ဘာသာပြန်ဆိုသူ – သီဟ (Strategy First Journal )
ထီပေါက်ရင်မင်းဘာလုပ်မလဲ လို့ကျွန်တော့်ကိုမေးလာရင်၊ ဈေးကြီးတဲ့ဇိမ်ခံကားတွေ၊ အိမ်အကြီးကြီးတွေ ဝယ်မယ်လို့ဖြေမှမဟုတ်ပါဘူး။ထီလည်းထိုးလေ့မရှိပါဘူး။ ကမ္ဘာပေါ်မှာအရမ်းချမ်းသာတဲ့လူတွေကိုကြည့်မယ်ဆိုရင် ကိုယ်တိုင်အရမ်းချမ်းသာတဲ့လူတွေဖြစ်နေပေမယ့်လည်း သူတို့ဟာမလိုအပ်တဲ့နေရာတွေမှာငွေကို အလဟသ သုံးလေ့မရှိဘူးဆိုတာသိပါလိမ့်မယ်။ အခုတစ်ခါမှာတော့ ဒေါ်လာသန်းပေါင်းများစွာချမ်းသာသူတို့ရဲ့ ခြိုးခြံချွေတာပုံတွေကို အတုယူပြီး မလိုအပ်ပဲငွေမကုန်နိုင်တဲ့နည်း ၉ခုကိုဖော်ပြထားပါတယ်။
၁။ အိမ်အကြီးကြီးတွေမှာမနေပါဘူး
မက်ဆီကန်နိုင်ငံက Telmex ကုမ္ပဏီရဲ့ chairman နဲ့ CEO ဖြစ်တဲ့ Carlos Slim Helu ဆိုသူဟာ အိပ်ခန်း၆ခန်းပါတဲ့ အိမ်မှာနေ နေတာနစ်၃၀ ကျော်ကြာပါပြီ။( သူတို့လို သူဌေးကြီးတွေအတွက်ဆိုရင် Carlos Slim Helu ရဲ့ အိမ်ဟာတော်တော်သေးတယ်လို့ပြောလို့ရပါတယ်)။ နာမည်ကျော်သူဌေးကြီး ဝါရင်းဘတ်ဖတ်ကလည်း ဒေါ်လာ ၃သောင်းတန်အိမ်မှာနေခဲ့တာ ၁၉၅၈ခုနှစ်ကတည်းကပါပဲ။

၂။ဈေးသက်သာတဲ့ နေရာမှာဝယ်ပါတယ်။
နံပတ် ၁အတိုင်းအိမ်အကြီးကြီးတွေမှာမနေပေမယ့်၊ ပိုက်ဆံသိပ်မကုန်ပဲ ကိုယ်ကြိုက်တဲ့ brandကောင်းတွေဝယ်ဝတ်လို့ရပါတယ်။အများကြီးတော့လျောက်မဝယ်နဲ့ပေါ့ ။ နာမည်ကျော် brand အပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ factory outlet store တွေရှိပါတယ်။ ဒီလိုဆိုင်တွေမှာ ဈေးသက်သက်သာသာနဲ့ဝယ်ပြီး smart ကျကျဝတ်ဆင်လို့ရပါတယ်။
၃။ ငွေကိုသုံးသင့်တဲ့နေရာနဲ့ မသုံးသင့်တဲ့နေရာ ဆိုပြီးရှိပါတယ်
ဘယ်လိုအချိန်နဲ့ ဘယ်လိုနေရာမှာ ငွေကိုသုံးသင့်တယ်ဆိုတာကို ပါးနပ်ဖို့လိုပါတယ်။ တစ်ချိန်လုံးဈေးဝယ် ထွက်နေ တာမျိုး၊ အပျော်ခရီးတွေထွက်နေတာမျိုးတွေမလုပ်သင့်ပါဘူး။ အဲဒီအစား ကိုယ်အတွက်အရေးကြီးတဲ့ ၊လိုအပ်တဲ့ နေရာတွေမှာအသုံးပြုပါ။ ဒီလိုပြောလို့ကိုယ်ကြိုက်တာမလုပ်ရဘူး၊ လိုချင်တာမဝယ်ရဘူးလို့ မဆိုလိုပါဘူး။နေ့တိုင်းဝယ်နေတာမျိုးမလုပ်ဖို့ပဲလိုပါတယ်။
