Tuesday, April 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အညစ်ပတ်ဆုံးကမ်းခြေကို အလှဆုံးကမ်းခြေအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သူ

by Thutamm
July 26, 2019
Reading Time: 1min read
0
ကမ္ဘာ့အညစ်ပတ်ဆုံးကမ်းခြေကို အလှဆုံးကမ်းခြေအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သူ
Share on FacebookShare on Twitter

ဒီနေရာဟာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းမှာ Versova ကမ်းခြေဖြစ်ပြီး တစ်ချိန်ကတော့ အလွန်လှပတဲ့ကမ်းခြေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ အမှိုက်တွေစွန့်ပစ်ခြင်း နဲ့ ကမ်းခြေကအမှိုက်တွေစုပုံလာတာကို မရှင်းလင်းခဲ့ခြင်းတို့ကြောင့် ကမ်းခြေတစ်ခုလုံးဟာ အမှိုက်အညစ်အကြေးတွေနဲ့ ပြည့်နေပါတော့တယ်။

ဒီပြသနာကို အစိုးရအနေနဲ့ ဦးဆောင်ဖြေရှင်းဖို့ကြိုးစားခဲ့ပေမယ့် များပြားလွန်းတဲ့အမှိုက်တွေကို ကုန်စင်အောင် ရှင်းလင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ကမ်းခြေဟာ အလွန်ညစ်ပတ်တဲ့ကမ်းခြေတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါကို မကြည့်ရက်ခဲ့သူကတော့ ကမ်းခြေရဲ့မျက်နှာချင်းဆိုင်မှာ နေထိုင်တဲ့ Afroz Shah ဆိုတဲ့ရှေ့နေတစ်ဦးဖြစ်ပါတယ်။ သူဟာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို မြတ်နိုးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် သူနိုင်သလောက်ရှင်းလင်းမယ် လို့ ဆုံးဖြတ်ပြီး အစပိုင်းမှာ တစ်ယောက်တည်း အမှိုက်တွေကို ကောက်ယူရှင်းလင်းခဲ့ပါတယ်။

ကမ်းခြေဟာ ၁မိုင်ခွဲကျော်ရှည်လျားတဲ့အတွက် သူတစ်ယောက်တည်း ရှင်းလင်းတာထက် အခြားသူတွေရဲ့အကူအညီကို ရရင်ပိုကောင်းမယ်လို့ သူစဉ်းစားမိခဲ့ပါတယ်။ အခြားသူတွေပါဝင်လာစေဖို့အတွက် သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာကြေငြာခြင်း ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်ကမ့်ပိန်းများပြုလုပ်ခြင်း ၊ လက်ကမ်းစာစောင်များဝေမျှရင်း စေတနာ့ဝန်ထမ်းများကို ရှာဖွေခဲ့ပါတယ်။

သူ့ရဲ့သန့်ရှင်းရေး အစီအစဉ်ထဲကို ပထမဆုံးဝင်ရောက်လာသူကတော့ သူ့ရဲ့အိမ်နီးချင်းဖြစ်သူ အသက် ၈၄နှစ်အရွယ် အဘိုးအို Harbansh Mathur ပဲဖြစ်ပါတယ်။ အဲဒီနောက်တော့ ၂ယောက်ကနေ ၃ယောက် ၊ ၃ယောက်ကနေ ၄ယောက် စသည်ဖြင့် တဖြည်းဖြည်းတိုးပွားလာခဲ့ပြီး စေတနာ့ဝန်ထမ်းပေါင်း ရာဂဏန်းအထိရှိလာခဲ့ပါတယ်။

