲ့ အင်္ဂလန်ဘဏ်ကိုပါ ထိန်းချုပ်လိုက်နိုင်ပြီဆိုတဲ့သဘောပေါ့။
ရော့သ်စ်ချိုင်းလ်မိသားစုဟာ အဲဒီအချိန်ကစလို့ သူတို့ ရဲ့ ငွေကြေးနဲ့ အာဏာကို အသုံးချပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံတွေရဲ့ စီးပွားရေးကို လိုသလိုပုံဖော်ပါတော့တယ်။ ဗြိတိန်မှာ ၁၈၁၅ခုနှစ်ကလုပ်ခဲ့သလိုမျိုးနိုင်ငံအသီးသီးမှာ ငွေကြေးဈေးကွက်ပျက်ကာ စီးပွားရေးကပ်ဆိုက်အောင် ဖန်တီးပြီး သူတို့အတွက် အမြတ်ထွက်အောင် လုပ်ဆောင်ခဲ့ပါတယ်။
ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာဖိတ်
ရော့သ်စ်ချိုင်းလ်မိသားစုကို ကနဦး ထူထောင်ခဲ့သူ ဟာ မေယာ အမ်ရှဲလ် ရော့သ်စ်ချိုင်းဟာ သူ့ရဲ့မိသားစု စည်းမျဉ်း စည်းကမ်းကို အသေအချာ ရေးဆွဲခဲ့ပါတယ်။ အဲဒီထဲမှာ တစ်ချက် က ရော့သ်စ်ချိုင်းလ်မျိုးရိုးမှ ဆင်းသက်သူမိသားစုဝင် အမျိုးသမီးဟာ မိသားစုအမွေကို တိုက်ရိုက်ဆက်ခံခွင့်မရှိဘူးဆိုတာလည်း ပါဝင်ပါတယ်။ သဘောက ရော့သ်စ်ချိုင်းလ်အမျိုးသမီးတစ်ဦးဟာ သူ့ဖခင်သို့မဟုတ် မိခင်ဆီကနေ အမွေဆက်ခံခွင့် မရှိပါဘူး။ သူတို့တွေ အိမ်ထောင်ပြုဖို့ အရွယ်ကျပြီဆိုရင် မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုကနေ သူတို့ကို အဆက်ဖြတ်လိုက်ကြပါတယ်။ အဲဒါကြောင့် ရော့သ်စ်ချိုင်းလ်အမျိုးသမီးတွေဟာ မိမိဘဝကို မိမိဖာသာရပ်တည်ဖို့ နည်းလမ်းရှာကြံရလေ့ရှိပါတယ်။
မိသားစုဥသျှောင်ဖခင်ကြီးရဲ့ သံမဏိ စည်းကမ်းချက် ဟာ ရော့သ်စ်ချိုင်းလ် အမျိုးသမီးတွေကို ရော့သ်စ်ချိုင်းလ်အမျိုးသားတွေနဲ့ မိသားစုဝင်အချင်းချင်း ပြန်လည်လက်ထပ်ကြစေဖို့အတွက် တစ်ဖက်လှည့်နဲ့ ရေးဆွဲထုတ်ပြန်ထားတာဖြစ်ပါတယ်။ ငွေကြေးကြွယ်ဝချမ်းသာမှုကြောင့် တစ်သက်လုံး မင်းသမီးလို ဘော်ကျော့နေလာရတဲ့ ရော့သ်စ်ချိုင်းလ်အမျိုးသမီးတွေအနေနဲ့ အစ်ကို၊ မောင်ဝမ်းကွဲတွေနဲ့ လက်ထပ်ပြီး ခင်ပွန်းသည်ရဲ့ ကြွယ်ဝချမ်းသာမှုကို စံစားကာ ကျန်ဘ၀ တစ်လျှောက်လုံး တော်ဝင်ဆန်ဆန်နေသွားဖို့ကိုပဲ ရွေးချယ်ကြပါတော့တယ်။ ဒါကြောင့် ရော့သ်စ်ချိုင်းမိသားစုအတွင်း မိသားစု အသိုင်းအဝိုင်းထဲက လူအချင်းချင်း ထိမ်းမြားလက်ထပ်ခဲ့တာ နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပါပြီ။ အဲဒီလိုလက်ထပ်ထိမ်းမြားချင်းကို Avunculate Marriage လို့ခေါ်ပါတယ်။ ဆိုလိုရင်းကတော့ ဦးလေးအရင်းဟာ သူ့ရဲ့တူမအရင်းကို လက်ထပ်နိုင်သလို အဒေါ်အရင်းဟာလည်း တူအရင်းကို လက်ထပ်နိုင်ပါတယ်။ ဒီလိုသွေးရင်းလက်ထပ်မှုမျိုးက တချို့အသိုင်းအဝိုင်းတွေမှာလည်း ရှိတတ်ပါတယ်။ နေသန်ရော့သ်စ်ချိုင်းလ်ကိုယ်တိုင် သူ့အစ်ကို ကားလ်ရဲ့အကြီးဆုံးသမီးကို လက်ထပ်ထားတာပါ။
ယုံချင်ယုံ မယုံချင်နေ
ရော့သ်စ်ချိုင်းလ်မိသားစုဟာ ဇီယွန်ဝါဒီဂျူးလူမျိုးတွေလို့ လူတော်တော်များများက ယုံကြည်ကြပါတယ်။ ဂျူးလူမျိုးတွေ ဂျူးဘာသာတရားအပေါ် ယုံကြည်ချက်တိုးပွားလာဖို့ အတွက် တိုင်းတစ်ပါးကို သိမ်းပိုက်ဖို့လိုအပ်မယ်ဆိုရင် ရတဲ့နည်းနဲ့ သိမ်းပိုက်ရမယ်လို့ ဇီယွန်ဝါဒီတွေက ယုံကြည်ထားပါတယ်။ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးပုဂ္ဂိုလ်တွေဟာ သူတို့လိုဂျူးတွေဖြစ်အောင် မရမက ဖန်တီးထားတတ်ပါတယ်။ ဒီလိုဖြစ်ဖို့ အတွက် သွေးနှောစီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက် ပါတယ်။ ဂျူးယဉ်ကျေးမှုမှာ အမျိုးသမီးက ဂျူးလူမျိုးဖြစ်နေရင် သူမွေးတဲ့ကလေးဟာလည်း ဂျူးလူမျိုးလို့ သတ်မှတ်ကြပါတယ်။ ဖခင်ရဲ့မျိုးရိုးဘက်ကို မလိုက်ကြပါဘူး။
Conspiracy Theorist သဘောတရားပညာရှင်တွေကတော့ လက်ရှိ ကမ်းဘရိချ်မြို့စား မင်းသားဝီလျံရဲ့ ကြင်ယာ မြို့စားကတော် ကက်သရင်းဟာ ဂျူးလူမျိုးဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ သူမမိခင် မဒမ် ဂိုးလ်စမစ်သ်ဟာ ဂျူး လူမျိုးဖြစ်ကြောင်း ပြောကြပါတယ်။ ဒီအတိုင်းဆိုရင် မိခင်ဘက်ကို မျိုးရိုးလိုက်တဲ့ ဂျူးယဉ်ကျေးမှုအရ ကက်သရင်းက မွေးတဲ့သား မင်းသားဂျော့ချ်ဟာလည်း ဂျူးကလေးတစ်ယောက်ဖြစ်သွားပါပြီ။ သူဟာ တစ်ချိန်မှာ ဘုရင်ဂျော့ချ်အဖြစ်နန်းတက်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က သြဇာအရှိဆုံး ပလ္လင်တစ်ခုပေါ်မှာ ထိုင်ခွင့်ရမယ့် ဇီယွန်ဝါဒီ ဂျူးလူမျိုးဖြစ်လာပါလိမ့်မယ်။ လက်ရှိမှာ ဆာအဲဗယ်လင်းဒီရော့သ်စ်ချိုင်းလ် ဟာ ဗြိတိသျှတော်ဝင်မိသားစုရဲ့ ငွေကြေးဆိုင်ရာ အကြံပေးအရာရှိဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့ဦး။ ရော့သ်စ်ချိုင်းလ်မိသားစုရဲ့ အာ ဏာစက်ဟာ အနာဂတ်ဘုရင်ဖြစ်လာမင်းသား ဂျော့ချ် ထိအောင် နယ်ချဲ့ပြီးနှင့်နေပါပြီ။