၄။ကော်ဖီ သောက်တာက ငွေကုန်ပါတယ်(သူတို့နိုင်ငံမှာဆိုရင်ပေါ့)
ဒီဟာက မြန်မာနိုင်ငံကလူတွေအတွက်တော့မသိသာပေမယ့် သူတို့နိုင်ငံမှာဆိုရင် Starbucks ကနေ latte ကော်ဖီတစ်ခွက် မနက်တိုင်းသောက်မယ်ဆိုရင် တစ်လကို ၇၅ ဒေါ်လာလောက်ကုန်ကျမှာဖြစ်ပါတယ်။ Bloomberg သတင်းဌာနပိုင်ရှင် နဲ့ နယူယောက်မြို့ရဲ့မြို့တော်ဝန်အဖြစ်တာဝန်ယူခဲ့တဲ့ Michael Bloomberg ဆိုရင် ကော်ဖီသောက်ရင်ဈေးအသက်သာဆုံး၊ခွက်သေးသာသောက်ပါတယ် ပြီးတော့ နေ့တိုင်းလဲမသောက်ပါဘူး၊ သူတစ်ကယ်သောက်ချင်တဲ့အချိန်ကျမှသောက်ပါတယ်တဲ့။ ဒီထက်ပိုကောင်းတာကတော့ တစ်လစာကုန်ကျမယ့် ၇၅ဒေါ်လာနဲ့ကော်ဖီဖျော်စက်ကောင်းကောင်း ဝယ်ပြီးတော့ ကော်ဖီမှုန့်ဝယ်ပြီးဖျော် သောက် သောက်တာက ပိုသက်သာနိုင်ပါတယ်။

၅။ လေယာဉ်စီးရင်economy class ပဲစီးပါတယ်။
ကိုယ့်လုပ်ငန်းက ခရီးခဏခဏသွားနေရတဲ့အလုပ်ဆိုရင် လေယာဉ်လက်မှတ်ခ ကြာလာရင်နည်းမှာ မဟုတ်ပါဘူး။ ကိုယ်စီးနေကျ လေကြောင်းလိုင်းတစ်ခုမှာပဲ စီးပြီးတော့ point တွေရအောင်၊ပြီးတော့ ၁၀ ခါ ၁ ခါလိုမျိုး အလကားပေးစီးတာမျိုးရအောင်လုပ်သင့်ပါတယ်။ အလုပ်ရှိတိုင်း တစ်ချိန်လုံး first cl ass၊ business class တွေပဲစီးပြီးသွားနေရင်တော့ မွဲသွားပါလိမ့်မယ်။ ကမ္ဘာကျော် ပရိဘောဂပစ္စည်းကုမ္ပဏီ IKEA က သူဌေးကြီး Ingvar Kamprad တောင် အမြဲတမ်း economy class ပဲစီးတာပဲ၊ သင်ရောဘာလို့ မစီးနိုင်ရမှာလဲ။
၆။ကားတစ်စီးဝယ်ပြီးရင် ၁၀ နှစ်လောက်စီးပါတယ်။
ကမ္ဘာအကြီးဆုံး လက်လီအရောင်းဆိုင်ကုမ္ပဏီကြီး ကိုတည်ထောင်ခဲ့တဲ့ Sam Walton ရဲ့ အငယ်ဆုံးသားဖြစ်ပြီး လက်ရှိ Walmart ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် Jim C.Walton ၊ အိန္ဒိယ နိုင်ငံက IT လုပ်ငန်းရှင်ကြီး Azim Premji ၊ Microsoft ရဲ့ CEO ဟောင်း Steve Balmer နဲ့ IKEA ရဲ့သူဌေး Ingvar Kamprad တို့မှာ တူညီချက်တစ်ခုရှိကြပါတယ်။ သူတို့စီးတဲ့ကားတွေက ဒေါ်လာ ၂ သောင်းအောက်တွေပဲ ဖြစ်ပြီး ဝယ်ပြီးရင်လည်း နှစ်ပေါင်းများစွာစီးကြပါတယ်။ သင့်ရဲ့ကားဟာ သင်တစ်နှစ်တာလုံးမှာ အကုန်အကျ အများ ဆုံး၊ထိန်းသိမ်းစရိတ် အများဆုံး ဖြစ်နိုင်ပါတယ်။ မလိုအပ်ပဲနဲ့ကားကို၁ နှစ် တစ်ခါ ၂ နှစ်တစ်ခါလောက် ဘာဖြစ်လို့လဲစီးနေမှာလဲ။