ဒီလိုသန့်ရှင်းရေးလုပ်တဲ့အခါမှာ အချိန်သတ်မှတ်ထားခြင်းမရှိပဲ အားတဲ့သူက ၂၄နာရီအတွင်း အားတဲ့အချိန်မှာ သန့်ရှင်းရေးလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် လာအနည်းငယ်ကြာတဲ့အထိ အရာမထင်ခဲ့ပါဘူး။ အမှိုက်တွေဟာ အလွန်များပြားလွန်းပြီး တချို့နေရာတွေမှာဆိုရင် ၄၊၅ ပေခန့် ထူနေတာတွေ မြေကြီးထဲမြုပ်နေတာတွေရှိနေတဲ့အပြင် သူတို့အဖွဲ့ဟာ လက်ချည်းသက်သက်သာ အသုံးပြုပြီးသန့်ရှင်းခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ Afroz Shah ဦးဆောင်တဲ့ဒီအဖွဲ့ဟာ အမှိုက်တန်ချိန်ပေါင်း ၄ထောင်ကျော်ကို ရှင်းပစ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Afroz Shah ရဲ့အစီအစဉ်တွေမှာ အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂသန့်ရှင်းရေးအဖွဲ့တွေအပြင် ဒေသခံစေတနာ့ဝန်ထမ်းတွေလည်း ထောင်နဲ့ချီပြီး ပါဝင်လာခဲ့ကြပါတယ်။ နေ့စဉ်မပြတ်သန့်ရှင်းရေးလုပ်ခဲ့မှုကြောင့် တစ်ချိန်က အလွန်ညစ်ပတ်ခဲ့တဲ့ အမှိုက်ပုံကမ်းခြေဟာ အခုတော့ သန့်ရှင်းလှပတဲ့ ကမ်းခြေတစ်ခုဖြစ်လာခဲ့ပါပြီ။

စုစုပေါင်း သန့်ရှင်းရေးအတွက်ကြာချိန်ကတော့ Afroz Shah စတင်ခဲ့တဲ့အချိန် ၂၀၁၅က စလို့ ၁၀၉ပတ်(၂နှစ်ကျော်) ကြာမြင့်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုကြီးဖြစ်သွားအောင် စတင်ဦးဆောင်ခဲ့တဲ့ Afroz Shah ဟာ ကုလသမဂ္ဂရဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြင့်ခံခဲ့ရပါတယ်။

ကုလသမဂ္ဂကသန့်ရှင်းရေးအဖွဲ့ ကပေးခဲ့ပြီး အိန္ဒိယသားတစ်ယောက်အနေနဲ့ အမြင့်ဆုံးရခဲ့တဲ့ဆုကိုလက်ခံခဲ့တဲ့ Afroz Shah ကတော့-
“ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်ပဲ ပူးပေါင်းသန့်ရှင်းရေးလုပ်ခဲ့ကြသူ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်ဒီလိုစတင်လုပ်ခဲ့တာကတော့ ပတ်ဝန်းကျင်ကိုချစ်သလို ၊ ကိုယ့်နိုင်ငံကိုလည်းချစ်လို့ပါ။ အခုဆိုရင် တစ်ကမ္ဘာလုံးက သမုဒ္ဒရာတွေဟာ လူသားတွေကြောင့် အညစ်အကြေးတွေ တစ်နေ့ထက်နေ့များပြားလာနေပါပြီ။ ဒါကြောင့် သမုဒ္ဒရာတွေထဲ အမှိုက်စွန့်ပစ်ခြင်းကို ရပ်တန့်ပြီး အားလုံးက ကိုယ့်အသိစိတ်နဲ့ သန့်ရှင်းမယ်ဆိုရင် သမုဒ္ဒရာတွေဟာ တဖြည်းဖြည်းသန့်ရှင်းလာပြီး ကမ္ဘာကြီးဟာ သာယာလာမှာဖြစ်ပါတယ်။ တစ်ယောက်ယောက် လုပ်နေတာကို စောင့်မနေပဲ ကိုယ်တိုင် စတင်အကောင်အထည်ဖော်လိုက်ကြပါ” လို့ ဆိုခဲ့ပါတယ်။

VIDEO

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!