လက်ရှိလွှမ်းမိုးချုပ်ကိုင်မှု
ရော့သ်စ်ချိုင်းလ်မိသားစုဟာကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစုဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရှိပိုင်ဆိုင်မှုကိန်းဂဏန်း အတိ အကျကိုတော့ ဘယ်သူမှမသိကြပါဘူး။ သင့်နိုင်ငံရဲ့ ဗဟိုဘဏ် ကိုတောင် ရော့သ်စ်ချိုင်းလ်မိသားစုက ပိုင်ဆိုင်ပြီး ထိန်းချုပ်နေ တာ ဖြစ်နေနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က နိုင်ငံအသီးသီးရဲ့ ဗဟိုဘဏ်တွေရဲ့ နောက်ကွယ်မှာ ရော့သ်စ်ချိုင်းလ်မိသားစုက ကြိုးကိုင်ထားပါတယ်။ သုံးနိုင်ငံကလွဲလို့ပေါ့။ (၁) မြောက်ကိုရီး ယား၊ (၂) အီရန်၊ (၃) ကျူးဘားတို့ ဖြစ်ပါတယ်။
ဒါပေမဲ့အဲဒီသုံးနိုင်ငံက အခုလက်ရှိ အဓိက ရည်မှန်းချက် အဆင့်မှာ မရှိတော့ပါဘူး။ ၂၀၀၀ ခုနှစ်အရောက်မှာရော့သ်စ်ချိုင်းလ်မိသားစု ကြိုးကိုင်လိုတဲ့ အခြားသောနိုင်ငံလေးခုစာရင်းအသစ် ထွက်လာခဲ့ပါတယ်။ အဲဒီနိုင်ငံတွေကတော့ (၁) အာဖဂန်နစ္စတန်၊ (၂) အီရတ်၊ (၃) ဆူဒန်နဲ့ (၄) လစ်ဗျား တို့ဖြစ်ကြပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ငွေကြေးကို ရော့သ်စ်ချိုင်းလ်အုပ်စု ဘယ်လိုထိန်းချုပ်နိုင်ခဲ့သလဲ။
အဲဒီနိုင်ငံတွေကို ထိုးဖောက်ဝင်ရောက်ပြီး ကျူးကျော်တဲ့နည်းလမ်းနဲ့ပဲဖြစ်ပါတယ်။ ရော့သ်စ်ချိုင်းလ်မိသားစုဟာ သူတို့ ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ အာဏာကိုအသုံးချပြီး ဘယ်နိုင်ငံကိုမဆို သူတို့လက်အောက်ခံ ဖြစ်လာဖို့အတွက် လှည့်စားနိုင်စွမ်း ရှိနေပါတယ် သူတို့ရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မယ့် နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုကို အသုံးချဖို့ ရွေးချယ်ခဲ့ပါတယ်။ သူတို့ဟာ အာဖဂန်နစ္စတန်နဲ့ အီရတ်ကို အရင်ဆုံး ထိန်းချုပ်ချင်ခဲ့ကြတယ်။ အမေရိကန်နိုင်ငံဟာ အဲဒီနိုင်ငံတွေကို ကျူးကျော်ဖို့အတွက် ဘာအကြောင်းပြချက်မှ မရှိဘူးဆိုတာကို အမေရိကန်ပြည်သူက ကောင်းကောင်းကြီးသိနေတယ်။ ဒီတော့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တွေမုန်းတီးသွားအောင် ဆိုးဝါးရက်စက်တဲ့ အကြောင်းပြချက်တစ်ခုခု လိုအပ်နေတယ် ဆိုတာကို ရော့သ်စ်ချိုင်းလ်မိသားစုက သဘောပေါက်ခဲ့တယ်။ အဲဒီနောက်မှာတော့ တိုက်ဆိုင်မှုပဲလား၊ ကြိုတင်ကြံစည်မှု ပဲလားတော့မသိ။ အမေရိကန် နယူးယောက်မြို့က ကုန်သွယ်ရေး အမွှာမျှော်စင်တိုက်ကို ၂၀၀၁၊ နိုဝင်ဘာ ၁၁ မှာ အကြမ်းဖက်သမားတွေက လေယာဉ်နဲ့ ဝင်တိုက်ခဲ့ကြပါတယ်။ ၉/၁၁ ဖြစ်စဉ်ကို အတွင်းလုပ်ကြံမှုလို့ ထောက်ပြဝေဖန်မှုတွေဟာလည်း မနည်း မနောပါပဲ။
ဒီလိုနဲ့ အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို၊ ၂၀၀၃ ခုနှစ်မှာ အီရတ်ကို ကျူးကျော်ပါတော့ တယ်။ ၂၀၀၃ ခုနှစ်အတွင်းမှာပဲ အာဖဂန်နဲ့ အီရတ်ဗဟိုဘဏ်တွေဟာ ရော့သ်စ်ချိုင်းလ်မိသားစုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါတော့တယ်။ နောက်ထပ် နှစ်နိုင်ငံကတော့ ဆူဒန်နဲ့ လစ်ဗျားပါ။ သူတို့ရဲ့ပထမအဆင့်တော့ အောင်မြင်ပြီးသွားပါပြီ။ အာဖရိက တိုက်မှာ သူတို့ထိန်းချုပ်ဖို့ ကျန်နေတဲ့ နှစ်နိုင်ငံကတော့ ဆူဒန်နဲ့ လစ်ဗျားပါပဲ။ ဒီတစ်ချီမှာတော့ သူတို့ရဲ့ လိုအင်ဆန္ဒကိုဖြည့်ဆည်းဖို့ ကုလသမဂ္ဂကို အသုံးချပါတော့တယ်။ ကုလသမဂ္ဂ ထဲက ဆုံးဖြတ်ချက်အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တချို့ဟာ ရော့သ်စ်ချိုင်းလ်မိသားစုက ကမ်းလှမ်းတဲ့ငွေကြေးပမာဏကို မတွန်းလှန်နိုင်ခဲ့ကြပါဘူး။ အစပိုင်းမှာ ကုလသမဂ္ဂက ဝင်ရောက် မစွက်ဖက်ဖို့ သဘောထားရှိခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံတချို့ အပေါ် သဘောထားပြောင်းသွားခဲ့ပါတယ်။ အဲဒီနိုင်ငံတချို့ထဲမှာ လစ်ဗျားနဲ့ ဆူဒန်လည်း အပါအဝင်ပါ။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်အရောက်မှာတော့ ဆူဒန်ရော၊ လစ်ဗျားနိုင်ငံရောရဲ့ ဗဟိုဘဏ်တွေဟာ ရော့သ်စ်ချိုင်းလ်မိသားစုရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားပါတော့တယ်။
သူတို့ရဲ့နောက်ဆုံး ပြစ်မှတ်စာရင်းထဲမှာ မြောက်ကိုရီးယား၊ အီရန်နဲ့ ကျူးဘားတို့ပါဝင်ပါတယ်။ အဲဒီသုံးနိုင်ငံရဲ့ စီးပွားရေး ကို အပိုင်သိမ်းဖို့အတွက် ဒီတစ်ကြိမ်မှာ သူတို့ဘယ်သူ့ကို အသုံးချလိမ့်မလဲ။ သူတို့ရွေးချယ်ပြီးသားပါ။