၇။အကြွေးမတင်အောင်နေပါ။
ကိုယ်က စီးပွားရေးလုပ်ငန်းအသစ်တစ်ခုကိုစတင်နေခါစဆိုရင်ဒီအချက်ကလိုက်နာဖို့ခက်ခဲ လောက်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအတွက်ဆိုပြီးအကြွေးတွေယူတာများလာရင် ဒီအကြွေးတွေကိုပဲ ဆပ်ဖို့လုပ်ကိုင်နေရသလို ဖြစ်လာပြီး ကိုယ့်အတွက်တကယ်အရေးကြီးတဲ့ ကိစ္စတွေကိုအာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

၈။ နည်းနည်းနဲ့ပျော်အောင်နေတတ်အောင်သင်ယူပါ
အမေရိကန်နိုင်ငံမှာဆို ရင် လူမှုအသိုင်းအဝိုင်းက ဥစ္စာပစ္စည်းတွေကိုအရမ်းဦးစားပေးကြပါတယ်။ less is more ဆိုတဲ့ တန်ဖိုးကိုသိပြီး ၊ တစ်ချိန်လုံးငွေတွေမသုံးဘူးဆိုရင် ကိုယ့်အိပ်ထဲမှာငွေတွေပိုစုမိလာပါလိမ့်မယ်။ Google ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Sergey Brin က ကျွန်တော်ကိုငယ်ငယ်တုန်းက အိမ်က ရှိသလောက်နဲ့ပျော်အောင်နေတတ်ဖို့ သင်ပေးခဲ့ပါတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ရှိသလောက်ကနေအခုဆိုရင် ၂၂ ဒသမ ၈ ဘီလီယံ ရှိနေပါပြီ။
၉။ ချမ်းသားသလောက် အသုံးအဖြုန်းမကြီးပါနဲ့။
ဒီအချက်ကိုရှင်းရှင်းလေးပဲပြောရမယ်ဆိုရင် သင်ဟာတစ်နှစ်ဒေါ်လာ ၁ သိန်း အသားတင်ရတယ်ဆိုတာဟာ တစ်နှစ် ကို ဒေါ်လာ၁ သိန်းသုံးသင့်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ညတိုင်း ဈေးကြီးတဲ့ ဆိုင်တွေမှမစားပါနဲ့၊ အကျီ ၤ တွေကိုဒီဇိုင်းအသစ်ထွက်တိုင်းမဝယ်ပါနဲ့၊တစ်နှစ်တစ်ခါ ကား၊ဖုန်း အသစ်တွေမလိုရင်မဝယ်ပါနဲ့၊ ပြီးတော့ အိမ်ရဲ့interior design ကို တစ်ချိန်လုံးပြင်ဆင်တာတွေမလုပ်ပါနဲ့။ ငွေရဖို့ငွေသုံးရမယ် လို့ပြောကြပေမယ့် ရတာတဲ့ငွေကိုလည်းပြန်မကုန်သွားအောင်ထိန်းသိမ်းသင့်ပါတယ်။
Inc.com မှ Frugal Habits of the World’s Richest People ကို ဆီလျော်အောင်ဘာသာပြန်ထားတာဖြစ်ပါတယ်။
သီဟ (Strategy First Journal )