“ဒီနေ့ အမေရိကန်ပြည်ထောင်စုဟာ ကျူးဘားနိုင်ငံနဲ့ ဆက်ဆံရေးပုံစံပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်” လို့ အိုဘားမားက မိန့်ခွန်း တစ်ခုမှာ ပြောခဲ့ပြီးပါပြီ။ မကြာသေးခင်နှစ်ကပဲအိုဘားမားကပေးပို့တဲ့ ပိုမိုကောင်းမွန် တဲ့ ဆက်ဆံရေးတည်ဆောက်ကြစို့ဆိုတဲ့ ပေးစာကို အီရန်ဘာသာရေးခေါင်းဆောင်က စာပြန်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ရော့သ်စ်ချိုင်းလ်ဟာ အမေရိကန်ပြည်ထောင်စုကို အသုံးချတဲ့ဗျူဟာကို ပြောင်းလဲခဲ့ပါတယ်။ အရင်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ သုံးခဲ့ပေမယ့် အခုတော့ သူတို့ထိန်းချုပ်လိုတဲ့ နိုင်ငံတွေကို အမေရိကန်က မိတ်ဆွေဖွဲ့တဲ့ ဗျူဟာကို သုံးလာပါတယ်။
ဒါဆို မြောက်ကိုရီးယားကိုရော?
ဒီသတင်းကိုတော့ လူတော်တော်များများ သတိထားမိလိုက်ကြမှာပေါ့။ အမေရိကန်ပြည်ထောင်စုအစိုးရက “မြောက်ကိုရီးယားဟာ အမေရိကန်အခြေစိုက် ဆိုနီပစ်ချား ကုမ္ပဏီကို အင်မတန်ထိခိုက်နစ်နာအောင် ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန် လိုက်ပါတယ်”ဆိုပြီး တည့်တည့်ကြီးလက်ညှိုးထိုး စွပ်စွဲလိုက်ပါပြီ။ ဒါနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားက “သူတို့ကျနော် တို့ကို အတော်လေး ထိခိုက်နစ်နာစေခဲ့တယ်။ ကျနော်တို့ သတိရှိရှိနဲ့ ပြန်လည်တုံ့ပြန်သွားပါမယ်။ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ တုံ့ပြန်မလဲဆိုတာကိုတော့ ကျနော်တို့ ရွေးချယ် သွားပါမယ်” တဲ့။
မြောက်ကိုရီးယားကို မိတ်ဆွေဖွဲ့လို့ မဖြစ်နိုင်တော့ အရင်တုန်းက သုံးခဲ့တဲ့ ဗျူဟာကိုပဲ ခြေဦးပြန်လည်နေပါပြီ။ အဲဒါကတော့ အမေရိကန်ပြည်သူလူထုက တခြားနိုင်ငံတစ်နိုင်ငံ ကို မလိုလားတော့အောင် လုပ်တာပေါ့။ လက်စားချေ တိုက်ခိုက်မှုဆိုတဲ့ ခေါင်းစဉ်ကိုတပ်ပြီး သူတို့ရဲ့စစ်ရေးအရ ကျူးကျော်မှုကို မျှတသယောင် ဖန်တီးတာပေါ့။ အဲဒီလိုနည်းနဲ့ ကမ္ဘာပေါ်မှာ ရော့သ်စ်ချိုင်းလ်မိသားစုရဲ့ ကြွယ်ဝမှုနဲ့ အာဏာကို ချဲ့ထွင်ပေးနေပါတယ်။
(စတီဗင်ရေးသည်)
Ref: Conspiracies net, Humanity First